" ပညာရေးနယ်ပယ်မှာ AI ရဲ့ အခွင့်အလမ်းများနဲ့ စိန်ခေါ်မှုများ"

Artificial Intelligence Tool များဟာ ပညာရေးအတွက် နယ်ပယ်အသစ်များကို ဖွင့်ပေးပေမယ့်လည်း ကျွန်ုပ်တို့ရဲ့ သတ်မှတ်ချက်များနဲ့အညီ သင်ကြားရေးစနစ်များမှာ ပေါင်းစပ်ဖို့အတွက် အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ UNESCO မှ ထုတ်ပြန်တဲ့ မျိုးဆက်သစ် AI နဲ့ ပညာရေးအနာဂတ်ဆိုင်ရာ စာတမ်းအသစ်ရဲ့ အဓိက သတင်းစကားပဲ ဖြစ်ပါတယ်။ ယူနက်စကို လက်ထောက်ညွှန်ကြားရေးမှူးချုပ်က ပညာရေးမှာ သင်ထောက်ကူပစ္စည်းများနဲ့ ဆက်စပ်ပြီး အပြန်အလှန် ထိန်းကျောင်းမှုများရှိရာ ဒါတွေကို မျိုးဆက်သစ် AI အကောင်အထည်ဖော်မှုမှာ အသုံးမပြုကြောင်း သူ့ရဲ့ စိုးရိမ်မှုများကို ဖော်ပြထားပါတယ်။ AI Tool များဟာ သင်ယူမှုအတွက် အလားအလာအသစ်များကို ဖန်တီးပေးကြောင်း မီးမောင်းထိုးပြနေချိန်မှာ သင့်လျော်တဲ့ သုတေသနပြုပြီးမှသာ စည်းမျဉ်းများကို တည်ဆောက်နိုင်တယ်လို့ သူက အလေးပေး ဖော်ပြခဲ့ပါတယ်။

ပညာရေးမှာ AI Tool များ အသုံးပြုမှုကို ထိန်းညှိဖို့ ယူနက်စကိုမှ မေလမှာ ကျောင်းများနဲ့ တက္ကသိုလ်ပေါင်း ၄၅၀ ကျော်ကို ကမ္ဘာလုံးဆိုင်ရာစစ်တမ်းတစ်ခု ကောက်ယူခဲ့ရာ မျိုးဆက်သစ် AI အပလီကေးရှင်းများအသုံးပြုခြင်းနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းဆိုင်ရာမူဝါဒများ၊ တရားဝင်လမ်းညွှန်မှုများကို ၁၀ ရာခိုင်နှုန်းအောက် ပြုလုပ်ထားတာကို တွေ့ရှိခဲ့ပါတယ်။ နိုင်ငံအများစုမှာ ပြဌာန်းစာအုပ်အသစ်ကို အတည်ပြုဖို့ လိုအပ်တဲ့အချိန်၊ လုပ်ဆောင်ရမယ့်အဆင့်များနဲ့ ခွင့်ပြုချက် များဟာ generative AI utilities များကို ကျောင်းများ၊ စာသင်ခန်းများသို့ ရွှေ့ပြောင်းဖို့ လိုအပ်တဲ့အရာများထက် များစွာကျော်လွန်နေကြောင်း စာတမ်းမှာ ဖော်ပြထားပါတယ်။ ပြဌာန်းစာအုပ်အသစ်ကို စာသင်ခန်းအတွင်း အသုံးမပြုမီ ဘက်လိုက်မှုများ မရှိစေရေး စစ်ဆေးမှုတွေဖြစ်တဲ့ ယဉ်ကျေးမှု၊ လူမှုရေးဆိုင်ရာ သင့်လျော်မှု၊ အကြောင်းအရာများရဲ့ တိကျမှု၊ အသက်အရွယ်အလိုက် သင့်လျော်မှု၊ သင်ကြားမှုများ တိကျကိုက်ညီမှုရှိခြင်းတို့ကို အကဲဖြတ်လေ့ရှိပါတယ်။ ပညာရေး စနစ်တွေမှာ ကိုယ်ပိုင်စည်းမျဉ်းတွေ ချမှတ်ရပါမယ်။

ပညာရေးဟာ လူမှုဆက်ဆံရေးမှာ လူသားအပြုအမူတို့ရဲ့ နက်ရှိုင်းတဲ့အမြစ်တွယ်မှုတစ်ခုအဖြစ် ဆက်လက်ရှိနေ သင့်တယ်လို့ စာတမ်းမှာ အလေးပေးဖော်ပြထားပါတယ်။ COVID-19 ကပ်ရောဂါကာလအတွင်း ပညာရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာဟာ အဓိကကြားခံဖြစ်လာတဲ့အခါ ကျောင်းသားများဟာ ပညာရေးနဲ့ လူမှုရေးအရပါ ရောပြီး ဒုက္ခရောက်ခဲ့ကြရပါတယ်။ အထူးသဖြင့် Generative AI ဟာ ဆရာများရဲ့ အခွင့်အာဏာနဲ့ အခန်းကဏ္ဍကို ထိခိုက်စေပြီး၊ ဆရာနည်းပါးတဲ့ကျောင်းများနဲ့ ကျောင်းမလိုအပ်တဲ့ပညာရေးကဲ့သို့ အလိုအလျောက် ပညာရေးဆိုင်ရာများကို အားကောင်းစေဖို့ အလားအလာရှိတယ်လို့လည်း စာတမ်းက သတိပေးထားပါတယ်။ လုံလောက်တဲ့ဆရာအရေအတွက်၊ လေ့ကျင့်ရေးနဲ့ လစာတို့ကို ဦးစားပေးဆောင်ရွက်ရမယ့် ကောင်းစွာလည်ပတ်နေတဲ့ ကျောင်းများကို အလေးပေးဖော်ပြ ထားပါတယ်။

ကျောင်းများနဲ့ ဆရာများမှာ ရင်းနှီးမြုပ်နှံမှုဟာ ယနေ့ခေတ်ပြဿနာကိုဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ ယနေ့ AI ခေတ်ရဲ့အရုဏ်ဦးအချိန်မှာ ကလေးနဲ့လူငယ်ပေါင်း ၂၄၄ သန်းဟာ ကျောင်းပြင်ပရောက်နေပြီး သန်း ၇၇၀ ကျော်က စာမတတ်သူများဖြစ်ပါတယ်။ ကျောင်းကောင်းကောင်းများနဲ့ ဆရာ၊ဆရာမများဟာ ဒီပညာရေးစိန်ခေါ်မှုကို ဖြေရှင်းနိုင်ပေမယ့်လည်း ကမ္ဘာက သူတို့အတွက် ဆက်လက်ပြီး ရန်ပုံငွေ နည်းပါးနေဆဲဖြစ်ကြောင်း အထောက်အထားများက ပြသနေပါတယ်။

UNESCO ဟာ မူဝါဒချမှတ်သူများ၊ ပညာရေးဆိုင်ရာနည်းပညာ မိတ်ဖက်များ၊ ပညာရှင်များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနဲ့ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲကို ဦးဆောင်လျက်ရှိပါတယ်။ ပညာရေးဝန်ကြီးများရဲ့ ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးကို ၂၀၂၃ ခုနှစ် မေလမှာ ကျင်းပခဲ့ပြီး အဖွဲ့အစည်းဟာ ပညာရေးနဲ့ သုတေသနမှာ generative AI အသုံးပြုမှုဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များအပြင် ကျောင်းပညာရေးအတွက်၊ ကျောင်းသားများနဲ့ ဆရာများအတွက် AI စွမ်းရည်မူဘောင်များ ရေးဆွဲလျက်ရှိပါတယ်။ ပါရီမြို့ရှိ ယူနက်စကိုရုံးချုပ်မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်မှ ၇ ရက်အထိ “ဒစ်ဂျစ်တယ် သင်ယူမှု ရက်သတ္တပတ်” ကို စတင်ကျင်းပမှာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ UNESCO ကမ္ဘာလုံးဆိုင်ရာ ပညာရေး စောင့်ကြည့်လေ့လာရေး အစီရင်ခံစာဟာ ပညာရေးမှာ နည်းပညာအသုံးပြုမှုအပေါ် အာရုံစိုက်မှာ ဖြစ်ပါတယ်။

ယူနက်စကိုဟာ AI ကျင့်ဝတ်ဆိုင်ရာ ကမ္ဘာ့စံချိန်စံညွှန်းဖြစ်တဲ့ “ဥာဏ်ရည်တုကျင့်ဝတ်ဆိုင်ရာ အကြံပြုချက်” ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီမူဘောင်ကို အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံက လက်ခံခဲ့ပါတယ်။ အကြံပြုချက်မှ AI ဟာ အခြေခံမူများဖြစ်တဲ့ ဘေးကင်းမှု၊ ပါဝင်မှု၊ ကွဲပြားမှု၊ ပွင့်လင်းမြင်သာမှုနဲ့ အရည်အသွေးတို့ကို အမြဲလိုက်နာကြောင်း သေချာစေရမယ်လို့ အစိုးရများကို အကြံပြုထားတယ်။

၂၀၂၃ ဩဂုတ်လ ၁၁ရက်နေ့ မှာ UNESCO မှ ဖော်ပြထားတဲ့ ဆောင်းပါးကို ဘာသာပြန်ဆိုထားပါတယ်။

https://www.unesco.org/en/articles/generative-artificial-intelligence-education-what-are-opportunities-and-challenges

Dr. Thel Seint Aye

B.C.Sc, CU (MDY),B.C.Sc (Hons), CU (MDY)

M.C.Sc, CU (MDY),Ph.D (IT), (U.C.S.M)