Generational Communication Gap

Gen-Z ဆိုတာ ဒီဘက်ခေတ်မှာ အရွယ်ရောက်လာတဲ့မျိုးဆက်သစ်တွေဖြစ်သလို 2025 ခုနှစ် လုပ်ငန်းခွင်တွေမှာလည်း ပရော်ဖက်ရှင်နယ်ဝန်ထမ်းရဲ့ ၃၀ ရာခိုင်နှုန်းနီးပါး ဖြစ်လာတော့မှာပါ။ ကုမ္ပဏီများစွာက ငယ်ရွယ်တဲ့ဝန်ထမ်းတွေကို သူတို့ရဲ့လုပ်ငန်းနယ်ပယ်များအတွက် တီထွင်ဖန်တီးမှု ဆိုင်ရာ စိတ်ကူးစိတ်သန်းတွေကို ယူပေးနိုင်တယ်လို့ မြင်ကြထင်ကြပေမယ့် တချို့ဝါရင့် older professionals တွေကတော့ Gen-Z တွေဟာ လူမှုကွန်ရက်တွေနဲ့ချိတ်ဆက်ဖို့၊ သူတို့တွေရဲ့ တွေးတောကြံဆမှုတွေ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့ဆိုရင် Soft Skill တွေကိုလည်း လိုအပ်နေ သေးတယ်လို့ ပြောလာခဲ့ပါကြတယ်။ Gen-Z တွေဟာ သမိုင်းတစ်လျှောက် နည်းပညာအတိုးတက်ဆုံး မျိုးဆက်လို့ ဆိုနိုင်ပေမယ့် ဒီလိုကျွမ်းကျင်မှုတွေက အနုတ်လက္ခဏာဆောင်တဲ့ အကျိုးဆက်တွေ ဒါမှမဟုတ် အားနည်းချက်တွေ ရှိလာနိုင်တယ်လို ပြောဆိုနေခဲ့ကြပါသေးတယ်။ Covid-19 ကြောင့် နှစ်နှစ်ကြာ လော့ခ်ဒေါင်းချမှုတွေမှာ ဖုန်းကြည့်ချိန်တွေများလာခဲ့ပြီး လူမှုဆက်ဆံရေးများအတွက် လိုအပ်တဲ့ Soft Skill တွေ ကျဆင်းလာခဲ့ကာ Gen-Z တွေရဲ့ အလုပ်အခွင့်အလမ်းတွေ ထိခိုက် စေခဲ့ကြောင်းကိုလည်း တချို့ဆောင်းပါးတွေမှာ ဖော်ပြနေပါတယ်။

တချို့လုပ်ငန်းခွင်အဖွဲ့အစည်းတွေမှာလည်း Gen-Z တွေဟာ မျိုးဆက်ဟောင်းတွေဆီက နေပြီးတော့ အားပေးမှုမရှိဘူး၊ သူတို့ရဲ့တတ်မြောက်ကျွမ်းကျင်မှုတွေကို အသိမှတ်ပြုမခံရဘူး ထင်နေခဲ့ ကြပါတယ်။ ဒီလိုနှစ်ဦးနှစ်ဖက် အထင်မြင်ချင်း လွဲနေကြပါတယ်။ ဒါ့ကြောင့် မျိုးဆက်သစ် လူငယ်တွေဟာ Professional အလုပ်တွေကို ရှာနိုင်ပေမယ့် ရေရှည်အောင်မြင်မှုအတွက် လိုအပ်တဲ့ နည်းလမ်းအသစ်အဆန်းများ၊ ဆန်းသစ်တီထွင်မှုတွေကို ချပြဖို့ အခွင့်ရေးတွေနည်းနေတုန်းပါပဲ။အဖွဲ့အစည်းအနေနဲ့ မျိုးဆက်တစ်ခုနှင့်တစ်ခုကြားမှာ ကွာဟနေတဲ့ ဆက်ဆံရေးတွေကို ပေါင်းကူးတံတားလိုမျိုး နည်းလမ်းမျိုးစုံကိုအသုံးပြုနိုင်ပြီး အဖွဲ့အစည်းအတွက် အောင်မြင်မှုတွေရဖို့ အသုံးပြုနိုင်တဲ့နည်းလမ်းတချို့ကို ပြောပြချင်ပါတယ်။

၁။ In-person interactions

Gen-Zers အများစုဟာ နည်းပညာဆိုင်ရာ ဗန်းစကားနဲ့ ဆိုရှယ်မီဒီယာဆိုင်ရာဗန်းစကားတွေကို ကျွမ်းကျင်တတ်မြောက်ကြပေမယ့် တချို့တွေကတော့ လူချင်းတွေ့ မျက်နှာချင်းဆိုင် ဆက်ဆံရေး အတွက် နေ့စဉ်လိုအပ်တဲ့ Communication ကျွမ်းကျင်မှုတော့ လိုအပ်ပါလိမ့်မယ်။ ဒီတော့ လူငယ်တွေဟာ လူကိုယ်တိုင်ပူးပေါင်းဆောင်ရွက်ခြင်းတွေကို အသားပေးလုပ်ဆောင်သင့်ပြီး ဆိုရှယ်မီဒီယာမှ Communication နည်းကိုလျှော့ချဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းအစည်းအဝေး များများလုပ်ပါ၊ လူတွေ့စုစည်းတွေ့ဆုံပွဲ များများလုပ်ပါ။ online လို အဝေးမှအလုပ်လုပ်ခြင်းမဟုတ်ဘဲ Gen-Z တွေကို လုပ်ဖော်ကိုင်ဖက်များနဲ့ လူကိုယ်တိုင်တွေ့ဆုံခွင့်ပေးထားပါ။ သူတို့ကို အတွေ့အကြုံများ ရရှိဖို့ ကြည့်ရှုပြီး သင်ယူဖို့နဲ့ လုပ်ငန်းခွင်ဆက်ဆံရေးကို မြှင့်တင်ဖို့အတွက် သေချာပျိုးထောင်ရပါမယ်။

၂။ Mentors and Coaches

လူဆိုတာ ဘယ်လောက်ပဲအောင်မြင်နေပါစေ၊ နည်းပြတစ်ဦးရဲ့အကူအညီကိုတော့ တောင်းဆို ရစမြဲပါ။ အအောင်မြင်ဆုံး ပရော်ဖက်ရှင်နယ် အားကစားသမားတွေနဲ့ ဂီတသမားတွေတောင် တိုးတက်ကောင်းမွန်လာဖို့ အကြံပြုချက်တွေနဲ့ လမ်းညွှန်မှုတွေ လိုတာပါပဲ။ Gen-Z တွေလည်း အတူတူပါပဲ။ အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်တွေရဲ့ အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ အကြံဉာဏ်တွေကို လိုအပ်တယ်ဆိုတာ နားလည်ထားပါ။ နောက်ပြီး ဝါရင့်လုပ်ဖော်ကိုင်ဖက်တွေကြား လေးစားမှုခံရတဲ့ အောင်မြင်တဲ့လူဆီက အကူအညီကို ရွေးချယ်တာထက် တကယ်ကူညီပေးနိုင်တဲ့ လူငယ်/လူလတ်အပိုင်းကို ရွေးချယ်ဖို့ပဲ စဉ်းစားသင့်တယ်။ ဘာလို့လဲဆိုတော့ အသက်ကြီးတဲ့ အောင်မြင်တဲ့လူတွေလိုပဲ ငယ်ရွယ်ပြီးလမ်းညွှန်မှုပေးနိုင်တဲ့သူတွေကလည်း လူမှုဆက်ဆံရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ Soft Skill တွေကို Gen-Z နဲ့ တခြားသူတွေကို အားပေးနိုင်၊ ကူညီနိုင်၊ ထောက်ပံ့နိုင်၊  ဦးဆောင်နိုင်ပါတယ်။

၃။ Commonalities

လူတိုင်းက လုပ်ငန်းခွင်အတွင်းမှာ လေးစားမှုတွေနဲ့ တခြားသူတွေကို လွှမ်းမိုးနိုင်စွမ်းတွေ လိုချင်ကြတာပဲလေ။ ဆိုတော့ ဒါကိုရအောင် ဘယ်လိုလုပ်မလဲဆိုတာကတော့ တစ်ဦးချင်းအပေါ် မူတည်ပါတယ်။ ဆိုတော့ မတူတဲ့ Generation တွေကြား Commonalities ဘုံရလဒ်တွေရဖို့၊ ဘုံဆန္ဒတွေကိုသိဖို့ လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်းရင်းနှီးစေမယ့် ပျော်စရာဂိမ်းတွေနဲ့ လေ့ကျင့်ခန်းတွေ လုပ်ရပါမယ်။ အချင်းချင်း တန်ဖိုးထားတဲ့အရာတွေကို မျှဝေပြောပြခိုင်းပါ။ စနစ်ကျပြီး အစီစဉ်ကျတဲ့ ဆွေးနွေးပွဲမျိုးတွေကို ဖန်တီးရပါမယ်။

            အချုပ်ပြောရရင် လက်ရှိနဲ့ လာမယ့်မျိုးဆက်ရဲ့လုပ်ငန်းခွင်များဟာ ယခင်ကထက် ပိုမိုကွဲပြား လာနေပြီး တကယ်ကောင်းတဲ့ Communication တွေသုံးပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ ထူးချွန်တဲ့ ခေါင်းဆောင်တွေ ပိုမိုမွေးထုတ်ပေးဖို့ လိုအပ်လာပါတယ်။ လုပ်ငန်းခွင်မှာ မတူညီတဲ့ Generation တွေကြားမှာ Communication ဟာ အရမ်းကို အရေးပါလာခဲ့ပါတယ်။ ဒီနေရာမှာ မျိုးဆက်တစ်ခုနဲ့ တစ်ခုကြား ကွာဟချက်တွေကိုကြည့်ပြီး စိတ်ဓာတ်မကျဖို့လည်း လိုဦးမယ်နော်။ အဲ့ဒီအစား မျိုးဆက်တစ်ခုနှင့်တစ်ခုကြား အဆင်ပြေအောင် ပေါင်းကူးတံတားလိုမျိုးဆောက်ပေးဖို့ပဲ နည်းလမ်း တွေသုံးပြီး စဉ်းရမယ်။ ကျွန်တော်တို့ဟာ အသက်ရွယ်တွေ ဘယ်လောက်ဘဲကွာကွာ Communication ကောင်းကောင်း တည်ဆောက်နိုင်ပြီး လုပ်ငန်းခွင်မှာဆိုရင်တော့ တစ်မိုးအောက်မှာ၊ အဖွဲ့စည်းတစ်ခုအောက်မှာ ရည်ရွယ်ချက်တစ်ခုအတွက် လုပ်ဆောင်နေကြတာပဲမဟုတ်လား။

Stacey Hanke ရဲ့ Ways to bridge generational communication gaps ဆောင်းပါးကို ဦးဇင်လွင်သန့်မှ ကောက်နှုတ်ရေးသားထားပါတယ်။

 

U Zin Lwin Thant 

B.Act, M.Act, (MUE)