Self Confidence ရဲ့ အရေးပါမှု

ရည်မှန်းချက်တစ်ခုအောင်မြင်ဖို့အတွက် အရည်အချင်း၊ စည်းကမ်း၊ ဆုံးဖြတ်ချက်၊ စွမ်းရည်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ လိုပါတယ်။ မှန်ကန်တဲ့ ကျွမ်းကျင်မှုနဲ့ ပန်းတိုင်များရဲ့ ရှင်းလင်းပြတ်သားမှု တို့ကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိလာပါတယ်။ ရည်ရွယ်ချက် ပိုရှင်းလေလေ အာရုံစူးစိုက်မှုနဲ့ ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှု ပိုကောင်းလေလေ ဖြစ်ပါတယ်။ ယုံကြည်မှုကင်းမဲ့သူတွေဟာ ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုကို ဆောင်ရွက်ရာမှာ ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိပါက၊  ခန္ဓာကိုယ်နဲ့ စိတ်ဟာ မိမိလိုချင်တဲ့ ပန်းတိုင်ကိုရောက်အောင် စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှုဟာ စိတ်ရဲ့ဖန်တီးမှုနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းအားရဲ့ အဓိကအချက် ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတာက ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။ မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုရှိခြင်းက မိမိလိုချင်တဲ့ ပန်းတိုင်ကို အရောက် လှမ်းနိုင်အောင် ကူညီစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိ၊မရှိကို ပြန်မြင်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ လမ်းလျှောက်ခြင်း၊ ပြောဆိုဆက်ဆံခြင်း၊ အလုပ်လုပ်ကိုင်ခြင်းနဲ့ လူမှုဆက်ဆံရေးမှာ လူတစ်ဦးရဲ့ပုံစံကို သတိပြုခြင်းက သူတို့ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိ၊မရှိ မြင်သာပါတယ်။ လူတစ်ယောက်နဲ့ ပထမဆုံး လက်ဆွဲနှုတ် ဆက်ခြင်းကလည်း သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအဆင့်ကို ပြောပြနိုင်ပါတယ်။ ကြီးမြတ်တဲ့အရာတွေဟာ လိုအပ်တဲ့ယုံကြည်မှုမရှိဘဲ အောင်မြင်ဖို့ ရှားပါတယ်။ ယုံကြည်မှု အားနည်းရင် အရည်အချင်းနဲ့ ကြိုးစားမှုတွေအားလုံးဟာ အသုံးမဝင်ပါဘူး။ ယုံကြည်မှုနည်းပါးခြင်းက သင့်ခြေလှမ်းတွေကို ရပ်တန့်စေပြီး သင်အစပြုလို့မရနိုင်ပါဘူး။ ဆုံးဖြတ်ချက်ချတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတာက ခန္ဓာကိုယ်ရော စိတ်ပါ ပျက်ပြားသွားစေပါတယ်။

ယုံကြည်မှုဟာ မျိုးရိုးမဟုတ်သလို မျိုးရိုးလိုက်ခြင်းလည်း မဟုတ်ပါဘူး။ ဘယ်သူကမှ မွေးရာပါ ယုံကြည်မှု ပါတယ်လို့မရှိပါဘူး။ သင်ယူတယ်၊ တိုးတက်တယ်၊ လေ့ကျင့်တယ်၊ တီထွင်နိုင်တယ်။ အဲဒါကို တိုးတက်အောင် မကြိုးစားခင် ယုံကြည်မှုရဲ့ အရေးပါပုံကို အရင်ဆုံး နားလည်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမူအကျင့်တွေ မွေးမြူဖို့ အရေးကြီးပါတယ်။ တစ်စုံတစ်ခုအောင်မြင်ဖို့ စွန့်စားရမယ်လို့ ဆိုပါတယ်။ ဝေဒနာမရှိရင် အမြတ်ဆိုတာ မရှိပါဘူး၊ လူတွေကို အောင်မြင်တဲ့ စွန့်ဦးတီထွင်သူများအဖြစ်သို့ ပြောင်းလဲစေတဲ့အရာမှာ သူတို့ရဲ့ အိပ်မက်များနဲ့ ပြင်းထန်တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမှလွဲပြီး ဘာမှမရှိပါဘူး။ ယနေ့ခေတ်ပြိုင်ဆိုင်မှုလောကမှာ ယုံကြည်မှုဟာ ပိုင်ဆိုင်မှုတစ်ခုမျှသာမဟုတ်ပါဘူး။ ဒါဟာ သင့်ရှင်သန်မှုရဲ့ အခြေခံအချက်ဖြစ်ပါတယ်။ အလုပ်ကောင်းကောင်းရဖို့ဆိုတာ အင်တာဗျူးမှာ ယုံကြည်မှုရှိဖို့ လိုပါတယ်။ ယုံကြည်မှုရှိသူတွေဟာ အာရုံစူးစိုက်မှု အားကောင်းသူတွေပါ။ အာရုံစူးစိုက်မှု အားကောင်းသူဟာ လိုချင်တဲ့ ပန်းတိုင်ကိုရောက်အောင် ဆောင်ရွက်နိုင်တဲ့ စွမ်းဆောင်ရည်ရှိနိုင်ပါတယ်။ စွမ်းဆောင်ရည်က သင့်ကို အောင်မြင်သူတစ်ဦးဖြစ်စေပြီး အောင်မြင်မှုက သင့်ကို ပိုပြီးယုံကြည်မှု ဖြစ်စေပါတယ်။

 

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးအောင် ဘယ်လိုလုပ်မလဲ။

ကိုယ့်ရဲ့အားသာချက်တွေကို အသိအမှတ်ပြုပါ။

ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ တိုးတက်မှုအတွက် သင့်ကိုယ်သင် ချီးကျူးဂုဏ်ပြုပါ။

လက်တွေ့ကျပြီး အောင်မြင်နိုင်တဲ့ ပန်းတိုင်များကို သတ်မှတ်ပါ။

ပြီးပြည့်စုံမှုကို မမျှော်လင့်ပါနဲ့။ ဘဝရဲ့ကဏ္ဍတိုင်းမှာ ပြီးပြည့်စုံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

စိတ်ခံစားမှုကို ဦးစားမပေးပါနဲ့။ အခြေအနေကို ဆင်ခြင်တုံတရားနဲ့ တွေးတောပါ။

အတိတ်က အပျက်သဘောဆောင်တဲ့ ဘဝအတွေ့အကြုံတွေက မင်းရဲ့အနာဂတ်ကို မဆုံးဖြတ် ဘူးဆိုတာ အသိအမှတ်ပြုပါ။ အထက်ဖော်ပြပါ ဆွေးနွေးချက်တွေအရ အောင်မြင်သူတွေဟာ မိမိ ကိုယ်ကိုယ် ယုံကြည်မှုရဲ့အရေးပါမှုကို သိရှိနားလည်ပြီး အကျိုးရှိစေဖို့ အသုံးပြုနိုင်ပြီလို့ ယူဆနိုင်ပါတယ်။ အလုပ်က သေးတာပဲဖြစ်ဖြစ်၊ ကြီးတာပဲဖြစ်ဖြစ် အရေးမကြီးဘဲ အလုပ်တစ်ခုကို အောင်မြင်ပြီး မြောက်ဖို့ ဆောင်ရွက်ရာမှာ ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ ယုံကြည်မှုအတိုင်းအတာတစ်ခုအထိ မရှိဘဲ စီးပွားရေးမှာ အောင်မြင်သူ အလွန်နည်းပါးတယ်။ ဒါကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှုက အောင်မြင်သူ တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ အတိုင်းတာတစ်ခုထိ အရေးပါပါတယ်။

ဒီဆောင်းပါးကို Salvatore Baglieri (Assoc. CIPD I TAP cert. I DR. HC) ရေးသားထားတဲ့ The Importance of Self Confidence ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ ဆောင်းပါးကို ဒေါ်နှင်းနုအောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Hnin Nu Aung

B.Com (Q), M.Com (MEUE)