အမေရိကန်ရဲ့ ဇိမ်ခံအမှတ်တံဆိပ် COACH Inc. အကြောင်း

Coach ဆိုတာက New York ဖက်ရှင်ရဲ့အနှစ်သာရကို ဖော်ညွှန်းတဲ့ သားရေအမှတ်တံဆိပ်ဖြစ်ပြီး စျေးကွက်မှာဦးဆောင်နေတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ Coach အမှတ်တံဆိပ်ကို မြောက် အမေရိကမှာစတင်ခဲ့ပါတယ်။ ယခုအခါမှာတော့ စျေးကွက်တန်ဖိုး ၁.၂ ဘီလီယံ ဒေါ်လာရှိနေပြီး တိုက်ကြီး ငါးတိုက်လုံးရှိ တခြားဖြန့်ဖြူးရေးလုပ်ဖော်ကိုင်ဖက်များအပြင် franchise စတိုးဆိုင်ပေါင်း ၁၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ Coach ရဲ့  Target Customers  များကတော့ အမေရိကန်နိုင်ငံသားများနဲ့ ၀င်ငွေမြင့်မားတဲ့ အသက် ၂၀ နဲ့ ၄၅ နှစ်ကြားရှိ အမျိုးသားနဲ့ အမျိုးသမီးများပဲ ဖြစ်ပါတယ်။

ဇိမ်ခံအမှတ်တံဆိပ် သုံးစွဲမှုပုံစံကို နားလည်သဘောပေါက်စေခြင်း။

လျင်မြန်စွာတိုးတက်ပြောင်းလဲနေတဲ့ လူမှုဘဝမှာ လူသားတို့ရဲ့  ရည်မှန်းချက်နဲ့ ယှဉ်ပြိုင်မှုများကလည်း တဖြည်းဖြည်း ကြီးထွားလာကြပါတယ်။ ဒါကြောင့် ဇိမ်ခံအမှတ်တံဆိပ်များကို ၀ယ်ယူခြင်းက လူတွေရဲ့ စိတ်ကျေနပ်မှု၊ ဂုဏ်ရှိမှုနဲ့ လေးစားမှုတို့ကို ဖြစ်ပေါ်စေပါတယ်။ Customer များက ဇိမ်ခံအမှတ်တံဆိပ်များရဲ့ သီးသန့်ဖြစ်တည်မှုများကြောင့် သူတို့ရဲ့ အသိုင်းအဝိုင်းကြားမှာ အသိအမှတ်ပြုမှုရရှိဖို့အတွက် ၀ယ်ယူကြ ပါတယ်။ ဇိမ်ခံစျေးကွက်ရဲ့  လတ်တလောအခြေအနေက ရှေးဟောင်းအမွေအနှစ်များနဲ့ ပတ်သက်ပြီး ဦးစားပေးလုပ်ဆောင်လာခြင်းက စျေးကွက်မှာရှိနေတဲ့ တခြားအမှတ်တံဆိပ်များထက် စိတ်၀င်စားမှု ပိုမိုမြင့်တက်လာစေပါတယ်။ Coach ဟာလည်း အဲ့ဒီလမ်းကြောင်းကို အသုံးပြုပြီး သူ့ရဲ့ Coach Classics နဲ့ Coach Vintage collections များမှာ တွေ့မြင်နိုင်ပါတယ်။ 
စျေးကွက်ဗျူဟာ
Coach က သူ့ရဲ့ဖောက်သည်များနဲ့ ရေရှည်ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် အလေးအနက်အာရုံစိုက် လုပ်ဆောင်နေပါတယ်။ Coach ဟာ နောက်ဆုံးပေါ်ဖက်ရှင်ခေတ်ရေစီးကြောင်းများနဲ့ လိုက်လျော ညီထွေမှုရှိစေဖို့ သုတေသနအဖွဲ့များဖွဲ့စည်းပြီး စျေးကွက်အခြေအနေကို အမြဲလေ့လာနေပါတယ်။ မြောက်အမေရိကရှိ အိမ်ထောင်စု ၂၄ သန်းနဲ့ အာရှဈေးကွက်မှာ ၁၀ သန်းခန့်ရှိ များပြားလှတဲ့ ဒေတာဘေ့စ်တစ်ခု Coach မှာ ရှိနေပါတယ်။ Coach ဟာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်များမှာ ထိထိရောက်ရောက် ကြော်ငြာလေ့ရှိပါတယ်။ Coach ရဲ့ တရားဝင်ဝဘ်ဆိုဒ်မှာ အကောင့်ဖွင့်ခြင်းကို မြှင့်တင်ခြင်းဖြင့် သူတို့ရဲ့ အမှတ်တံဆိပ်ကို၀ယ်ယူတဲ့ Customers များကို အီးမေးလ်များမှတစ်ဆင့် ဆက်သွယ်မှုပြုလုပ်ကြပါတယ်။
Coach က အွန်လိုင်းပေါ်မှာ ပစ္စည်းတချို့ကို flash sale ကဲ့သို့ စျေးနှုန်းလျှော့ချခြင်း နည်းဗျူဟာများကို အသုံးပြုပြီး ရောင်းချလေ့ရှိပါတယ်။ Twitter, Facebook, Instagram, You-tube, Pinterest ကဲ့သို့သော မီဒီယာပလက်ဖောင်းများမှာ သူတို့ရဲ့ထုတ်ကုန်များကို ကြော်ငြာဖို့အတွက် အသုံးပြုပါတယ်။  ဖက်ရှင်များ၊ ဒီဇိုင်းများနဲ့ပတ်သက်ပြီး ဗီဒီယိုများကို ကြည့်ရှုလေ့လာနိုင်ဖို့ YouTube ကို အသုံးပြုလေ့ရှိပါတယ်။  Coach ဟာ သူတို့ရဲ့ ကမ်ပိန်းများမှာ Bohemian Imagery ကို အသုံးပြုပြီး သူတို့ရဲ့ အထင်ကရ သားရေအင်္ကျီများကို ကမ်ပိန်းမှာ ပြသလေ့ရှိပါတယ်။ Coach ရဲ့ စျေးကွက်ရှာဖွေရေးလုပ်ဆောင်မှုမှာ အွန်လိုင်းစျေးကွက် ရှာဖွေခြင်း၊ ဗီဒီယိုများ ထုတ်လုပ်မှုနဲ့ မီဒီယာအသုံးစရိတ်များက အချိန်နဲ့အမျှ သိသိသာသာတိုးလာပြီး  ၂၀၁၅ နောက်ပိုင်းမှာ ဒေါ်လာ ၁၆၁ သန်းအထိ ရှိလာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်း Coach ဟာ swagger bag collection အသစ်အတွက် #whatsyourswagger campaign ကိုလည်း စတင်ခဲ့ပါတယ်။ Coach Swagger အမှတ်တံဆိပ်အသုံးပြုသူများကို သူတို့ရဲ့ အိတ်နဲ့ဓာတ်ပုံများကို Instagram အကောင့်မှာ မျှဝေစေခြင်းဖြင့် ပရိုမိုးရှင်းပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်ခြင်းက အမှတ်တံဆိပ်ကို စျေးကွက်ထဲမှာ ထိုးဖောက် တည်ဆောက်ဖို့ အထောက်အကူဖြစ်စေပါတယ်။
Coach ရဲ့ မီဒီယာအသုံးပြုမှု
Coach ရဲ့ တရားဝင် Website မှာ ၂၀၁၅ နောက်ပိုင်း ကြည့်ရှုမှုအရေအတွက်က ၆၄ သန်းအထိ အားကောင်းလာတဲ့ E-Commerce တစ်ခု ရှိနေပါတယ်။ သူတို့ရဲ့ Website မှာ ပရိုမိုးရှင်းပွဲများနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို အလေးပေးဆောင်ရွက်လေ့ရှိပါတယ်။ Coach က Customer များနဲ့ ဆက်သွယ်မှုအမြဲကောင်းစေဖို့အတွက် မီဒီယာအသုံးပြုမှုကို အမှန်တကယ် ခိုင်မာအောင်လုပ်ဆောင်လေ့ရှိပြီး Facebook နဲ့ twitter   များကဲ့သို့ Media Platform ပေါ်မှာ လျှော့စျေးများ တင်ပေးလေ့ရှိပါတယ်။ Coach ဟာ သူတို့ရဲ့   Loyal Customer များကို အမှတ်တံဆိပ်နဲ့ ပတ်သက်တဲ့ မေးမြန်းမှုများကို တိုက်ရိုက်ဖြေဆိုပေးနိုင်ဖို့အတွက်လည်း ဆိုရှယ်မီဒီယာကို အသုံးပြုလာပါတယ်။
 Coach က သူတို့ရဲ့ ၀ယ်ယူသူများထံ စဉ်ဆက်မပြတ် သတင်းအချက်အလက်များပေးပို့နိုင်ဖို့နဲ့ စျေးကွက် ရှာဖွေရေးအတွက် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ထားပါတယ်။ သူတို့ရဲ့ Twitter မှာ Follower 651,104 နဲ့ Facebook Follower 6,413,500 တို့ ရှိပါတယ်။ လာမယ့်အနာဂတ်မှာ ဆိုရှယ်မီဒီယာနဲ့ ဖက်ရှင်ရှိုးပွဲများကဲ့သို့ ပရိုမိုးရှင်းပွဲတွေမှာ သူတို့ရဲ့ စျေးကွက်ရှာဖွေရေးအသုံးစရိတ်ကို တိုးမြှင့်သွားဖို့လည်း စီစဉ်ထားပါတယ်။
နောင်အနာဂတ်မှာ ...
၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်မှာ အရောင်းမြှင့်တင်ရေးများ လုပ်ဆောင်တဲ့အခါ သာမန်ထက် လွန်ကဲမှုဖြစ်ပေါ်စေမှုကြောင့် သူတို့ရဲ့ အမှတ်တံဆိပ်အဆင့်အတန်းကို ပျက်ပြားစေကာ အရှုံးပေါ်ခဲ့ပြီး အမေရိကန်ရှိ စတိုးဆိုင်အများအပြားကို ပိတ်ပစ်ခဲ့ရပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံအနေနဲ့ Coach  ရဲ့ လုပ်ငန်းဆောင်ရွက်မှုမှ ဘယ်အကျိုးအမြတ်မှမရရှိခဲ့ပါ။ သို့ပေမဲ့ Coach က ကနေဒါရှိ သူတို့ရဲ့စတိုးဆိုင်များကို ၀ယ်ယူသူများအတွက် အဆင်ပြေစေဖို့အတွက် ပြန်လည်ပြုပြင်ခဲ့ပါတယ်။ Coach က သူတို့ရဲ့ ထုတ်ကုန်များကို အဆင့်မြှင့်တင်ကာ ဈေးနှုန်းများကိုလည်း တိုးမြှင့်ရောင်းချပေးလျက်ရှိပါတယ်။ အိတ်များမှာ Coach Logo ကို ပေါ်လွင်ထင်ရှားစေတဲ့ သင်္ကေတ C ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ပါတယ်။ Coach ဟာ ခေတ်မီဇိမ်ခံအမှတ်တံဆိပ်တစ်ခုအဖြစ် စျေးကွက်ထဲမှာ အခိုင်အမာရပ်တည်နိုင်ဖို့အတွက် ကြိုးပမ်းအားထုတ်လျက်ရှိပါတယ်။

Nishtha Kashyap ရဲ့  COACH Inc. - A Story about the American Luxury Brand ဆောင်းပါးကို Ah Zer Zar Sar မှ ဆီလျော်စွာြပန်ဆိုထားပါတယ်။

U Ah Zer Zar Sar

DBL.LLB.BARS

MBA ( Assumption University, Thailand)