လုပ်ငန်းအဖွဲ့အစည်းအတွင်း ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည် အရေးပါမှု

ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ဟာ ကုမ္ပဏီတစ်ခုလုံးရဲ့  အောင်မြင်မှုအတွက် အရေးပါတာမို့  လုပ်ငန်းကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်တဲ့ ဝန်ထမ်းတွေ လိုအပ်နေပါတယ်။ ခေါင်းဆောင်တွေဟာ ဝန်ထမ်းတွေကို အကဲဖြတ်ဖို့အတွက် ရည်မှန်းချက်ထားရှိသင့်တဲ့ နည်းလမ်းတွေကို ဖော်ဆောင်နိုင်စေဖို့ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို နားလည်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုလုပ်ဆောင်ခြင်းက လုပ်ငန်းအဖွဲ့အစည်းအတွင်း အားသာချက်၊ အားနည်းချက်များနဲ့ အလားအလာရှိတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ကွာဟချက်တွေကို ဆုံးဖြတ်ဖို့ ကူညီပေး ပါတယ်။ အောင်မြင်တဲ့ ဝန်ထမ်းများဟာ ရည်မှန်းချက်များ မြင့်မားစွာ ထားကြပါတယ်။ ဝန်ထမ်းများ ရည်မှန်းချက်မြင့်မားစွာ ထားရှိခြင်းရဲ့ အဓိကအရေးကြီးဆုံးအချက်တစ်ချက်ကတော့ ပန်းတိုင်ကိုရောက်ဖို့ပါပဲ။ အောင်မြင်တဲ့ ဝန်ထမ်းများဟာ သတ်မှတ်ရက်များကို ပြည့်မီအောင်ဆောင်ရွက်ခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ သုံးစွဲသူများနဲ့ အပြန်အလှန်ဆက်ဆံခြင်းများမှတစ်ဆင့် အမှတ်တံဆိပ်ကို တည်ဆောက်ပါတယ်။

 

အပြုသဘောဆောင်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးပါ။

လူတွေဟာ သူတို့ရဲ့ အလုပ်တွေကို ထိထိရောက်ရောက်လုပ်တဲ့အခါ အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ကို မြှင့်တင် ပေးပါတယ်။ ညွှန်ကြားထားတဲ့အတိုင်း အလုပ်ပြီးမြောက်ဖို့ လုပ်ဆောင်မှုမရှိတဲ့ ဝန်ထမ်းများဟာ ဌာနတစ်ခုလုံးကို ဖြုတ်ချနိုင်ပါတယ်။ အပြုသဘောဆောင်ပြီး တက်ကြွတဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးဖို့ အရေးကြီးပါတယ်။ အစည်းအဝေးများအတွင်း စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဝန်ထမ်းများကို မက်လုံးများ ပေးအပ်ခြင်း၊ အဖွဲ့လိုက် အသိအမှတ်ပြုမှု၊ ဆုချီးမြှင့်ခြင်း စတဲ့ အပြုသဘောဆောင်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။

 

ဝန်ထမ်းများရဲ့တိုးတက်မှုကို တိုင်းတာခြင်း

ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်တဲ့အခါ တစ်သမတ်တည်းရှိတဲ့ နည်းလမ်းများကို အသုံးပြုဖို့ လိုအပ်ပါတယ်။ အဲဒီလိုအသုံးပြုခြင်းက ဝန်ထမ်းများဟာ သူတို့ရဲ့တိုးတက်မှုကို အချိန်နဲ့အမျှ တိုးတက် ကောင်းမွန်လာစေဖို့ ကူညီပေးပါတယ်။ စွမ်းဆောင်ရည်မြှင့်မားတဲ့ ဝန်ထမ်းများကို ဆုချီးမြှင့်ခြင်းက ယခင်ကာလတွေအတွင်းက သူတို့ရဲ့ကြိုးစားအားထုတ်မှုကို ကျော်လွန်ဖို့ ဒီဝန်ထမ်းတွေရဲ့စိတ်ဓာတ်ကို လှုံ့ဆော်ပေးလေ့ရှိပါတယ်။ ထိရောက်စွာအလုပ်လုပ်ကိုင်နိုင်တဲ့ ဝန်ထမ်းတွေကို ဆုချီးမြှင့်ခြင်းက အလုပ် ကောင်းကောင်းလုပ်နိုင်စေဖို့ သူတို့ကိုတွန်းအားပေးတဲ့ အရာတစ်ခုပါပဲ။ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်များ တိုးတက်လာမှုကို ကြည့်ခြင်းက သူတို့ရဲ့ တိုးတက်မှုဟာ လုပ်ငန်းကိုဦးဆောင်နိုင်တဲ့ အလားအလာရှိခြင်းကို ပြသပါတယ်။

 

အသင်းရဲ့ ရည်ရွယ်ချက်တွေကို သတ်မှတ်ပါ။

ဝန်ထမ်းများအလုပ်လုပ်ဆောင်ရာမှာ ကောင်းမွန်စွာမလုပ်ဆောင်နိုင်ပါက ကုန်ထုတ်စွမ်းအားကို ထိခိုက်စေ ပါတယ်။  ညံ့ဖျင်းတဲ့ဝန်ထမ်းများရှိပါက အောင်မြင်အောင်လုပ်ဆောင်နိုင်တဲ့ ဝန်ထမ်းများနဲ့ နှိုင်းယှဉ်ပြီး ချို့ယွင်းချက်များရှိတဲ့ အမှားများကိုရှာဖွေပြီး ကိုင်တွယ်ဖြေရှင်းနိုင်ရပါမယ်။ ဒီအမှားများကို ကိုင်တွယ် မဖြေရှင်းနိုင်ပါက မန်နေဂျာများဟာ စီမံခန့်ခွဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊  အသင်းမှချမှတ်ထားတဲ့ မဟာဗျူဟာများ အပြင် အနာဂတ်ဝန်ထမ်းသစ်များ စုဆောင်းရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဝန်ထမ်းများဟာ ကောင်းမွန်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါက သူတို့ရဲ့စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဝန်ထမ်းများကို အကဲဖြတ်ခြင်းက သူတို့ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်စေဖို့ ကူညီပေးပါတယ်။

 Kimberlee Leonard ရဲ့ Importance of Employee Performance in Business Organizations  ကို Ah Zer Zar Sar မှ ဆီလျော်အောင်ပြန်ဆိုထားပါတယ်။

 

U Ah Zer Zar Sar

DBL.LLB.BARS

MBA ( Assumption University, Thailand)