"ထိရောက်တဲ့ လေ့လာမှုအတွက် အဆင့် (၁၂) ဆင့်"

ထိထိရောက်ရောက် လေ့လာခြင်းက ဖြစ်စဉ်တစ်ခုမဟုတ်ဘဲ လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်ဟာ အောင်မြင်မှုဆီကို ဦးတည်ပါတယ်။

၁. နေ့စဥ်လေ့လာဖို့ တိကျတဲ့အချိန်ကို သတ်မှတ်ထားပါ။ အဲဒီလိုလုပ်ဆောင်ခြင်းက အချိန်ဆွဲခြင်းကြောင့် အလုပ်ရှုပ်တဲ့ အခြေအနေမျိုးကို တားဆီးပေးပါလိမ့်မယ်။ လေ့လာချိန်အနည်းငယ်ပဲရသည့်တိုင် နေ့စဉ်လေ့လာခြင်းက ကျွန်ုပ်တို့ကို နောက်ကျကျန်ခဲ့တာမျိုး မဖြစ်စေပါဘူး။ လုပ်ရမယ့်စာရင်းမှာ အခက်ခဲဆုံးအရာများကို အရင်ဦးစွာ ပြီးအောင် စတင်ပါ။

၂. အတန်းမှမထွက်မီ Assignment တစ်ခုစီရဲ့ ရည်ရွယ်ချက်ကိုသိပြီး နားလည်ပါစေ။ ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ နားလည်ပါက လေ့လာမှုအချိန်ကို တိုတောင်းစေပါတယ်။ မှတ်စုစာအုပ် ဒါမှမဟုတ် သီးခြားပြက္ခဒိန်တစ်ခုမှာ Assignment အားလုံးရဲ့ မှတ်တမ်းများကို သိမ်းဆည်းထားပါ။

၃. Assignment တစ်ခုစီအတွက် လိုအပ်တဲ့အချိန်ပမာဏကို ခန့်မှန်းခြင်းက ကျွန်ုပ်တို့ကို ပိုမိုထက်မြက်စွာ လုပ်ဆောင်နိုင်တဲ့အပြင် ပိုကြိုးစားစေပြီး ရလဒ်ကောင်းများ ရရှိစေပါတယ်။ Assignment များမှာ ကျွန်ုပ်တို့အသုံးပြုတဲ့ အမှန် တကယ် အချိန်ပမာဏကို ခြေရာခံခြင်းက ကျွန်ုပ်တို့ဟာ အာရုံစူးစိုက်နိုင်ခြေပိုများပြီး ငြီးငွေ့နိုင်ခြေ နည်းပါးစေပါတယ်။

၄. ဖတ်စာအုပ်ရဲ့ စာမျက်နှာငါးမျက်နှာကိုဖတ်ဖို့ အချိန်ဘယ်လောက်ကြာတာကို ကိုယ်တိုင်ကြည့်ရှုဖို့ အချိန်ယူပါ။ ဒါဟာ စာဖတ်ခြင်းတာဝန်ကို ပြီးမြောက်ဖို့ လိုအပ်တဲ့အချိန်ပမာဏကို ဆုံးဖြတ်ဖို့ ကူညီပေးပါမယ်။ ကျောင်းစာအုပ်တစ်အုပ်မှာ အချက်အလက်များစွာ ပါနေတာကြောင့် တချို့အပိုင်းများကို တစ်ကြိမ်ထက်ပိုပြီး ဖတ်ရပါမယ်။ သင်ကြားမယ့်ဆရာတွေပင် အကြောင်းအရာတွေကို ပြန်ဖတ်ရပါမယ်။ ဖတ်ပြီးတာတွေကို ဆင်ခြင်သုံးသပ်ဖို့ အချိန်ပေးပါ။

၅. သင်ခန်းစာကို နည်းပြဆရာမှမပို့ချမီ Assignments များကို ကြိုတင်ဖတ်ထားသင့်ပါတယ်။ အတန်းမစမီ အချိန် အနည်းငယ်ယူပြီး သင်ခန်းစာကို ပြန်လည်သုံးသပ်ထားတာဟာ အတန်းဆွေးနွေးမှုများမှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်တဲ့အပြင် ဘယ်လိုဉာဏ်စမ်းမေးခွန်းများအတွက်မဆို ပြင်ဆင်ပြီးသားဖြစ်ပါမယ်။

၆. ကျောင်းသုံးစာအုပ်ဖတ်ရာမှာ ဇယားများ၊ ပုံများနဲ့ အထူးပြသထားတဲ့ "boxed text" ဧရိယာများကို အာရုံစိုက်ပါ။ ဒီအရာတွေက အကြောင်းအရာကို နားလည်ဖို့ တိကျသေချာတဲ့ အထောက်အကူများ ဖြစ်ပါတယ်။

၇. ကျွန်ုပ်တို့လေ့လာတဲ့အချိန်တိုင်း ယခင်လေ့လာခဲ့မှုအပိုင်းမှ အကြောင်းအရာကို အနည်းဆုံး ဆယ်မိနစ်အချိန်ယူပြီး ပြန်လည်သုံးသပ်ပါ။ ဒီ "refresher shots" များဟာ ရေရှည်မှတ်ဉာဏ်ထိန်းသိမ်းနိုင်မှုအတွက် လျှို့ဝှက်ချက်ရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်ပါတယ်။ မကြာခဏ ပြန်လည်သုံးသပ်ခြင်း အလေ့အထဟာ စာမေးပွဲကြီး မတိုင်မီ စာကျက်ဖို့ အချိန်ကို နည်းပါးစေပါတယ်။

၈. နေ့ဘက်မှာ လေ့လာပါ။ ကျွန်ုပ်တို့တွေဟာ ညဘက်မှာ စွမ်းဆောင်ရည် နည်းပါးနေနိုင်ပါတယ်။ ဒါကြောင့် နေ့ဘက်လ့လာခြင်းက အာရုံစူးစိုက်နိုင်ပြီး ပိုမိုထိရောက်မှု ရှိစေပါမယ်။

၉. မိနစ် ၃၀ မှ ၄၀ အထိ လေ့လာပြီး ၅ မိနစ် အနားယူပါ (ဒါမှမဟုတ်) သင့်အာရုံစူးစိုက်နိုင်မှုနဲ့ စည်းကမ်းအရ ခွင့်ပြုပါက မိနစ် ၅၀ စာလေ့လာပြီး ၁၀ မိနစ် အနားယူပါ။ ထပြီး လမ်းလျှောက်ပါ၊ ခြေဆန့်လက်ဆန့်လုပ်ပါ၊ ရေသောက်ပါ၊ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး သရေစာစားပါ။ ပုံမှန်အနား (break) ယူခြင်းက ကျွန်ုပ်တို့စိတ်ကို လန်းဆန်းစေပြီး အာရုံစူးစိုက်နိုင်မှု ပိုကောင်းစေကာ လေ့လာမှုကို မြန်မြန်ပြီးမြောက်စေပြီး ရေရှည်မှတ်မိစေနိုင်ပါတယ်။

၁၀. တကယ်လို့ ညဘက်စာကျက်လျှင် ကိုယ့်အတွက် "stopping time" သတ်မှတ်ပါ။ ဒီလို "အချိန်သတ်မှတ်ခြင်း" က နာရီလက်တံကို ကြည့်ပြီး ကြိုးစားအားထုတ်မှုကို အားပေးပါလိမ့်မယ်။ အချိန်မကန့်သတ်မီ အလုပ်တစ်ခုကို ပြီးမြောက်ဖို့ ကိုယ်တိုင်ပန်းတိုင်တစ်ခု ချမှတ်နိုင်ပါတယ်။ ဒီတွန်းအားဟာ သင့်ကို အာရုံစူးစိုက်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။

၁၁. စာမေးပွဲမဖြေခင်ညမှာ စာတွန်းကျက်ခြင်း၊ ပြွတ်သိပ်ထည့်ခြင်းမျိုးမလုပ်ပါနဲ့။ စာနွှေးခြင်းကို ရက်အနည်းငယ်အတွင်း နာရီဝက်ကြာ ပြုလုပ်ပါ။ တကယ်လို့ ကျွန်ုပ်တို့ဟာ စနစ်တကျ လေ့လာမှုအချိန်ဇယားကို မချမှတ်ပါက၊ သင်ယူရမယ့် အကြောင်းအရာတွေကို ကျွမ်းကျင်လိမ့်မှာ မဟုတ်သလို ကျွန်ုပ်တို့ကျရှုံးဖို့ ကိုယ်တိုင် သတ်မှတ်ရပါလိမ့်မယ်။

၁၂. သင်ယူခြင်းက စုစည်းမှုပဲ ဖြစ်ပါတယ်။ ဟောပြောပွဲများ၊ စာဖတ်ခြင်းများနဲ့ ဓာတ်ခွဲခန်းများလို တခြား assignments များမှ သိရှိလာတဲ့ အကြောင်းအရာတွေကို စိတ်ကူးသစ်များနဲ့ ပေါင်းစပ်ရပါမယ်။ ကျွန်ုပ်တို့ဟာ အကြောင်းအရာအသစ်မှ အရင်လေ့လာခဲ့တဲ့ အကြောင်းအရာ ဒါမှမဟုတ် အတွေ့အကြုံများဆီကို စိတ်ထဲမှာ စဉ်ဆက်မပြတ် ချိတ်ဆက်နေရမှာ ဖြစ်ပါတယ်။ နေ့စဉ်အချိန်ဇယားမှာ ဖတ်ရန်၊ စဉ်းစားရန်၊ စာရေးရန်၊ တွေးတောရန်နဲ့ ပြန်လည်သုံးသပ်ရန်တို့ ပေါင်းစည်းထားပါက ပိုမိုလွယ်ကူပါတယ်။ တိုးတက်ကောင်းမွန်တဲ့ သင်ယူမှုက ဒီ ၁၂ ဆင့် ချဉ်းကပ်နည်းရဲ့ ရလဒ်ဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ အချိန်ကို ထိထိ ရောက်ရောက်အသုံးပြုပါ။ စာကျက်ဖို့ အချိန်မလုံလောက်ခြင်းမှာ စုစုစည်းစည်း မရှိခြင်းဖြစ်ပြီး မိမိတို့ရဲ့အချိန်ကို စီမံခန့်ခွဲခြင်းဖြင့် ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ ဘဝအပေါ် ထိန်းချုပ်နိုင်ပြီး လုပ်ချင်တဲ့အရာတွေကို ပိုမိုလုပ်ဆောင်ဖို့ အခွင့်အရေး များ ပိုမိုရရှိလာပါမယ်။
 

နေ့စဥ်အောင်မြင်မှုတွေကနေ ကျွန်ုပ်တို့အောင်မြင်နိုင်တာတွေအတွက် ဂုဏ်ယူလိုက်ပါ!

 

Cuesta College website ရဲ့ Study Guide ဆောင်းပါးမှ ဘာသာပြန်ဆိုထားပါတယ်။

Reference: https://www.cuesta.edu/student/resources/ssc/study_guides/study_skills/503_study_steps.html


 

Dr. Thel Seint Aye

B.C.Sc, CU (MDY)

B.C.Sc (Hons), CU (MDY)

M.C.Sc, CU (MDY)

Ph.D (IT), (U.C.S.M)