ကိုယ့်ရဲ့ ပန်းတိုင်တွေကို ထုဆစ်ဖို့ အရေးကြီးဆုံး  Self Discipline

ဘ၀မှာ ကျွန်မတို့ ပန်းတိုင်တွေရောက်အောင် သွားနိုင်ဖို့၊ ကျွန်မတို့ လိုချင်တဲ့အရာတွေ ရယူနိုင်ဖို့၊ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို တိတိကျကျ ရေရေရာရာ သိဖို့လည်း လိုအပ်သလို အဲ့ပန်းတိုင်ကို အရောက် လှမ်းနိုင်ဖို့ motivation ဆိုတဲ့ စိတ်အားထက်သန်မှု ဆိုတာလည်း မရှိမဖြစ် အရေးကြီးလှပါတယ်။ Motivation ဆိုတာ ကျွန်မတို့တွေနဲ့ အရမ်းကြီး မစိမ်းပါဘူး။ လူတော်တော်များများက ‘ သူငယ်ချင်း ငါ moti ကျနေတယ် ဘာမှမလုပ်ချင်ဘူး’ တို့  ကျွန်မ ကျောင်းသား/သူတွေဆိုရင်လည်း  “တီချယ်ရေ စာလုပ်ဖို့ moti လေးပေးပါဦး“ တို့ အမျိုးမျိုး ပြောတတ်ကြပါတယ်။ ကျွန်မတို့တွေဟာ လုပ်ချင်တာ ဖြစ်ချင်တာတွေလုပ်ဖို့ တစ်ခါတလေမှာ လုပ်ချင်စိတ်ဆိုတဲ့ စိတ်အားထက်သန်မှုတွေဟာ ပျောက်ဆုံးသွားတတ်တဲ့အချိန်တွေ၊ စိတ်အတက်အကျတွေ များတာကလည်း လူတိုင်းမှာ ကြုံရတတ် ပါတယ်။

တကယ်တမ်းတော့ ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့က motivation ၁ခုတည်းနဲ့ မပြီးပါဘူး။ ဘယ်အချိန်မှာ ဘယ်အရာတွေကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ Self Discipline တွေ ချထားဖို့လည်း လိုအပ်သလို ချထားတဲ့ disciplines တွေအတိုင်းလည်း သေချာတိကျစွာ လိုက်နာလုပ်ဆောင်ဖို့ လိုအပ်လှပါတယ်။ ပန်းတိုင်တွေ ရောက်ချင်ကြပေမယ့် ကျွန်မတို့တွေက ကိုယ်ကိုယ်တိုင်မှာ စည်းတွေ၊ ဘောင်တွေ ချရမှာ၊ နေရမှာတွေကို အများအားဖြင့် မကြိုက်ကြပါဘူး။ Self Discipline တွေ မိမိကိုယ်တိုင်မှာ ချမှတ်ထားခြင်းက ကျွန်မတို့ ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်အောင်ကူညီပေးနိုင်ပါတယ်။ Self Disciplines လုပ်ခြင်းဖြင့် ကျွန်မတို့ရဲ့ ပန်းတိုင်ဟာ ယုံကြည်ရာဆိုတဲ့  ဝေဝေဝါးဝါး မဟုတ်ဘဲ ကျွန်မတို့ လိုချင်တဲ့ပန်းတိုင်ကို ကျွန်မတို့လက်ထဲ သေချာတဲ့ result ထိရောက်အောင် အချိန်မှန်ကန်စွာနဲ့ ရရှိ လာနိုင်မှာ သေချာပါတယ်။

ကျွန်မတို့ရဲ့ အောင်မြင်မှုတွေ တည်ဆောက်ဖို့ ကိုယ့်ရဲ့ personal brand တည်ဆောက်ဖို့ ဆိုရင်လည်း motivation တစ်ခုတည်းရှိနေရုံနဲ့ မရနိင်ပါဘူး။ Self Discipline ကလည်း အရေးပါတဲ့ နေရာကနေ ပါဝင်နေပါတယ်။ ကျွန်မအမြင်ပြောရရင် motivation နဲ့ Self Discipline ဟာ ဆက်စပ်မှု ရှိနေပါတယ်။

Self Discipline လုပ်ခြင်းဖြင့်

  • မိမိကိုယ်ကိုယ် self confident ပိုရှိလာခြင်း။
  • Self control ပိုမိုကောင်းမွန်လာခြင်း။
  • အလုပ်လုပ်ရာမှာ ပိုမိုစိတ်ရှည်လာခြင်း။
  • အမှားတွေကြုံခဲ့ရင်တောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ပိုမိုသိမြင်လာခြင်းတို့ ရရှိစေပါတယ်။

Motivation က ကျွန်မတို့ လုပ်မယ့်အလုပ်တွေကို အစပြုဖို့ လုပ်ချင်စိတ်ကို အစပြုစေတာဖြစ်ပြီး Self Discipline က ကိုယ်လုပ်မယ့်ပန်းတိုင် ရည်ရွယ်ချက်ရောက်အောင်၊ အဆုံးအထိ တာဝန်ယူပြီး အဆုံးထိ လုပ်ဆောင်သွားနိုင်ခြင်း ဖြစ်ပါတယ်။

Self Discipline ထိန်းသိမ်းဖို့အတွက် ကိုယ့်နေ့တဒူဝမှာ ထိန်းသိမ်းလုပ်ဆောင်ရမယ့် အရာတွေထဲက တချို့ အချက်လေးတွေကို တင်ပြပေးလိုက်ပါတယ်။

  1. Prioritizing
  2. Active Goal Setting
  3. Take breaks
  4. Focused

 

Prioritizing

ကိုယ့်နေတဒူဝမှာ ဖြတ်သန်းရမယ့် plan တွေ၊ အချိန်တွေကို စနစ်တကျ စီမံတတ်ရပါမယ်။ ဒီနေရာမှာ စီမံခန့်ခွဲရုံနဲ့ မပြီးမြောက်ပါဘူး။ ကိုယ်ချမှတ်ထားတဲ့အတိုင်း အမှန်တကယ်လည်း လိုက်နာလုပ်ဆောင်ရပါမယ်။ ပြီးတော့ တစ်နေ့တာရဲ့ သတ်မှတ်ထားတဲ့ အရေးကြီးတဲ့ အရာတွေကို ဦးစားပေးလုပ်ဆောင်တတ်ရပါမယ်။ prioritizing လုပ်ခြင်းက ကိုယ့်ရဲ့ အရေး ကြီးတဲ့အရာတွေအတွက် သေချာ အချိန်လုံလောက်စွာလုပ်နိုင်ပြီး ပိုနေတဲ့အချိန်တွေမှာ တခြားအရာတွေကို အကျိုးရှိစွာ သေချာလုပ်ဆောင်နိုင်ပါလိမ့်မယ်။

Active Goal Setting

ကျွန်မတို့ သွားချင်တဲ့ ပန်းတိုင်တွေကို စနစ်တကျ သတ်မှတ်ခြင်းကလည်း ကိုယ်လုပ်ဆောင် ချင်တဲ့ ရည်ရွယ်ချက်တွေကို တစ်ခုပြီးတစ်ခု ပြီးမြောက်အောင် လုပ်ဆောင်နိုင်စေပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ goal တွေမှာ deadline တွေပါ သေချာတိကျစွာ ချမှတ်ထားခြင်းက အလုပ်တစ်ခုလုပ်ဆောင်ဖို့ အချိန်ဆွဲနေခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

Take Breaks

ကျွန်မတို့တွေက လူသားတွေဖြစ်လို့ စည်းကမ်းဘောင်တွေနဲ့ တစ်ချိန်လုံးသွားနေရင်လည်း တစ်ချိန်ချိန်မှာ ငြီးငွေ့တာတွေ၊ လုပ်နေရင်းသွားနေတဲ့ Goal ကနေ လွဲချော်သွားတာတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို self discipline လည်း ထားသလို ကြားထဲမှာ break လုပ်ဖို့ အချိန်လေးတွေလည်း ပေးထားသင့်ပါတယ်။

Focused

Plan တွေအတိုင်းဖြစ်ဖို့ဆိုတာ ကျွန်မတို့ daily life မှာ ဖြတ်သန်းနေရတဲ့ နေ့ရက်တွေမှာ ကြားဝင်လာတဲ့ case တွေကလည်း ရှိလာနိုင်ပါသေးတယ်။ ဒီလိုမျိုးတွေဖြစ်လာရင် ကိုယ်တိုင်က ကိုယ်သွားချင်တဲ့ goal တွေကနေ သွေဖယ်သွားနိုင်တာတွေ ဖြစ်လာတတ်ပါတယ်။

Self Discipline နဲ့ ပတ်သက်လို့ လူတိုင်းက သိတော့သိတယ်၊ လုပ်ဆောင်ဖို့ ခက်ကြ ပါတယ်။ တကယ်လက်တွေ့မှာ ကျင့်သုံးတဲ့သူတွေမှာတော့ အင်မတန် အကျိုးရှိပြီး သူတို့ နေ့တဒူဝ ဖြတ်သန်းနေတဲ့ဘဝမှာ stress တွေရတာ motivation ကျတာဆိုတာ ဖြစ်လေ့မရှိပါဘူး။ ကျွန်မ လေးစားရတဲ့ teacher တစ်ယောက်နဲ့ ဆရာကြီးတစ်ယောက်ဆိုရင် self discipline အားကောင်းတဲ့အပြင် time management လည်း အရမ်းနိုင်နင်းကြပါတယ်။ သူ့ daily plan တွေမှာ သူ့ priorities နဲ့ သူသွားတဲ့အပြင် သူတို့ရဲ့ life လေးကိုလည်း သူတို့ကိုယ်တိုင် ကျေနပ်စွာ ဖြတ်သန်းနိုင်ပါတယ်။ သူတို့လိုချင်တဲ့ ပန်းတိုင်လေးတွေကိုလည်း သေချာလှပစွာ အကောင်အထည် ဖော်နိုင်ကြပါတယ်။

 

 

Daw Ei Mon Soe

ME-IT(TU-Mdy)

MBA (SIU, Thailand)