Video Game များက ဖျော်ဖြေရေးနယ်ပယ်ကိုကျော်လွန်ပြီး အနာဂတ်ကို ဘယ်လိုပုံဖော်နေသလဲ?

Video Game များက ယခင်အတိတ်ကာလမှာ ဖျော်ဖြေရေး၊ လူမှုရေးဘဝ၊ နည်းပညာဆန်းသစ်တီထွင်မှုများနဲ့ ကျွန်ုပ်တို့အကြား အပြန်အလှန်ဆက်ဆံမှုများကိုချိတ်ဆက်ပေးပြီး အနာဂတ်ကို အကောင်းဆုံးပုံဖော်ပေးနေတဲ့ အရေးကြီးတဲ့ cultural force တစ်ခုဖြစ်လာပါတယ်။ ဗီဒီယိုဂိမ်းများက တွေးခေါ်မှုများ၊ လူမှုဆက်ဆံရေးများ၊ သင်ယူမှုဆိုင်ရာကိစ္စရပ်များကို နည်းလမ်းသစ်များနဲ့ လုပ်ဆောင်ဖို့အတွက် ကြားခံနယ်တစ်ခု ဖြစ်လာပါတယ်။ Video Game များ ဘယ်လိုတိုးတက်ပြောင်းလဲနေသလဲ? အနာဂတ်ကာလမှာ ဘယ်လိုပုံစံမျိုး ပုံဖော်လာမလဲဆိုတာ ယခုဆောင်းပါးမှာ လေ့လာဆန်းစစ်ကြည့်ကြပါစို့။

ပညာရေးနဲ့ သင်ယူမှုဆိုင်ရာ အခန်းကဏ္ဍ

ဗီဒီယိုဂိမ်းများက ဖျော်ဖြေရေး၊ လူမှုရေးဘဝ၊ နည်းပညာဆန်းသစ်တီထွင်မှုတို့ကို အနာဂတ်အတွက် ပုံဖော်ပေးနေတဲ့ အရေးကြီးတဲ့အရာ ဖြစ်လာပါတယ်။ ကလေးများအတွက် ပညာရေး apps များနဲ့ နယ်ပယ်မျိုးစုံမှာ ငုပ်လျှိုးနေတဲ့ပညာရှင်များကို ထုတ်ဖော်ခြင်း စတဲ့အကြောင်းအရာများကို လုပ်ဆောင်ပေးနိုင်နေပါပြီ။

ကျွမ်းကျင်မှုပိုမိုတိုးတက်လာခြင်းနဲ့ သိမြင်မှုမြှင့်တက်လာခြင်း

Video Game ဆော့တဲ့အခါမှာ ဂိမ်းပြီးမြောက်ဖို့ ဖြေရှင်းရမယ့် ရှုပ်ထွေးတဲ့စိန်ခေါ်မှုများက ပြဿနာဖြေရှင်းခြင်း၊ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းနဲ့ ဆုံးဖြတ်ချက်ချခြင်းကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေးနဲ့သက်ဆိုင်တဲ့ စွမ်းရည်များ တိုးတက်လာစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ပညာရေးနယ်ပယ်ပိုင်းမှာလည်း သင်ကြားမှုကို အထောက်အကူ ပြုဖို့အတွက် ပညာရေးဆိုင်ရာဂိမ်းများမှာ သင်ရိုးညွှန်းတမ်းများကို ပိုမိုထည့်သွင်းလာကြပါတယ်။ ပညာရေးပိုင်းမှာ Virtual Reality (VR) နည်းပညာများ ဝင်လာခြင်းကြောင့် လူတွေ့ဆက်ဆံသင်ယူမှု အတွေ့ကြုံများကိုတော့ ပိုမိုတိမ်ကော သွားစေနိုင်ပါတယ်။ VR သရုပ်ဖော်မှုများမှတစ်ဆင့် ကျောင်းသားများက သမိုင်းဝင်နေရာများကို သွားရောက်ကြည့်ရှုနေသကဲ့သို့ ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ပကတိသက်ရှိများကို အရင်က မဖြစ်နိုင်တဲ့နည်းလမ်းများဖြင့် စိတ်ကူးသက်သက်အယူအဆတို့နဲ့ ထိတွေ့နိုင်မှာဖြစ်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုများနဲ့ကုထုံးများရဲ့အခန်းကဏ္ဍ

Video Game များကို ကျန်းမာရေးအတွက် ပြန်လည်ထူထောင်ရေးမှအစပြုပြီး စိတ်ကျန်းမာရေး စတဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များမှာပါ အသုံးပြုလျက်ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး အလေးအနက်ထားလုပ်ဆောင်ထားတဲ့ ဂိမ်းများက လူနာများကို ကျန်းမာရေးအခြေအနေများ စီမံခန့်ခွဲရာမှာ ကူညီဖို့အတွက်လည်းကောင်း၊ ပျော်ရွှင်စရာများနဲ့ စိတ်လှုပ်ရှားဖွယ်ရာ နည်းလမ်းများကို ပေးဆောင်နိုင်ပါတယ်။

မှတ်ဉာဏ်ပြန်လည်ထူထောင်ရေးအခန်းကဏ္ဍ

Video Game များက အာရုံကြောဆိုင်ရာချို့ယွင်းမှု (ဒါမှမဟုတ်) အာရုံကြောထိခိုက်ဒဏ်ရာရှိတဲ့ လူနာများ အတွက် မှတ်ဉာဏ်ပြန်လည်ထူထောင်ရေးမှာ အသုံးဝင်ပါတယ်။ Video Game များက မှတ်ဉာဏ်စွမ်းရည်နဲ့ ဘဝအရည်အသွေးမြင့်မားဖို့အတွက် မြှင့်တင်ပေးနိုင်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်ပေးနိုင်ဖို့အတွက် Game များမှာ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုတို့မှာ လိုအပ်တဲ့ အသုံးဝင်မှု (Function) များကို ထည့်သွင်းပေးဖို့တော့ လိုအပ်ပါတယ်။ Game ကစားခြင်းကို ဆေးဘက်ဆိုင်ရာအနေနဲ့ကြည့်မယ်ဆိုရင် Video Game များက စိတ်ကျန်းမာရေးနဲ့ စိတ်ပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်တဲ့ ကုသရေးကိရိယာကုထုံးတစ်ခု ဖြစ်လာပါတယ်။ Game ဆော့ခြင်းက စိတ်ဖိစီးမှုကိုလျှော့ချနိုင်ရုံသာမက စိတ်ခံစားချက်ကိုမြှင့်တင်နိုင်ပြီး တချို့သော အသုံးပြုသူများအတွက် လူမှုဆက်ဆံရေးပုံစံကိုပါ လေ့ကျင့်ပေးစွမ်းနိုင်ပြီး စိတ်အပန်းဖြေမှုနဲ့ မိမိကိုယ်ကိုယ် ထုတ်ဖော်မှုအတွက် အဖိုးတန်တဲ့ ထွက်ပေါက်တစ်ခုအဖြစ် တည်ရှိနေပါတယ်။

လူမှုအဖွဲ့အစည်းများမှာ သက်ရောက်မှုများနဲ့ စည်းရုံးရေးဆိုင်ရာအခန်းကဏ္ဍ

ဂိမ်းတစ်ခုမှာ အဲ့ဒီဂိမ်းကိုကိုယ်စားပြုခြင်းအတွက် လုပ်ဆောင်ထားတဲ့အရာရဲ့အရေးပါမှုက ဂိမ်း developer များအတွက် အဓိကအကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။ Video game များမှာ ပါဝင်တဲ့ ဒီဇိုင်းများက ကျယ်ပြန့်ရုံသာမက ဂိမ်းကစားသူများရဲ့ မတူညီတဲ့ ယဥ်ကျေးမှု၊ Background များရဲ့ ကွဲပြားမှုကို ထင်ဟပ်စေကာ နားလည်ခံစားရလွယ်စေတဲ့အထိ လုပ်ဆောင်ထားနိုင်ကြပါတယ်။

တရားမျှတမှုနဲ့ တက်ကြွလှုပ်ရှားသူဂိမ်းများအခန်းကဏ္ဍ

Video Game များက နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများအတွက် စက်ယန္တရားများဖြစ်လာပြီး မညီမျှမှု၊ ခွဲခြား ဆက်ဆံမှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ ဂေဟစနစ်ပျက်စီးခြင်း စတဲ့အကြောင်းအရာများစွာကို စူးစမ်းရှာဖွေနိုင်တဲ့ function များ လုပ်ဆောင်နိုင်ပါတယ်။ အဲ့ဒီဂိမ်းအများစုက ကစားသမားရဲ့တန်ဖိုးများနဲ့ ထိပ်တိုက်တွေ့ဆုံရမယ့် ကျင့်ဝတ်ဆိုင်ရာရွေးချယ်မှုတစ်ခု ပါဝင်ပါတယ်။ Video Game ကစားခြင်းဖြင့် မိမိတို့ရဲ့ ဂုဏ်သိက္ခာ ကျင့်ဝတ်များ၊ မိတ်ဖွဲ့မှုများ၊ ပူးပေါင်းဆောင်ရွက်နိုင်မှုတို့နဲ့သက်ဆိုင်တဲ့ အတွေ့အကြုံမျှဝေထားခြင်းများကိုလည်း ထည့်သွင်းထားပါတယ်။

စီးပွားရေးနဲ့ စက်မှုလုပ်ငန်းဆိုင်ရာများမှာ Video ဂိမ်းများလွှမ်းမိုးမှု အခန်းကဏ္ဍ

Video Game လုပ်ငန်းနယ်ပယ်က ကျယ်ပြန့်တိုးတက်လာပြီး စီးပွားရေးအင်အားကြီးတစ်ခုအနေနဲ့ ဖြစ်တည်လာပါတယ်။ အဲ့ဒီ Video Game များက နှစ်စဥ် ဝင်ငွေဘီလီယံပေါင်းများစွာကို ထုတ်ပေးရုံသာမက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူထောင်ပေါင်းများစွာကိုလည်း အလုပ်ခန့်ထားနိုင်ပါတယ်။ ဂိမ်းများဖန်တီးခြင်းနဲ့ ထုတ်ဝေခြင်း(ဒါမှမဟုတ်) esports နဲ့ Streaming အစရှိတဲ့ ဂိမ်းဆော့ခြင်းတွေက ကမ္ဘာတစ်ဝန်းမှာ ကြီးမားကျယ်ပြန့်တဲ့ အခန်းကဏ္ဍတစ်ရပ်လို ဖြစ်နေပါတယ်။

ဂိမ်းများဖြင့်လှုံဆော်ပေးနိုင်တဲ့ နည်းပညာဆန်းသစ်တီထွင်မှုများ

Video game များ ဖွံဖြိုးတိုးတက်မှုက ကွန်ပျူတာ hardware၊ software၊ graphics နဲ့ ဉာဏ်ရည်တုဆိုင်ရာ နည်းပညာဆန်းသစ်တီထွင်မှုများကို တွန်းအားပေးကာ လက်တွေ့ကျတဲ့နည်းပညာများရဲ့ ကန့်သတ်ချက်များကိုပါ တွန်းအားပေးလေ့ရှိပါတယ်။ ဂိမ်းများမှာ ခေတ်မီဖြေရှင်းနည်းများကို virtual reality ဖြင့် သုတေသနပြုစုခြင်း၊ autonomous ယာဉ်များ၊ ဆေးဘက်ဆိုင်ရာစိတ်ကူးပုံရိပ်ဖော်ခြင်းနဲ့ တခြားအရာများအပါအဝင် ရည်ရွယ်ချက် ကောင်းများစွာအတွက် လုပ်ဆောင်လာကြပါတယ်။

ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့နေရာတစ်ခုဖြစ်စေဖို့အတွက် ဂိမ်းများအသုံးပြုခြင်းက လွှမ်းမိုးထားပြီး အဲ့ဒီအရာတွေကို ကူညီဖို့အတွက် ပံ့ပိုးကူညီတဲ့ အဖွဲ့အစည်းများ တည်ဆောက်ထားသင့်ပါတယ်။ ဒီလိုနဲ့ ဂိမ်းများက ကျွန်ုပ်တို့ကို ပိုမိုတောက်ပတဲ့အနာဂတ်ဆီ ဦးတည်စေမယ့် ကမ္ဘာကြီးကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီပတ်ဝန်းကျင်က ဂိမ်းထုတ်လုပ်သူများကို လူမှုရေးဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ သင်ယူမှုနဲ့ စီးပွားရေး တိုးတက်မှုတို့/ရဲ့ ကိုယ်စားလှယ်အဖြစ် ၎င်းတို့ရဲ့အခန်းကဏ္ဍကို လက်ခံယုံကြည်ဖို့ တွန်းအားပေးနိုင်ပါတယ်။ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ ပေါင်းစပ်ပါဝင်တဲ့ ဒီဇိုင်းအသစ်များကို ရှာဖွေခြင်းဖြင့် ပိုမိုချိတ်ဆက် ထားမှုများပါဝင်မယ့် ပိုမိုဆန်းသစ်တဲ့ အနာဂတ်ကမ္ဘာကို ပုံဖော်ရာမှာ ဂိမ်းများက အဓိကျတဲ့ကဏ္ဍကနေ ပါဝင်နေမယ်ဆိုတာ မလွဲဧကန်ဖြစ်ပါတယ်။

forbes.comမှ Gaming Beyond Entertainment: How Video Games Are Shaping The Future ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

https://www.forbes.com/sites/forbestechcouncil/2024/05/22/gaming-beyond-entertainment-how-video-games-are-shaping-the-future/

 

Daw Zin Lin Htet

BE (Civil-MGTU)

M.Sc (Construction Project Mgt),

Heriot-Watt University