"Seven Eleven and I ရဲ့ စတော့ရှယ်ယာဈေးကွက်ကျဆင်းမှုများက ကုမ္ပဏီလွှဲ‌ပြောင်း၀ယ်ယူရေးအတွက် အခက်အခဲတွေကိုဆန်းစစ်ခြင်း"

ကနေဒါစတိုးဆိုင်ကြီးဖြစ်တဲ့ Alimentation Couche-Tard ဟာ Seven Eleven & I Holdings ကို လွှဲပြောင်း၀ယ်ယူရေးအတွက် အဆိုပြုချက်မှာ သူတို့လိုချင်တဲ့ အချက်အလက်များ၊ စတော့ရှယ်ယာဈေးကွက်များကို တိုးတက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိမှုများက Alimentation Couche-Tard အုပ်စုမှ ဝယ်ယူဖို့ ကြိုးပမ်းအားထုတ်မှုများအတွက် အခက်ခဲဖြစ်စေသလို ဂျပန်လက်လီရောင်းချမှုအုပ်စုရဲ့ အားနည်းချက်ကိုလည်း ထင်ဟပ်ပေါ်လွင်စေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်များက Alimentation Couche-Tard ရဲ့ လွှဲပြောင်း၀ယ်ယူရေးကမ်းလှမ်းချက်များ ထွက်ပေါ်လာပြီးနောက် Seven Eleven စတိုးဆိုင်များရဲ့ စတော့ရှယ်ယာများဟာ ယခင်ရှိနေတဲ့ စတော့ရှယ်ယာများထက် ၂၃ % ပိုတိုးလာပြီး ၂၁၆၁ ယန်းဖြင့် ပိတ်သွားခဲ့ပါတယ်။ ကုမ္ပဏီရဲ့ လက်ရှိစျေးကွက်တန်ဖိုးက ယန်း ၅ ဒသမ ၆ ထရီလီယံ (ဒေါ်လာ ၃၈ ဒသမ ၂ ဘီလီယံ) ခန့်ရှိပြီး လွန်ခဲ့တဲ့သီတင်းပတ်များက Alimentation Couche-Tard ရဲ့ လွှဲပြောင်း၀ယ်ယူရေးကမ်းလှမ်းချက်များ ထွက်ပေါ်လာပြီးနောက် ယန်း ၁ ထရီလီယံနီးပါးအထိ မြင့်တက်လာခဲ့တာကို တွေ့မြင်ရပါတယ်။

 

သို့ပေမဲ့ Alimentation Couche-Tard ရဲ့ စျေးကွက်တန်ဖိုးကတော့ လက်ရှိ ကနေဒါ ဒေါ်လာ ၈၀ ဘီလီယံ (ဒေါ်လာ ၅၈ ဒသမ ၆ ဘီလီယံ) အောက်သာရှိနေသေးတာကို တွေ့ရှိရပါတယ်။ ကနေဒါကုမ္ပဏီဟာ ဧပြီလကုန်မှာ ဒေါ်လာ ၆၉ ဒသမ ၂ ဘီလီယံအထိ ရောင်းချနိုင်ခဲ့ပေမယ့် ဖေဖော်ဝါရီလကုန်မှာ Seven Eleven & I ရဲ့ ‌ရောင်းအား ဒေါ်လာ ၇၅ ဒသမ ၂ ဘီလီယံထက် အနည်းငယ်လျော့နည်းခဲ့တာကို တွေ့ရှိရပါတယ်။ Seven Eleven & I တို့ရဲ့ ရောင်းအားပိုမိုကောင်းမွန်ခြင်း၊ နေရာအနှံ့စတိုးဆိုင်အများအပြားရှိနေခြင်း စတဲ့ အဆိုပါအချက်နှစ်ခုစလုံးက သူတို့လေလံတင်ထားတဲ့ စတော့ရှယ်ယာစျေးနှုန်းများအပေါ် အကျိုးသက်ရောက်မှုမရှိပါဘူး။ အဲ့ဒီလို လုပ်ဆောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လုပ်ငန်းကို ဒီထက်မက ပိုမိုထိရောက်မှုရှိစေဖို့အတွက်ပဲ ဖြစ်ပါတယ်။

 

Alimentation Couche-Tard & ရဲ့ရင်းနှီးမြှပ်နှံထားတဲ့ အရင်းအနှီးမှ ပြန်လည်ရရှိငွေဟာ Seven Eleven & I ရဲ့ ၃ % ထက် ၁၁ % သိသိသာသာ ပိုမြင့်မားတာကို တွေ့ရပါတယ်။ Seven Eleven နဲ့နှိုင်းယှဉ်ပါက Alimentation ဟာ ဆင်ခြေဖုံးဒေသများရှိ ဓာတ်ဆီဆိုင်များမှာ စတိုးဆိုင်များ ဖွင့်ထားခြင်းအားဖြင့် အမြတ်အစွန်းများသာမက ၀င်ငွေများလည်း ပိုမိုရရှိစေပါတယ်လို့ ငွေရေးကြေးရေးကုမ္ပဏီမှ လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။ Seven Eleven & I ဟာ စတိုးဆိုင်များနဲ့ စူပါမားကတ်များအပါအဝင် လုပ်ငန်းမျိုးစုံကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် သူတို့ရဲ့ လုပ်ငန်းစီမံခန့်ခွဲမှုဟာ ထိရောက်မှုမရှိလို့ အမြဲတမ်းဝေဖန်ခံနေရပြီး အစုရှယ်ယာရှင်များကလည်း ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ဖို့ ကုမ္ပဏီကို မကြာခဏဖိအားပေးနေလေ့ရှိပါတယ်။

 

၂၀၁၅ ခုနှစ်မှာ US hedge fund Third Point က ကုမ္ပဏီရဲ့ ရှယ်ယာ ၅% အောက်ကို ၀ယ်ယူခဲ့ပြီး Sogo & Seibu စတိုးဆိုင်ခွဲများကို ပြန်လည်ဖွဲ့စည်းပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ တခြား US Hedge Fund ဖြစ်တဲ့ Value Act Capital ဟာ Ito-Yokado စတိုးဆိုင်များ၊ တခြားကုမ္ပဏီများကို သီးသန့်ခွဲထုတ်ဖို့ ၂၀၂၃ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ ရှယ်ယာရှင်များအစည်းအ‌‌‌ဝေးမှာ အဆိုပြုတင်သွင်းခဲ့ပါတယ်။ ကုမ္ပဏီက အဆိုပါအဆိုပြုချက်များကို သုံးသပ်ဆွေးနွေးပြီးနောက် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ US Fund သို့ Sogo & Seibu ကို ရောင်းချခဲ့ပါတယ်။

 

အဖွဲ့ရဲ့ မူလလုပ်ငန်းဖြစ်တဲ့ Ito-Yokado ကလည်း အဝတ်အစားများ ရောင်းချလေ့ရှိတဲ့ အမှတ်တံဆိပ်မှနုတ်ထွက်ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်မှာ ဆိုင်ပေါင်း ၃၃ ဆိုင်ကို ပိတ်ဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီလိုကြိုးပမ်းဆောင်ရွက်မှုများ လုပ်ဆောင်နေပေမယ့်လည်း စျေးကွက်ရဲ့ အခြေအနေမှာ တိုးတက်မှုမရှိတာကြောင့် Seven Eleven & I ရဲ့ စတော့ရှယ်ယာစျေးနှုန်းက ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ၆% ကျဆင်းသွားခဲ့ပါတယ်။ Nikkei ရဲ့ပျမ်းမျှ ၁၄% မြင့်တက်မှုနဲ့ နှိုင်းယှဉ်ပါက Seven Eleven & I ရဲ့ စတော့ရှယ်ယာကျဆင်းမှုဟာ ပိုပြီးသိသာထင်ရှားစေတာကိုတွေ့ရပါတယ်။ Uniqlo parent Fast Retailing နဲ့ Aeon တို့ရဲ့ စတော့ရှယ်ယာ ၁၅% နဲ့ ၁၀% အသီးသီး တက်လာခဲ့တာကို တွေ့ရပါတယ်။ Isaka ဟာ ကုမ္ပဏီကို ကမ္ဘာ့အဆင့်မီ လက်လီရောင်းချတဲ့ အုပ်စုတစ်ခုအဖြစ် ရည်မှန်းထားပေမယ့်လည်း သူတို့ရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ ဂျပန်နဲ့ အမေရိကန်ရှိ စတိုးဆိုင်လုပ်ငန်းများဟာ တိုးတက်မှု နှေးကွေးခြင်းများနဲ့ ရင်ဆိုင်နေရပါတယ်။

 

ဂျပန်ရှိ Seven Eleven စတိုးဆိုင်များဟာ ဆန်းသစ်တဲ့ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို မိတ်ဆက်ကာ Onigiri ထမင်းလုံးများကို ရောင်းချပေးခြင်းအားဖြင့် စတိုးဆိုင်များမှာ ငွေအလွယ်တကူပေးချေနိုင်ဖို့ ATM စက်များ တပ်ဆင်ခြင်းတို့ကို လုပ်ဆောင်ပေးခဲ့ပါတယ်။ စတိုးဆိုင်တစ်ဆိုင်လျှင် သူတို့ရဲ့ နေ့စဉ်ရောင်းအားက ပြိုင်ဘက် Lawson နဲ့ Family Mart တို့ထက် အဆပေါင်းများစွာ ကျော်လွန်နေတာကိုလည်း တွေ့ရပါတယ်။ သို့ပေမဲ့ မတ်လမှမေလအတွင်း ပြည်တွင်း ကုန်စုံဆိုင်လုပ်ငန်းများရဲ့ ဝင်ငွေမှာ တစ်နှစ်ထက်တစ်နှစ် ၄ % ကျဆင်းမှုများနဲ့ ကြုံတွေ့နေရပါတယ်။

 

ဇူလိုင်လမှာ အလားတူစတိုးဆိုင်များရဲ့ရောင်းအားက ယခုနှစ်မှာ ၀ ဒသမ ၆ % ထိ ဆက်တိုက်ကျဆင်းခဲ့တာကို တွေ့မြင်နေရပါတယ်။ လုပ်ငန်းဝင်ငွေလည်ပတ်မှု ၇၀% ကြီးထွားလာခဲ့တဲ့ ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တဲ့ စတိုးဆိုင်လုပ်ငန်းများကလည်း မတ်လမှမေလအတွင်း သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှု ဝင်ငွေများ ကလည်း ၈၀ % ထိ ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။ အမေရိကန်မှာ ငွေကြေးဖောင်းပွမှု ပိုမိုဆိုးရွားလာခြင်း၊ မြို့ပြနေရာများအထိ ထိခိုက်နစ်နာမှုရှိလာခြင်းကြောင့် ဝင်ငွေအနည်းငယ်သာရရှိတဲ့ အိမ်ထောင်စုများရဲ့ ဝယ်ယူမှုက (၁၁) လဆက်တိုက်သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။

 

အဲ့အတောအတွင်း၊ Lawson က သီးခြားကုမ္ပဏီအဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်ထားပြီး ဆက်သွယ်ရေးအော်ပရေတာ KDDI နဲ့ ကုန်သွယ်ရေးအတွက် Mitsubishi Corp တို့ အတူတကွပူးပေါင်းစီမံခန့်ခွဲမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ KDDI ရဲ့ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး စတိုးဆိုင်များနဲ့ အင်တာနက်ပေါင်းစပ်ထားတဲ့ လုပ်ငန်းပုံစံတစ်ခုကို ရှာဖွေနေလျက်ရှိပါတယ်။ ”ဒီနှစ်ထဲမှာ ကျရောက်မယ့် Seven Eleven ရဲ့ နှစ် ၅၀ ပြည့်ပွဲဖြစ်ပေမယ့် ကုမ္ပဏီက အရင်တုန်းကလို အောင်မြင်မှုပုံစံတွေကို လိုက်မီဖို့အတွက် လူမှုအသိုက် အ၀န်းများ၊ လိုက်လျောညီထွေမှုရှိတဲ့ အ‌ပြောင်းအလဲများ မပြုလုပ်နိုင်တာကို တွေ့နေရပါတယ်လို့ ” ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

YOSHIHIRO HARA, KOSUKE OKAMOTO, HIDEKI SHINOHARA & NIKKEI တို့ရဲ့ Seven Eleven & I's slumping stock price raises takeover risk ဆောင်းပါးကို အားဇဲဇာဆာ မှ ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။

 

U Ah Zer Zar Sar

DBL.LLB.BARS MBA ( Assumption University, Thailand)