တီထွင်ဖန်တီးနိုင်စွမ်းရှိသူတို့ရဲ့စရိုက်လက္ခဏာများ
တီထွင်ဖန်တီးနိုင်စွမ်းကထူးခြားတဲ့တွေးခေါ်ပုံများကိုထင်ဟပ်စေနိုင်ပြီးစိတ်ကူးဉာဏ်သစ်တွေမွေးဖွားနိုင်တဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားခြင်းဖြစ်ပါတယ်။ တီထွင်ဖန်တီးလိုစိတ်ရှိသူတွေက ဖန်တီးမှုများကို အနုပညာရှုထောင့်ဘက်ကနေ ကြည့်တာမဟုတ်ဘဲနေရာတော်တော်များများမှာအခွင့်အရေးကိုကောင်းကောင်းအသုံးချနိုင်တဲ့စရိုက်လက္ခဏာများပိုင်ဆိုင်ထားကြပါတယ်။အလုပ်မှာဖြစ်စေ၊ နေ့စဥ်ဘဝဖြစ်စေ၊ ပြသာနာဖြေရှင်းခြင်းနဲ့ ဆန်းသစ်တဲ့ဖြေရှင်းနိုင်မှု တီထွင်နိုင်စွမ်းအားက အရေးကြီးတဲ့ စွမ်းရည်တစ်ရပ်ဖြစ်လာပါတယ်။ယခုဆောင်းပါးမှာ တီထွင်ဖန်တီးလိုစိတ်ရှိသူတွေမှာ တွေ့ရလေ့ရှိတဲ့ အဓိကကျသော စရိုက်လက္ခဏာများအကြောင်းဆွေးနွေးထားပြီး အဆိုပါအရည်အသွေးများကို ဘယ်လိုအသုံးချရမလဲဆိုတာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
၁။ Curiousity (သိလိုစိတ်ပြင်းပြခြင်း)။
တီထွင်ဖန်တီးလိုစိတ်ရှိသူများက သိလိုစိတ်ပြင်းပြလေ့ရှိကြပြီး အားလပ်တဲ့အချိန်တွေမှာ မိမိတို့ စိတ်ဝင်စားတဲ့အကြောင်းရာများ ဖတ်ရှုခြင်း၊ လေ့လာခြင်းတို့ ပြုလုပ်လေ့ရှိပါတယ်။အကျွမ်းတဝင်မရှိတဲ့အကြောင်းရာများ၊ စိန်ခေါ်မှုကိုဖြစ်စေတဲ့ အယူအဆများကို မိမိတို့ Skills များတိုးတက်လာစေဖို့နဲ့ Professional ကျကျ ဖြေရှင်းဖို့အတွက် အခွင့်အလမ်းများကို အမြဲရှာဖွေကြပါတယ်။စူးစမ်းလိုစိတ်က Why? What if? လိုမျိုး နက်နဲတဲ့ မေးခွန်းမေးခြင်းဖြင့် တက်တက်ကြွကြွပါဝင်လုပ်ဆောင်ရတာကြောင့် မိမိတို့ရဲ့ အတွေးကိုကျယ်ပြန့်စေနိုင်ပါတယ်။ ဒီလို စူးစမ်းတဲ့မေးခွန်းတွေကနေတဆင့် ဆန်းသစ်တဲ့စိတ်ကူးစိတ်သန်းများရှာဖွေဖော်ထုတ်နိုင်ကာ လက်တွေ့ဘဝရဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲပေးနိုင်ဖို့ လမ်းသစ်များကိုပြုစုပျိုးထောင်ပေးနိုင်ပါတယ်။
၂။ Playfulness
တီထွင်ဖန်တီးလိုစိတ်ရှိတဲ့သူတွေက Ideaများ စူးစမ်းလေ့လာတဲ့အခါမှာ ပထမအကြိမ်ကြိုးစားမှုအတွက် Pressure မရှိဘဲအပျော်သဘောချဉ်းကပ်မှုဆိုတဲ့သဘောတရားများရှိနေပါတယ်။ထိုချဉ်းကပ်မှုကပျော်စရာကောင်းတဲ့တီထွင်ဖန်တီးခြင်းသဘောမျိုးဖြစ်ပေါ်စေပြီး အကောင်းဆုံးအကြံဉာဏ်အချို့နဲ့ မမျှော်လင့်ထားတဲ့အောင်မြင်မှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ဥပမာအားဖြင့် Logo Design တစ်ခုအတွက် အရောင်နဲ့ Font စတိုင်ကိုစမ်းသပ်နေတဲ့ Graphic Designer တစ်ဦးဟာ စိတ်ကူးထဲမှာပေါ်လာတဲ့အရာမှန်သမျှကို နှိုင်းယှဥ်ပြီးတော့ အကောင်းဆုံးနဲ့အသင့်တော်ဆုံးသော အဖြေကို ထုတ်နိုင်ခြင်းသဘောတရားမျိုး ဖြစ်ပါတယ်။
၃။ Open-mindedness
Open minded ရှိတဲ့သူတွေဟာ အဓိကအချက်အနေနဲ့ တခြားသူတွေရဲ့ စိတ်ကူးသစ်များနဲ့အတွေ့အကြုံများကို နားလည်လက်ခံနိုင်စွမ်းရှိပြီး ပူးပေါင်းဆောင်ရွက်မှုရှိတဲ့သူတွေလို့ သတ်မှတ်နိုင်ပါတယ်။အခြားသူများရဲ့ အမြင်များကို တက်ကြွစွာ နားထောင်တက်ကြပြီး ကွဲပြားမှုရှိတဲ့အမြင်များကို အဆုံးအဖြတ်မပေးဘဲ နားလည်ဖို့ကြိုးစားပေးကြပါတယ်။ဥပမာအားဖြင့် ပုံမှန်လုပ်ကိုင်နေကြ လုပ်ဖော်ကိုင်ဖက်တွေအစား Project တစ်ခုမှာ လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့ပူးပေါင်းလုပ်ဆောင်နိုင်တာကြောင့်လမ်းကြောင်းအသစ်တွေပြောင်းသွားနိုင်ပါတယ်။ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေနဲ့ Professional ဆိုင်ရာအတွေ့အကြုံတွေကိုပါ ကြွယ်ဝစေပါတယ်။
၄။ Flexibility(လိုက်လျောညီထွေရှိခြင်း)။
လိုက်လျောညီထွေရှိခြင်းက Creative-Minded ရှိတဲ့သူတွေကြားမှာ ဘုံတူညီတဲ့စရိုက်တစ်ခုဖြစ်ပြီး တစ်ဦးချင်းစီအတွက် စိတ်ကူးစိတ်သန်းများနဲ့အတွေ့အကြုံသစ်များကို လက်ခံယူစေနိုင်ပါတယ်။ပြောင်းလွယ်ပြင်လွယ် ရှိတဲ့သူတယောက်ဟာ Software အသစ်တစ်ခုကို မတူညီတဲ့အဖွဲ့ဝင်များသို့ ပူးပေါင်းဆောင်ရွက်စေရန်အတွက် ပြောင်းလဲတဲ့အခါမျိုးမှာ လွယ်ကူနေခြင်း မြန်ဆန်နေခြင်းသဘောတရားမျိုးဖြစ်ပါတယ်။ထိုသို့ လိုက်လျောညီထွေမှုရှိတဲ့ တီထွင်ဖန်တီးနိုင်သူများက မိမိတို့အမြင်များကိုပြန်လည်သုံးသပ်နိုင်ပြီး မှားယွင်းနေတဲ့အခါမှာလဲ အမှားကိုလက်ခံပြီးပြန်လည်ပြင်ဆင်နိုင်ကြပါတယ်။
၅။ Independence
အမှီအခိုကင်းစွာ အလုပ်လုပ်ခြင်းက Creative-Minded ရှိတဲ့သူတွေအတွက် လွတ်လပ်မှုနဲ့ Decision ချတဲ့နေရာမှာ ပြင်ပ Demands များကိုနှောင့်ယှက်ခွင့်မပြုဘဲ ကူညီပေးနိုင်ခြင်းဖြစ်ပါတယ်။ဒီလွတ်လပ်မှုမျိုးက စိန်ခေါ်မှုတွေကို ကိုယ်ပိုင်ဟန်ဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်စေပြီး အတားအဆီးများကိုလဲ မိမိတို့ကျွမ်းကျင်တိုးတက်မှုအတွက် အခွင့်အလမ်းများအဖြစ် မြင်ယောင်စေပါတယ်။
၆။Attention to detail
တီထွင်ဖန်တီးလိုစိတ်ရှိတဲ့သူများက ထိရောက်တဲ့ ပြသာနာဖြေရှင်းနည်းတွေကို ရှုထောင့်အမျိုးမျိုးမှ ဆန်းစစ်တက်ကြပြီး မိမိတို့ရဲ့အလုပ်အတွက် အသေးစိတ်ကမှအစ ဂရုတစိုက်လေးလုပ်ဆောင်ကြတာတွေ့ရပါတယ်။ မိမိတို့က ရွေးချယ်စရာအမျိုးမျိုးကို စမ်းသပ်မှုသေသေချာချာပြုလုပ်ပြီး အသေးစိတ်အချက်အလက်များကို အာရုံစူးစိုက်စွာ လုပ်ဆောင်တက်ကြပါတယ်။
၇။Passion(စိတ်အားထက်သန်ခြင်း)။
Creative-Minded ရှိတဲ့သူတွေမှာ အလုပ်တွင်လဲ စွမ်းအင်မြင့်မားတဲ့သူတွေဖြစ်ပြီး သူတို့ရဲ့စိတ်အားထက်သန်မှုက အလုပ်လုပ်ဆောင်ရာမှာလဲ လမ်းညွှန်မှုကောင်းကောင်းပေးနိုင်ပါတယ်။Project လုပ်ဆောင်ရာမှာလဲ စိတ်နှစ်ပြီးအချိန်ကြာမြင့်စွာအာရုံစူးစိုက်ပြီးလုပ်ဆောင်လေ့ရှိတက်ကြပါတယ်။ထိုသို့လုပ်ဆောင်တာကမိမိတို့အတွက်အလုပ်ပြီးစီးမှု၊ စိတ်ကျေနပ်မှုနဲ့ ကျေနပ်အားရမှုတို့ကို ဖြစ်ပေါ်စေပါတယ်။ထိုတက်ကြွတဲ့ ချဥ်းကပ်မှုတွေက မိမိတင်သာမက အဖွဲ့ဝင်တွေကိုပါ အကျိုးသက်ရောက်စေပြီး ကိုယ်ပိုင်အတွေ့ကြုံကောင်းများကိုလဲ ဖြစ်ပေါ်စေနိုင်ပါတယ်။
indeed.com မှ12 Traits of Creative People ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
https://www.indeed.com/career-advice/finding-a-job/traits-of-creative-people
Daw Zin Lin Htet
BE (Civil-MGTU)
M.Sc (Construction Project Mgt),
Heriot-Watt University
