'' Popular Carrier Opportunities in IT ''
ယနေ့ခေတ်မှာ Technology ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ Technology နဲ့ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများဟာလည်း များစွာပေါ်ပေါက်လာခဲ့ပါတယ်။ ဘွဲ့ရပြီးသွားတဲ့အခါ အလုပ်တစ်ခုရှာဖွေဖို့က မလွယ်ကူလှပါဘူး။ IT နဲ့ ဘွဲ့ရထားတဲ့ ကျောင်းသား/သူများနဲ့ ITနယ်ပယ်မှာ အလုပ်လုပ်လိုတဲ့ သူများအတွက်ကတော့ ရွေးချယ်ဖို့ ကဏ္ဍအမျိုးမျိုးရှိပါတယ်။ ထိုရွေးချယ်စရာများထဲမှ လုပ်ခလစာ အများဆုံး အလုပ်အကိုင် အမျိုးအစားများ၊ ထိုအလုပ်များကို လုပ်ကိုင်ဖို့အတွက် လိုအပ်တဲ့ Skills & Knowledge များနဲ့ ထိုအလုပ်အကိုင်များအတွက် ရရှိနိုင်တဲ့ လစာနှုန်းထားများကို ဖော်ပြပေးလိုက်ပါတယ်။အလုပ်အကိုင်များ အတွက် ပေးတဲ့လုပ်ခလစာများမှာ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူတဲ့အတွက် အောက်မှာ ဖော်ပြထားတဲ့ Salary Rate များက နိုင်ငံအလိုက် ကွဲပြားသွားနိုင်ပါတယ်။
၁။ Software Engineer
Software Engineer တစ်ယောက်အဖြစ် လုပ်ကိုင်မယ်ဆိုရင် Design ရေးဆွဲရာမှာသာမက Program ရေးသားရာမှာလည်း ကျွမ်းကျင်ရမှာ ဖြစ်ပါတယ်။ Operating System၊ Database System နဲ့ Embedded System များပါဝင်သော System Software များကို ရေးသားနိုင်ရမှာ ဖြစ်ပါတယ်။ Software များနဲ့ Hardware များရဲ့ Functions များကို သိရှိနားလည်ထားရမယ့်အပြင် Analysis လုပ်နိုင်ရမယ်။ လူမှုဆက်ဆံရေးနဲ့ Problem Solving Skills များလည်း ရှိရပါမယ်။ Software Engineer များကို အီလက်ထရောနစ်နဲ့ ဆက်သွယ်ရေး ကုမ္ပဏီများမှာ တွေ့ရလေ့ရှိပါတယ်။ လုပ်ခလစာအနေနဲ့ကတော့ လက်ရှိမှာ တစ်နှစ်ပျမ်းမျှလစာ £45,000 အထိ ရရှိနိုင်ပါတယ်။
၂။ Systems Analyst
Systems Analyst တစ်ယောက်ရဲ့ အလုပ်က စီးပွားရေးလုပ်ငန်းတွေမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာများကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီး စီးပွားရေးလုပ်ငန်းနဲ့ သုံးစွဲသူများမှတောင်းဆိုတဲ့ လိုအပ်ချက်များအတွက် ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းချက်များကို Design ရေးဆွဲပေးရတာပဲ ဖြစ်ပါတယ်။ Systems Analyst ဟာလည်း Program ရေးသားခြင်း၊ Software & Hardware တို့နဲ့သက်ဆိုင်တဲ့ Knowledge တွေကို သိရှိနားလည် ထားရပါမယ်။ လူမှုဆက်ဆံရေးနဲ့ Problem Solving Skills များလည်း ရှိရပါမယ်။ လုပ်ခလစာအနေနဲ့ကတော့ လက်ရှိမှာ တစ်နှစ်ပျမ်းမျှလစာ £42,500 အထိ ရရှိနိုင်ပါတယ်။
၃။ Business Analyst
Business Analyst ကတော့ IT နည်းပညာကိုသုံးပြီး စီးပွားရေးလုပ်ငန်းများ တိုးတက်ဖို့ အခွင့်အလမ်းများကို ဖော်ထုတ်ကြသူများ ဖြစ်ပါတယ်။ Projects တွေပေါ်မှာ အခြေခံပြီး သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေ၊ အဖွဲ့အစည်းအတွင်းရှိ အချက်အလက်များကို စုဆောင်းပြီး Technology အဖြစ် ပြောင်းပြီးသုံးစွဲလို့ရအောင် Project Plans များကို ရေးဆွဲပေးရတာပဲ ဖြစ်ပါတယ်။ Business Analyst အဖြစ် လုပ်ကိုင်သူများအနေနဲ့ Technology တွေရဲ့အကြောင်းတွေကို နားလည်ထားဖို့လိုအပ်ပြီး Technical ပိုင်းမှာ ကျွမ်းကျင်မှုတွေရှိနေဖို့ မလိုအပ်ပါဘူး။ Critical thinking၊ Project management နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေရှိဖို့ လိုအပ်ပါတယ်။ လုပ်ခလစာအနေနဲ့ကတော့ လက်ရှိမှာ တစ်နှစ်ပျမ်းမျှလစာ £50,000 အထိ ရရှိနိုင်ပါတယ်။
၄။ Technical Support
Technical Support များသည် IT လောကရဲ့ အခက်အခဲများ၊ ပြဿနာများကို ဖြေရှင်းပေးရတဲ့ ကျွမ်းကျင်အဆင့် ရှိသူများဖြစ်ကြပါတယ်။ အဖွဲ့အစည်းတစ်ခုလုံးရဲ့ Computer Systems များနဲ့ ချိတ်ဆက်ထားတဲ့ Networks များကို စောင့်ကြည့်ပြီး ပြုပြင်ထိန်းသိမ်းပေးရသူများ ဖြစ်ပါတယ်။ Technology နဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိထားဖို့လိုအပ်ပြီး Technical ပိုင်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံ၊ ဗဟုသုတများစွာလည်း လိုအပ်ပါတယ်။ လုပ်ခလစာအနေနဲ့ကတော့ လက်ရှိမှာ တစ်နှစ်ပျမ်းမျှလစာ £30,000 အထိ ရရှိနိုင်ပါတယ်။
၅။ Network Engineer
Network Engineer ရာထူးဟာ IT အလုပ်အကိုင်များထဲမှာ ခေါ်ယူမှုများတဲ့ ရာထူးတစ်ခုဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် အဖွဲ့အစည်းတွေကြားမှာရှိတဲ့ Networks များကို တပ်ဆင်ပေးခြင်း၊ ဒီဇိုင်းဆွဲပေးခြင်း၊ ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ခြင်း စသည်တို့ကို လုပ်ဆောင်ရပါတယ်။ Network Engineer တွေဟာ အချက်အလက်တွေရဲ့ သိမ်းဆည်းမှုအပိုင်းတွေ၊ လုံခြုံရေးပိုင်းတွေကို တာဝန်ယူရတာဖြစ်ပါတယ်။ ဆက်သွယ်ရေး ဒါမှမဟုတ် ကွန်ပျူတာသိပ္ပံနဲ့ ကျောင်းပြီးထားဖို့လို အပ်ပါတယ်။ Planning၊ Analysing ပိုင်းကိုကျွမ်းကျင်ပြီး Problem Solving Skills များလည်း ရှိရပါမယ်။ လုပ်ခလစာအနေနဲ့ကတော့ လက်ရှိမှာ တစ်နှစ်ပျမ်းမျှလစာ £45,000 အထိရရှိနိုင်ပါတယ်။
၆. Project Manager
Project managers တွေကတော့ စီးပွားရေးလုပ်ငန်းများရဲ့ လိုအပ်ချက်များနဲ့ကိုက်ညီအောင် ချမှတ်ပေးထားတဲ့ ငွေကြေးနဲ့ အချိန်မီအတွင်း ပြီးမြောက်အောင် လူတွေနဲ့တခြားအရင်းအမြစ်များကို စီမံခန့်ခွဲပြီး Plan များကို ရေးဆွဲပေးရတာပဲ ဖြစ်ပါတယ်။ Project တစ်ခုလုံး အစကနေ ပြီးဆုံးသွားတဲ့အထိ စီမံခန့်ခွဲရတာဖြစ်ပါတယ်။ တခြားသော Technology Development အဖွဲ့များ၊ ရာထူးမြင့်တဲ့ Business Mangers များနဲ့အတူ တွဲလုပ်ရမှာဖြစ်တဲ့အတွက် Technology ပိုင်းနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိဖို့၊ သိဖို့လိုအပ်သလို လူမှုဆက်ဆံရေးကောင်းဖို့လည်း လိုအပ်ပါတယ်။ Risk management ပိုင်းကိုလည်း တတ်ကျွမ်းရပါမယ်။ လုပ်ခလစာအနေနဲ့ကတော့ လက်ရှိမှာ တစ်နှစ်ပျမ်းမျှလစာ £55,000 အထိရရှိနိုင်ပါတယ်။
၇. Web Developer
Web Developer များရဲ့ အလုပ်ကတော့ Websites များကို ဒီဇိုင်းရေးဆွဲပြီး Develop လုပ်ပေးရတာဖြစ်ပါတယ်။ Web Developer အများစုဟာ IT နဲ့ပတ်သက်တဲ့ ပညာအရည်အချင်းမှတ်တမ်းတွေနဲ့ အတွေ့အကြုံများစွာရှိရပါတယ်။ Web Technology ရဲ့အခြေခံဖြစ်တဲ့ (Client side, Server side, Databases) technologies များနဲ့ပတ်သက်ပြီး နားလည်တတ်ကျွမ်းရပါမယ်။ Analytical thinking နဲ့ပတ်သက်ပြီးလည်း သိရှိထားရင် ပိုကောင်းပါတယ်။ ဒါပေမဲ့ ကျောင်းပြီးပြီးချင်းမှာပဲ Junior Web Developer အနေနဲ့ စတင် ဝင်ရောက်လို့ ရနိုင်ပါတယ်။ လုပ်ခလစာအနေနဲ့ကတော့ လက်ရှိမှာ တစ်နှစ်ပျမ်းမျှလစာ £38,500 အထိ ရရှိနိုင်ပါတယ်။
https://www.itgraduatejobs.com/Top-10-jobs-for-IT-Graduates
Daw Sandi Su Hlaing
B.C.Sc, (U.C.S.Y)
B.C.Sc, (Hons) (U.C.S.Y)
M.C.Sc, (U.C.S.Y)