5 circular business models (and how they can give you a competitive advantage)

လေကြောင်းလုပ်ငန်းများကြောင့် ဖြစ်ပေါ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုက ၂-၃ % ထက် နည်းပါး လွန်းတဲ့ပမာဏသာဖြစ်တယ်ဆိုတာကိုပြတဲ့ အချက်အလက်တွေက များသောအားဖြင့် သင်တို့ကို အံ့အား သင့်စေပါလိမ့်မယ်။ တခြားမဟုတ်ဘဲ လူသားမျိုးနွယ်တွေအနေနဲ့ တစ်နှစ်မှာ ပုံမှန် ၁၀၀ ဘီလီယံ တန်လောက်ရှိတဲ့ ကုန်ကြမ်းများကို အသုံးပြုလိုက်ကြပြီး အကြမ်းအားဖြင့် ကျွန်ုပ်တို့ ထုတ်ယူထားတဲ့ အလေးချိန်ရဲ့ တစ်ဝက်ခန့်ဟာ ကမ္ဘာ့တည်ဆောက်ရေးပတ်ဝန်းကျင် (World’s build environment) ထဲကို ရောက်သွားပါတယ်။

ဒီလိုဖြစ်နေတာကြောင့် အခုဆိုရင် ကမ္ဘာ့တည်ဆောက်ရေးပတ်ဝန်းကျင်ဟာ ရာသီဥတုပြောင်းလဲမှုကို အဓိက အခန်းကဏ္ဍတစ်ခုအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ အဆောက်အအုံတွေရဲ့ တည်ဆောက်ရေးနည်းစနစ် အသစ်များနဲ့ တီထွင်ဆန်းသစ်တဲ့ လုပ်ငန်းစဉ်များဖြစ်တဲ့ သင့်လျော်စွာပြန်လည်အသုံးပြုမှု (Adaptive reuse) နဲ့ စတင်သုံးလျက်ရှိသော နည်းစနစ်တစ်ခုဖြစ်တဲ့ Prefabrication ကဲ့သို့သော ပုံစံတွေရှိနေပေမယ့်လည်း လုပ်ငန်းကဏ္ဍတွေဟာ အခက်အခဲများကို ကျော်ဖြတ်ရင်း UK ရဲ့ သတ်မှတ်ထားတဲ့ ၂၀၅၀ Net Zero မီတာချက်ထိ ရောက်အောင်ပြုလုပ်ဖို့ဆိုတာကတော့ စိန်ခေါ်မှုများရှိနေသေးတဲ့အတွက် ဆက်လက်ပြီး အဖြေရှာရပါဦးမယ်။

Net zero ရောက်ရှိဖို့နဲ့ တည်ဆောက်ရေးပတ်ဝန်းကျင် ရေရှည်တည်တံ့တည်ငြိမ်မှုရရှိဖို့အတွက်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ လုပ်ငန်းတွေဟာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် linear ကနေ တီထွင်ဆန်းသစ်၊ သင့်လျော်မှုရှိတဲ့ Circular Business Model များသို့ ပြောင်းလဲဖို့ လိုအပ်ပါတယ်။

Circular business model ဆိုတာဘာလဲ?

Circular business model ဆိုတာဟာ ထိရောက်မှုမြင့်မားပြီး ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု လျှော့ချပေးဖို့အတွက် ပြုလုပ်ထားတဲ့ လုပ်ငန်းတွေမှာ အသုံးပြုတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီစနစ်တွေကို အကျိုးရှိပြီး အသုံးစရိတ်လျှော့ချတဲ့ လုပ်ငန်းစီမံခန့်ခွဲမှု၊ စွန့်ပစ်ပစ္စည်းများ ဖယ်ထုတ်ခြင်းနဲ့ အကျိုးပြုမှုရှိဖို့အတွက် ရည်ရွယ်ပါတယ်။ ဒီနည်းစနစ်တွေဟာ အထူးသဖြင့် ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အရင်ကနာမည်ကြီးခဲ့ပေမယ့် ယနေ့ခေတ်မှာတော့ နယ်ပယ်အသီးသီးမှာရှိတဲ့ လုပ်ငန်းတွေဟာ Linear ပုံစံကနေ Circular ပုံစံဆီပြောင်းလဲဖို့ လိုအပ်ကြောင်း သိရှိလာကြပြီ ဖြစ်ပါတယ်။

Linear နဲ့ Circular Business Models – ကွာခြားချက်ကဘာလဲ။

Linear business model နဲ့ circular business model က ကွဲပြားချက်တွေ ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ linear business model တွေဟာ အခြေခံအယူအဆအတိုင်း ဖွဲ့စည်းထားတာပါ။

  • အရင်းအမြစ်ရယူမယ်။
  • ထုတ်ကုန်ပြုလုပ်မယ်။
  • သုံးစွဲသူတွေကိုရောင်းမယ်။
  • မလိုအပ်တော့တာတွေနဲ့ အသုံးမလိုတာတွေကိုပစ်မယ်။

တစ်ဖက်မှာတော့ circular business model ဟာ အမည်အတိုင်းပဲ မူလရှိရာသို့ ပြန်လည်ရောက်ရှိမှုကို ရည်ရွယ်ထားပါတယ်။ ထုတ်လုပ်၊ ရောင်းချ၊ ပစ်မယ်ဆိုတဲ့ပုံစံအစား၊ စွန့်ပစ်ပစ္စည်းများနဲ့ ညစ်ညမ်းမှုတို့ကို လျှော့ချတဲ့ ထုတ်ကုန်နဲ့ မူဝါဒတွေကို ဖန်တီးတာမျိုးဖြစ်ပါတယ်။ ဒါက ရေရှည်တည်တံ့မှုရှိတဲ့ ရင်းမြစ် ပစ္စည်းတွေကို အသုံးချကာ အကောင်းဆုံးတန်ဖိုးများဖြင့် ဝယ်ယူသူများကို ရောင်းချပြီး သူတို့ မလိုအပ်တော့တဲ့ အခါ အဲ့ဒီပစ္စည်းတွေကို ပြန်လည်ရောင်းချမယ်၊ ပြန်သုံးမယ် ဒါမှမဟုတ် တခြားက ရည်ရွယ်ချက်နဲ့ ပြန်လည် အသုံးပြုမယ်ဆိုတာမျိုး ဖြစ်ပါတယ်။

5 different types of circular business model

1. Circular inputs

Circular input model ဟာ ပြန်လည်သုံးစွဲနိုင်ပြီး အသုံးပြုနိုင်တဲ့ ဒါမှမဟုတ် ရေရှည်တည်တံ့မှုရှိတဲ့ ပစ္စည်းတွေကို အသုံးပြုဖို့ ရည်ရွယ်ပါတယ်။ သူတို့တွေကို ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးများပါတယ်။ ဒီလိုနဲ့ စွန့်ပစ် ပစ္စည်းတွေဟာ လုပ်ငန်းရဲ့ ပိုင်ဆိုင်မှုဖြစ်လာပါတယ်။ ဥပမာ silicon metal ထုတ်လုပ်ရေးလုပ်ငန်းဟာ ဆောက်လုပ်ရေးလုပ်ငန်းကို fly ash အသုံးပြုထားတဲ့ ashcrete (ရေရှည်အသုံးပြုလို့ရတဲ့ concrete အစားထိုးပစ္စည်း) ဖြင့် ထောက်ပံ့ပေးနိုင်ပါတယ်။

2. Sharing economy concept

Sharing economy အတွက် အယူအဆကတော့ လုပ်ငန်းတွေဟာ တခြားကုမ္ပဏီတွေနဲ့ ကိရိယာတွေကို ဝေမျှသုံးစွဲဖို့ ရည်ရွယ်ပါတယ်။ ဥပမာ၊ အဆောက်အဦးလုပ်ငန်းတွေဟာ forklifts, excavators နဲ့ bulldozers စတဲ့ ကိရိယာတွေကို ဝေမျှသုံးစွဲနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းတွေဟာ သူတို့ကိုယ်တိုင်စက်တွေ ပိုင်ဆိုင်ဖို့လို တယ်ဆိုတာကို လျှော့ချကာ အချင်းချင်းမျှ‌ဝေတာကြောင့် ကုန်ကျစရိတ်တွေကိုလည်း ဖြတ်တောက်နိုင်ပါတယ်။

3. Product-as-a-service

ဒီ Model ထဲမှာတော့ သုံးစွဲသူတွေဟာ ထုတ်ကုန်တွေကို အချိန်အကန့်အသတ်နဲ့ ဝန်ဆောင်မှုအဖြစ် ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီပိုင်ဆိုင်နေတဲ့အချိန်အတွင်းမှာ အဲ့ဒီပစ္စည်းတွေကို ထိန်းသိမ်းတာတွေ၊ လိုအပ်တဲ့အချိန်တွေမှာ Upgrade လုပ်တာတွေ လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်ခြင်းကြောင့် ထုတ်ကုန်ရဲ့သက်တမ်းကို ရှည်ကြာအောင် ဆောင်ရွက်နိုင်ပြီး လုပ်ငန်းတွေကိုလည်း ထုတ်ကုန်အပေါ်သုံးစွဲမှုကို ပိုပြီးသိမြင်စေကာ သက်တမ်းကုန်ဆုံးသွားတဲ့အခါမှာလည်း Disposal လုပ်မှုအပေါ်မှာ ပိုပြီး ဗဟုသုတမျိုးပေးနိုင်ပါတယ်။ ဒီဟာကတော့ Tech နဲ့ဆိုင်တဲ့ လုပ်ငန်းတွေမှာဆိုရင် ပိုပြီး သင့်တော်တဲ့ ဖြေရှင်းနည်းမျိုးဖြစ်ပါတယ်။ ဥပမာ လုပ်ငန်းတွေဟာ သူတို့မတတ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု အကြီးစားတွေ အတွက်ဆို သင့်တော်ပါတယ်။ (Laptop၊ ကင်မရာ နဲ့ သူတို့ရုံးတွေမှာ လိုအပ်တဲ့ တခြားနည်းပညာဆိုင်ရာပစ္စည်းများ)

4. Product use extension

Product use extension model ထဲမှာတော့ Linear ပုံစံနဲ့ ကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချခြင်း မပြုလုပ်တော့ပါ။ ဒီ Model က ထုတ်ကုန်အသုံးပြုမှုစက်ဝန်းအတွင်း အကျိုးရှိနိုင်တဲ့ ဝင်ငွေအရင်းအမြစ်ကို ဆက်လက် လည်ပတ်နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ထုတ်ကုန်များကို ပြုပြင်ခြင်း၊ အဆင့် မြှင့်တင်ခြင်း၊ ပြန်လည်အသုံးပြုနိုင်ခြင်း၊ ပြန်လည်အခြေအနေကောင်းမွန်အောင်ပြုလုပ်ခြင်းနဲ့ ပြန်လည် သုံးစွဲနိုင်ခြင်းတို့ကို ရည်ရွယ်ကာ ပြုလုပ်ထားခြင်းများဖြစ်ပါတယ်။ ဥပမာ ဆောက်လုပ်ရေးကိရိယာထောက်ပံ့သူများဟာ ရှိပြီးသားကိရိယာများကို ပြုပြင်ပြီး ပြန်လည်ထုတ်လုပ်ကာ အသစ်ထုတ်ကုန်များနဲ့ယှဉ်ပြိုင်နိုင်ဖို့၊ ဖောက်သည်များအတွက် သင့်တော်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

5. Resource recovery

ရင်းမြစ်များ ပြန်လည်ရယူသုံးစွဲခြင်းမော်ဒယ် (Resource recovery model) ဟာ သုံးစွဲမှုဆိုင်ရာ စက်ဝိုင်းရဲ့ နောက်ဆုံးအဆင့်များကို ဦးတည်ပါတယ်။ အသုံးမဝင်တော့တဲ့ ထုတ်ကုန်များမှ ရင်းမြစ်များ၊ စွမ်းအင်နဲ့ တခြား ပါဝင်ပစ္စည်းများကို ပြန်လည်ရယူသုံးစွဲခြင်းဖြစ်ပါတယ်။ ထုတ်ကုန်များကို ပြန်လည်ပေးပို့ဖို့အတွက် သုံးစွဲသူများကို ဆွဲဆောင်မှုပြုလုပ်တာကြောင့် ဒီမော်ဒယ်ဟာ ထုတ်ကုန်များကို ဝန်ဆောင်မှုတစ်ခုအဖြစ် အသုံးပြုခြင်းမော်ဒယ် (Products-as-a-service) နဲ့ ဆင်တူတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဥပမာ အဲ့ဒီပစ္စည်းများကို ပြန်လည်တောင်းယူနိုင်ခြင်း၊ ပြန်လည်အသုံးပြုနိုင်ခြင်း။

ဒီနည်းလမ်းရဲ့ အကောင်းဆုံး ဥပမာတစ်ခုမှာ ဖုန်းကုမ္ပဏီများ ဖြစ်ပါတယ်။ သူတို့ဟာ Trade-in ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးထားတာကြောင့် ဥပမာ ဖောက်သည်များအနေနဲ့ ရှေးကျတဲ့ဖုန်းများဖြင့် အသစ်ထုတ်ကုန် တွေအတွက် လျှော့ဈေးအဖြစ် ပြန်လည်ရယူနိုင်ပါတယ်။

ပြန်လည်ရယူထားတဲ့ ထုတ်ကုန်များကို ပြုပြင်မွမ်းမံပြီး ထပ်မံရောင်းချနိုင်သလို ပြုပြင်လို့ မရနိုင်တဲ့ အခြေအနေဖြစ်ပါက အစိတ်အပိုင်းများအဖြစ် ပြန်လည်ပြီး ပြန်လည်အသုံးပြုနိုင်ပါတယ်။

The benefits of adopting the circular model

  • ဒီလိုစီးပွားရေးစနစ်တွေကို အသုံးပြုခြင်းဟာ ပတ်ဝန်းကျင်၊ လူမှုရေးနဲ့ လုပ်ငန်းဆောင်ရွက်ချက်များမှာ အကျိုးရှိစေပါတယ်။
  • ထိရောက်မှု မြင့်မားခြင်း၊ ကုန်ကျစရိတ်လျှော့ချနိုင်ခြင်းနဲ့ ဝင်ငွေများပိုမို ရရှိစေနိုင်ခြင်း။
  • ကုန်ကြမ်းများကိုလျှော့ချခြင်းနဲ့ ဝယ်ယူရေးကုန်ကျစရိတ်များကို လျှော့ချနိုင်ခြင်းတို့ကြောင့် စျေးသက်သာတဲ့ ကုန်ပစ္စည်းများကို ရောင်းချနိုင်ပြီး ဖောက်သည်တွေရဲ့ အတွေ့အကြုံများကိုလည်း တိုးတက်စေခြင်း။
  • ဖောက်သည်များဟာ ကိုယ့်ရဲ့ တန်ဖိုးများနဲ့ ကိုက်ညီပြီး တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းများမှ ဝယ်ယူလိုကြတာကြောင့် ဖောက်သည်ဆက်ဆံရေး ကောင်းမွန်စေခြင်း။
  •  သင့်လုပ်ငန်းအတွက် ကုန်ပစ္စည်းများ ဒါမှမဟုတ် ဝန်ဆောင်မှုများကို စျေးကွက်ရှာဖွေရေးမှာ ဆန်းသစ်တဲ့ နည်းလမ်းတစ်ခုအဖြစ် တင်ပြပေးနိုင်ခြင်း။
  •  ပိုမိုရေရှည်တည်တံ့တဲ့ စီးပွားရေးမော်ဒယ်အတွက် ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းများ ဒါမှမဟုတ် သက်တမ်းတိုး ထုတ်လုပ်ထားတဲ့ ပစ္စည်းများ အသုံးပြုဖို့အတွက် တိုက်တွန်းခြင်းတို့ ဖြစ်ပါတယ်။

Ashton, D. (2024, July 18). 5 circular business models (and how they can give you competitive advantage). University College of Estate Management. https://www.ucem.ac.uk/.../articles/circular-business-model/#

Daw May Thiri Khit

BA (Russian), YUFL

Diploma in English (YUFL), ADBM, DBM

M.Econ. (International Program) Chiang Mai University, Thailand