"ကမ္ဘာ့လူဦးရေ လျော့နည်းလာခြင်းကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ"

ကျွန်မတို့ ကမ္ဘာကြီးဟာ နိုင်ငံပေါင်း ၂၀၀ ခန့်နဲ့ ဖွဲ့စည်းတည်ရှိပြီး မတူကွဲပြားတဲ့ ယဥ်ကျေးမှု လူမျိုးစုများစွာနဲ့ ပေါင်းစည်းနေထိုင်ကြပါတယ်။ ခေတ်တွေစနစ်တွေ ပြောင်းလဲလာသလို နည်းပညာ အပြောင်းအလဲများနဲ့ နိုင်ငံတွေရဲ့တည်ရှိမှု လူဦးရေတည်ရှိတိုးပွားလာမှုမှာလည်း တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့လူဦးရေဟာ (၇) ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ၂၀၂၂ နိုဝင်ဘာလ စစ်တမ်းအရ (၈) ဘီလီယံအထိ ရောက်ရှိလာခဲ့ပါတယ်။ သို့ပေမဲ့ လာမယ့်ဆယ်စုနှစ်များမှာ လူဦးရေတိုး တက်လာမှုဟာ တဖြည်းဖြည်းလျော့နည်းလာကာ ယခုနှစ်မှာဆိုရင် ၀.၉၁ ရာခိုင်နှုန်းထိနည်းလာပြီး ဒီ့ထက်လည်း ပိုမိုနည်းလာမယ့် အကြောင်းရင်းများလည်း ရှိနေပါသေးပါတယ်။

ကမ္ဘာ့လူဦးရေ တိုးတက်လာမှုနှုန်းက ၁၉၆၀ ပြည့်နှစ်များမှာ အများဆုံးဖြစ်ခဲ့ပြီး ကမ္ဘာ့ ကပ်ရောဂါ Covid-19 လို အဖြစ်အပျက်ကြောင့် ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်များမှာ သေဆုံးမှု ၁၅ သန်းခန့် ရှိခဲ့တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ကမ္ဘာ့လူဦး‌‌ရေ ကျဆင်းခြင်းရဲ့ အဓိကအကြောင်းတွေကတော့ ကမ္ဘာနဲ့အဝန်း မွေးဖွားနှုန်း ကျဆင်းလာခြင်း၊ အမျိုးသမီးများရဲ့ ပညာရေးအဆင့်အတန်း မြင့်မားလာခြင်း၊ မြို့ပြအသွင် ကူးပြောင်းမှုမြင့်လာခြင်း စတဲ့အချက်များလည်း ပါဝင်ပါတယ်။ နိုင်ငံတွေရဲ့ မွေးဖွားနှုန်းကျဆင်းခြင်းဟာ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံများဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယလိုနိုင်ငံများလည်း ပါဝင်ပါတယ်။ ကမ္ဘာ့လူဦးရေ တဖြည်းဖြည်းကျဆင်းလာမှုဟာ စီးပွားရေးလုပ်ငန်းများအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုများ ဖြစ်လာနိုင်ပါတယ်။ လုပ်ငန်းတွေအတွက် သက်ရောက်လာနိုင်စေတဲ့ အချက်တွေထဲက တချို့ကိုဆွေးနွေးပေးထားပါတယ်။

၁။ အလုပ်သမားစျေးကွက်

လူဦးရေကျဆင်းလာမှုကြောင့် အနာဂတ်မှာ အလုပ်သမားစျေးကွက်ကိုပါ ထိခိုက်လာစေပါတယ်။ အလုပ်သမားစျေးကွက်မှာ ဝန်ထမ်းဦးရေ လျော့နည်းလာတာနဲ့အမျှ လုပ်ငန်းရှင်များက လုပ်ငန်းအတွက်လိုအပ်တဲ့ အလုပ်သမားများကို စျေးကွက်မှာ ရှာဖွေဖို့ ခက်ခဲလာပါတယ်။ လူဦးရေလျော့နည်းလာခြင်းကြောင့် အလုပ်သမားစျေးနှုန်းများလည်း တက်လာနိုင်ပါတယ်။ ဒီအတွက်‌ကြောင့် စီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ငန်းစရိတ်များ ပိုမိုတက်လာစေပြီး လုပ်ငန်းများရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေရဲ့ စျေးနှုန်းများ တက်လာနိုင်ပါတယ်။

၂။ ဖောက်သည်အရေအတွက် လျော့နည်းလာခြင်း

လူဦးရေလျော့နည်းလာခြင်းဟာ Market မှာ လုပ်ငန်းရဲ့ customer အရေအတွက်ကိုလည်း လျော့နည်းလာစေပါတယ်။ Market မှာ customer အရေအတွက် လျေ့ာနည်းခြင်းဖြစ်လာရင် လုပ်ငန်းရဲ့ ရောင်းအားနဲ့ အမြတ်အစွန်းရရှိမှုကိုပါ လျော့နည်းစေနိုင်ပါတယ်။ အမြတ်အစွန်းနည်းလာခြင်းကြောင့် လုပ်ငန်းတွေဟာ အရောင်းများလျော့နည်းလာပြီး စီးပွားရေးလုပ်ငန်းတွေက ဖောက်သည်များကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ စျေးနှုန်းသက်သာအောင်ပြုလုပ်ရခြင်း၊ ပိုမိုကောင်းမွန်တဲ့ အရည်အသွေးနဲ့ ဝန်ဆောင်မှုများပေးရခြင်းများ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဂျပန်မှာ လူဦးရေကျဆင်းခြင်းဟာ စားသုံးမှုအလိုအလျောက်လျော့နည်းတဲ့အတွက် စီးပွားရေးလုပ်ငန်းများဟာ ရောင်းအားကျဆင်းခြင်းကို ကြုံနေရပါတယ်။

၃။ နည်းပညာအပေါ်ပိုမိုမှီခိုလာရခြင်း

လူဦးရေလျော့နည်းလာခြင်းဟာ အလုပ်လုပ်နိုင်စွမ်းလျော့နည်းလာစေပါတယ်။ အလုပ်သမား အင်အားမလုံလောက်ပါက စီးပွားရေးလုပ်ငန်းများဟာ လိုအပ်တဲ့စွမ်းအားအပြည့်အဝ ရရှိနိုင်မှု မရှိတော့ဘဲ ပုံမှန်ထုတ်လုပ်မှုများ အဆင်မပြေသဖြင့် ထုတ်လုပ်မှုများ လျော့နည်းလာနိုင်ပါတယ်။ လူဦးရေ တဖြည်းဖြည်း နည်းပါးလာခြင်းကြောင့်လည်း လုပ်ငန်းများမှာ Human Resource နည်းပါးလာကာ နည်းပညာပေါ်မှာ လုပ်ငန်းတွေက ပိုမိုမှီခိုလာရပါတယ်။

၄။ Government မူဝါဒများပြောင်းလဲရခြင်း

လူဦးရေကျဆင်းခြင်းက အစိုးရမှ ထုတ်ပြန်တဲ့ မူဝါဒများကိုလည်း ထိခိုက်စေပါတယ်။ အစိုးရဟာ လူဦးရေကျဆင်းလာခြင်းကြောင့် အခွန်ငွေဝင်ငွေများ လျော့နည်းပြီး အသက်ကြီး ရင့်တဲ့သူများနဲ့ နိုင်ငံအတွက်ဝန်ဆောင်မှုများမှာ အသုံးပြုတဲ့ ငွေမှာနည်းပါးလာနိုင်ပါတယ်။ အီတလီလို နိုင်ငံမျိုးမှာ လူဦးရေကျဆင်းလာခြင်းကြောင့် အီတလီအစိုးရက နိုင်ငံအခွန်ဝင်ငွေနည်းပါးလာတဲ့အတွက် စီမံကိန်းများဖြင့် ပြန်လည်စီမံဖို့ နိုင်ငံအာဏာပိုင်များက ကြံစည်နေကြရပါတယ်။ ဒီလိုမျိုး စီးပွားရေးလုပ်ငန်းများအပေါ်သို့ သက်ရောက်မှုတွေက နောင်နှစ်အနည်းငယ်တွင်မှ ထိခိုက်တာမျိုးမဟုတ်ဘဲ ယခုနှစ်တွေမှာဆိုရင် Korea နိုင်ငံမှာရှိတဲ့ University တချို့မှာ ကျောင်းသား Enroll Rate ကျဆင်းတဲ့ ပြဿနာများရင်ဆိုင်နေရပြီး တချို့ကျောင်းများဟာ ပိတ်သိမ်းရပြီးတော့ တချို့ University များကတော့ International ပညာရေးအဖွဲ့အစည်းများနဲ့ Collaborate လုပ်ကာ လုပ်ငန်း ဆက်လက်ရပ်တည်ဖို့ ကြိုးစားအားထုတ်ပြီး ဖြေရှင်းနေရပါတယ်။ ယခုနောက်ပိုင်း China မှာ လူဦးရေလျော့နည်းလာတဲ့ ပြဿနာကို ပြန် cover ဖြစ်အောင် မလုပ်နိုင်သေးပေမယ့် Government အနေနဲ့ (birth bonus) များ မိသားစုများကိုပေးတဲ့ စီမံကိန်းများဖြင့် အစီအစဥ်ချမှတ်ပြီး လုပ်ဆောင်နေပါတယ်။

ကမ္ဘာ့လူဦးရေကျဆင်းလာခြင်းအတွက် ချက်ချင်းပြင်ဆင်ဆောင်ရွက်ပြီး မပြုပြင်နိုင် သေးပေမယ့် နိုင်ငံအလိုက် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိန်းသိမ်းဖို့ နိုင်ငံတွေရဲ့ အစိုးရများနဲ့ စီးပွားရေးအဖွဲ့အစည်းများဟာ အတူတကွ စီမံကိန်းများဖြင့် လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။

Reference

Aung, M. A., 2023. World Population and Pressure. First ed. Yangon, Myanmar: U Myint thu (01562) Myanmar Heritage Publications.

https://www.scientificamerican.com/.../global-population.../

https://www.pewresearch.org/.../worlds-population-is.../

Daw Ei Mon Soe

ME-IT(TU-Mdy), MBA (SIU, Thailand)