
ဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ စျေးကွက်ကို ထိုးဖောက်နေတဲ့ Dyson
အခုတလော ရေပန်းစားနေတဲ့ Dyson အမှတ်တံဆိပ် Air Wrap (hair dryer) တွေကိုတွေ့တော့ အဲ့ဒီအမှတ်တံဆိပ်ရဲ့ အကြောင်းလေးကို လေ့လာဖြစ်ခဲ့ပါတယ်။ Dyson အမှတ်တံဆိပ်ကို တည်ထောင် သူကတော့ ဗြိတိန်နိုင်ငံက တီထွင်သူ James Dyson ပဲဖြစ်ပါတယ်။ သူတို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုကတော့ ပေါ့ပါးပြီး ကျစ်လျစ်တဲ့ ဖုန်စုပ်စက်ပဲ ဖြစ်ပါတယ်။ တီထွင်စမ်းသစ်မှုကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်တဲ့အလျောက် ၁၉၇၈ ခုနှစ်မှာ တခြား ထုတ်ကုန်များနဲ့မတူဘဲ တစ်မူ ထူးခြားတဲ့ နည်းပညာကို အသုံးပြုနိုင်ဖို့ စတင်စမ်းသပ်ခဲ့ခြင်းဖြစ်ပါတယ်။
သာမန် ဖုန်စုပ်စက်တစ်ခုကို ကြည့်ရင် အမှိုက်အိတ်လိုမျိုး စုပ်ထားတဲ့အမှုန်တွေအတွက် အိတ်တစ်ခု ပါဝင်တာတွေ့ရမှာဖြစ်ပြီး မော်တာရဲ့ အလုပ်လုပ်နိုင်စွမ်းကလည်း သိပ်ကောင်းတာကို မတွေ့ရပါဘူး။...Read More
Covid-19 နောက်ပိုင်း အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ပြောင်းလဲလာမှုများ
Covid-19 နောက်ပိုင်း အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ပြောင်းလဲလာမှုများ
ဒေါ်လှိုင်မေဝင်း, B. Com, MBA(MEUE)
အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းတွေက ကမ္ဘာ့စီးပွားရေးရဲ့ မရှိမဖြစ်တဲ့ အစိတ်အပိုင်း တစ် ခု ဖြစ်ပါတယ်။ သို့သော် အကျပ်အတည်းမှာ ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်နိုင်မူ မရှိတဲ့အတွက် ဒီကူးစက်ရောဂါက စီးပွားရေးလုပ်ငန်းငယ်တွေအတွက် တကယ်ကို ခက်ခဲပါတယ်။ စီးပွားရေးလုပ်ငန်းငယ်အများစုက ကူးစက် ရော ဂါကို ကိုင်တွယ်ဖြေရှင်းဖို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို မပြုပြင်နိုင်တဲ့အတွက် ပိတ်ပစ်ခဲ့ရပါတယ်။ စီးပွား ရေး အသေးစားပိုင်ရှင် အချို့ ကလည်း စီးပွားရေး ကျဆင်းမှုကို ကျော်လွှား နိုင်ဖို့သူတို့ရဲ့ " ပုံမှန် အလုပ်အ ကိုင် များ...Read More
စီးပွားရေးလုပ်ငန်းတစ်ခုကို အစမပြုခင်ဘာတွေ သိထားသင့်သလဲ
ကိုယ်ရဲ့ပိုင်ဆိုင်မှုတွေရင်းနှီးပြီး စီးပွားရေးလုပ်ငန်းရှင်ဘဝကို အမှန်တကယ်စတင်တော့မယ်လို့ ဆုံးဖြတ်ပြီးသား လူငယ်တွေအတွက် နိုင်ငံတကာက entrepreneur လုပ်ငန်းရှင်တစ်ချို့ ဝေမျှထားတဲ့ အကြံပြုချက်တွေ အတွေအကြုံလေးတွေကို ဖော်ပြပေးသွားပါမယ်။
မာရသွန်အပြေသမားလိုမှတ်ယူပါ
Bluemercury ရဲ့ Founder ဖြစ်သူ Marla Beck က Entrepreneurship ဆိုတာ တာတိုအပြေးလေ့ကျင့်သလိုတစ်ခါတည်း အားသွန်ခွန်စိုက်ထပြေးပြီး အလွယ်တကူပန်းဝင် ပြီးဆုံးသွားမဲ့ အလုပ်လို့ မှတ်ယူထားလို့မရဘူးလို့ ဆိုပါတယ်။ အတော်များများ Entrepreneurs တွေက နှစ်အနည်းငယ်လောက်လေး ရပ်တည်နေရတာကိုပဲ အာရုံစိုက်သာယာမနေပဲ ရေရှည်အောင်မြင်တဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်အောင် ခိုင်ခိုင်မာမာရည်ရွယ်ချက်ထားပြီး အာရုံစိုက် လုပ်ကိုင်သင့်တယ်လို့...Read More
ဝင်ငွေအပိုဖန်တီးနိုင်ပြီး ထူးခြားသည့် Business စိတ်ကူး အသစ်များ
ကိုယ့်မိသားစုဝင်ငွေတိုးဖို့ပဲဖြစ်ဖြစ် ပရော်ဖက်ရှင်နယ်အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေရင်း အချိန်ရလို့ လုပ်ငန်းအသစ်လေးတွေကို စမ်းသပ်လုပ်ကိုင်လိုသူတွေအတွက်ထူးခြားပြီး အမှန်တကယ်ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
Organic Farming
ကျန်းမာရေး အသိပိုမိုမြင်မားလာတဲ့ လူဦးရေတိုးပွားလာတာနဲ့အမျှ တစ်နေတာဖြတ်သန်းရတဲ့ Life Stye ကို ပိုမို Smart ဖြစ်အောင်ဂရုပြုလာကြပါပြီ။ အစားအစာစားသုံးရမှာလည်းဗိုက်ပြည်ရင်ပြီးရော မဟုတ်ပဲ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့အစားအစာ၊နေထိုင်မှုပုံစံအတိုင်း ပြုမူနေထိုင်သူတွေအတွက် ဈေးကွက် လိုအပ်ချက်အဖြစ်ရှိနေတာက စစ်မှန်ပြီး၊ဓာတုအန္တရယ်ကင်းတဲ့ Organic Food တွေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း ကျန်းမာရေးနဲ့ကိုက် တဲ့ အစားအစာတွေရရှိနိုင်သလို ပိုလျှတဲ့ကုန်စည်တွေကို အလွယ်တကူ ဈေးကွက်တင်ရောင်းနိုင်တဲ့ လုပ်ငန်းက တော့ Organic Farmingဖြစ်ပါတယ်။
Smartphone and Table...Read More
" သင့်ရဲ့ ငွေကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲဖို့ ရိုးရှင်းတဲ့ နည်းလမ်း (၁၀) ခု "
ငွေကြေးစီမံခန်ခွဲမှုနည်းလမ်း (၁၀) ချက်ကို မပြောခင် ဘာကြောင့် ငွေကြေးကို စီမံခန့်ခွဲသင့် သလဲဆိုတာ သုံးသပ်ကြည့်ကြရအောင်။ ငွေကြေးစီမံခန့်ခွဲမှုသာမလုပ်တတ်ရင်ကိုယ်ပိုင် ငွေကြေးကို အသုံးချတဲ့အပိုင်းမှာ အနည်းငယ်တော့ အခက်တွေ့နိုင်ပါတယ်။ ဝင်ငွေနဲ့ ထွက်ငွေဟာ မမျှသလိုနဲ့ လက်ထဲက ပိုက်ဆံကုန်သွားမှသာ “ငါဒီလောက်တောင် သုံးခဲ့မိ ပါလား” ဆိုပြီး စိတ်ရှုပ်သွားရပါတယ်။ ငွေကြေးစီမံခန့်ခွဲမှုလုပ်တတ်မှသာ အသုံးစရိတ်ငွေ တွေကို တိတိကျကျ စီမံနိုင်မှာဖြစ်ပါတယ်။ ငွေကြေးစီမံမှုအခန်းကဏ္ဍက သင့်ရဲ့ဝင်ငွေနဲ့ အသုံးစရိတ်ကို ကောင်းမွန်စွာကိုင်တွယ်အသုံးချနိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ သင့်ရဲ့ငွေကြေး အခြေအနေဟာ တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ သင်္ချာမတော်လို့ စိတ်ပူစရာ မလိုပါဘူး။ အပေါင်းအနုတ်ကို လည်လည်ပတ်ပတ် တွက်ချက်နိုင်ရုံနဲ့ အဆင်ပြေနိုင်ပါပြီ။ သင်ဟာ ငွေရေးကြေးရေးနဲ့ပတ်သက်လို့ ကျွမ်းကျင်မှုရှိနေရင်...Read More
ငွေကြေးဖိစီးမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ?
ငွေကြေးချမ်းသာဖို့ အရေးကြီးသလား ?
ငွေကြေးဟာ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အရေးကြီးသလားဆိုရင် အရေးကြီးပါတယ်။ ဒါပေမဲ့ ငွေကြေးဟာ ဘဝရဲ့အစိတ်အပိုင်းတွေကို ထောက်ပံ့ပေးနိုင်ပေမယ့် ငွေကြေးဟာ ဘဝမဟုတ်ဘူးဆိုတာ သတိထားရပါမယ်။ တချို့လူတွေက ငွေရရင်ပြီးရော ကိုယ်ဝါသနာမပါတဲ့အလုပ်တွေမှာ လုပ်နေ ကြပေမယ့် ကြာလာတဲ့အခါ လုပ်ငန်းခွင်မှာ မပျော်တာမျိုးဖြစ်လာတတ်တယ်။ ဒါပေမဲ့ ငွေရနေလို့ ဆက်လုပ်နေကြရပါတယ်။ ဒါကို ကြည့်ရရင် ငွေဟာ နေ့စဉ်ဘဝမှာ တစ်နည်းတစ်ဖုံနဲ့ ပါဝင် ပတ်သက်နေတာ ငြင်းစရာမရှိပါဘူး။
ငွေကြေးဖိစီးမှု (Financial Stress) ဆိုတာ ဘာလဲ ?
ငွေကြေးဖိစီးမှု (Financial Stress) ဆိုတာ ငွေကိုအကြောင်းပြုပြီး စိုးရိမ်နေတာမျိုး၊ ပူပန်နေရတာမျိုးကို ပြောတာပါ။ သင့်မှာ လစဉ်ငွေဝင်နေပေမယ့် လကုန်ရင်...Read More
အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအတွက် ငွေကြေးဆိုင်ရာ အောင်မြင်မှု နည်းလမ်းများ
သုတေသနစာတမ်းများအရ အမျိုးသမီးပိုင်လုပ်ငန်းများမှာ လျင်မြန်စွာ တိုးတက်လာပြီး ဝင်ငွေများမှာလည်း တခြား စီးပွားရေးအသစ်များနဲ့ယှဉ်ရင် ပိုမိုပြီး လည်ပတ်လျက်ရှိပါတယ်။ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များရဲ့ အခန်းကဏ္ဍများမှာ တိုးတက်လာပေမယ့်လည်း တစ်ဖက်မှာ အောင်မြင်မှုအတွက် လိုအပ်တဲ့ ရင်းနှီးငွေ၊ လမ်းညွှန်ပြသမှုနဲ့ တခြား လိုအပ်တဲ့ အရာများရရှိနိုင်မှုဟာ အကန့်အသတ်ရှိနေတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ စီးပွားရေးတစ်ခုတည်ထောင်ဖို့အတွက် လိုအပ်တဲ့ အချိန်ပေးရမှု၊ စိတ်ရှည်မှုနဲ့ အားစိုက်ထုတ်ရမှုတို့မှာ ဖြတ်လမ်း သီးသန့်မရှိပါဘူး။ ဒါပေမဲ့ ငွေကြေးဆိုင်ရာ အောင်မြင်မှုမှာတော့ စစ်မှန်ပြီး စနစ်ကျမှန်ကန်တဲ့ နည်းဗျူဟာများ ရှိဖို့ လိုအပ်ပါတယ်။
လိုအပ်တဲ့ နည်းဗျူဟာ တချို့ကို အောက်မှာ ဖော်ပြထားပါတယ်။
၁။ ကိန်းဂဏန်းတွေကို သိဖို့လိုအပ်ပါတယ်။
စီးပွားရေးဆိုင်ရာ ငွေကြေးစီမံခန့်ခွဲတတ်မှုက စွန့်ဦးတီထွင်သူတစ်ဦးအတွက်...Read More
စွန့်ဦးတီထွင်သူနဲ့ လုပ်ငန်းစတင်သူများအတွက် ဘဏ္ဍာရေးအရင်းအမြစ်များ
နိဒါန်း
မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင်သူနဲ့ စွန့်ဦးတီထွင်လုပ်ငန်းများဟာ ဆန်းသစ်တီထွင်မှုနဲ့ စီးပွားရေးတိုးတက်မှုကို လက်ခံတဲ့ ပတ်ဝန်းကျင်မှာ ထွန်းကားလျက်ရှိပါတယ်။ သို့ပေမယ့်လည်း လုံလောက်တဲ့ ရန်ပုံငွေရရှိခြင်းက အဆိုပါလုပ်ငန်းများရဲ့ အောင်မြင်မှုနဲ့ ရေရှည်တည်တံ့မှုအတွက် အရေးကြီးလှပါတယ်။ ဒီဆောင်းပါးက မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနဲ့ လုပ်ငန်းစတင်လုပ်ကိုင်သူများအတွက် ရရှိနိုင်တဲ့ ငွေကြေးအရင်း အမြစ်များကို စူးစမ်းလေ့လာပြီး သူတို့ရဲ့ ကြီးထွားမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖို့ ရည်ရွယ်ပါတယ်။
Personal Savings (Bootstrapping)
မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင်သူအများစုဟာ ကိုယ်ပိုင်စုဆောင်းငွေ ဒါမှမဟုတ် Bootstrapping ကို အားကိုးခြင်းနဲ့ သူတို့ရဲ့ Startup ခရီးကို စတင်ကြပါတယ်။ ဒီကိုယ်ပိုင်ငွေကြေးထောက်ပံ့မှုနည်းလမ်းရဲ့ အားသာချက်မှာ တည်ထောင်သူများအတွက် ငွေအရင်းအမြစ် အကန့်အသတ်ရှိပေမယ့်လည်း သူတို့ရဲ့လုပ်ငန်းများအပေါ် အပြည့်အဝထိန်းချုပ်နိုင်ခြင်း...Read More
" Profit is not always the point "
TED Talk Review ဒီတစ်ခေါက်မှာ မျှဝေသွားချင်တဲ့ ခေါင်းစဉ်ကတော့ TED Talk discussion မှာ FMCG(Fast moving consumer goods) လို့ခေါ်တဲ့ လူသုံးကုန်စားသောက်ကုန်တွေကို အများဆုံးထုတ်လုပ်ရောင်းချပြီးတော့ ကမ္ဘာမှာဆပ်ပြာထုတ်လုပ်မှုမှာ နံပါတ်တစ် ဗြိတိသျှ multinational ကုမ္ပဏီတစ်ခုဖြစ်တဲ့ Unilever ရဲ့ Global Chief Operating Officer အိန္ဒိယလူမျိုး Harish Manwani တင်ပြဆွေးနွေးခဲ့တဲ့ “ Profit is not always the point“ ပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်ကမ္ဘာမှာတော့ စီးပွားရေးလုပ်ငန်းစုတော်တော်များများဟာ အကျိုးအမြတ် ရရှိရေးဆိုတဲ့ ကဏ္ဍကိုဦးစားပေးရုံတင်မကဘဲ Corporate Social Responsibility (CSR)...Read More
" The Richest Man in Babylon "
The Richest Man in Babylon ကို 1926 ခုနှစ်မှာ George Samuel Clason က ရေးသားခဲ့ပါတယ်။ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးထောင်ကျော်က Babylonia မှာ Financially wise ဖြစ်တဲ့သူတွေရဲ့ ဥပမာတွေ၊ Advice တွေနဲ့ သူတို့ရဲ့ Financial wisdom တွေကို စုစည်းရေးထားတာပါ။ ဒီ Classic စာအုပ်လေးကတော့ Timeless classic လို့ပြောရတဲ့ထိ ယနေ့ထိတိုင် အသုံးဝင်နေတုန်းပါပဲ။ကျွန်တော်တို့တွေဟာ ကိုယ်ရတဲ့ မုန့်ဖိုးတွေ၊ လစာတွေ ဘယ်လိုကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံရတတ် ပါတယ်။ ဟိုဟာ ဒီဟာ အကုန်လိုချင်၊ Discount ချလို့လို...Read More
"ဝင်ငွေတိုးစေဖို့"
ဝင်ငွေဆိုတာ အလုပ်လုပ်နေသူတွေအတွက် အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဝင်ငွေဆိုတာ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့၊ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို အားဖြည့်ပေးတဲ့ အားဆေးတစ်ခွက်ပါပဲ။ လူတစ်ယောက်က သူရဲ့ဝင်ငွေပေါ်မှာမူတည်ပြီးတော့လည်း ယုံကြည်မှုတွေ ပိုရှိလာနိုင်ပါတယ်။ အောင်မြင်တဲ့သူတွေ ပိုပိုအောင်မြင်လာကြတာတွေ၊ ချမ်းသာတဲ့သူတွေ ပိုပိုချမ်းသာလာရတာလည်း ဒီအချက်တွေကြောင့်ပါပဲ။ လူဟာ ကိုယ်လုပ်နိုင်တဲ့အရာတစ်ခုကို အောင်အောင်မြင်မြင်လုပ်ပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ယုံကြည်မှုက ပိုတိုး လာပါတယ်။ ကျွန်တော်တို့က ဝင်ငွေတိုးတက်လာတာကြောင့် မိမိကိုယ်ကိုယ် ပိုပြီးယုံကြည်မှုရှိလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့က ဝင်ငွေတိုးစေဖို့လည်း လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကိုလည်း လုပ်ဆောင်တတ်ဖို့ လိုပါသေးတယ်။
(၁) သင့်ဝါသနာကို စီးပွားရေးအဖြစ်ပြောင်းပါ။
ကျွန်တော်တို့တွေက ကျွန်တော်တို့ဝါသနာပါတာကို လုပ်နေရရင် ပျော်ရွှင်နေတတ်တယ်။ မမောတမ်း၊ မနားတမ်း လုပ်ဆောင်နေကြတယ်။ ဒါကြောင့်ပဲ...Read More
" ငွေကြေးစီမံခန့်ခွဲဖို့အတွက် နည်းလမ်းကောင်းများ "
လူတွေရဲ့နေ့စဥ်ဘဝမှာ မရှိမဖြစ်ထိတွေ့သုံးစွဲနေရတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကိုယ်လိုအပ်တဲ့ အရာတွေ၊ ကိုယ်လိုချင်တဲ့ အရာတွေဝယ်ဖို့အတွက် သုံးစွဲရတဲ့ငွေကြေးပဲ ဖြစ်ပါတယ်။ ကိုယ့်လက်ထဲမှာရှိတဲ့ ငွေကြေးကို ဘယ်နေရာမှာ ဘယ်လိုအကျိုးရှိရှိ သုံးစွဲမလဲဆိုတာကလည်း အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုးနိုင်ငံရဲ့စီးပွားရေးကျဆင်းမှုနဲ့ ကြုံနေရချိန်မှာ ငွေကြေးနဲ့ပတ်သက်ပြီး စိတ်သောကမရစေဖို့နဲ့ ငွေကြေးကို စီမံခန့်ခွဲဖို့အတွက် ဘယ်သူမဆို လုပ်ဆောင်နိုင်တဲ့ နည်းလမ်းကောင်းများ ရှိပါတယ်။ ဒါကြောင့် ငွေကြေးကို ထိရောက်စွာ စီမံခန့်ခွဲဖို့နဲ့ အနာဂတ်အတွက် ငွေကြေးစုဆောင်းဖို့အတွက် ကောင်းမွန်တဲ့နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။
၁။ သင့်အတွက် ငွေရနိုင်တဲ့ ရင်းမြစ်များကိုအကဲဖြတ်ပါ။
သင့်ရဲ့ ငွေကြေးအခြေအနေကို သင်မသိမချင်း သင့်ရဲ့ ငွေကြေးပိုင်းဆိုင်ရာကို စီမံခန့်ခွဲလို့မရပါဘူး။ ဒါကြောင့် လတစ်လကုန်သွားတဲ့အခါ သင့်မှာ ရလာနိုင်တဲ့ ငွေပမာဏများအားလုံးကို...Read More
အလှကုန် ပစ္စည်းရောင်းချမှုတွေရဲ့စျေးကွက်ကို ဦးဆောင်နေတဲ့ Sephora
Beauty product တွေကို ဝယ်ဖို့ ရှာနေတဲ့သူတွေဆိုရင် Sephora ကို မသိတဲ့သူ မရှိသလောက်ပဲ ဖြစ်မယ်ထင်ပါတယ်။ သူ့ရဲ့ Unique ဖြစ်တဲ့ brand color နဲ့ ရောင်းချတဲ့ အလှကုန်ပစ္စည်းတွေ၊ နှစ်စဉ် seasonal promotion တွေက အလှအပကြိုက်တဲ့သူအများစုကို ဆွဲဆောင်နိုင်တယ်ဆိုတာ အသေအချာပါပဲ။ Sephora ရဲ့ တည်ထောင်သူကတော့ Dominique Mandonnaud ဖြစ်ပြီး ၁၉၆၉ ခုနှစ်၊ ပြင်သစ်နိုင်ငံ လီမိုးစ်မြို့မှာ ရေမွှေးဆိုင် အသေးလေးကနေ Sephora ကို စတင်ခဲ့တာဖြစ်ပါတယ်။ယနေ့အချိန်မှာဆိုရင် တစ်ကမ္ဘာလုံးမှာ တစ်ကိုယ်ရည်သုံးပစ္စည်းတွေနဲ့ အလှကုန်ပစ္စည်း လုပ်ငန်း ဈေးကွက်ရဲ့ Industry leader အနေနဲ့ ကိုင်လှုပ်နိုင်စွမ်းရှိတဲ့အထိ Sephora...Read More
လုပ်ငန်းတွေကို Next Level တစ်ခုဆီ မြှင့်တင်ပေးနိုင်ခဲ့တဲ့ Marketing Campaign များ
Marketing ဟာ လုပ်ငန်းတွေ လူသိများဖို့၊ ရောင်းအားတက်လာဖို့ ဆောင်ရွက်ပေးရုံတင်မကဘဲ လုပ်ငန်းရဲ့ Valueတွေ၊ Cultureတွေကို ကွက်ကွက်ကွင်းကွင်း ပြသပေးနိုင်တဲ့ Brand image ကို တည်ဆောက်နိုင်ဖို့အတွက်ပါ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အခု ဖော်ပြသွားမယ့် အကြောင်းအရာတွေကတော့ လုပ်ငန်းရဲ့ Brand Image တောက်ပြောင်လာအောင်၊ ပိုမိုခိုင်မာလာအောင် တည်ဆောက်ပြောင်းလဲပေးနိုင်ခဲ့ကြတဲ့ Marketing Campaign တွေ၊ Slogan တွေ အကြောင်းပဲ ဖြစ်ပါတယ်။
1.Apple ရဲ့ “Think Different”
Apple ကုမ္ပဏီဟာ 1997ခုနှစ် မတိုင်ခင် အားလုံးရဲ့ အမြင်မှာ ကွန်ပျူတာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု အနေနဲ့ပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့...Read More
ဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ စျေးကွက်ကို ထိုးဖောက်နေတဲ့ Dyson
အခုတလော ရေပန်းစားနေတဲ့ Dyson အမှတ်တံဆိပ် Air Wrap (hair dryer) တွေကိုတွေ့တော့ အဲ့ဒီအမှတ်တံဆိပ်ရဲ့ အကြောင်းလေးကို လေ့လာဖြစ်ခဲ့ပါတယ်။ Dyson အမှတ်တံဆိပ်ကို တည်ထောင် သူကတော့ ဗြိတိန်နိုင်ငံက တီထွင်သူ James Dyson ပဲဖြစ်ပါတယ်။ သူတို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုကတော့ ပေါ့ပါးပြီး ကျစ်လျစ်တဲ့ ဖုန်စုပ်စက်ပဲ ဖြစ်ပါတယ်။ တီထွင်စမ်းသစ်မှုကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်တဲ့အလျောက် ၁၉၇၈ ခုနှစ်မှာ တခြား ထုတ်ကုန်များနဲ့မတူဘဲ တစ်မူ ထူးခြားတဲ့ နည်းပညာကို အသုံးပြုနိုင်ဖို့ စတင်စမ်းသပ်ခဲ့ခြင်းဖြစ်ပါတယ်။
သာမန် ဖုန်စုပ်စက်တစ်ခုကို ကြည့်ရင် အမှိုက်အိတ်လိုမျိုး စုပ်ထားတဲ့အမှုန်တွေအတွက် အိတ်တစ်ခု ပါဝင်တာတွေ့ရမှာဖြစ်ပြီး မော်တာရဲ့ အလုပ်လုပ်နိုင်စွမ်းကလည်း သိပ်ကောင်းတာကို မတွေ့ရပါဘူး။...Read More

အထွေထွေစီမံခန့်ခွဲမှုပညာရပ်များ လေ့လာလိုသူတိုင်း အတွက် SFUx Certificate in Essentials of Management အတန်းသစ် နိုဝင်ဘာလ(၇)ရက်နေ့ အတန်းစမည်။
Website Address: https://sfux.strategyfirst.edu.mm
ဖုန်းနံပါတ်: 09400088050~4 သို့ ဆက်သွယ်နိုင်ပါသည်။