Notes တွေကို ရှင်းလင်း သေသပ် ဖတ်မှတ်ရလွယ်အောင် ဘယ်လိုရေးကြမလဲ ?

Notes တွေက ကျောင်းသားတွေအတွက် အရေးပါတဲ့ကဏ္ဍမှာ ပါဝင်နေပါတယ်။ စာပြန်ကြည့်တဲ့နေရာမှာ ဖတ်စာအုပ်တစ်ခုလုံးက်ို ထိုင်ဖတ်နေတာထက် လိုက်မှတ်ထားတဲ့ notes တွေကို ပြန်ကြည့်တာက ကျောင်းသားတွေအတွက် လိုအပ်တဲ့ အချက်တွေ၊ သဘောတရားတွေကို ထိထိရောက်ရောက် မှတ်မိနေစေပါတယ်။ ရလဒ်အနေနဲ့ကတော့ စာမေးပွဲအတွက်ပဲဖြစ်ဖြစ်၊ assignment အတွက်ပဲဖြစ်ဖြစ် များစွာအထောက်အကူပြုစေပါတယ်။ notes မှတ်ရာမှာ သတိပြုစရာတစ်ချက်က ယခုအခါ sticker တွေကပ်၊ ပုံတွေဆွဲပြီးPinterest ထဲက aesthetic note taking ပုံတွေလို လှလှပပလေး လိုက်မှတ်လာကြပါတယ်။ ဒီလိုလှလှပပလေးတွေလုပ်ပြီး notes မှတ်တာက တချို့သူတွေအတွက် စာလုပ်ချင်စိတ် ပိုဖြစ်နိုင်ပေမဲ့ တချို့သူတွေအတွက်တော့ ပိုအချိန်ကုန်ပြီး notes ပြန်ကြည့်ရင် အရုပ်တွေ၊ ပုံတွေက distraction တစ်ခုလို ဖြစ်နေတတ်တာမလို့ ကိုယ်က စိတ်လွင့်လွယ်တဲ့သူဆိုရင် ရိုးရိုးရှင်းရှင်းလေးပဲ မှတ်တာက ပိုပြီးသင့်တော်ပါတယ်။

အောက်မှာတော့ ကျောင်းသားကျောင်းသူတွေအတွက် ရိုးရှင်းပြီး သေသပ်တဲ့ notes လေးတွေကို ဘယ်လိုမှတ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုပါ ဝေမျှချင်ပါတယ်။

၁။ heading တွေ၊ subheading တွေ၊ bullet points တွေ၊ numbering တွေအသုံးပြုပြီး စီစီရီရီ မှတ်ထားပါ။

ဒီလို စီစီရီရီမှတ်ခြင်းက မိမိရဲ့စာတွေကို ပိုမိုသေသပ်စေတဲ့အပြင် စာပြန်ကြည့်တဲ့အခါမှာလည်း key point တွေကို လွယ်လွယ်မြင်သာစေပါတယ်။

၂။ key point တွေကို အဓိကထားမှတ်ပါ။

Notes မှတ်တဲ့နေရာမှာ သတိပြုရမှာကတော့ ပြောသမျှ စာလုံးတွေအကုန်လိုက်မမှတ်ဖို့ပါပဲ။ ဒီလိုအကုန်လိုက်မှတ်ခြင်းက အရေးကြီးတဲ့အပိုင်းတွေကို မမြင်သာတော့ဘဲ notes ကိုပြန်ဖတ်တဲ့အခါ ပိုပြီးရှုပ်ထွေးနိုင်ပါတယ်။

၃။ ဆရာပြောတာကို သေချာနားထောင်နေပါ။

Notes မှတ်တဲ့အခါ lecturer ပြောနေတာတွေကို အာရုံစိုက်ပြီး နားထောင်နေဖို့က အရေးကြီးပါတယ်။ ဒီလိုအာရုံစိုက်နားထောင်မှ notes မှတ်ရတာ အဆင်ပြေမှာပဲ ဖြစ်ပါတယ်။

၄။ highlighter အသုံးပြုပါ။

Notes မှတ်ရာမှာ Highlighter ကိုသင့်တော်သလို အသုံးပြုတတ်ဖို့ကလည်း အရေးပါလှပါတယ်။ Key points တွေ၊ အရေးကြီးတဲ့နေရာတွေကို highlighting လုပ်ပေးခြင်းဖြင့် စာပြန်ကြည့်တဲ့အခါမှာ အမြင်အာရုံအရ မှတ်မိလွယ်စေမှာ ဖြစ်ပါတယ်။

၅။ လိုအပ်ပါက ပုံဆွဲပါ။

ဒီပုံက aesthetic ဖြစ်တဲ့ပုံတွေကို ရည်ညွှန်းတာမဟုတ်ဘဲ graphs တွေ၊ ဇယားတွေ၊ chart တွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒီလို ပုံတွေနဲ့ တွဲမှတ်ခြင်းက notes ပြန်ကြည့်ရာမှာ ပိုမှတ်မိလွယ်စေပြီး ကျောင်းသားအတွက် များစွာအထောက်အကူပြုပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောရရင် notes taking လုပ်ရုံနဲ့ ကျောင်းသားတွေအတွက် effective ဖြစ်မှာမဟုတ်ပါဘူး။ မှတ်ထားတဲ့ notes တွေကို ကျောင်းသားတွေ ပြန်လေ့လာနေမှသာ notes တွေက effective ဖြစ်လာမှာ ဖြစ်ပါတယ်။ စာဖတ်သူအပေါင်းလည်း ဒီစာလေးကို ဖတ်ရှုပြီး အထောက်အကူပြုလိမ့်မယ်လို့ ယူဆမိရင်း ဒီစာလေးကို အဆုံးသတ်လိုက်ပါတယ်။

References

https://career-advice.jobs.ac.uk/career-development/top-ten-tips-on-note-taking/

https://www.reddit.com/r/GetStudying/comments/1039up9/is_taking_aesthetic_notes_effective_or_a_waste_of/?rdt=56063&onetap_auto=true

ဆုရတနာထက်

BM Batch – 26 (SFU Media Club)

Undergraduate Programme