Personalized Learning: လုပ်ငန်းများအတွက် ယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်ရန် အဓိကသော့ချက်

ဒီနေ့ခေတ်လိုပြိုင်ဆိုင်မှုပြင်းထန်တဲ့အချိန်မှာ လုပ်ငန်းတွေအနေနဲ့ ခြေတစ်လှမ်း သာနေစေဖို့ ဝန်ထမ်း တွေရဲ့ skills တွေအလျင်အမြန်တိုးတက်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် အလျင်အမြန်တိုးတက်နိုင်မယ့် နည်းလမ်းတွေကို Learning and Development (L&D) teams တွေက ရှာဖွေလာကြပါတယ်။

ဒီလို L&D ပိုင်းမှာ လိုအပ်မှုပိုမိုမြင့်မားလာရတဲ့ အကြောင်းအရင်းတွေကတော့

၁။ နည်းပညာများအလျင်အမြန်ပြောင်းလဲလာမှု

နည်းပညာသစ်တွေပေါ်ပေါက်လာမှုကြောင့် ဝန်ထမ်းတွေရဲ့ ရှိနေပြီးသား skills တွေဟာ အသုံးချလို့ မရတော့ဘဲ အသစ်တဖန်လေ့လာဖို့ လိုအပ်လာပါတယ်။

၂။ အပြိုင်အဆိုင်များတဲ့ Global economy မှာရပ်တည်နိုင်ဖို့

Global economy မှာ ဆက်လက်ရပ်တည်နိုင်စေဖို့ ဝန်ထမ်းတွေဟာ လုပ်ငန်းရဲ့ goals တွေနဲ့အညီ လုပ်ဆောင်နိုင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေအတွက် training တွေ coaching တွေ mentoring တွေ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးဖို့လိုအပ်လာပါတယ်။

၃။ ဝန်ထမ်းအသီးသီးရဲ့ စိတ်ပါဝင်စားမှုတွေ Learning Styles တွေကွဲပြားမှု

ဝန်ထမ်းတွေမှာ စိတ်၀င်စားမှုအမျိုးမျိုး၊ learning styles အမျိုးမျိုးရှိတဲ့အတွက် သူတို့ရဲ့ စိတ်၀င်စားမှုတွေနဲ့ကိုက်ညီတဲ့ training တွေဟာ skills တွေ အလျင်အမြန်တိုးတက်လာဖို့အတွက် အထောက်အပံ့ကောင်းတွေ ဖြစ်လာပါတယ်။

ဒီ့အတွက်ကြောင့် L&D teams တွေအနေနဲ့ ဝန်ထမ်းတွေရဲ့ skills တွေမြှင့်တင်ဖို့နဲ့ အသစ်အသစ်သော skills တွေကို မြန်ဆန်ထိရောက်အောင်လေ့လာသင်ယူနိုင်စေဖို့ learning strategies တွေ၊ learning culture တွေကို တည်ဆောက်ပေးနိုင်ဖို့ လိုအပ်ပါတယ်။

Personalized learning

Personalized learning လုပ်ဆောင်ခြင်းဖြင့် L&D teams တွေအနေနဲ့ လုပ်ငန်းရဲ့ goals တွေနဲ့အညီ ဝန်ထမ်းတွေကို upskill, reskill လုပ်ဆောင်ပေးရာမှာ ပိုမိုထိရောက်မှုရှိလာနိုင်ပါတယ်။

Personalized learning လုပ်ဆောင်ခြင်းရဲ့ အကျိုးကျေးဇူးများကတော့

  • ဝန်ထမ်းတွေရဲ့စိတ်၀င်စားမှု၊ လေ့လာနိုင်စွမ်း၊ အားသာချက်၊ လက်ရှိ ရှိနေတဲ့ကျွမ်းကျင်မှုတွေနဲ့ အနာဂတ်ရဲ့လုပ်ငန်းလိုအပ်ချက်တွေပေါ်မူတည်ပြီး စနစ်တကျစီစဉ်ပြင်ဆင်ပေးနိုင်မှု
  • Learning journey (တစ်နေ့ကို ဘယ်သင်ခန်းစာ အချိန်ဘယ်လောက်ပေးပြီး လေ့လာမယ်)ကို ဝန်ထမ်းတွေကိုယ်တိုင်ထိန်းချုပ်နိုင်တာကြောင့် စိတ်၀င်စားမှု၊ စိတ်အားထက်သန်မှုမြင့်တက်စေမှုတို့ဖြစ်ပါတယ်။

 

Personalized training ကို

၁။ လိုအပ်တဲ့အချိန် လေ့လာသင်ယူနိုင်မှု

၂။ လက်ရှိအလုပ်မှာ ပိုမိုကောင်းမွန်စွာစီမံနိုင်ဖို့ လေ့ကျင့်သင်ကြားပေးနိုင်မှု

၃။ လုပ်ငန်းလိုအပ်ချက်နဲ့ကိုက်ညီတဲ့ skills များ လေ့လာနိုင်မှု

၄။ လုပ်ငန်းတွင်း အသစ်အသစ်သော skills များ လေ့လာနိုင်မှုတို့လို

အခြေအနေအမျိုးမျိုးမှာ အသုံးချနိုင်ပါတယ်။

Personalized learning ရဲ့ အားသာချက်တွေကတော့

၁။ Mobile learning style ကြောင့် ဝန်ထမ်းတွေဟာ learning assets တွေကို သူတို့ရဲ့နေ့စဉ်ဘ၀တွေမှာ လှုပ်ရှားသွားလာရင်း သူတို့စိတ်ကြိုက် သူတို့ပုံစံနဲ့လေ့လာနိုင်မှု

၂။ learning needs အမျိုးမျိုး (လိုအပ်သည့်အချိန်တွင် သင်ကြားပေးမှုမှသည် formal training များအထိ)ကို ဖြည့်ဆည်းပေးနိုင်မှု

၃။ ထိရောက်မှုရှိသောသင်တန်းပုံစံ (သင်ခန်းစာ video များ၊ အပြန်အလှန် live မေးမြန်းဖြေကြားနိုင်သော video based သင်ကြားမှုများ)

၄။ သင့်လျော်သော format များ (graphic များ၊ sheet များ)ဖြင့် လေ့လာသင်ကြားမှုကို အထောက် အပံ့ပေးခြင်း

၅။ အတွေ့အကြုံများကိုလေ့လာနိုင်သော (case studies, Scenario Based Learning) learning strategies များကို အသုံးပြုမှု

၆။ Online learning အပြင် coaching, mentoring တို့မှတဆင့် အထောက်အပံ့ပေးနိုင်မှု တို့ဖြစ်ပါတယ်။

အချုပ်ပြောရရင် Personalized Learning ဟာ Trend တစ်ခုအဖြစ်သာမက လုပ်ငန်းတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်နိုင်ဖို့ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီနည်းလမ်းကို အသုံးပြုခြင်းဖြင့် ဝန်ထမ်းတွေဟာ ဖြစ်ပေါ်လာတဲ့အပြောင်းအလဲတွေကို လိုက်လျောညီထွေ ရင်ဆိုင်လာနိုင်မယ်၊ အသစ်အသစ်သော Skills တွေကို ပိုမိုလွယ်ကူစွာ လေ့လာရယူနိုင်မယ်၊ လုပ်ငန်းရည်မှန်းချက်တွေကို ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်မယ်၊ Continuous Learning Culture ကို အားပေးမြှင့်တင်လာနိုင်မယ်၊ အဆုံးသတ်မှာ L&D teams တွေ ရဲ့ Personalized Learning က လုပ်ငန်းအောင်မြင်မှုအတွက်ရော ဝန်ထမ်းတွေတိုးတက်လာဖို့အတွက်ပါ အထောက်အကူတစ်ခု ဖြစ်စေလာနိုင်မှာ အသေအချာဘဲဖြစ်ပါတယ်။

Reference

https://www.eidesign.net/about-us/ တွင်တင်ထားသော Asha Pandey ၏ article အား ဆီလျော်သလို ဘာသာပြန်တင်ပြထားပါသည်။

https://www.eidesign.net/how-personalized-learning-enhances-the-development-of-employees/?utm_source=chatgpt.com

Daw May Ye Myint Zun

BBM (Q) (NMDC), BA (Eng)

MBA (YIE)