ကွန်ပျူတာသိပ္ပံဖြင့် အသက်မွေးဝမ်းကြောင်းပြုရန် အကြံပြုချက်များ

ကွန်ပျူတာသိပ္ပံဘာသာရပ်တွေဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ဖို့ ကျောင်းသားတွေ ဘယ်လိုပြင်ဆင်သင့်လဲ? ကွန်ပျူတာသိပ္ပံဘာသာရပ်နဲ့ ပတ်သက်တဲ့ အလုပ်အကိုင်တွေနဲ့ ကျောင်းပြင်ပ လှုပ်ရှားမှုတွေကို သေချာစဉ်းစားခြင်းအပြင်၊ ဒီအချက်တွေကို လိုက်နာသင့်ပါတယ်။

. အလုပ်သင်နှင့် ပူးပေါင်းလုပ်ကိုင်မှုများမှတစ်ဆင့် လက်တွေ့အတွေ့အကြုံရယူပါ။

ဒီနေရာမှာ ကောလိပ်ကောင်းကောင်းရွေးချယ်ထားခြင်းက အထောက်အကူဖြစ်ပါတယ်။ ကွန်ပျူတာသိပ္ပံအတန်းတွေက ကွန်ပျူတာသိပ္ပံဘာသာရပ်နဲ့ဆိုင်တဲ့ အလုပ်အကိုင်ကောင်းတွေရဖို့အတွက် တစ်စိတ်တစ်ပိုင်းပါပဲ။ တကယ်တော့၊ အလုပ်သင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်မှုတွေက ဘွဲ့ရပြီးနောက် ကွန်ပျူတာသိပ္ပံဘာသာရပ်နဲ့ဆိုင်တဲ့ အသက်မွေးဝမ်းကြောင်းကို ဖန်တီးပေးနိုင်တာကို ကြားဖူးနေကျပါပဲ။

. ကိုယ်ပိုင်ပရောဂျက်များဖြင့် အားကောင်းတဲ့ portfolio တစ်ခုတည်ဆောက်ပါ။       
 

တက္ကသိုလ်မတက်ခင်ကပင် ကိုယ်ပိုင်ပရောဂျက်တွေလုပ်ပြီး ကွန်ပျူတာသိပ္ပံဘာသာရပ်နဲ့ဆိုင်တဲ့ အသက်မွေးဝမ်းကြောင်းအတွက် ပြင်ဆင်နိုင်ပါတယ်။ ကွန်ပျူတာသိပ္ပံဘာသာရပ်ရဲ့ ဘာသာရပ်ခွဲအမျိုးမျိုးအတွက် ပရောဂျက်စိတ်ကူးတွေပါတဲ့ အခမဲ့အရင်းအမြစ်တွေနဲ့ သင်တန်းတွေ အများကြီးရှိပါတယ်။ အွန်လိုင်းပေါ်က open source ပရောဂျက်တွေမှာ ကုဒ်တွေရေးပေးတာ (သို့) နွေရာသီသင်တန်းတွေကနေ ကိုယ်ပိုင်ပရောဂျက်တွေလုပ်တာမျိုး လုပ်နိုင်ပါတယ်။

 . လူမှုရေးစွမ်းရည်များကို နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့်အတူ ပြုစုပျိုးထောင်ပါ။ 

ပူးပေါင်းဆောင်ရွက်ခြင်းသည် ယနေ့ခေတ် ကွန်ပျူတာသိပ္ပံတွင် အသက်မွေးဝမ်းကြောင်းပြုခြင်း၏ အခြေခံအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ပရိုဂရမ်းမင်းကို လေ့ကျင့်ခြင်းအပြင် ပေါင်းသင်းဆက်ဆံရေးနှင့် အဖွဲ့လိုက်လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ခြင်းသည် ပညာရှိရာရောက်ပါသည်။ ထိရောက်တဲ့ ဆက်သွယ်ပြောဆိုနိုင်သူဖြစ်ခြင်းက အမြဲတမ်း အကျိုးကျေးဇူးရှိစေပါတယ်။

 . နည်းပညာနယ်ပယ်ရှိ ကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်ပါ။

ရှေးပညာရှိတွေပြောခဲ့တဲ့ စကားတစ်ခုရှိပါတယ်။ 'မင်းသိသူထက် မင်းကို သိသူက ပိုအရေးကြီးတယ်’ ဟု၍ဖြစ်သည်။
နည်းပညာလုပ်ငန်းခွင်မှာ အောင်မြင်ချင်ရင် ကွန်ပျူတာသိပ္ပံဘာသာရပ်နယ်ပယ်က ပညာရှင်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတည်ဆောက်ခြင်းက အဓိကပါ။ ဒါက အလုပ်သင်အခွင့်အလမ်း၊ လမ်းညွှန်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။

 . လုပ်ငန်းခွင်ရဲ့ လတ်တလောအလားအလာတွေနဲ့ ပေါ်ထွန်းလာတဲ့ နည်းပညာတွေကို အမြဲလိုက်နာပါ။

ကွန်ပျူတာသိပ္ပံဆိုတာ ပြောင်းလဲမှုတွေနဲ့ ပြည့်နေတဲ့ နယ်ပယ်တစ်ခုပါပဲ။ နောက်ဆုံးပေါ် နည်းပညာသတင်းတွေကို အမြဲစောင့်ကြည့်ပါ။ ဒါက သင့်ကို အခွင့်အလမ်းအသစ်တွေနဲ့ ပရောဂျက်အသစ်တွေဆီ ခေါ်ဆောင်သွားနိုင်ပါတယ်။
ကွန်ပျူတာသိပ္ပံမှာ စတင်ဖို့ နည်းလမ်းများစွာရှိပေမယ့်၊ အကောင်းဆုံးအကြံပေးချင်တာက စတင်လိုက်ပါ။ သင့်ရဲ့ portfolio တည်ဆောက်ခြင်း၊ အွန်လိုင်းပေါ်က အတွေးအခေါ်ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ခြင်း၊ သင့်စွမ်းရည်တွေကို လေ့ကျင့်ခြင်းတွေက ဘယ်အချိန်မဆို လုပ်နိုင်တဲ့ အရာတွေပါ။ အလုပ်ရှာဖွေနေတယ်ဆိုရင် ' ကွန်ပျူတာသိပ္ပံအလုပ်များ ကျွန်တော့်နေရာနဲ့အနီး' ဆိုတာနဲ့ ရှာဖွေပြီး အလုပ်ဖော်ပြချက်တွေကို သင့်ရဲ့ resume နဲ့ နှိုင်းယှဉ်ကြည့်ခြင်းကလည်း နောက်ထပ်ရွေးချယ်စရာတစ်ခုပါ။ ဒီအချက်တွေကို လိုက်နာခြင်းဖြင့် ကွန်ပျူတာသိပ္ပံဘာသာရပ်မှာ အသက်မွေးဝမ်းကြောင်းတစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ပါတယ်။

 Reference:https://www.collegeadvisor.com/resources/careers-in-computer-science/

 

Dr Thel Seint Aye

B.C.Sc, CU (MDY) , B.C.Sc (Hons), CU (MDY)

M.C.Sc, CU (MDY) , Ph.D (IT), (U.C.S.M)