Clean Technology နဲ့ စီးပွားရေးအခွင့်အလမ်း

20 ရာစုရဲ့နှောင်းပိုင်းမှာ သိသိသာသာထင်ရှားလာတဲ့ ခေတ်ရေစီးကြောင်းတွေထဲမှတစ်ခုက ကျွန်တော်တို့လူသားတွေအနေနဲ့ ကျွန်တော်တို့ရဲ့ကမ္ဘာမြေအတွက် ထိန်းသိမ်းမှုတာဝန်ကို တဖြည်းဖြည်းချင်း အသိအမှတ်ပြုလုပ်ဆောင်လာကြခြင်း ဖြစ်ပါတယ်။ ဒီအချက်ဟာ ကျွန်တော်တို့ လူတစ်ဦးချင်းအတွက်၊ အဖွဲ့အစည်းလုပ်ငန်းများအတွက်အပြင် သက်ဆိုင်ရာ အာဏာပိုင်များအတွက်ပါ တာဝန်တစ်ရပ်အနေနဲ့ ထိန်းသိမ်းလုပ်ဆောင်ဖို့ ပေါ်ပေါက်လာစေ ပါတယ်။ အနာဂတ်အပေါ် ကြီးမားတဲ့အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုကို လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေထဲမှ တစ်ခုကတော့ နည်းပညာ Technology တွေကို အသုံးချပြီး စီးပွားရေးလုပ်ငန်းနဲ့ လူမှုနေထိုင်မှုပတ်ဝန်းကျင်မှာ ဆန်းသစ်တီထွင် ဖန်တီးမှုတွေ လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။

အထူးသဖြင့် Clean Technology တွေဖြစ်လာစေဖို့ ဖြစ်ပါတယ်။ Clean Technology ဆိုတာ ကမ္ဘာကြီးကို အထိအခိုက်နည်းပြီး ဆန်သစ်တဲ့ နည်းပညာတွေပါ။ ဒီလိုလုပ်ဆောင်တဲ့ အခါ ထပ်စဉ်းစားရမယ့်တစ်ခုက ဆန်းသစ်တီထွင်မှုတွေလုပ်ဖို့ ရန်ပုံငွေရရှိခြင်းကိစ္စ ဖြစ်ပါတယ်။ ရန်ပုံငွေရရှိရေးမှာလည်း သက်ဆိုင်ရာအစိုးရဟာ ရန်ပုံငွေအများဆုံး ထောက်ပံ့ ပေးနိုင်တဲ့အခန်းကဏ္ဍကနေ ပါဝင်ပြန်ပါတယ်။ ရန်ပုံငွေ ရှာဖွေခြင်းဟာ လုပ်ငန်းပရောဂျက်ကြီး တွေအတွက် အစောပိုင်းအဆင့်ပရောဂျက်တွေတွေမှာ ကြီးမားတဲ့စိန်ခေါ်မှုများထဲမှ တစ်ခု ဖြစ်နေပေမယ့် လုပ်ငန်းငယ်တွေအတွက်ကတော့  အစိုးရဆီမှမဟုတ်ဘဲ တခြားရန်ပုံငွေ အရင်းအမြစ်တွေကို မှီခိုအားထားနိုင်ခြင်းနဲ့လည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါ့ကြောင့် Innovative Opportunities တွေပါဝင်တဲ့ Project တွေကတစ်ဆင့် Clean Technology တွေ ဆန်းသစ်တိုးတက်လာအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

၁။ သဘာဝစွမ်းအင်အရင်းမြစ်အသုံးပြုခြင်း

 နေရောင်ခြည်နဲ့ လေစွမ်းအင်တွေသုံးစွဲမှုတွေဟာ Clean Technology ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒါဟာ Sustainability လို့ခေါ်တဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ စွမ်းအင်ရင်းမြစ်တွေနဲ့ ကမ္ဘာကြီးကို ထိန်းသိမ်းပြောင်းလဲဖို့အတွက် စတင်စဉ်းစားသင့်တဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ နေစွမ်းအင်အသုံးပြုတဲ့ Solar energy ကို သာဓကအနေနဲ့ မြင်နိုင်ပါတယ်။ Solar energy ရဲ့အောင်မြင်မှုဟာလည်း Clean Technology အတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာပါတယ်။ လက်ရှိမှာ သက်ဆိုင်ရာအစိုးရတွေကလည်း သဘာဝစွမ်းအင် ထုတ်လုပ်မှုတွေကို ပိုအားစိုက်လာကြပါတယ်။ အကြောင်းက စျေးကွက်ထဲက စားသုံးသူတွေဟာ ကိုယ်ရွေးချယ်မယ့်ပစ္စည်းရဲ့ Eco-friendly နဲ့ Sustainability တို့ကို ဂရုစိုက်လာနေကြတဲ့အတွက် ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရ အကူအညီမပါဘဲနဲ့ သဘာဝစွမ်းအင်နည်းပညာတွေကို စီးပွားဖြစ် အောင်မြင်အောင် ပြုလုပ်နေကြတဲ့ အဖွဲ့စည်းတွေလည်း ရှိနေကြပါတယ်။

၂။ Smart Grid နည်းပညာများ

Smart grid ဆိုတာ လည်ပတ်မှုနဲ့ စွမ်းအင်တိုင်းတာမှုအမျိုးမျိုး ပါ၀င်တဲ့ လျှပ်စစ်ဂရစ်တစ်ခု ဖြစ်ပါတယ်။ ထိရောက်တဲ့စွမ်းအင်ဖြန့်ဖြူးမှုတွေဟာ Sustainability ရှိတဲ့ အနာဂတ်အတွက် အဓိကအချက်ဖြစ်နေပြီး Smart Grid နည်းပညာတွေက စွမ်းအင်စီမံခန့်ခွဲမှုကို ပိုကောင်းအောင်လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကိုလည်း ထောက်ပံ့ပေးနေပါတယ်။ စွမ်းအင်ပေးပို့မှု/ဖြန့်ဖြူးမှု တွေကို ထိရောက်ချင်ရင် အချက်အလက်လေ့လာစမ်းစစ်မှု Data Analysis တွေ လုပ်ပြီး သေချာမြှင့်တင်ရမှာ ဖြစ်ပါတယ်။ မြှင့်တင်ဖို့ ဒီနယ်ပယ်ရှိ စတင်လုပ်ကိုင်သူတွေဟာ ဒေတာခွဲခြမ်းစိတ်ဖြာမှုနဲ့ အဆင့်မြင့်အာရုံခံ ကိရိယာ များကို အသုံးချပါတယ်။ အဖွဲ့အစည်းတွေအတွက် သူတို့ရဲ့ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့နဲ့ စွမ်းအင်ထိရောက်မှု မြှင့်တင်ဖို့ Smart Grid စတင်တည်ထောင် ခြင်းတွေ လုပ်လာကြပါတယ်။

၃။ စွမ်းအင်သိုလှောင်မှု

သဘာဝစွမ်းအင်ရင်းမြစ်တွေ များလာတာနဲ့အတူ ဒီစွမ်းအင်တွေကို ဘယ်လို သိုလှောင်မလဲဆိုတာကလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။ ပြဿနာက သဘာဝ စွမ်းအင်ရရှိမှုဟာ ရာသီဥတုလို ပြင်ပအခြေနေတွေပေါ်မှာလည်း မူတည်နေပါ သေးတယ်။ ဆိုလိုတာက တချို့အချိန်တွေမှာ သဘာဝစွမ်းအင်ဟာ လိုအပ်တာ ထက်ပိုရနေတတ်ပြီး တချို့အချိန်တွေမှာ လိုအပ်တာထက် လျော့နည်းနေတတ်လို့ ပါ။ ဒါကြောင့် လုံလောက်တဲ့ စွမ်းအင်သိုလှောင်မှုဟာ လိုအပ်လာပြီး စွမ်းအင်ပြတ်လပ်မှု/ ပိုလျှံမှုတွေမဖြစ်အောင် ချိတ်ဆက်ထိန်းညှိနိုင်ဖို့ အရေးကြီး ပါတယ်။ သာဓကအနေနဲ့  Tesla ရဲ့ Powerwall လို့ခေါ်တဲ့ အိမ်သုံးဘက်ထရီ သိုလှောင်မှုစနစ်ဟာ စွမ်းအင်သိုလှောင်မှု၊ တီထွင်ဆန်းသစ်မှုမှာ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေရှိတယ်လို့ ဆိုပါတယ်။ ဆိုတော့ ကျွန်တော်တို့သာ စွမ်းအင်သိုလှောင်မှုကို သေချာဆန်းသစ်နိုင်ရင် ဒီလိုနယ်တွေမှာ ရှိနေတဲ့ လုပ်ငန်းတွေ၊ စိတ်ဝင်စားတဲ့သူတွေက Clean Technology ကို ပိုမိုလက်ခံ အသုံးပြုလာကြမှာ ဖြစ်ပါတယ်။

၄။ အမှိုက်မှ စွမ်းအင်သို့ ပြောင်းလဲခြင်း

Clean Technology မှာ စွန့်ပစ်ပစ္စည်းတွေကို အဖိုးတန်စွမ်းအင် အရင်းအမြစ်အဖြစ် ပြောင်းလဲခြင်းဟာလည်း သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးအရ အလွန်ကောင်းတဲ့အကြံဉာဏ်ပါ။ စွန့်ပစ်ပစ္စည်းမှ စွမ်းအင်သို့ ပြောင်းလဲခြင်းကို စူးစမ်းလေ့လာနေတဲ့ (ဒါမှမဟုတ်) လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကတော့ အမှိုက်တွေကို စီမံမှုလုပ်ရတာနဲ့ သဘာဝစွမ်းအင် ထုတ်လုပ်ခြင်းဆိုင်ရာ စတဲ့ပြဿနာနှစ်ခုကို တစ်ပြိုင်နက်တည်း ဖြေရှင်းပေးနိုင် တယ်ဆိုတာကို သိရှိကြပါတယ်။ ဥပမာ - Circular Economy ပုံစံတွေဖြစ်တဲ့ အိမ်ရှိစားကြွင်းစားကျန်တွေကနေ စွမ်းအင်ထုတ်ယူတာမျိုးတွေ၊ အသီးအရွက် ပိုလျှံတာတွေကနေ စွမ်းအင်ထုတ်ယူတာတွေ ဖြစ်ပါတယ်။

၅။ သဘာဝဂေဟစနစ်ကိုကောင်းစေတဲ့ သယ်ယူပို့ဆောင်ရေး

သယ်ယူပို့ဆောင်ရေးကဏ္ဍဟာလည်း ကာဗွန်ထုတ်လွှတ်မှုတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပြီး Eco-friendly ဂေဟစနစ်ကို ဦးတည်တဲ့နေရာမှာလည်း ထည့်ပြီးစဉ်းစားရမယ့်အချက်ပါ။ BYD နဲ့ Tesla တို့လို ကုမ္ပဏီတွေရဲ့ သယ်ယူ ပို့ဆောင်ရေးစနစ်တွေကို လေ့လာကြည့်ပါ၊ သာဓကဖြစ်စေပါလိမ့်မယ်။ ဟုတ်ပါတယ်၊ မော်တော်ယာဉ်တွေ ထုတ်လုပ်ခြင်းဟာ စက်ပစ္စည်းကိရိယာ ပေါင်းများစွာနဲ့ လုပ်နေရတာဖြစ်တဲ့အတွက် တော်ရုံပြိုင်ဘက်အသစ်တွေ ဝင်မလာ စေပါဘူး။ ဆိုလိုတာက လျှပ်စစ်ကားရဲ့ ဂေဟစနစ်ဖော်ဆောင်ရေးကို အကောင် အထည်ဖော်ဖို့အစပိုင်းမှာ သီအိုရီအရရော၊ လက်တွေ့အရပါ လိုအပ်ချက် အများကြီးရှိခဲ့ပါတယ်။ ဥပမာ - fleet management solutions၊ last-mile delivery solutions၊ educational platforms၊ ပြီးတော့  charging infrastructure software စတဲ့ ဒီလိုမျိုး ဆန်းသစ်တဲ့ အကောင်အထည် ဖော်ခဲ့မှုတွေဟာ ဒီလုပ်ငန်းစုတွေထဲမှာ လွယ်လွယ်ဝင်လာလို့မရတဲ့ Clean Technology ရဲ့ အစိတ်အပိုင်းတချို့ပါပဲ။  

Forbes တွင် Abdo Riani ရေးသားသော Innovative Startup Opportunities in Clean Technology, SmartGrid.gov နှင့် iea.org တို့မှ ကောက်နှုတ်ရေးသားထားပါသည်။

U Zin Lwin Thant 

B.Act, M.Act (MUE)