ပညာရေးမှာ AI ရဲ့အနာဂတ် -Personalized Learning and Beyond

Artificial Intelligence (AI) ဟာ ၎င်းနဲ့ပတ်သက်တဲ့ လေ့လာသင်ယူမှုနည်းလမ်းများအပါအဝင် ကမ္ဘာကြီးကို ပြန်လည်ပုံဖော်နေပါတယ်။ ပုံမှန်အားဖြင့် ပညာရေးက ကျောင်းသားများအားလုံးအတွက် တူညီတဲ့သင်ရိုးညွှန်းတမ်းကို တူညီတဲ့ပုံစံနဲ့ သင်ကြားပို့ချပေးတာပဲ ဖြစ်ပါတယ်။ သို့ပေမဲ့ ဒီပုံစံဟာ ကျောင်းသားတွေရဲ့ လိုအပ်ချက်များ၊ သင်ယူမှုပုံစံများနဲ့ နည်းလမ်းအားလုံး မတူညီကြတာမို့ ကျောင်းသားတွေအတွက် စိတ်ရှုပ်စေနိုင်ပါတယ်။ ကျောင်းသားများက သက်ဆိုင်ရာ ဒါမှမဟုတ် စိတ်ဝင်စားစရာအကြောင်းအရာကို ရှာမတွေ့တာကြောင့် တက်ကြွမှုနဲ့ ဘာသာရပ်အပေါ်ထိတွေ့မှု ကင်းမဲ့သွားစေပါတယ်။ ကျောင်းသားများဟာ စာလိုက်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေတဲ့ အကူအညီတချို့ လိုအပ်လေ့ရှိပါတယ်။

ပညာရေးမှာ AI က ကျောင်းသားတစ်ဦးစီအတွက် သင်ယူမှုအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ AI ဟာ ပုဂ္ဂိုလ်ရေးဆန်တဲ့ ကျောင်းသားဗဟိုပြုသင်ယူမှုကို ဘယ်လိုလုပ်ဆောင်နိုင်တယ်ဆိုတာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ပညာရေးမှာ AI ရဲ့အရေးပါမှုနဲ့ လိုက်လျောညီထွေရှိတဲ့ သင်ယူမှု ပလက်ဖောင်းများ အသုံးပြုခြင်းတို့ကိုလည်း ကြည့်ရှုရပါမယ်။ လာမယ့်နှစ်တွေမှာ ပညာရေးအတွက် AI အသုံးချမှုကိုလည်း လေ့လာကြည့်ပါမယ်။

"ကျောင်းသားများအတွက်အကျိုးကျေးဇူးများ"

ကျောင်းသားများအတွက် ပညာရေးမှာ AI ရဲ့ အဓိကအားသာချက်များကတော့-

"ပိုမိုကောင်းမွန်တဲ့ထိတွေ့ဆက်ဆံမှု"

AI က ကျောင်းသားများကို လှုံ့ဆော်ပေးဖို့အတွက် သင်ယူမှုအတွေ့အကြုံ များကို ကိုယ့်စိတ်ကြိုက်ပုံစံနဲ့ သင်ယူနိုင်စေပါတယ်။ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှု၊ လိုအပ်ချက်တွေနဲ့အညီ အံဝင်ခွင်ကျဖြစ်တဲ့ သင်ကြားရေးအထောက်ကူပြုပစ္စည်းများကို အသုံးပြုပါတယ်။

"တစ်ဦးချင်းရဲ့ အရှိန်အဟုန်"

ကျောင်းသားများဟာ မတူညီတဲ့ အမြန်နှုန်းများနဲ့ သင်ယူကြပါတယ်။ လိုက်လျောညီထွေရှိတဲ့ ပလက်ဖောင်းများက ကျောင်းသားတစ်ဦးချင်းရဲ့လိုအပ်ချက်အရ သင်ယူမှုအရှိန်အဟုန်ကို ချိန်ညှိပေးပါတယ်။ သင်ယူသူကို နောက်ကျကျန်စေခြင်း ဒါမှမဟုတ် သင်ထောက်ကူများဖြင့် အလျင်အမြန်သင်ကြားလိုက်ရခြင်းတို့ မရှိနိုင်ပါဘူး။ ၎င်းဟာ လေ့လာရမယ့်နယ်ပယ်များနဲ့ပတ်သက်ပြီး ပိုမိုရိုးရှင်းတဲ့ရှင်းလင်းချက်တွေကို ပေးဆောင်ကာ စိန်ခေါ်မှုများဆီ ခေါ်ဆောင် သွားမှာဖြစ်ပါတယ်။

"အံဝင်ခွင်ကျဖြစ်တဲ့ သင်ယူမှုအတွေ့အကြုံများ"

မတူညီတဲ့သင်ယူမှုပုံစံတွေတွက် မတူညီတဲ့ချဉ်းကပ်မှုတွေ လိုအပ်ပါတယ်။ AI ဟာ ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်များနဲ့ နှစ်သက်မှုများအရ အထိရောက်ဆုံးသော အကြောင်းအရာကို ဖြည့်ဆည်းပေးပါတယ်။ ၎င်းက အမြင်အာရုံနဲ့အကြားအာရုံဆိုင်ရာသင်ယူမှုသာမက အပြန်အလှန်ဆွေနွေးမှုများနဲ့ ဟောပြောပွဲများကိုပါ ဆောင်ရွက်ပေးပါတယ်။

"ပိုမိုကောင်းမွန်တဲ့နားလည်မှု"

AI ဟာ ကျောင်းသားရဲ့စွမ်းဆောင်ရည်ကွာဟချက်ကို ခွဲခြားသတ်မှတ်ဖို့ ကူညီပေးပြီး သင်ယူမှုကိုအားဖြည့်ဖို့အတွက် နောက်ထပ်အရင်းအမြစ်များကို ပံ့ပိုးပေးပါတယ်။ ၎င်းဟာ ပိုမိုကောင်းမွန်တဲ့ နားလည် နိုင်စွမ်းနဲ့ အကြောင်းအရာများဆီကို ပို့ဆောင်ပေးနိုင်ပါတယ်။

"လွယ်ကူစွာ အသုံးပြုနိုင်မှု"

လိုက်လျောညီထွေရှိတဲ့ ပလက်ဖောင်းများဟာ ကျောင်းသားတွေရဲ့ မေးခွန်းများကို ဖြေဆိုဖို့နဲ့ သံသယများကို ရှင်းလင်းဖို့အတွက် စကားသံမှမှတ်သားမှုဆော့ဖ်ဝဲ speech recognition software ၊ စာသားမှ စကားပြောပရိုဂရမ်များ text-to-speech programs နဲ့ NLP (သဘာဝဘာသာစကား လုပ်ဆောင်ခြင်း) ကို အသုံးပြု ပါတယ်။ ၎င်းက ကျောင်းသားများကို နောက်သင်ခန်းစာမရောက်မီ အကြောင်းအရာကို ရှင်းရှင်းလင်းလင်းနားလည်စေတယ်။

"ပိုမိုကြီးမားတဲ့ ထိတွေ့ဆက်ဆံမှု"

ပညာရေးမှာ AI ရဲ့ ဆန်းသစ်တဲ့အသုံးချမှုမှာ ဂိမ်းကစားခြင်းပဲ ဖြစ်ပါတယ်။ သင်ယူမှုကို ပျော်စရာနဲ့ ဆွဲဆောင်မှုဖြစ်စေဖို့အတွက် ဂိမ်းများမှာ ပညာရေးဆိုင်ရာများကို တင်ဆက်ထားပါတယ်။

"ပိုမိုကောင်းမွန်တဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး"

AI ဟာ ကျောင်းသားများ ပညာရပ်ဆိုင်ရာဘာသာရပ်တွေကို လေ့လာသင်ယူနိုင်စေရုံသာမက Soft Skills ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ပံ့ပိုးပေးပါတယ်။ ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ ပြဿနာဖြေရှင်းခြင်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတို့ကို တစ်ဦးချင်းပေါ်မူတည်ပြီး ပံ့ပိုးပေးပါတယ်။ ၎င်းဟာ ကျောင်းသားများကို စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီပံ့ပိုးပေးပါတယ်။

Reference:https://www.hp.com/.../shop/tech-takes/post/ai-in-education

Dr. Thel Seint Aye

B.C.Sc (Hons), CU (MDY),

M.C.Sc, CU (MDY), Ph.D (IT), (U.C.S.M)