လုပ်ငန်းခွင်မှာ အမျိုးသမီးခေါင်းဆောင်တွေကို နေရာပေးခြင်းရဲ့အကျိုးကျေးဇူးများ

နှစ်တစ်နှစ်ရဲ့ မတ်လတွေမှာတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်၊ ကျားမ တန်းတူညီမျှမှုနဲ့ အမျိုးသမီးများစွမ်းဆောင်နိုင်ရေးတို့အတွက် ပံ့ပိုးကူညီမှုကို ထုတ်ဖော်ပြောဆိုဖို့ စိတ်အားထက်သန်ကျပါတယ်။ ဒါပေမဲ့ ကျန်တဲ့လတွေမှာလည်း အလားတူစိတ်အားထက်သန်နေဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ အမျိုးသမီးများကို ကူညီပံ့ပိုးပေးဖို့ ဆွေးနွေးပွဲများလုပ်ဆောင်ခြင်းတွေက မတ်လမှာပဲစတင်ပြီး မတ်လမှာတင် အဆုံးသတ်ခြင်းမျိုး မလုပ်သင့်ပါ။

တာ၀န်ကြီးမားတဲ့ကိုယ်စားပြုမှုများအတွက် စီးပွားရေးဆိုင်ရာကိစ္စရပ်များအကြောင်း

Equity အကြောင်းကို ဆွေးနွေးမှာမဟုတ်ပါဘူး။ ဆန်းသစ်တီထွင်မှုနဲ့ တိုးတက်အောင်မြင်မှုကို တွန်းအားပေးတဲ့ စီးပွားရေး လုပ်ငန်းတွေအကြောင်းကို ဦးစားပေးဆွေးနွေးမှာ ဖြစ်ပါတယ်။ အမျိုးသမီးခေါင်းဆောင်များက တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းများစွာကို ယူဆောင်ပေးလာနိုင်ကြပါတယ်။ ကွဲပြားတဲ့အတွေးအမြင်၊ ခိုင်မာတဲ့ဆုံးဖြတ်ချက် ချခြင်းများနဲ့ ထိရောက်တဲ့ပြဿနာဖြေရှင်းခြင်းများကို လုပ်ဆောင်နိုင်ပြီး နောက်ဆုံးမှာတော့ စီးပွားရေးအတွက် အရေးပါ အရာရောက်တဲ့ တိုးတက်မှုမျိုးကို ပေးနိုင်စွမ်းရှိလာပါတယ်။

အမျိုးသမီးတွေအတွက် အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်စေဖို့ ကုန်ကျစရိတ်အကုန်မခံနိုင်ခြင်းနဲ့ ဦးစားပေးမှုနည်းခြင်းတို့က အဖွဲ့အစည်းဆိုင်ရာ ယဥ်ကျေးမှု၊ ဆန်းသစ်တီထွင်မှု၊ လူတော်များထိန်းသိမ်းထားနိုင်မှုနဲ့ Brand Reputation တို့ကိုပါ ထိခိုက်စေနိုင်ပါတယ်။ အမျိုးသမီးများအတွက် ပံ့ပိုးကူညီမှုမရှိဘူးလို့ခံစားရတဲ့ (ဒါမှမဟုတ်) တိုးတက်မှုအတွက် အဟန့်အတားဖြစ်စေတဲ့ ပြဿနာများ ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်မှာ လုပ်ငန်းအတွက် Productivity, အမြတ်အစွန်းများနဲ့ လူတော်များထိန်းသိမ်းထားနိုင်မှုတို့မှာ အနှုတ်လက္ခဏာဆောင်နိုင်တဲ့ အကြောင်းရင်းများဖြစ်လာနိုင်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ လျှောက်လှမ်းရမယ့် လမ်းခရီးက ရှည်လျားပေမယ့်လည်း ရှေ့ကိုမတိုးဘဲ နောက်ပြန်ဆုတ်နေတတ်ပါတယ်။ အမျိုးသမီးများက ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းခွင်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း ဖြစ်ပေမယ့်လည်း ကမ္ဘာလုံးဆိုင်ရာ GDP ရဲ့ ၃၇ ရာခိုင်နှုန်းသာ ရှိပါတယ်။

ကုလသမဂ္ဂ အစီရင်ခံစာအရ "လက်ရှိ တိုးတက်မှုနှုန်းတွေအရ ကျားမတန်းတူညီမျှမှု အပြည့်အဝရရှိဖို့အတွက် နှစ်ပေါင်း ၃၀၀ နီးပါး ကြာနိုင်တယ်" လို့ ဖော်ပြထားပါတယ်။ အဲ့ဒီလိုနှစ်ပေါင်းများစွာ အချိန်ယူနေခြင်းကို လျှော့ချနိုင်ဖို့အတွက် တတ်နိုင်သမျှ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အမျိုးသမီးများကိုလုပ်ပိုင်ခွင့်အာဏာပေးဖို့အတွက်နည်းဗျူဟာများ

၁။ ပြောင်းလွယ်ပြင်လွယ်၊ လူကိုဗဟိုပြုတဲ့ မူဝါဒများလုပ်ဆောင်ခြင်း

အဖွဲ့အစည်းရှိလူတိုင်းအတွက် ကောင်းမွန်စွာလည်ပတ်လုပ်ကိုင်နိုင်မယ့် ပတ်ဝန်းကျင်ကိုဖန်တီးပါ။ မတူညီကွဲပြားတဲ့ ဝန်ထမ်းတွေရဲ့လိုအပ်ချက်များကို လိုက်လျောညီထွေဖြစ်စေဖို့အတွက် Hybrid ပုံစံ၊ Flexible working hours များနဲ့ အလုပ်ပိတ်ရက်များကို Flexible work policies ပုံစံများကို အကောင်အထည်ဖော်ပါ။ အဖွဲ့အစည်းတွေမှာ ဝန်ထမ်းတွေကို Hybrid Work Options လုပ်ဆောင်ပေးမှုတွေကြောင့် သူတို့က လုပ်ငန်းနဲ့ client လိုအပ်ချက်တွေကို သူတို့ရွေးချယ်လို့ ရနိုင်တဲ့အပိုင်းမှာ သေချာပြီးမြောက်အောင် လုပ်ဆောင်နိုင်ကြပါတယ်။ Flexible time off Policies များဖြစ်တဲ့ ဖျားနာချိန်တွေမှာ ပြုစုစောင့်ရှောက်ခြင်းများ အလုပ်ပျက်ကွက်တဲ့အချိန်တွေအတွက် စဥ်းစားပေးခြင်းများအစရှိတဲ့ မူဝါဒများချမှတ်ပေးခြင်းမျိုး ဖြစ်ပါတယ်။ လိုက်လျောညီထွေမှုရှိတဲ့ ဓလေ့ပုံစံရှိခြင်းက အချင်းချင်းယုံကြည်မှုရှိတဲ့ ပုံစံဖြစ်မှသာ လက်တွဲအလုပ်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ဝန်ထမ်းများက သူတို့ရဲ့တာဝန်ဝတ္တရားများနဲ့ ဘဝဟန်ချက်ညီ ဖို့ကို လုပ်ဆောင်ပေးတဲ့ ခေါင်းဆောင်နဲ့အချင်းချင်း အပြန်အလှန်ယုံကြည်မှုကို ခံစားရစေနိုင်တဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးရပါမယ်။

၂။ အရည်အချင်း အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များမှာ ရင်းနှီးမြှုပ်နှံပါ။

ပရော်ဖက်ရှင်နယ်ကျွမ်းကျင်မှုများကို ဖွံ့ဖြိုးတိုးတက်စေပြီး လမ်းညွှန်မှုများနဲ့ networking ဆိုင်ရာ အခွင့်အလမ်းများကို ပံ့ပိုးပေးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်စေမယ့် ပရိုဂရမ်များကို တည်ဆောက်ပါ။ ခေါင်းဆောင်မှု ရာထူးများသို့ လျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ စွမ်းရည်ရှိသူများကို ဖော်ထုတ်ပြီး ပြုစုပျိုးထောင်ဖို့အတွက် ကြိုးစားပါ။ ဂုဏ်အယူရဆုံးအစီအစဥ်အချို့မှာတော့.....

PathofTabei – Tabei လမ်းကြောင်းပရိုဂရမ်ကတော့ အမျိုးသမီးခေါင်းဆောင်များရဲ့ အသက်မွေးဝမ်းကြောင်းများကို ခြေရာခံပြီး အကြီးဆုံးခေါင်းဆောင်မှုလမ်းကြောင်းအတွက် တည်ဆောက်ရာမှာ ကူညီပေးဖို့ ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ Dentsu Americas CEO Michael Komasinski နဲ့တခြားသော ထိပ်တန်းအမှုဆောင်အရာရှိများမှ ကမကထပြုလုပ်ထားပြီး ဒီအစီအစဥ်က မယုံနိုင်လောက်အောင်လက်ခံကြပြီး ပါဝင်သူများရဲ့ ၉၅ ရာခိုင်နှုန်း ကျော်လောက်က ကျေနပ်အားရဂုဏ်ယူ ကြပါတယ်။

OWN IT - ထူးချွန်တဲ့အမျိုးသမီးတီထွင်မှုဆန်းသစ်ခြင်းနဲ့ အင်အားကြီးမားလာမှုကွန်ရက်

OWN IT က မီဒီယာ၊ တီထွင်ဖန်တီးမှုနဲ့ နည်းပညာ ecosystem တစ်လျှောက်မှာ အမျိုးသမီးစီးပွားရေးလုပ်ငန်းပိုင်ရှင်များကို လမ်းညွှန်ပေးခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့ အာရုံစိုက်လုပ်ဆောင်တဲ့ dentsu fellowship အတွေ့အကြုံတစ်ခုလည်း ဖြစ်ပါတယ်။

၃။ ချိတ်ဆက်မှုနဲ့ပံ့ပိုးကူညီမှုအတွက် အခွင့်အလမ်းများဖန်တီးပါ။

လုပ်ငန်းခွင်များမှာ အထီးကျန်ခြင်းက ပိုကြီးထွားလာနေတဲ့ပြဿနာတစ်ခုဖြစ်လာပါတယ်။ Better Up အစီရင်ခံစာအရ ဝန်ထမ်း ၄၃ ရာခိုင်နှုန်းက လုပ်ဖော်ကိုင်ဖက်များနဲ့ ဆက်စပ်မှုမရှိဘူးလို့ ခံစားနေကြရပါတယ်။ အလုပ်ခွင်မှာ သူငယ်ချင်း ရှိသူများကတော့ အထီးကျန်ခြင်း၊ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုနည်းပါးပြီး အချင်းချင်းထိတွေ့ဆက်ဆံမှုမှာ အဆင်ပြေကြတယ်လို့ အစီရင်ခံကြပါတယ်။ အမျိုးသမီးခေါင်းဆောင်များစုစည်းကာ ချိတ်ဆက်မှုများလုပ်ဆောင်ဖို့ ဆွေးနွေးဖို့နဲ့ အကြံဉာဏ်များ နှီးနှောဖလှယ်ကြဖို့အတွက် Event များ လုပ်ဆောင်သင့်ပါတယ်။

၄။ ပိုမိုကျယ်ပြန့်တဲ့အကျိုးသက်ရောက်မှုများကို အသိအမှတ်ပြုပါ။

Brand များနဲ့ မီဒီယာများက လူ့အဖွဲ့အစည်းအပေါ်မှာ သြဇာလွှမ်းမိုးမှုရှိပြီး လုပ်ငန်းများမှတစ်ဆင့် ကျားမတန်းတူ ညီမျှမှုဆိုင်ရာများကို လှုံ့ဆော်ဖို့အတွက် လုပ်ဆောင်သင့်ပါတယ်။ ကြော်ငြာလုပ်ငန်းများက လူမှုစံနှုန်းများ ခံယူချက်များနဲ့ တန်ဖိုးရှိမှုများကို ပုံဖော်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ SeeHer နဲ့ပူးပေါင်းပြီးတော့ ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းတွင် မကြာသေးမီက တွေ့ရှိခဲ့ပါတယ်။ ၉၀ ရာခိုင်နှုန်းက မီဒီယာနဲ့စျေးကွက်ရှာဖွေရေးမှာ ကျားမရေးရာ အခန်းကဏ္ဍပုံဖော်ခြင်းအတွက် အရေးကြီးတယ်လို့ ဆိုပါတယ်။ ၁၆ ရာခိုင်နှုန်း အမျိုးသမီးများကို ကြော်ငြာနဲ့မီဒီယာများမှာ “All the time” တိကျစွာဖော်ပြထားတယ်လို့ ဆိုပါတယ်။ ၈၁ ရာခိုင်နှုန်းကတော့ အမှတ်တံဆိပ်များက ကျားမတန်းတူညီမျှမှုကို မြှင့်တင်ဖို့ တာဝန်ရှိတယ်လို့ဆိုပါတယ်။

အမျိုးသမီးဝန်ထမ်းများအား ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ အသိပညာပေးဖို့တို့အတွက် သုတေသနပြုလုပ်ခြင်းများ ပညာသင်ဆု ပံ့ပိုးပေးခြင်းများကို အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ပေးသင့်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်ခြင်းတွေကြောင့် နောင်အနာဂတ်မှာ ကျားမတန်းတူညီမျှမှုကိုဖြစ်စေပြီး ကမ္ဘာကြီးအတွက် တန်ဖိုးရှိစေမယ့် တန်ဖိုးထားခံရတဲ့ အမျိုးသမီး ခေါင်းဆောင်များ ပေါ်ထွက်လာမှာဖြစ်ပါတယ်။

forbes.com မှ Why It Benefits Us All to Empower Female Leaders ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

https://www.forbes.com/.../why-it-benefits-us-all-to.../?

Daw Zin Lin Htet

BE (Civil-MGTU) M.Sc (Construction Project Mgt), Heriot-Watt University