ကျောင်းသားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ stress တွေကဘာလဲ? ဒါတွေကို ဘယ်လိုလျှော့ချကြမလဲ?

Student life ဟာ ဘဝမှာ အလွတ်လပ်ဆုံး၊ အပေါ့ပါးဆုံးအချိန်လို့ လူကြီးတွေပြောကြတာကို ကြားဖူးကြမှာပါ။ ဒါပေမဲ့ ဒီလိုအပေါ့ပါးဆုံး၊ responsibility အနည်းဆုံးဆိုတဲ့ ဒီလို student life မှာလည်း stress တွေ အနည်းနဲ့ အများ ရှိတာတော့သေချာပေါက်ပါပဲ။ ဒီတော့ ဒီလို stress တွေဟာ ဘာတွေလဲ၊ ဘယ်လို balance လုပ်ရမလဲ ဆိုတာကို ဒီစာထဲမှာ ပြောပြသွားပါ့မယ်။ Stress ဆိုတာ အခြေအနေတစ်ခုခုကြောင့် စိတ်မှာ ဖိအားဖြစ်ပြီး လေးလံနေတယ်လို့ ခံစားစေရတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ Stressed ဖြစ်ပြီး စိတ်ဖိစီးတာလောက်က ပုံမှန်အားဖြင့် ပြဿနာများများစားစား မရှိနိုင်ပေမယ့် အချိန်ကြာလာလို့ stress ပိတာပိုများလာပြီး မခံစားနိုင်တော့တဲ့အခါ anxiety တွေ၊ depression တွေ စတဲ့ စိတ်ကျန်းမာရေးထိခိုက်မှုတွေပါ ဖြစ်လာနိုင်တဲ့အတွက် balance ဖြစ်နေဖို့ကို အထူးဂရုစိုက်သင့်ပါတယ်။

ကျောင်းသားတွေအတွက်တော့ stress ဖြစ်ရတဲ့ အကြောင်းအရင်းအများစုက project deadline တွေ၊ assignment တွေ၊ စာမေးပွဲတွေကြောင့်လောက်ပဲ ဖြစ်ပါတယ်။ တခြား stress ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း တွေကတော့ group activity တွေမှာ communication မလုပ်ရဲတာ၊ ရည်မှန်းချက်တွေ အရမ်းကြီးပြီး မှန်းထား သလောက်မရမှာ စိုးရိမ်တာ၊ သူငယ်ချင်းတွေ၊ ဆရာမတွေရဲ့ သဘောထားကို စိုးရိမ်တာတွေကလည်း stress ဖြစ်စေနိုင်တဲ့ minor overthinking တွေပဲ ဖြစ်ပါတယ်။Stress များတဲ့အခါ အိပ်မပျော်ဘဲ အတွေးပေါင်းများစွာနဲ့ ညကိုကုန်ဆုံးမိတတ်ကြပါတယ်။ ဒီလိုပါပဲ၊ ဘဝကြီးဟာ ပျော်စရာမကောင်းဘူး၊ စာတွေကိုလည်း မလုပ်နိုင်ဘူးဆိုပြီး laptop ရှေ့မှာထိုင်ကာ ကြောင်တောင်တောင်နဲ့ ဘာမှမလုပ်ဘဲ အချိန်ဖြုန်းမိတတ်ကြပါတယ်။ ဒီလိုအချိန်တွေဖြုန်းပြီးရင်တော့ ငါဘာမှလည်း မလုပ်ဖြစ် ပြန်ပါလားဆိုပြီး စိတ်တွေပူ၊ ဖိအားတွေများလာပါတော့တယ်။ ဒီ့ထက်ဆိုးလာရင်တော့ အသက်ရှူပါ မူမမှန်‌တော့တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါဟာ ကျောင်းသားတွေမှာ stress ပိနေပြီဆိုတဲ့ လက္ခဏာတွေပါပဲ။

ဒါပေမဲ့ stress ဆိုတာ စိတ်ခံစားချက်တစ်ခုဖြစ်တဲ့အတွက် အမြစ်ပြတ်အောင် ဖျောက်ပစ်လို့တော့ မရနိုင်ပါဘူး။ ဒီတော့ ဒီလို stress ပိနေတာကို လျှော့ချနိုင်သလောက် လျှော့ချပစ်ရပါမယ်။ ဥပမာ စာနဲ့ပတ်သက်ရင် deadline ကပ်မှ စရေးတာ၊ assignment တွေကိုလည်း deadline ကပ်မှ စပြင်တာမျိုး မလုပ်ဘဲ ကြိုတင်ပြင်ဆင်ထားမျိုးကို ပြုလုပ်သင့်ပါတယ်။ ကျောင်းမှာလည်း ဆရာ၊ ဆရာမတွေ ပြောတာကို သေချာနားထောင်၊ လိုက်မှတ်ပြီး တ်ိတိကျကျ လိုက်လုပ်နိုင်ရင်တော့ stress တွေ အတော်အသင့်လျော့ကျသွားမှာ အမှန်ပါပဲ။

Communication ပိုင်းမှာလည်း လူသစ်တွေနဲ့ ဖြည်းဖြည်းချင်း စကားပြောကြည့်တာ၊ တစ်ယောက်တည်းမနေဘဲ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့စာလုပ်ကြတာကို လုပ်ရင် စာကြောင့်ပိတဲ့ stress ကိုလျော့စေပြီး ကိုယ့်စိတ်လည်း ပိုမိုတက်ကြွလာနိုင်ပါတယ်။ ပြီးတော့ ဆရာ၊ ဆရာမတွေနဲ့လည်း communicate များများလုပ်ပြီး မသိတာရှိရင် တိုက်ရိုက်သွားမေးသင့်ပါတယ်။ ဒီလို communication များများပြုလုပ်ပေးခြင်းကလည်း stress ကိုလျော့စေနိုင်ပါတယ်။ နောက်ပြီး မိမိကိုယ်ကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်။ self care များများလုပ်ပြီး တရားထိုင်ပေးတာ၊ exercise တွေလုပ်ပေးတာ၊ healthy lifestyle ဖြစ်အောင် ကြိုးစားပြောင်းလဲကြည့်တာတွေကလည်း stress ကိုအတော်အသင့်လျော့ကျစေနိုင်ပါတယ်။ Stress တွေကို လူနဲ့ balance ဖြစ်ဖို့ ဒီကျောင်းသားအရွယ်ကတည်းက ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် stress ပိတဲ့ဒဏ်ကို လျှော့ချနိုင်သလောက် လျှော့ချဖို့ အကြံပေးရင်း ဒီစာလေးကို အဆုံးသတ်ချင်ပါတယ်။

Reference

https://www.nhs.uk/mental-health/children-and-young-adults/help-for-teenagers-young-adults-and-students/student-stress-self-help-tips/

 

Su Yadanar Htet

SFU Media Club

BM Batch- 26 (Undergraduate Programme)