Basic Computer Science Concepts Part - 2 & 3

Part-2 “Hardware and Software”

‘Hardware and Software’ ဆိုတဲ့ ဒီ terms နှစ်ခုလုံးက ကျွန်ုပ်တို့အားလုံးနဲ့ မစိမ်းဘူးလို့ ထင်ပါတယ်။ ကျွန်ုပ်တို့နေ့စဉ်အသုံးပြုနေတဲ့ smartphones တွေ personal computers တွေဟာဆိုရင် ဒီ terms နှစ်ခုနဲ့ အုတ်မြစ်ချတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒီအရာနှစ်ခုလုံးကို ထဲထဲဝင်ဝင် လေ့လာကြည့်မယ်ဆိုရင် သူတို့ဟာ ဘယ်လိုအရေးကြီးလဲဆိုတာကို သိရမှာပါ၊၊ Hardware ဆိုတာက ကျွန်ုပ်တို့ရုပ်ပိုင်းဆိုင်ရာ ကိုင်တွယ်လို့ရတဲ့ အရာဝတ္ထုတွေပေါ့။ ဥပမာ ပြောရရင် computer တစ်လုံးရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ keyboard, monitors တို့လိုပေါ့ ဒါမှမဟုတ်ရင် computer ရဲ့အတွင်းပိုင်းက devices တွေဖြစ်တဲ့ microchips တွေ၊ hard drives တွေပါ၊၊

Software ဆိုတာကတော့ စောစောက hardware တွေကို ဘာလုပ်ပါ၊ ဘယ်လိုလုပ်ပါဆိုပြီး ပြောပေးနေတဲ့အရာတွေပါ။ Computer programs တွေလည်းဖြစ်နိုင်သလို phone ပေါ်က apps တွေလည်း ဖြစ်နိုင်ပါတယ်။ example ပြရမယ်ဆိုရင်တော့ ကျွန်ုပ်တို့ အမြဲတမ်းအသုံးပြုလေ့ရှိတဲ့ photo editors, video games, web browser တွေပေါ့၊၊ ဆိုတော့ hardware နဲ့ software ကလုံးဝကို မတူတဲ့အရာနှစ်ခုဖြစ်ပေမယ့်လို့ လုပ်ငန်းတာ၀န်တစ်ခု လုပ်ဆောင်ဖို့အတွက်တော့ နှစ်ခုလုံးက မရှိမဖြစ် လိုအပ်နေတာပါပဲ။ ဒီနေရာမှာ example လေး တစ်ခုကို ကြည့်လိုက်ရအောင်။ ကျွန်ုပ်တို့အားလုံး smartphone တွေ သုံးကြတယ်မလား။ ကျွန်ုပ်တို့လက်ထဲမှာ ကိုင်ထားတဲ့ physical phone ကိုယ်တိုင်က hardware ကြီးပါ။ software ကတော့ သူ့ရဲ့ operating system နဲ့ apps တွေပေါ့။

(operating system _ Android, IOS...) တကယ်လို့ ကျွန်ုပ်တို့က software တွေကိုဖယ်ပစ်လိုက်မယ်ဆိုရင် ကျွန်ုပ်တို့လက်ထဲမှာရှိနေတာသည် သေနေတဲ့ phone တစ်လုံးသာ ဖြစ်သွားပါလိမ့်မယ်။ ကျွန်ုပ်တို့လိုအပ်တဲ့ phone call တွေလည်း လုပ်လို့မရသလို text message တွေ internet တွေကိုလည်း သုံးလို့ရတော့မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် အဲ့ဒီ function တွေကို လုပ်ဆောင်ပေးမယ့် instructio ns တွေ မရှိတော့လို့ပါ။ ဒီအတိုင်းပဲ hardware တွေသာမရှိဘူးဆိုရင် ကျွန်ုပ်တို့တွေဟာ phone ဆိုတာကိုလည်း မြင်ရမှာ မဟုတ်တော့ပါဘူး။ ဒီအချိန်မှာ ကျွန်ုပ်တို့လက်ထဲမှာ ရှိနေတဲ့ programs တွေဟာ ဆိုရင် သိမ်းဆည်းထားတဲ့ instructions တွေသာ ဖြစ်သွားပါလိမ့်မယ်။ ဒီ instructions တွေကို ပေးပြီးလုပ်ခိုင်းမယ့် hardware တွေက မရှိတော့တာပေါ့။ ဒီတော့ hardware တွေက ဦးတည်ချက်တစ်ခုကို လုပ်ဆောင်နိုင်ဖို့အတွက် ဘာလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲဆိုတဲ့ instructions တွေလာပေးပြီး လုပ်ခိုင်းမယ့် software တွေကို လိုအပ်ပါတယ်၊ အပြန်အလှန်ပဲပေါ့။

Part-3 “Binary”

ကျွန်ုပ်တို့ သမိုင်းတစ်လျှောက် လူ့ယဉ်ကျေးမှုအားလုံးနီးပါးမှာ 0 ကနေ 9 ထိရှိတဲ့ ဒဿမကိန်း စနစ်ကို လိုအပ်သလို ပေါင်းစပ်ပြီး အသုံးပြုနေကြပါတယ်။ ဒါကို digital world မှာ ပုံမှန်အားဖြင့် decimal number system လို့ သိကြပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့အသုံးပြုနေကြတဲ့ computer တွေကတော့ လုပ်ဆောင်ပုံချင်းမတူပါဘူး။ သူတို့ကတော့ 0 နဲ့ 1 ဂဏန်းနှစ်လုံးသာရှိတဲ့ binary number system ကိုသာ အမြဲတမ်း အသုံးပြုပါတယ်။ Computer တွေက အလုပ်လုပ်ဆောင်ဖို့ဆိုရင် သူတို့ဟာ information တွေကို လိုအပ်ပါတယ်။ ဒီလို digital information နဲ့ data တွေကို bits လို့ခေါ်တဲ့ သေးငယ်တဲ့ အရာလေးတွေနဲ့ ဖွဲ့စည်းထားတာပဲဖြစ်တယ်။ Bit ဆိုတာကတော့ binary digit ရဲ့ အတိုကောက် စာလုံးလို့ ပြောလို့ရပါတယ်။ ဆိုလိုတာကတော့ zero ဒါမှမဟုတ် one တစ်လုံးချင်းစီကို ကိုယ်စားပြုပါတယ်။ (single number ကိုပြောတာပါ။)

ဒီ bit unit အသေးလေးတွေကို စုပေါင်းပြီး ပိုပြီးကြီးတဲ့ larger unit တွေဖြစ်တဲ့ bytes, megabytes လိုမျိုး file size တွေကိုတိုင်းတာလို့ရတဲ့ unit တွေအဖြစ် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ File ပိုကြီးရင် bit အရေအတွက် ပိုများပါလိမ့်မယ်။ ပိုမိုကြည်လင်ပြတ်သားမှုရှိတဲ့ video resolution တွေဟာဆိုရင် millions နဲ့ချီတဲ့ bits တွေနဲ့ ဖွဲ့စည်းပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။

ဆိုတော့ ဒီ zero တွေ one တွေက ဘယ်လိုစုပေါင်းပြီး computer ကို အလုပ်လုပ်စေတာလဲပေါ့။ ကျွန်ုပ်တို့တွေ ဒီ binary ကို light switch လို မီးခလုတ်တစ်ခုအဖြစ်စဉ်းစားကြည့်ရအောင်။ One က မီးခလုတ်ဖွင့်တာကို ကိုယ်စားပြုပြီး zero က မီးခလုတ်ပိတ်တာကို ကိုယ်စားပြုတယ်ပေါ့။ Binary နဲ့ဆိုရင် မီးက ဖွင့်မယ်ပိတ်မယ်ကလွဲရင် တခြားဖြစ်နိုင်တဲ့ state ထပ်မရှိနိုင်ပါဘူး။ ဒီ zero, one bits လေးတွေကို မတူညီတဲ့ပုံစံမျိုးစုံနဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာ code လိုမျိုး ပုံသဏ္ဍာန်ပေါ်လာပါတယ်။ ကျွန်ုပ်တို့ computer က ဒီ code တွေကို အလျင်အမြန် process လုပ်ပြီး data အဖြစ် translate လုပ်လိုက်တာပါပဲ။ အဲ့ဒီနောက်မှာမှ ကွန်ပျူတာက ဘာလုပ်ရမလဲဆိုတဲ့information ကို ရသွားတာပဲဖြစ်ပါတယ်။

ဆိုတော့ ကျွန်ုပ်တို့အားလုံး နေ့စဉ်ရေတွက် အသုံးပြုနေကျဖြစ်တဲ့ ကိန်းစနစ်ကို computer မှာ အသုံးမပြုတာက အံသြစရာတစ်ခုဖြစ်နေပါလိမ့်မယ်။ Binary လိုမျိုး on /off state နှစ်ခုပဲ ရှိတဲ့ number system အစား decimal ကိုသာ computer က သုံးခဲ့မယ်ဆိုရင် 10 states နဲ့ လုပ်ရမယ့် အလုပ်တွေပိုများပြီး ကွန်ပျူတာကိုယ်တိုင်ကလည်း process လုပ်ရတာ ပိုခက်သွားမှာပါ။ ဒါကြောင့် binary number system က computer အတွက် process လုပ်မို့ ပိုပြီးလွယ်ကူ ရိုးရှင်းစေပြီး space ကိုလည်း သက်သာစေပါတယ်။

ကျွန်ုပ်တို့ လက်တွေ့ကမ္ဘာမှာရှိတဲ့ အရာဝတ္ထုတွေဟာ atoms တွေနဲ့ဖွဲ့စည်းထားသလိုပဲ digital world မှာ ရှိတဲ့ အရာတွေကို ဖြိုခွဲလိုက်ရင် binary အနေနဲ့ ကျန်ရှိနေမယ့်သဘောပါ။ အဲ့ဒါတွေကတော့ ကျွန်ုပ်တို့အားလုံးရဲ့မျက်လုံးနဲ့ မမြင်နိုင်တဲ့ zeros/ones အစုအဝေးတွေပါပဲ။

Daw Pearl Wutt Hmone

B.C.Tech (UCST)