အလုပ်ဝန်ပိခြင်းကို ထိရောက်စွာဖြေရှင်းနိုင်တဲ့ နည်းလမ်းကောင်းများ

အလွန်အသုံးဝင်တဲ့ အလုပ်ဝန်ပိခြင်းကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့အတွက် နည်းလမ်းကောင်းများ ရှိပါတယ်။ အဲ့ဒါတွေကတော့ -

1. အလုပ်မစမီ နာရီအနည်းငယ်ကြာ ဗျူဟာချပါ။

သင့်အလုပ်ကို ရိုးရှင်းစေဖို့အတွက် ဗျူဟာရေးဆွဲပြီး အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ အချိန်ယူပါက၊ သင်စိတ်မ၀င်စားတဲ့ နာရီပေါင်းများစွာကို လျှော့ချနိုင်ပါတယ်။ အစီအစဥ်တစ်ခုနဲ့ အလုပ်လုပ်တဲ့အခါ အမြဲတမ်း စမတ်ကျကျ အလုပ်လုပ်ပါ။ အစီအစဉ်တစ်ခုစတင်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းမှာ တစ်နေ့တာ သင်ပြီးမြောက်ဖို့ ရည်ရွယ်ထားတဲ့အရာတွေကို ရေးမှတ်ထားတဲ့ စာရင်းများကို ဖန်တီးဖို့ဖြစ်ပါတယ်။ အလုပ်နဲ့သက်ဆိုင်တဲ့အရာများအပြင် ကိုယ်ရေးကိုယ်တာ ကတိကဝတ်များလည်း ပါဝင်နိုင်ပါတယ်။

2. သင့်တစ်နေ့တာကို မြင်ယောင်ကြည့်ဖို့ မိနစ်အနည်းငယ်လောက် အချိန်ပေးပါ။

စိတ်ကူးဉာဏ်ပုံဖော်ခြင်းက အမှန်တကယ်ပင် အစွမ်းထက်တဲ့ သင့်ရဲ့ မသိစိတ်ကို ရှေ့မှာလုပ်ဆောင်ဖို့ ကူညီပေးပါတယ်။ အိပ်ရာမှထပြီးပြီးချင်း တိတ်ဆိတ်တဲ့နေရာမှာထိုင်ပါ၊ သင့်စိတ်ကိုကြည်လင်စေဖို့အတွက် အသက်ပြင်းပြင်းရှူပြီး မိနစ်အနည်းငယ်ကြာ သင့်တစ်နေ့တာကို မြင်ယောင်ကြည့်ပါ။ ဒီနေ့ပြီးမြောက်မယ့် အလုပ်တွေကို ဘယ်လို ဆက်လုပ်မလဲဆိုတာကို စဉ်းစားပါ။

3. စိတ်ရှုပ်နေတဲ့အခါ စိတ်ကို ရှင်းထားပါ။

သင့်ကွန်ပျူတာပေါ်ရှိ ပရိုဂရမ်များစွာကို ဖွင့်လိုက်ခြင်းက ၎င်းကို နှေးကွေးစေပြီး အကောင်းဆုံးအမြန်နှုန်းကို ပြန်လည်ရောက်ရှိစေဖို့ အမြန်ဆုံးနည်းလမ်းမှာ ၎င်းကိုပြန်လည်သတ်မှတ်ခြင်း/ပြန်လည်စတင်ခြင်းဖြစ်တာကို သင်သတိပြုမိမှာ ဖြစ်ပါတယ်။ သင့်ဦးနှောက်လည်း အလားတူပါပဲ။ သင့်ဦးနှောက်ဟာ အနားယူခြင်းမရှိဘဲ အလုပ်လုပ်နေတဲ့အခါ အကောင်းဆုံးလုပ်ဆောင်နိုင်မှုသို့ ပြန်လည်ရောက်ရှိစေဖို့ တစ်ခုတည်းသောနည်းလမ်းမှာ ထိုအရာကို ပြန်လည်သတ်မှတ်ဖို့ ဖြစ်ပါတယ်။ ဒါဆို မင်းဘယ်လိုလုပ်မလဲ။ အဖြေကတော့ တရားထိုင်ခြင်းပါပဲ။ မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်းရှူပါ။ အသက်ရှုသွင်းစဉ်မှာ သင့်ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာတဲ့ လေကို သင့်နှာခေါင်းများနဲ့ သင့်အဆုတ်ထဲသို့ သတိရှိရှိ ခံစားလိုက်ပါ။ ဖြည်းဖြည်းချင်း မလွှတ်ခင် စက္ကန့်အနည်းငယ်လောက် အသက်ရှုထုတ်လိုက်ပါ။ သင့်ခန္ဓာကိုယ်မှ ထွက်သောလေကို သတိထားပါ။ 2 မှ 3 ကြိမ် ပြန်လုပ်ပါ။

4. သင့်အိပ်ချိန်ကို ဦးစားပေးပါ။

သင့်ဦးနှောက်ဟာ လုံးလုံး အနားယူနေမှသာ သူ့ရဲ့ အမြင့်ဆုံး အလားအလာနဲ့ အလုပ်လုပ်နိုင်ပါတယ်။ ဒါကြောင့် အလုပ်များများလုပ်ဖို့ အိပ်ချိန်ကို အလျှော့အတင်းလုပ်ခြင်းက ရလဒ်ကို ဆန့်ကျင်ခြင်းဖြစ်နိုင်ပါတယ်။ သင့်အိပ်စက်မှုပုံစံများ ရှုပ်ယှက်ခက်နေပါက သင့်ရဲ့ထွက်ရှိမှုအရည်အသွေးမှာ ၎င်းကို ထင်ဟပ်စေတာကို သင်တွေ့ရပါလိမ့်မယ်။ ပင်ပန်းနွမ်းနယ်နေတဲ့စိတ်က သင့်ကို ပျင်းရိငြီးငွေ့ပြီး စိတ်ရှုပ်ထွေးစေသလို လန်းဆန်းတဲ့စိတ်က သင့်ကို ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်စေပြီး အလုပ်တွေကို အချိန်မီပြီးအောင် ကူညီပေးပါလိမ့်မယ်။

သင့်အိပ်စက်ခြင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်တဲ့အရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အိပ်ချိန်မတိုင်မီ နာရီဝက်အလို (ကွန်ပျူတာ၊ T.V.၊ မိုဘိုင်း၊ စခရင်) တွေကို ကြည့်ရှုခြင်းမှ ရှောင်ကြဉ်ပါ။ ဖန်သားပြင်များမှ အပြာရောင်အလင်းများဟာ အိပ်စက်ခြင်းအရည်အသွေးကို အပျက်သဘောဆောင်ကြောင်း သိရှိပြီးဖြစ်ပါလိမ့်မယ်။

ကဖင်းဓာတ်ပါတဲ့ အချိုရည်များဟာ ညနေခင်းမှာ သင့်အိပ်ချိန်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်တာကြောင့် သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ အိပ်ရာမဝင်ခင် ၆ နာရီအလိုမှာ ကော်ဖီသောက်တာက စုစုပေါင်းအိပ်ချိန် ၁ နာရီကို လျော့ကျစေတယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။  စိတ်အေးလက်အေး တေးဂီတနားထောင်ခြင်း ဒါမဟုတ် အိပ်ရာမဝင်မီ စိတ်ပြေလက်ပျောက် စာပေများ ဖတ်ခြင်းတို့လို စိတ်အေးလက်အေး လှုပ်ရှားမှုတချို့ကို ပြုလုပ်ပါ။ အိပ်ရာဝင်ချိန်မှာ စိုးရိမ်ပူပန်မှုတွေကို ဘေးဖယ်ထားကာ အလုပ်အကြောင်းမတွေးဘဲ အိပ်ပျော်သွားတဲ့အခါ သတိရှိရှိနဲ့ ခန္ဓာကိုယ်ကို အနားယူလိုက်ပါ။

5. ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး အဆိုးမြင်စိတ်တွေကို ရပ်တန့်လိုက်ပါ။

သင့်အလုပ်အပေါ် အပြုသဘောဆောင်တဲ့ ရှုမြင်ချက်ရအောင် ကြိုးစားပြီး အဲဒီ့မှာ ပျော်ရွှင်မှုတွေ ယူဆောင်ပါ။ မိမိရဲ့အလုပ်ကို "နာကျင်စရာ" လို့မြင်ရင် ကြိုးစားအားထုတ်မှုကို အဆိပ်သင့်စေပါလိမ့်မယ်။ သင်မကြိုက်တဲ့အလုပ်မှာ နစ်မြုပ်နေတယ်ဆိုရင် သင်နှစ်သက်တဲ့အရာကိုရှာဖွေပြီး အဲဒီကိုရောက်ဖို့ ဖြည်းဖြည်းချင်းလုပ်ဆောင်ပါ။

6. သင့်အဖွဲ့ရဲ့ ကျွမ်းကျင်မှုနည်းတဲ့ အဖွဲ့ဝင်များထံ ပုံမှန်အလုပ်ကို လွှဲအပ်ပါ။

မိမိရဲ့ ကျွမ်းကျင်မှု အဆင့် ဒါမှမဟုတ် ဉာဏ်ရည်နဲ့ မကိုက်ညီတဲ့ အလုပ်တစ်ခုကို လုပ်တာထက် ပိုဆိုးတာ ဘာမှ မရှိပါဘူး။ မိမိရဲ့စိတ်က လှုံ့ဆော်မှုမပေးတဲ့အရာတစ်ခု လုပ်တာကို မုန်းပါလိမ့်မယ်။ ဒါကြောင့် သင်ဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်အလုပ်တွေ အများကြီးလုပ်နေတယ်ဆိုရင်၊ သင့်အဖွဲ့ထဲမှာ မကျွမ်းကျင်တဲ့သူတွေကို လွှဲအပ်လိုက်ပါ။

7. သင့်ရဲ့ကုန်ထုတ်စွမ်းအားကို မြှင့်တင်ဖို့ နည်းပညာကို အသုံးပြုပါ။

ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာရှိတဲ့ နည်းပညာများနဲ့ သင့်အလုပ်ဝန်ကို တတ်နိုင်သမျှ ရိုးရှင်းစေဖို့ ဆော့ဖ်ဝဲလ်ပရိုဂရမ်များနဲ့ အက်ပ်လီကေးရှင်းများကို အသုံးပြုဖို့  နည်းလမ်းများကို ရှာဖွေပါ။ သင့်ကို ပိုမိုအကျိုးရှိအောင် ကူညီပေးနိုင်တယ်လို့ ထင်ပါက တချို့ software application များမှာ လေ့ကျင့် သင်ကြားနိုင်ပါတယ်။

8. ရူးသွပ်သူဖြစ်ခြင်းကို ရပ်လိုက်ပါ။

အလုပ်ကြိုးစားမှုရဲ့ စိတ်ဓာတ်ကို လိုက်လျောညီထွေရှိတဲ့သူတွေဟာ များသောအားဖြင့် အလုပ်ပိုလုပ်ရသူတွေပါ။ သင့်ပတ်ဝန်းကျင်ရှိ သဘာဝကိုကြည့်ပါ၊ အပန်းဖြေဖို့ ကြိုးစားပါ၊ သင့်အလုပ်အပြင် သင့်ဘဝရဲ့ တခြားရှုထောင့်များကို တန်ဖိုးထားပါ။ အလုပ်အားလပ်ချိန်ယူပြီး သင့်စိတ်၊ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ကို ပြန်လည်နုပျိုစေမယ့် တခြားအပန်းဖြေစရာတွေကို အာရုံစိုက်လုပ်ဆောင်ပါ။ သူငယ်ချင်းဟောင်းတစ်ဦးထံ သွားလည်ပါ၊ ရေကူးပါ၊ စက်ဘီးစီးပါ၊ သဘာဝတရားမှာ အချိန်ဖြုန်းပါ။ အထက်ဖော်ပြပါ အချက်တွေကို လိုက်နာခြင်းဖြင့် သင့်အလုပ်သို့ပြန်ရောက်တာနဲ့ သင့်ကုန်ထုတ်စွမ်းအားကို နှစ်ဆတိုးစေမှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို Mukesh Mani ရေးသားထားတဲ့ 9 effective ways to deal with work overload ဆောင်းပါးမှ ဘာသာပြန်ရေးဖွဲ့ထားပါတယ်။

Daw Hlaing May Win
B.Com , MBA (Meikhtila University of Economics)