Google company ဟာ ၎င်းတို့ရဲ့ Products များကို Trump ရဲ့ Policy နှင့် လိုက်လျောညီထွေမှုရှိအောင် လုပ်ဆောင်နေခြင်း
Google company ဟာ Donald Trump ရဲ့ ၂၀၂၅ ခုနှစ် ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် $ 1 million လှူဒါန်းခဲ့သော နည်းပညာကုမ္ပဏီများထဲမှ တခုဖြစ်ပါတယ်။ အခြားကုမ္ပဏီများကဲ့သို့ပင် Trump ရဲ့ အုပ်ချုပ်ရေး DEI ကို တုံ့ပြန်သည့်အနေဖြင့် အလုပ်ခန့်ထားမှုမူဝါဒများကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဖေဖော်ဝါရီလအစောပိုင်းတွင် Google company ဟာ Trump ရဲ့အစိုးရနှင့် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်မှုအတွက် AI အသုံးမပြုရန်ကတိပြုခဲ့ပါတယ်။ ယခုအခါ၊ Google ရဲ့ Products အသစ်များကို အသုံးပြုသူများအနေဖြင့် Maps၊ Calendar နှင့် Search ကဲ့သို့သော နေ့စဉ်သုံးကိရိယာများအတွက် Update များစွာ ပြုလုပ်ထားကြောင်း ကို သင်သတိပြုမိပါလိမ့်မယ်။
Google Maps သည် မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကပင်လယ်ကွေ့ဟု အမည်ပြောင်းထားခြင်း
Trump ရဲ့ ပထမဆုံးသောအမိန့်များထဲမှ မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကပင်လယ်ကွေ့အဖြစ် အမည်ပြောင်းရန်နှင့် မြောက်အမေရိကရှိ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော Alaska's Denali ကို လည်း ယခင်အမည် Mt. McKinley ဟု အမည်ပြောင်းရန် ညွှန်ကြားချက်ပေးခဲ့ပါတယ်။ Federal Geographic Names Information System (GNIS) ကို မွမ်းမံပြီးသည်နှင့် တပြိုင်နက် ၎င်းတို့ရဲ့မြေပုံများကို "အမြန်" Update လုပ်မည်ဖြစ်ကြောင်း Google company မှ ဇန်နဝါရီ ၂၇ ရက်နေ့တွင် ကြေညာခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်၊ တနင်္လာနေ့တွင် မုန်တိုင်းခန့်မှန်းရေးစင်တာနှင့် Federal Aviation Administration တို့ရဲ့ အပြောင်းအလဲများအပြီးတွင် Google company မှ အငြင်းပွားနေသောဒေသများကို အမည်ပေးခြင်းဆိုင်ရာ နှစ်ရှည်လများသဘောတူစာချုပ်နှင့်အညီ၊ US အခြေစိုက်အသုံးပြုသူများသည် ယခုအခါ "Gulf of America" ကိုမြင်ရပါလိမ့်မည်။ မက္ကဆီကန်အသုံးပြုသူများအတွက်ကတော့ "Gulf of Mexico" ကိုသာ ဆက်လက်မြင်တွေ့ရလိမ့်မည်ဖြစ်ကြောင်း Google company မှကြေငြာခဲ့ပါတယ်။
Google Calendar သည် Pride၊ Black History လနှင့် အခြားသောအားလပ်ရက်များကို ဖယ်ရှားခြင်း
ပြီးခဲ့သည့်အပတ်က Google company ဟာ Pride (ဇွန်လ)၊ Black History Month (ဖေဖော်ဝါရီလ)၊ Indigenous Peoples Month (နိုဝင်ဘာလ) နှင့် Hispanic Heritage Month (စက်တင်ဘာလလယ်မှအောက်တိုဘာလလယ်အထိ) ပြက္ခဒိန်မှ အချို့သော အမှတ်အသားများကို ဖယ်ရှားခဲ့ကြောင်း သင်သတိပြုမိပါလိမ့်မယ်။ “ချစ်ခင်ရပါသော Google” Trump ကို ထောက်ခံနေတာ ရပ်လိုက်ပါ" လို့ အပြောင်းအလဲတွေဖြစ်သွားတာနဲ့ပတ်သက်ပြီး Google Support forum မှာ မှတ်ချက်တစ်ခု ရေးထားတာကိုတွေ့ရှိရပါတယ်။ Google မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက The Verge အား အားလပ်ရက်များနှင့် အထိမ်းအမှတ်နေ့အချို့အား ဖယ်ရှားကြောင်း အတည်ပြုခဲ့သော်လည်း "ကမ္ဘာတစ်ဝှမ်းမှာရှိသော အချိန်ရာပေါင်းများစွာကို တသမတ်တည်း ထိန်းသိမ်းထားခြင်းက ရေရှည်အတွက်မဖြစ်နိုင်သည့်အတွက်ကြောင့် အဆိုပါပြောင်းလဲမှုများကို ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော် လူတိုင်းသည် အဆိုပါရှင်းလင်းချက်များကို လက်ခံကြမည်မဟုတ်ပါ။ "အမေရိကန်အာဏာရှင်ကို ကျေနပ်စေရန်အတွက်သာ ဤအရာများသည် Google company ရဲ့ လိမ်ညာမှုများဖြစ်သည်" ဟု ပြောင်းလဲမှုများနှင့်ပတ်သက်ပြီး Google Support forum တွင် မှတ်ချက်ပေးသူတစ်ဦးက ရေးသားခဲ့ပါတယ်။
Trump ကို စွပ်စွဲပြောဆိုခွင့်မရအောင် Google Search မှ တားမြစ်ထားခြင်း
ယခုလအစောပိုင်းတွင်၊ ဆိုရှယ်မီဒီယာအသုံးပြုသူများက ရှာဖွေမှုဘောက်စ်ထဲတွင် စာရိုက်သည့်အခါ Trump ကိုစွပ်စွဲပြောဆိုလို့မရအောင် ဖြည့်စွက်မှုတစ်ခုကို Google Search မှ တားမြစ်ထားတာကို သတိပြုမိခဲ့ကြောင်း Snopes က ဖော်ပြခဲ့ပါတယ်။ ကုမ္ပဏီရဲ့ "မူဝါဒများသည် နိုင်ငံရေးပုဂ္ဂိုလ်တစ်ဦးအတွက် သို့မဟုတ် ဆန့်ကျင်ဘက် အဓိပ္ပာယ်သက်ရောက်နိုင်သော ကြိုတင်ခန့်မှန်းချက်များကို တားမြစ်ထားသောကြောင့် အလိုအလျောက်ဖြည့်စွက်အကြံပြုချက်များအား ဖယ်ရှားလိုက်ကြောင်း Google company မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဤကိစ္စရပ်တွေမှာ မဖြစ်သင့်သော ခန့်မှန်းချက်အချို့ ထွက်ပေါ်လာပြီးနောက် ၎င်းတို့ကို ပိတ်ဆို့ရန် ကျွန်ုပ်တို့ လုပ်ဆောင်နေပါသည်ဟု Google company မှ ပြောကြားခဲ့ပါတယ်။
Miranda Jeyaretnam ရဲ့ How Google Appears to Be Adapting Its Products to the Trump Presidency ဆောင်းပါးကို Ah Zer Zar Sar မှ ဆီလျော်စွာပြန်ဆိုထားပါသည်။
U Ah Zer Zar Sar
Lecturer, Strategy First Int’t College
