What's inside a computer?
Part-1
Computer casing တစ်လုံးရဲ့ အတွင်းဘက်မှာ ဘာတွေရှိလဲဆိုတာကို ကြည့်ဖူးလား?
ဒီအစိတ်အပိုင်း သေးသေးလေးတွေက ကြည့်ရတာ အနည်းငယ်ရှုပ်ထွေးနေပါလိမ့်မယ်… တကယ်တမ်းတော့ အာ့လောက်ကြီး မထူးဆန်းပါဘူး။ ဒီမှာပြောမယ့်အကြောင်းအရာတွေက အခြေခံကျတဲ့ အသုံးအနှုန်း တစ်ချို့ကို သိစေပြီး computer တစ်လုံးရဲ့ အတွင်းဘက်မှာ ဖြစ်ပျက်နေတဲ့အရာတွေအကြောင်းကို အနည်းငယ် နားလည်စေမို့ အထောက်အကူပြုပါလိမ့်မယ်.....
1. အရင်ဉီးဆုံး ပြောမှာကတော့ Motherboard ပါ။ motherboard လို့ပြောရင် သူက ကွန်ပျူတာ တစ်လုံးမှာ အဓိကဖြစ်တဲ့ main circuit board ပေါ့။ သူ့ကို main board, green board စသဖြင့်လည်းခေါ်ကြပါတယ်။ သူကတော့ ပါးလွှာတဲ့အပြားလေးတစ်ခုပါ။ သူ့အပေါ်မှာ CPU, memory, hard drive နဲ့ connectors တွေ၊ video နဲ့ အသံတွေကို ထိန်းချုပ်ပေးနိုင်တဲ့ expansion card တွေ၊ USB လိုမျိုး ports တွေပါပါတယ်။ motherboard တစ်ခုဟာ computer system ရဲ့အစိတ်အပိုင်းတိုင်းကို directly or indirectly connections တွေချိတ်ဆက်ထားတာပါ။
2. Central processing unit (CPU) --> သူ့ကိုတော့ processor လို့လည်းခေါ်ပါတယ်။ တစ်ခါတစ်ရံမှာ သူ့ကို computer ရဲ့ brain လို့လည်းပြောကြပါတယ်။ သူ့ရဲ့အလုပ်ကတော့ commands လို့ပြောတဲ့ အမိန့်ပေးစေခိုင်းချက်တွေကို လုပ်ဆောင်ပေးတာပါ။ ကျွန်တော်တို့ key တစ်ခုကို နှိမ့်လိုက်တာပဲဖြစ်ဖြစ်၊ mouse ကို click လိုက်တာပဲဖြစ်ဖြစ်၊ application တစ်ခုကိုစဖွင့်လိုက်တာပဲဖြစ်ဖြစ် ဒါတွေအားလုံးက CPU ဆီကို ညွှန်ကြားချက်တွေပို့နေတာပါ။
CPU က အတွင်းဘက်မှာ silicon chip ပါရှိပြီး နှစ်လက်မ အရွယ်အစားလောက်ရှိတဲ့ ကြွေထည်စတုရန်းလေးပေါ့။ များသောအားဖြင့် လက်မအရွယ်လောက်ရှိပါတယ်။ အာ့တော့ CPU ကို motherboard ပေါ်မှာရှိတဲ့ cpu socket ထဲမှာ ထည့်သွင်းတပ်ဆင်ထားတာဖြစ်ပြီး သူ့အပေါ်ကနေ heat sink နဲ့ဖုံးထားတာပါ။ Heat sink ဆိုတာကတော့ cpu ကနေ ထွတ်လာတဲ့အပူကိုစုပ်ယူပေးနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။
ဒီမှာ processor တစ်ခုရဲ့ speed ဖြစ်တဲ့ အမြန်နှုန်းကို MHz(million instructions per second) ဒါမှမဟုတ် GHz(billion instructions per second) နဲ့တိုင်းတာပါတယ်။ ပိုမြန်တဲ့ processor က ညွှန်ကြားချက်တွေကို ပိုပြီးမြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးနိုင်တယ်ပေါ့။ သို့သော် ကွန်ပျူတာ တစ်လုံးရဲ့ actual speed ကတော့ cpu တစ်ခုထဲမဟုတ်ပဲ တခြားအစိတ်အပိုင်းတွေပေါ်မှာလည်း မူတည်ပါတယ်။
3. RAM( random access memory) --> သူကတော့ system တစ်ခုရဲ့ ရေတိုမှတ်ဉာဏ်လို့ပြောလို့ရပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာမှာ calculations တွေ manipulations တွေလုပ်ဆောင်တိုင်း data တွေကို RAM ပေါ်မှာ လိုအပ်တဲ့အချိန်အတိုင်းအတာတစ်ခုထိ ခနယာယီသိမ်းဆည်းပေးထားတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ကွန်ပျူတာ ကိုပိတ်လိုက်တဲ့အချိန်မှာ ခုနက data တွေကအကုန်ပျက်သွားမှာပါ။ ကျွန်တော်တို့က စာရွတ်စာတမ်းတွေ စာရင်းဇယားတွေ လိုအရေးကြီးတဲ့အလုပ်တွေလုပ်ရမယ်ဆိုရင် ဒီ file တွေကိုမပျောက်မပျက်ပဲသိမ်းထားနိုင်မို့ save လုပ်မို့လိုပါတယ်။ အာ့လို file တွေကို save လုပ်လိုက်ခြင်းက ကျွန်တော်တို့အတွက်လိုအပ်တဲ့ data တွေကို long-term storage တစ်ခုဖြစ်တဲ့ hard drive ပေါ်မှာ သိမ်းပေးလိုက်တာပဲဖြစ်ပါတယ်။
RAM ကိုတော့ ကျွန်တော်တို့တွေ MB(megabytes) or GB(gigabytes) တွေနဲ့တိုင်းတာပါတယ်။ ဆိုတော့ RAM များများရှိလေလေ ကျွန်တော်တို့ကွန်ပျူတာက တစ်ချိန်ထဲမှာ အလုပ်များများကိုလုပ်ဆောင်ပေးနိုင်လေလေပါပဲ။ တကယ်လို့ ram ကနည်းနေပြီး program တွေကအများကြီးဖွင့်ထားတယ်ဆိုရင် ကွန်ပျူတာရဲ့ performance ကကျပြီး နှေးသွားပါလိမ့်မယ်။ ဒါကြောင့် ယနေ့ခေတ်မှာ ကွန်ပျူတာရဲ့ performance ပိုကောင်းအောင်လို့ RAM တွေကို တိုးတာ ထပ်စိုက်တာတွေလုပ်လာကြတာပါ။
4. Hard drive --> သူကတော့ ကျွန်တော်တို့ရဲ့ software, applications, document, files တွေကို သိမ်းဆည်းပေးနိုင်တဲ့ device တစ်မျိုးပါ။ ကွန်ပျူတာကို power ပိတ်လိုက်တာဖြစ်ဖြစ် plug ဖြုတ်လိုက်တာဖြစ်ဖြစ် လုပ်ရင်လည်း ဒီအရာတွေကို မပျောက်မပျက်သိမ်းထားပေးပါတယ်။ ကျွန်တာ်တို့ program တစ်ခုကို run တာ၊ file တစ်ခုကို ဖွင့်တာမျိုးလုပ်တဲ့အခါမှာ ကွန်ပျူတာ က အာ့ data တွေကို hard drive ကနေ RAM ဆီကို copy ကူးယူလာပေးတာပါ။
file တစ်ခုကို save လုပ်တယ်ဆိုရင်လည်း ကွန်ပျူတာက ဒီdataတွေကို RAM ကနေ hard drive ဆီကို ပြန်ပြီး copy ယူသွားတာပဲဖြစ်ပါတယ်။ hard drive က ပိုမြန်လေလေ ကွန်ပျူတာကလည်း pragrams တွေကို start up & load မြန်မြန်လုပ်နိုင်လေလေပါပဲ။ ယနေ့ခေတ်မှာတော့ hard drive နေရာမှာ SSD( solid state drive)ကိုလည်းသုံးလာကြပါတယ်။ သူကတော့ ပိုမြန်တယ်ပိုကောင်းတယ်ပေါ့။
Daw Pearl Wutt Hmone
B.C.Tech (University of
Computer Studies, Thaton)
