ဒီဂျစ်တယ်ခေတ်မှာ IT ပညာရပ်ကို ဘယ်လိုသင်ကြားမလဲ?

ဒီနေ့ခေတ်မှာ IT ပညာရပ်က တစ်စက္ကန့်တိုင်း အပြောင်းအလဲနဲ့ ပြေးနေတယ်ဆိုတာ ကျွန်တော်တို့အားလုံး အသိပါပဲ။ ကျောင်းသားတွေကို စာအုပ်ထဲက သီအိုရီချည်းပဲ ရွတ်ပြနေရုံနဲ့ မလုံလောက်တဲ့အချိန်၊ "လက်တွေ့ဘဝမှာ အသုံးချနိုင်မယ့် IT စွမ်းရည်" တွေကို ဘယ်လိုသင်ပေးကြမလဲဆိုတာ ဆွေးနွေးချင်ပါတယ်။

၁။ သီအိုရီထက် လက်တွေ့ကို အလေးပေးပါ

IT လောကမှာ "လုပ်ကြည့်မှသိမယ်" ဆိုတဲ့ အလေ့အကျင့်က အရေးကြီးပါတယ်။ သီအိုရီချည်းပဲ အလွတ်ကျက်ပြီး Exam ဖြေနိုင်တဲ့ ကျောင်းသားတစ်ယောက်ထက်၊ Bug တစ်ခုကို ကိုယ်တိုင်ရှာပြီး Fix နိုင်တဲ့ ကျောင်းသားက Industry မှာ ပိုအရေးကြီးပါတယ်။

ဥပမာ— Programming သင်တဲ့အခါ Syntax ကို အလွတ်ကျက်ခိုင်းတာထက်၊ Mini Project တစ်ခု (ဥပမာ— Calculator App, To-Do List) ကို တစ်ခါတည်း တည်ဆောက်ခိုင်းပါ။ ကျောင်းသားတွေ စိတ်ဝင်စားအောင် "ဒီ Code လေးရေးရင် ဘာဖြစ်မလဲ" ဆိုတဲ့ စပ်စုသဘောနဲ့ စမ်းကြည့်စေပါ။

"သီအိုရီက အခြေခံ၊ လက်တွေ့က အသက်" ဆိုတဲ့ အတွေးနဲ့ သင်ကြားဖို့ လိုပါတယ်။ ကျောင်းသားတွေရဲ့ Project တစ်ခုချင်းစီကို "တကယ်သုံးနိုင်မယ့် Product" အဖြစ် မြင်အောင် ကူညီပေးပါ။

၂။ နည်းပညာအသစ်တွေနဲ့ မိတ်ဆက်ပေးပါ

ကျွန်တော်တို့ရဲ့ ကျောင်းသားတွေကို ၂၁ ရာစုရဲ့ Digital Workforce အဖြစ် ပြင်ဆင်ပေးဖို့ဆိုရင် Update ဖြစ်နေတဲ့ Trend တွေနဲ့ ကြိုတင်မိတ်ဆက်ပေးဖို့ လိုပါတယ်

ဥပမာ— Cloud Computing, AI, Cybersecurity တို့လို Trends တွေကို Syllabus မှာ ထည့်သွင်းပါ။ ကျောင်းသားတွေ ကိုယ်တိုင် Free Online Tools (GitHub, AWS Free Tier, Google Colab) တွေနဲ့ လုပ်ကိုင်ကြည့်ဖို့ အားပေးပါ။

ကျောင်းသားတွေကို "နည်းပညာအသစ်တွေကို ကြောက်စရာမဟုတ်၊ အခွင့်အလမ်းတွေလို့ မြင်အောင်" သင်ပေးကြရအောင်ပါ...

၃။ ပြဿနာဖြေရှင်းနည်း (Problem-Solving) ကို သင်ပါ

Debugging ဆိုသည်မှာ Code Error များကို ရှာဖွေပြင်ဆင်ခြင်းဖြစ်ပြီး၊ အောင်မြင်သော Developer တစ်ဦး၏ အရေးကြီးဆုံးစွမ်းရည်တစ်ခုဖြစ်သည်။

IT မှာ Debugging ဆိုတာ အတတ်ပညာတစ်ခုပါ။ Code Error တက်နေရင် ဘယ်လို Stack Overflow, ChatGPT ကို အသုံးချပြီး ရှာဖွေရမလဲဆိုတာ လမ်းညွှန်ပေးပါ။ အောင်မြင်တဲ့ IT ပညာရှင်တိုင်းရဲ့ လျှို့ဝှက်ချက်က "မေးတတ်ဖို့၊ ရှာတတ်ဖို့" ပါပဲ။

IT ပညာရှင်တစ်ဦးဖြစ်ရန် မေးတတ်ခြင်း၊ ရှာတတ်ခြင်း၊ စမ်းသပ်တတ်ခြင်း တို့သည် အဓိကသော့ချက်ဖြစ်သည်။ Error တိုင်းကို စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။

၄။ Soft Skills ကို မေ့မထားပါနဲ့

ကျွန်တော်တို့ရဲ့ ကျောင်းသားတွေကို IT ပညာရှင်ကောင်းတွေအဖြစ် ပြုစုပျိုးထောင်ရာမှာ Technical Skills တွေတင်မကပါဘူး။ Soft Skills လို့ခေါ်တဲ့ အခြေခံလူမှုရေးစွမ်းရည်တွေကလည်း အရေးကြီးပါတယ်။ Soft Skills ဆိုတာ လူတွေနဲ့ဆက်ဆံရေး၊ အလုပ်လုပ်နည်း၊ အတွေးအခေါ်တွေကို စနစ်တကျ စီမံနိုင်တဲ့ စွမ်းရည်တွေပါ။ IT လောကမှာ အောင်မြင်ဖို့ဆိုရင် ဒီစွမ်းရည်တွေ မပါမဖြစ်လိုအပ်ပါတယ်။

ဒီဂျစ်တယ်ခေတ်မှာ Technical Skill တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အဖွဲ့လိုက်အလုပ်လုပ်နည်း (Teamwork), Presentation, Critical Thinking တို့ကိုပါ သင်ခန်းစာထဲ ပေါင်းစပ်ထည့်ပါ။ ဥပမာ— Project တစ်ခုကို အုပ်စုလိုက် Assign လုပ်ပြီး သူတို့ရဲ့ Solution ကို အတန်းရှေ့မှာ ရှင်းပြခိုင်းတာမျိုးပေါ့။

"Soft Skills တွေက ရေရှည်မှာ Technical Skills တွေထက်တောင် အရေးကြီးပါတယ်။ ကျောင်းသားတွေရဲ့ Career Growth အတွက် အဓိကသော့ချက်ပါ"

၅။ ကျောင်းသားတွေရဲ့ Feedback ကို နားထောင်ပါ

ကျွန်တော်တို့ရဲ့ သင်ကြားမှုပုံစံကို အဆက်မပြတ် မွမ်းမံနိုင်ဖို့ ကျောင်းသားတွေရဲ့ အမြင်တွေကို နားထောင်ဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ ထိရောက်တဲ့ Feedback System တွေ ဘယ်လိုတည်ဆောက်မလဲဆိုတာ အတူတူ ဆွေးနွေးကြည့်ရအောင်။

တစ်ခါတလေ သူတို့ဘက်ကကြည့်ရင် ဘာတွေခက်နေလဲဆိုတာ ကျွန်တော်တို့ မမြင်မိတတ်ပါဘူး။ Anonymous Feedback Form တွေ၊ Discussion Forum တွေဖန်တီးပြီး သင်ကြားမှုပုံစံကို အဆက်မပြတ် Upgrade လုပ်ပါ။

Feedback ဆိုတာ လက်ဆောင်ပါ။ ကျောင်းသားတွေက သူတို့ရဲ့အနာဂတ်အတွက် ကောင်းစေချင်လို့သာ ဝေဖန်တာပါ ဖြစ်ပါတယ်

ဒါကြောင့် အတိုချုပ် ပြောရမယ် ဆို ရင် IT ပညာရပ်က ရေခဲမြစ်ကြီးလိုပါပဲ။ Surface မှာမြင်ရတာထက် အောက်ခြေမှာ အများကြီး နက်နဲပါတယ်။ ဒါကြောင့် ကျောင်းသားတွေကို "သင်ယူချင်စိတ် (Curiosity)" နဲ့ "စူးစမ်းတတ်တဲ့အလေ့အကျင့်" တွေ မွေးမြူပေးဖို့ လိုပါတယ်။

"ဆရာတို့ရဲ့ အနာဂတ်ကို ပုံဖော်နေတယ်" ဆိုတဲ့ စိတ်နဲ့ သင်ကြားမှုတိုင်းကို အရည်အသွေးပြည့်အောင် လုပ်ကြရအောင်ပါ…လို့ပြောကြားချင်ပါတယ်
 

Dr. Daw La Wynn Sandi

Associate Professor, Strategy First Int'l College

B.C.Sc, B.C.Sc. (Hons), M.C.Sc., Ph.D (IT)