Turnitin AI Detection ကို အောင်မြင်စွာဖြတ်သန်းဖို့ အကြံပြုချက်များ

အကြံပြုချက်များမှာ Turnitin ကို ဘယ်လိုလှည့်စားရမလဲဆိုတာကို ပြောပြပေးမှာတော့ မဟုတ်ပါဘူး။ ရိုးသား ဖြောင့်မတ်ခြင်းကို ချိုးဖောက်တဲ့ဖြတ်လမ်းနည်းများကို ရှာမယ့်အစား မိမိရဲ့စစ်မှန်မှုကို အားကောင်းစေမယ့် နည်းဗျူဟာများကို ပြသပါမယ်။ ဒါကတော့ Turnitin AI စစ်ခြင်းကို ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာရယ်၊ တရားမျှတမှုမရှိတဲ့ ခိုးကူးမှုဆိုင်ရာစွပ်စွဲချက်တွေကို ရှောင်ရှားနည်းများပဲ ဖြစ်ပါတယ်။

၁။ Assignment ဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။

Turnitin စစ်ဆေးမှုကို ကျော်ဖြတ်ဖို့မကြိုးစားမီ မိမိတာဝန်မှာ assignment ရဲ့ လိုအပ်ချက်ကိုသိဖို့ အရေးကြီး ပါတယ်။ ညွှန်ကြားချက်တွေကို သေချာဖတ်ပါ။ တကယ်လို့ ကျောင်းသားက ဒီအချက်များကို လွဲချော်နေပါက Turnitin ကို ကျော်ဖြတ်နိုင်သွားတယ်ဆိုရင်တောင် ဆိုးရွားတဲ့အဆင့်ကို ရနိုင်ပါသေးတယ်။ Task တစ်ခုစီကိုကြည့်ပြီး မိမိကိုယ်ပိုင်တွေးခေါပုံကို ဘယ်လိုပြသနိုင်မလဲဆိုတာ မိမိကိုယ်ကိုယ်ပြန်မေးပါ။

ဒီနည်းနဲ့ ကိုယ်ပိုင်စကားလုံးများ၊ စိတ်ကူးများကို အသုံးပြုခြင်းဖြင့် turnitin စစ်ဆေးမှုကို ရှောင်နိုင်ရုံသာမက အကြောင်းအရာတွေကို သဘာဝကျကျ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

၂။ အကြောင်းအရာကို အကျဉ်းချုံ့ပါ။

ထင်ရှားတဲ့အကြောင်းအရာကို ရှာဖွေဖို့ကအဓိကပါ။ အကြောင်းအရာတစ်ခုကို အများကြီးမရေးထားပါနဲ့။ ဒီလိုလုပ်ဆောင်တာဟာ မိမိရေးထားတဲ့ စာများအတွင်း AI ထောက်လှမ်းခြင်းဆော့ဖ်ဝဲအတွက် ရှာဖွေတွေ့ရှိဖို့ ပိုမိုခက်ခဲစေပါတယ်။ အကြောင်းအရာကို နက်နက်နဲနဲ လေ့လာကြည့်ပါ ဒါမှမဟုတ် မတူညီတဲ့ စိတ်ကူးစိတ်သန်းများကို နည်းလမ်းသစ်များနဲ့ ပေါင်းစပ်ကြည့်ပါ။ မိမိလေ့လာခဲ့ပြီးတဲ့အရာကိုအသုံးပြုကာ ဘောင်အပြင်ဘက်ထွက်ပြီးတွေးပါ။ အရေးအသားမှာ မတူညီတဲ့ ရှုထောင့်များ၊ ကိုယ်ရေးကိုယ်တာထိုးထွင်းသိမြင်မှုများနဲ့ ဆန်းသစ်တဲ့အရာတစ်ခုကို ပြသပါ။ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်း ဒါမှမဟုတ် တခြားဘယ်သူကမှ မဖြေရှင်းရသေးတဲ့ပြဿနာကိုရွေးချယ်ခြင်းက ခိုးကူးမှုပြဿနာများကို ရှောင်ရှားနိုင်ပါမယ်။ မိမိရဲ့မူရင်းအရေးအသားက Turnitin AI နဲ့ plagiarism မှ စာသားများကို ယှဉ်တိုက်ကြည့်တဲ့အခါမှာ တခြားစာတွေနဲ့ ရောထွေးနေမှာမဟုတ်ပါဘူး။

၃။ သုတေသနနဲ့ ထိရောက်တဲ့ စကားစုများ

စာရေးခြင်းလုပ်ငန်းစဉ်ကိုမစတင်မီ စေ့စေ့စပ်စပ်စူးစမ်းလေ့လာခြင်း ဒါမှမဟုတ် သက်ဆိုင်ရာ အကြောင်းအရာ တွေကို ပြန်လည်သုံးသပ်ဖို့ အကြံပြုပါတယ်။ အဲ့ဒီလိုလုံ့လဝီရိယရှိရှိ လုပ်ခြင်းက ဆန်းသစ်မှုရှိတဲ့ မူရင်းများကိုရနိုင်ပြီး AI ထောက်လှမ်းမှုကို ကျော်လွှားနိုင်စေဖို့အတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စာများများဖတ်လေ၊ စိတ်ကူး စိတ်သန်းတွေ နိုးကြားလာလေလေပါပဲ။ ဒါက Turnitin မှ မမြင်ဖူးတဲ့ ထူးခြားအကြံဉာဏန်များ ရရှိစေဖို့ ကူညီပေးပါတယ်။

"Turnitin ရဲ့ AI ထောက်လှမ်းမှုကို ကျော်လွှားဖို့ မိမိကိုယ်ပိုင်စကားလုံးများနဲ့ အကြောင်းအရာကို ပြန်လည် ရေးသားခြင်းမှလွဲပြီး တခြားကျင့်ဝတ်နည်းလမ်းမရှိပါဘူး။ အချက်တွေပေါ်မှာ ဖော်ပြခြင်း၊ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများ ဒါမှမဟုတ် ပုံတိုပတ်စများကို ပေါင်းထည့်ခြင်းနဲ့ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်များမှ ကိုးကားချက်များကို ပေါင်းစည်းခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။

၄။ အဆင့်မြင့် စာကြောင်းပြန်ရေး Tools (paraphrasing tools) များကို အသုံးပြုပါ။

Deadlines များဟာ ကျွန်ုပ်တို့ကို ဖိအားပေးတာကြောင့် သူငယ်ချင်းတစ်ဦးထံမှ အကူအညီရယူတာ ဒါမှမဟုတ် AI Tool တစ်ခုအသုံးပြုတာမျိုးက ပုံမှန်လိုပဲဖြစ်ပါတယ်။ ဒီအဆင့်မြင့်နည်းပညာခေတ်မှာ AI-based paraphrasing tools အများအပြားက ခိုးကူးဝါဒကို ဖယ်ရှားနိုင်တဲ့အပြင် မိမိရဲ့ AI ဒါမှမဟုတ် စာသားတွေကို လူသားရေးသားထားတာဆန်အောင် ပြုလုပ်နိုင်ပါတယ်။ “ခိုးကူးမှု ထောက်လှမ်းမှုကို ကျော်လွှားနိုင်ဖို့နဲ့ မူရင်းအကြောင်းအရာကို ဖန်တီးဖို့ အထိရောက်ဆုံး နည်းလမ်းမှာ အဓိပ္ပာယ်ဖော်ရေးသားခြင်း၊ အကျဉ်းချုပ်ခြင်းနဲ့ ချောမွေ့စွာပေါင်းစပ်ခြင်းတို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

၅။ အကူအညီမပါဘဲ ရေးပါ။

မိမိစိတ်ကူးတွေကို လက်ရေးနဲ့ချရေးပါ။ ဆိုလိုတာက ChatGPT လို AI စာရေးကိရိယာများထံမှ အကူအညီမပါဘဲ စကားလုံးများကို စာရွက်ပေါ်မှာ ကိုယ်တိုင်ချရေးထားပါ။ ဒီနည်းလမ်းနဲ့ ရေးထားတဲ့စာများက မိမိတစ်ဦးတည်း လုပ်ထားတာဖြစ်ကြောင်း ပြသပါတယ်။ လက်နဲ့ရေးခြင်းက အသုံးပြုတဲ့စကားလုံးတိုင်းကို ပိုမိုတွေးတောရစေပါတယ်။ ဦးနှောက်က ပိုမိုအလုပ်လုပ်ရပြီး ဒါက AI ထောက်လှမ်းမှုကို လွယ်ကူစွာ ကျော်ဖြတ်နိုင်ဖို့နဲ့ မူရင်းအကြောင်းအရာကို ဖန်တီးရာမှာ ကူညီပေးပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်လက်ရေးနဲ့ စာမျက်နှာများကို မြင်တွေ့ရသည်မှာ ကြည်နူးစရာဖြစ်ပြီး မိမိကြိုးစားအားထုတ်မှုရဲ့ ထင်ရှားတဲ့ သက်သေဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ "Turnitin ကို ဘယ်လိုအနိုင်ယူမလဲ" လို့မေးရင် အဖြေက ရိုးရှင်းပါတယ်၊ ဖန်တီးမှုရယူပါ။ စကားလုံးတိုင်းကို ကိုယ်တိုင်ရေးဖို့နဲ့ ဘာသာရပ်ကို နက်နက်နဲနဲ စေ့စေ့တွေးပြီး မိမိရဲ့ အရေးအသားစွမ်းရည်ကို အသုံးချပါ။ Turnitin လို Tools တွေက စမတ်ကျပေမယ့်လည်း မူရင်းအတွေးအခေါ်တွေ မတွေးနိုင်တာကို သတိထားရပါမယ်။ တမူးထူးခြားစွာနဲ့ စာပိုဒ်တိုင်းမှာ မိမိရဲ့စစ်မှန်မှုကို ပေါ်လွင်မှုဖြစ်အောင် ရေးရပါမယ်။

Reference: https://inboundblogging.com/how-to-get-past-turnitin-ai.../

Dr. Thel Seint Aye

B.C.Sc, CU (MDY), B.C.Sc (Hons), CU (MDY)

M.C.Sc, CU (MDY) , Ph.D (IT), (U.C.S.M)