ကွန်ပျူတာသိပ္ပံကျောင်းသားများအတွက် စာလေ့လာနည်း (၁၃) ချက်
ကွန်ပျူတာသိပ္ပံတွင် အောင်မြင်ရန် သီအိုရီအသိပညာ၊ လက်တွေ့စွမ်းရည်များနှင့် ထိရောက်သော စာလေ့လာနည်းများ ပေါင်းစပ်အသုံးပြုရန် လိုအပ်ပါသည်။ ကွန်ပျူတာသိပ္ပံကျောင်းသားများအတွက် အရေးကြီးသော အကြံပြုချက် (၁၃) ချက်ကို အကျဉ်းချုပ်ဖော်ပြထားပါသည်။
၁။ သင်တန်းများအပြင်မှ အသိပညာရှာဖွေပါ
စာသင်ခန်းသင်ကြားမှုများသည် အခြေခံအသိပညာပေးသော်လည်း မိမ်ဘာသာလေ့လာမှုက ပိုမိုအရေးကြီးပါသည်။ ကိုယ်စိတ်ဝင်စားသော ခေါင်းစဉ်များကို လေ့လာပါ၊ လုပ်ငန်းခွင်လိုအပ်ချက်များကို သုတေသနပြုလုပ်ပါ။
၂။ နောက်ဆုံးအချိန်မှ စာကျက်ခြင်းကို ရှောင်ပါ
အထူးသဖြင့် လက်တွေ့စာမေးပွဲများရှိသော ဘာသာရပ်တွင် အချိန်မီကြိုတင်လေ့လာခြင်းက ပိုမိုထိရောက်ပါသည်။
၃။ သီအိုရီဆိုင်ရာ ကွန်ပျူတာစွမ်းရည်များ ဖွံ့ဖြိုးစေပါ
ကုဒ်ရေးခြင်းထက် ကွန်ပျူတာသိပ္ပံ၏ သမိုင်းကြောင်းနှင့် နည်းပညာအသစ်များကို နားလည်ခြင်းက ပိုမိုကျယ်ပြန့်သော အမြင်ကို ပေးစွမ်းနိုင်ပါသည်။
၄။ လက်တွေ့စွမ်းရည်များ မြှင့်တင်ပါ
သင်တန်းများနှင့်အတူ ကိုယ်ပိုင်ပရောဂျက်များ (ဥပမာ - ပရိုဂရမ်ငယ်များရေးခြင်း၊ ဟာ့ဒ်ဝဲတပ်ဆင်ခြင်း) ပြုလုပ်ခြင်းဖြင့် နားလည်မှုနှင့် လက်တွေ့အတွေ့အကြုံရယူပါ။
၅။ ဆရာများနှင့် မိတ်ဆွေများနှင့် ဆက်သွယ်ပါ
ဆရာများနှင့် အဆက်သွယ်ပြုလုပ်ခြင်းဖြင့် အလုပ်အကိုင်အခွင့်လမ်းနှင့် လမ်းညွှန်မှုတို့ကိုရယူပါ၊ အခြားကျောင်းသားများနှင့် ပူးပေါင်းခြင်းဖြင့် အသိပညာဖလှယ်ပါ။
၆။ အနားယူချိန်ကို ဦးစားပေးပါ
စာလေ့လာခြင်းနှင့် အနားယူခြင်းကို မျှတစွာပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပါ။
၇။ ပုံမှန်စာလေ့လာချိန် သတ်မှတ်ပါ
အာရုံမပျံ့လွင့်သော ပုံမှန်စာလေ့လာချိန်များ သတ်မှတ်ခြင်းဖြင့် ခက်ခဲသောအကြောင်းအရာများနှင့် စာမေးပွဲအတွက် ပြင်ဆင်ရာတွင် ပိုမိုနားလည်လာစေပါသည်။
၈။ သင်္ချာစွမ်းရည်များ မြှင့်တင်ပါ
အယ်လ်ဂိုရစ်သမ်နှင့် ယုတ္တိဗေဒ (Algorithms and Logic) အတွက် သင်္ချာစွမ်းရည်များ မြှင့်တင်ရန် အရေးကြီးပါသည်။
၉။ စာရေးစွမ်းရည် မြှင့်တင်ပါ
ကုဒ်မှတ်တမ်းတင်ခြင်း၊ သုတေသနစာတမ်းများရေးသားခြင်းနှင့် နည်းပညာရှင်းလင်းချက်များကို ရိုးရှင်းစွာရေးသားနိုင်စွမ်း လိုအပ်ပါသည်။
၁၀။ ရနိုင်သော အရင်းအမြစ်အားလုံးကို အသုံးချပါ
သင်ကြားရေးစင်တာများ၊ အွန်လိုင်းသင်ခန်းစာများ၊ လုပ်ငန်းခွင်ပညာရှင်များနှင့် ကျောင်းသားများအတွက် လျှော့စျေးများအစရှိသည်တို့ကို အမြင့်ဆုံးအသုံးချပါ။
၁၁။ အလုပ်သင်များ လျှောက်ထားပါ
လက်တွေ့အလုပ်အတွေ့အကြုံ၊ လုပ်ငန်းခွင်အသိပညာနှင့် ပရော်ဖက်ရှင်နယ်ဆက်သွယ်မှုများရရှိရန် အလုပ်သင်လုပ်ပါ။
၁၂။ ကိုယ်ပိုင် ဝက်ဘ်ဆိုက်တစ်ခု ဖန်တီးပါ
သင့်ပရောဂျက်များ၊ CV နှင့် စွမ်းရည်များကို ပြသနိုင်သော ကိုယ်ပိုင်ဝက်ဘ်ဆိုက်သည် အလုပ်ရှင်များအား ဆွဲဆောင်နိုင်ပါသည်။
၁၃။ Term တစ်ခုတိုင်း ပရောဂျက်တစ်ခု ပြီးမြောက်အောင် လုပ်ပါ
စာသင်နှစ်ဝက်တိုင်း ပရောဂျက်တစ်ခုပြုလုပ်ခြင်းဖြင့် သင်ယူထားသော အရာများကို အားဖြည့်ပါ၊ စွမ်းရည်များကို ထိန်းသိမ်းပါ။
နိဂုံး
ဤနည်းဗျူဟာများဖြစ်သည့် သီအိုရီနှင့်လက်တွေ့ဟန်ချက်ညီခြင်း၊ ပုံမှန်စာလေ့လာမှုပုံစံ၊ လူမှုကွန်ရက်ချဲ့ထွင်ခြင်းနှင့် လက်တွေ့အတွေ့အကြုံများရယူခြင်းတို့ဖြင့် ကွန်ပျူတာသိပ္ပံကျောင်းသားများသည် ပညာရေးတွင် ထူးချွန်ပြီး အနာဂတ်အလုပ်အကိုင်အတွက် ပြင်ဆင်နိုင်မည်ဖြစ်ပါသည်။
Reference: https://www.indeed.com/career-advice/career-development/computer-science-student-study-tips
Dr. Daw Thel Seint Aye
Acting Professor and Head, Strategy First Int'l College,
B.C.Sc., B.C.Sc. (Hons), M.C.Sc., Ph.D (IT)
