လုပ်ငန်းခွင်မှာ Office politics ကို ဘယ်လိုစီမံခန့်ခွဲမလဲ ?

Office politics ဟာ ဒီနေ့ခေတ်အလုပ်သမားတွေကြားမှာ တော်တော်ကိုရေပန်းစားတဲ့ အကြောင်းရာတစ်ခုပါ။ အလုပ်ခွင်မှာရှိတဲ့ ၅၃ ရာခိုင်နှုန်းခန့် အလုပ်သမားတွေကလည်း Office politics လုပ်ချင်ကြတဲ့ အနေအထားမှာ ရှိပါတယ်။ Office politics ဆိုတာ တစ်ဦးတစ်ယောက် (သို့) ကိုယ်ကျိုးအတွက် တခြားသူတွေကို လွှမ်းမိုးခြယ်လှယ်ပြီး ကြိုးကိုင်တတ်တဲ့ အပြုမူမျိုး၊ လုပ်ရပ်မျိုးတွေလုပ်ခြင်းကို ဆိုလိုတာပါ။ ဥပမာ မန်နေဂျာက သူနဲ့ခင်လို့ဆိုပြီး ရာထူးတိုးပေးတာမျိုး၊ မီးလောင်ရာလေပင့် ပြဿနာကြီးအောင် မြှောက်ထိုးပင့်ကော် လုပ်တာမျိုး၊ တခြားသူတွေကိုအသုံးချတာမျိုး (မြန်မာလိုဆိုရင် လူပါးဝတယ်လို့ပဲ ပြောကြပါတယ်)ပါ။

အလုပ်ခွင်တွေမှာ ပိုတွေ့ရတာတော့ ဆုံးဖြတ်ချက်ချနိုင်မယ့် သတင်းတွေ Data တွေကို ထိန်ချန်ထားတာ ကိုင်ထားတာမျိုး၊ သူလျှိုလုပ်တာမျိုး၊ မဟုတ်မှန်တဲ့ Rumor လွှင့်တာမျိုး၊ နောက်ကျောဓါးထိုးတာမျိုး စတဲ့ အပြုမူမျိုးတွေ လုပ်ကြတာလည်း တွေ့ရပါတယ်။ ဒီလို politics ဖြစ်စေတာကလည်း အလုပ်ခွင်မှာ အခြေနေတွေက ရှုပ်ထွေးပြီး မသေချာတဲ့ဆုံးဖြတ်ချက်တွေ လုပ်ရတဲ့အခါရယ်၊ ဝန်ထမ်းတွေကြား အပြိုင်အဆိုင် အရမ်းများနေလို့ ဖြစ်နိုင်ပါတယ်။ Office politics ဖြစ်လာရင် ကောင်းတာအနေနဲ့ လွှမ်းမိုးမှုရနိုင်တယ်၊ အလုပ်ပြီးအောင်အသုံးချနိုင်တယ်ဆိုပေမယ့် အထက်မှာဖော်ပြခဲ့တဲ့ အနှုတ်ဆောင်တဲ့အခြေနေတွေလည်း ဖြစ်နိုင်ပါတယ်။

အလုပ်ခွင်မှာ political skill ရှိတဲ့လူတွေရှိရင်လည်း political case တွေ ဖြစ်ကြပါတယ်။ ဥပမာ လူရည်လည်တာ၊ ပါးနပ်တာ၊ လိုက်လျောညီထွေအရမ်းနေတတ်တာ၊ သိမ်းသွင်းတတ်တာ၊ ဘယ်သူ့ကို ဘယ်အချိန်မှာ ဘယ်လို ကပ်ရမလဲ နားလည်တာ၊ မိတ်ဖွဲ့တတ်တာ၊ ပြောတတ်ဆိုတတ်တာ၊ ရုပ်ပိုင်းဆိုင်ရာ အနေအထိုင်တတ်တာ (ရိုးသားပြတတ်တာ၊ မှန်ကန်ပြတတ်တာ) စတာတွေပါ။ ဆိုတော့ ကြည့်လိုက်ရင် မကောင်းတာတွေလားလို့ ထင်ရပေမယ့် Individual performance တွေ၊ ခေါင်းဆောင်မှုရဲ့ ထိရောက်မှုတွေ၊ career success ဖြစ်စေတာတွေ၊ လုပ်ငန်းခွင်စိတ်ဖိစီးမှုကို ကိုင်တွယ်နိုင်တာတွေမှာတော့ အပေါင်းလက္ခဏာဆောင်စေပါတယ်။ တစ်ဖက်မှာလည်း အလုပ်ခွင်အနှုတ်သဘောဆောင်တာတွေ ဖြစ်စေပါတယ်။

Politics များတဲ့ လုပ်ငန်းခွင်မှာ အလုပ်သမားတွေ ပင်ပန်းမှုဖြစ်စေဖို့ အလားလာ အရမ်းများပါတယ်။ နောက်ပြီး ပြဿနာတွေလည်း အနည်းနဲ့အများ ပုံမှန်ရှိနေတတ်ပါတယ်။ ပြဿနာဆိုတဲ့နေရာမှာ အလုပ်နဲ့ပတ်သက်ပြီး ဖြစ်တတ်တဲ့၊ ဖြစ်သင့်တဲ့ Healthy conflict ထက် ဆက်ဆံရေးနဲ့ အပြိုင်ဆိုင်တွေကြောင့်ဖြစ်တဲ့ Unhealthy conflict တွေက ပိုများတတ်ပါတယ်။ Burnout level မြင့်ခြင်းဟာ ဒီလုပ်ငန်းခွင်မှာ အလုပ်လုပ်မယ့် သက်တမ်းကို လျော့စေပါတယ်။

အလုပ်သမားတွေမှာ သူတို့ရဲ့ အလုပ်နယ်ပယ်အပေါ်ခံစားချက်ရှိကြပါတယ်၊ တိုးတက်ဖို့ အလုပ်နဲ့ပတ်သတ်တဲ့ အခွင့်အလမ်းတွေရှိတယ်လို့လည်း ယုံကြည်ကြပါတယ်။ ဥပမာ ဒီအလုပ်လုပ်ရတာ ပျော်တာ၊ အလုပ်ပေါ်သစ္စာရှိတာ၊ အလုပ်ရှင်ကပေးတဲ့အလုပ်တွေကို တန်ဖိုးထားတာ စတာတွေပါ။ Toxic politics တွေ အလုပ်ခွင်မှာ များနေပြီဆိုရင်တော့ အလုပ်ကိုရော အလုပ်နယ်ပယ်ကို စိတ်ပျက်လာပြီး ဒီအလုပ်ပုံစံတွေဟာ သူ့အတွက် အထက်ကဥပမာတွေလို အခွင့်ရေးတွေမရှိဘူးဆိုပြီး Career Growth ကို လျော့ကျစေပါတယ်။ နောက်ဆုံး Mental Health ကိုပါ ထိခိုက်စေနိုင်ပါတယ်။

Toxic Office Politics တွေဟာ အလုပ်သမားတွေရဲ့ အလုပ်ခွင်အဆင်ပြေမှု၊ မပြေမှုမှာတင် ရပ်မသွားဘဲ လုပ်ငန်းရဲ့အကျိုးစီးပွားအထိပါ ထိခိုက်နိုင်ပါတယ်။ အလုပ်သမားတွေဟာ အလုပ်ခွင်မှာ Office Politics ကြုံရတဲ့အခါ၊ အနှောင့်အယှက်ပေးခံရတယ်လို့ ခံစားရတဲ့အခါ အဲ့ခံစားချက်ကို လျစ်လျူရှုဖို့ ဖုန်းကြည့်နေတာမျိုး၊ တခြားအလုပ်နဲ့မဆိုင်တာတွေ လုပ်နေတာမျိုး လုပ်တတ်ကြပါတယ်။ Google၊ Meta တို့မှာ လုပ်ငန်းလုပ်ဆောင်ချက်တွေကျလာခြင်းဟာ အလုပ်ခွင်မှာ Toxic Office Politics ရှိနေတယ်လို့ယူဆပြီး အလုပ်ခွင်ကအဆင်မပြေရင် အလုပ်သမားတွေ လုပ်ဆောင်ချက်မကောင်းနိုင်ဘူးလို့ ယူဆကြပါတယ်။

နောက်ထပ် အလုပ်ခွင်အတွင်းရှိတဲ့ Poor office politics ရဲ့ နောက်ထပ်အကျိုးသက်ရောက်မှုတစ်ခုက အလုပ်သမားတွေ အလုပ်ထွက်သွားစေတာပါ၊ တစ်နည်းအားဖြင့် ရေရှည်မြဲအောင် မထိန်းထားနိုင်တာပါ။ တော်တဲ့အလုပ်သမားတွေက သူတို့ကိုလေးစားမှုရှိပြီး မျှတစွာ ဆက်ဆံခံရမယ့် နေရာတစ်နေရာရာ အလုပ်ခွင်မှာ အလုပ်လုပ်ချင်ကြပါတယ်။ Pollak ဆိုတဲ့ စာရေးဆရာတစ်ယောက် ပြောထားတာက အလုပ်ထွက်ရတဲ့ အကြီးမားဆုံးအကြောင်းပြချက်ဟာ အလုပ်ခွင် Politics တွေရှိပြီး အာဏာအရမ်းဆန်တဲ့ ဆက်ဆံရေး ပတ်ဝန်းကျင်ကြောင့်လို့ ဖော်ပြခဲ့ဖူးပါတယ်။ နောက်ပြီး စာရေးဆရာ Pwe ရဲ့ လေ့လာမှုအရ ၂၀၂၁ ခုနှစ်မှာ အလုပ်ကနေထွက်တဲ့ အလုပ်သမား ၅၇ ရာခိုင်နှုန်းဟာ အလုပ်ခွင်မှာ လေးစားမှုကင်းမဲ့တယ်လို့ ခံစားရတဲ့အတွက် အလုပ်ထွက်ခဲ့ကြတယ်ဆိုတာကို သုတေသနစာစောင်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

Ferris. et al., 2005. Development and Validation of the Political Skill Inventory, Journal of Management.

Paul, M., 2022. Political skill. [Online]

Available at: https://www.qic-wd.org/umbrella-summary/political-skill

[Accessed 24 August 2024].

Pollack, S., 2022. How to Manage the Impact of Workplace Politics on Your Workforce. [Online]

Available at: https://www.trinet.com/insights/search?query=burnout

[Accessed 24 August 2024]

U Zin Lwin Thant

B.Act, M.Act (MUE)