Elliott Hill (CEO of Nike) ရဲ့ Company Culture ကို ပြန်လည်တည်ဆောက်ဖို့အတွက်အခြေခံကျတဲ့အဆင့်သုံးဆင့်အကြောင်း
2024 မှာ Red Lobster နဲ့ Boeing စတဲ့ legacy brand တွေကအစပြုပြီး အသေးစားပုဂ္ဂလိကကုမ္ပဏီများအထိ ကမ္ဘာတစ်ဝှမ်း CEO အပြောင်းအလဲအများကြီးရှိခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်း Nike မှာ ထင်ရှားတဲ့အပြောင်းအလဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။Nike ရဲ့ CEO ဖြစ်သူ Elliott Hill က ခေတ္တအနားယူပြီးနောက် ကုမ္ပဏီကို ပြန်လည်ရောက်ရှိလာပြီး သူ့ရဲ့ ပထမဆုံး vision အတွက် brand ကို ပြန်လည်အသက်သွင်းလည်ပတ်ဖို့ သူ့ရဲ့ကိုယ်ပိုင်အမြင်ကိုအလေးပေးဖော်ပြခဲ့ပါတယ်။ ဘဏ္ဍာရေးနှစ် second-quarter ဝင်ငွေမျှော်မှန်းချက်ထက် $ 12.35 ဘီလီယံ ကျော်လွန်နေပေမဲ့ Nike ရဲ့ ဝင်ငွေက ယမန်နှစ် $ 13.39 ဘီလီယံထက်နည်းပါးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်အတွင်း ကုမ္ပဏီက တီထွင်ဆန်းသစ်နိုင်တဲ့ပြိုင်ဘက်များနဲ့ ယှဥ်ပြိုင်နိုင်ဖို့ရုန်းကန်ရင်း ၎င်းရဲ့တန်ဖိုးထက်ဝက်နီးပါးလောက် ဆုံးရှုံးခဲ့ပါတယ်။ Nike ရဲ့ အဖြစ်အပျက်ပဲ ထူးခြားနေတာမဟုတ်ပါ။ တခြားသော အဖွဲ့အစည်းများစွာကလည်းသူတို့ရဲ့ Cultureတွေ ပျံ့လွင့်နေခြင်း၊ Customer များနဲ့ ထိတွေ့မှုကျဆင်းလာခြင်းနဲ့ ပြိုင်ဆိုင်မှုတွေများလာခြင်းစတဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါတယ်။Hill ရဲ့ မှတ်ချက်တွေက သူ့ရဲ့အဖွဲ့အစည်းကို ပြန်လည်လည်ပတ်ပြီး အဆင်ပြေစေဖို့အတွက် အဖိုးတန်တဲ့သတိပေးချက်များဖြစ်ပါတယ်။ Nike ရဲ့ culture ပြန်လည်သတ်မှတ်ခြင်းကို လုပ်ဆောင်ခဲ့တဲ့ မှတ်ချက်သုံးချက်ကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။
၁။ ရေတိုထက် ရေရှည်ပန်းတိုင်များကို ရည်ရွယ်လုပ်ဆောင်ပါ။
အဖွဲ့အစည်းတစ်ခုက ရုန်းကန်ရတဲ့အခြေအနေမျိုးတွေမှာ စိတ်ဓာတ်မြှင့်တင်ရန်နဲ့ပြင်ပခံယူချက်များကိုပြုပြင်ဖို့အတွက် အမြန်ဆုံးလုပ်ဆောင်နိုင်ရပါမယ်။ သို့ပေမဲ့ ရေတိုပြင်ဆင်မှုများက ရေရှည်အောင်မြင်မှုများကို အဟန့်အတားဖြစ်ပါတယ်။ ဥပမာ Crash Diets များက ရေရှည်မှာကျန်းမာရေးထိခိုက်လာစေခြင်းကိုဦးတည်လာသကဲ့သို့၊ အဖွဲ့အစည်းဆိုင်ရာ အလှည့်အပြောင်းများကလဲ စိတ်ရှည်မှုနဲ့ ရေရှည်ခံတဲ့ ကတိကဝတ်များ လိုအပ်ပါတယ်။Hill က သူ့ရဲ့လုပ်ငန်းစဥ်ကို "ဘက်စုံသုံး" အဖြစ်ဖော်ပြကာ ထိုလုပ်ငန်းစဥ်က လွယ်ကူမည်မဟုတ်သော်လည်း စိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ အသိအမှတ်ပြုပြောခဲ့ပါတယ်။ သူ့ရဲ့ လုပ်ငန်းစဥ်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွေအတွက်ကိုပါ ရောင်ပြန်ဟပ်စေမယ့် နှစ်ရှည်အချိန်ဇယားနဲ့ ရေးဆွဲထားပြီး Nike အတွက် ရေရှည်ဗျူဟာများအတွက် ကတိကဝတ်သဘောမျိုး သက်ရောက်စေပါတယ်။Kavar Capital Partners မှ ရင်းနှီးမြှုပ်နှံမှုအရာရှိချုပ်John Nagle က Hill ရဲ့သဘောထားတွေက Nike ရဲ့ မူလဇစ်မြစ်ဆီကိုပြန်သွားပုံရသည်ဟု Reuters တွင်မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။ အဲ့ဒီအသုံးအနှုန်းက Gut Renovationသဘောတရားဖြစ်ပြီး culture များကို ပြန်လည်တည်ဆောက်ရာမှာ အဖွဲ့အစည်းအနေနဲ့ လုပ်ဆောင်ရမည့်အရာကို ထင်ဟပ်စေပါတယ်။
အခြေခံပြသာနာများကိုဖြေရှင်းရန်အတွက် သူတို့ရဲ့မဟာဗျူဟာများနဲ့ အမြင်များကိုချိန်ညှိကာ ခေါင်းဆောင်မှုဆိုင်ရာ အဆင့်အားလုံးက စိတ်ရှည်ရှည်နဲ့ လုပ်ဆောင်နေရပါမယ်။ဆိုလိုရင်းကတော့ ရေရှည်ပြသာနာအပေါ်ခံစားရမှာကို စိတ်ရှည်စောင့်စားပြီး ရေရှည်မှာရပ်တည်နိုင်မယ့်တိုးတက်မှုအပေါ် အာရုံစိုက်လုပ်ဆောင်ခြင်းကို ဆိုလိုပါတယ်။ ရေတိုအခြေအနေတွေမှာ ကြုံတွေ့ရတဲ့ပြသာနာများက ခက်ခဲတယ်လို့ ခံစားရပေမဲ့ အဲ့ဒီအရာက ရင်းနှီးမြှုပ်နှံမှုတစ်ခုသာဖြစ်ပါတယ်။
၂။ သင့်ရဲ့ North Star ကို ပြန်လည်ရှာဖွေပြီးအပ်နှံလိုက်ပါ။
Nike ရဲ့mission ဖြစ်တဲ့"ကမ္ဘာပေါ်ရှိအားကစားသမားတိုင်းအတွက် ဆန်းသစ်တီထွင်မှုများဆောင်ကြဥ်းလာစေရန် လှုံဆော်ပေးနိုင်မယ့်ကြွေးကြော်သံများနဲ့ဆန်းသစ်တဲ့ထုတ်ကုန်များပေါ်မှာ Nike ရဲ့အမွေအနှစ်များကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ Nike ရဲ့ ပင်မအမှတ်အသားသို့ ပြန်လည်ရောက်ရှိစေမယ့်အမှတ်အသားဖြစ်တဲ့ "ဆုံးဖြတ်ချက်တိုင်းရဲ့ဦးတည်ချက်ကိုအားကစားသမားများအတွက်ထားရှိရန်" ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဖွဲ့အစည်းများက သူတို့ရဲ့မူလရည်ရွယ်ချက်နဲ့ တဖြည်းဖြည်းသွေဖယ်သလို ခံစားရလာပါတယ်။ တီထွင်ဆန်းသစ်မှုများက အကျိုးရှိပုံပေါ်သော်လည်း Brand ရဲ့ အနှစ်သာရကို အားလျော့စေပြီး သူတို့ရဲ့ အာရုံကို ကွဲပြားစေပါတယ်။ဥပမာအားဖြင့် Nike က Promotion အပေါ်အလွန်အမင်းအားကိုးခြင်းက သူ့ရဲ့Premium Image ကိုအားနည်းစေပါတယ်။ Hill ကတော့ အဖွဲ့အစည်းကို မူလအမြင်များနဲ့ ပုံမှန်ပြန်လည်ကြည့်ရှုသုံးသပ်ရန်အတွက် အမြဲတမ်းသတိပေးနေပါတယ်။ အဖွဲ့အစည်းရဲ့ North Star က ဆုံးဖြတ်ချက်များကို တသမတ်တည်း လမ်းညွှန်တဲ့အခါမှာ အဖွဲ့အစည်းများက ရေရှည်ရပ်တည်နိုင်ပြီး အောင်မြင်ဖို့အတွက် အခြေခံအုတ်မြစ်ကို ဖန်တီးကြရန်လိုပါတယ်။
၃။ Relationships and Partnerships များကို ဦးစားပေးပါ။
Nike ရဲ့ အရေးကြီးတဲ့အမှားတစ်ခုကတော့ သူ့ရဲ့ အဓိက relationship များနဲ့ partnership များကို လျစ်လျူရှုထားခြင်း ဖြစ်ပါတယ်။ တချို့ partnership များနဲ့ Channel များကိုတော့ Nike အတွက် နောက်ကြောင်းပြန်လှည့်လိုက်တယ်လို့ ယူဆပြီး ထိတွေ့ဆက်ဆံခြင်းကို သူတို့ကိုယ်တိုင် ရပ်တန့်လိုက်တယ်ဟု Hill က ဆိုခဲ့ပါတယ်။ Foot locker အမှုဆောင်အရာရှိချုပ် Mary Dillon ကတော့ Nike ရဲ့ မိတ်ဖက်အသစ်များနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအပေါ် ပြန်လည်စူးစိုက်လာမှုကိုချီးကျူးခြင်းဖြင့် ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ ကတိကဝတ်ထားခဲ့ကြပြီ ဖြစ်ပါတယ်။ အဖွဲ့အစည်းများကဝန်ထမ်းများ ဖောက်သည်များ (သို့) လုပ်ဖော်ကိုင်ဖက်များနှင့်ဖြစ်စေ ဆက်ဆံရေးအဆင်ပြေဖို့ လိုအပ်ပါတယ်။ထိုချိတ်ဆက်မှုကိုလျစ်လျူရှုခြင်းက အဖွဲ့အစည်းရဲ့cultureနဲ့ ရေရှည်ဘဏ္ဍာရေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ခေါင်းဆောင်များက ပွင့်လင်းမြင်သာမှု၊ ဆက်ဆံရေးပြေလည်မှုနဲ့ အပြန်အလှန်လေးစားမှုတို့ကို ဦးစားပေးခြင်းဖြင့်ဆက်ဆံရေးကို တက်ကြွစွာပြုစုပျိုးထောင်ရမှာဖြစ်ပါတယ်။Nike အတွက် partnership များအပေါ်ပြန်လည်အာရုံစူးစိုက်လာမှုက သူ့ရဲ့ မူလခြေရာကို ပြန်လည်ရရှိဖို့ အရေးကြီးတဲ့ခြေလှမ်းလို့ သတ်မှတ်လို့ရပါတယ်။ ခေါင်းဆောင်တိုင်းအတွက် ယုံကြည်မှုပြန်လည်တည်ဆောက်ခြင်းနဲ့ ချိတ်ဆက်မှုများကို အားကောင်းစေခြင်းက အဖွဲ့အစည်းဆိုင်ရာ Cultureများကို ပြန်လည်အားဖြည့်သလိုဖြစ်စေပြီး စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။
စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ်ပြောင်းလဲခြင်း။
Starbucks မှ Reb Lobster က အခု Nike တည်ထောင်ထားတဲ့ Brand တွေက သူတို့ကို ကောင်းမွန်စေမယ့်အခြေခံ အချက်များဆီသို့ပြန်သွားရမယ့် တစ်ဆစ်ချိုးကာလများနဲ့ရင်ဆိုင်ရလေ့ရှိပါတယ်။ အဖွဲ့အစည်းတစ်ခု ပြန်လည်အသက်သွင်းဖို့အတွက် မဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲမှုများအပြင် စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ရှိမှုများနဲ့ စိတ်ရှည်သည်းခံမှုများလဲ လိုအပ်ပါတယ်။ ထိုမူများကို ကျင့်သုံးတဲ့ခေါင်းဆောင်များကသူတို့အဖွဲ့အစည်းရဲ့ Culture ကို ပြန်လည်တည်ဆောက်နိုင်ပြီး ရေရှည်အောင်မြင်မှုနှင့် ယှဥ်ပြိုင်နိုင်စွမ်းတို့အတွက် အောင်မြင်မှုပြယုဂ်ကို သတ်မှတ်နိုင်ပါတယ်။
forbes.com မှ Nike CEO Elliott Hill Shares 3 Key Steps To Rejuvenate Your Culture ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
Daw Zin Linn Htet
BE (Civil-MGTU) M.Sc (Construction Project Mgt), Heriot-Watt University
