Career Opportunities

Strategy First University အနေနဲ့ ကျောင်းသား၊ ကျောင်းသူ လူငယ်တွေ အနာဂတ်ကပညာရေး လမ်း ကြောင်း အတွက် မှန်ကန်စွာချမှတ်နိင်ဖို့ အပါအဝင် လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါမှာလည်း အောင်မြင်ဖို့ အတွက် စီး ပွား ရေး ၊ စီမံခန့်ခွဲမှုနဲ့ အိုင်တီ နည်းပညာရပ်တွေကို စနစ်တကျသင်ကြားပေးလျက်ရှိပါတယ်။

Strategy First University မှာ ပညာသင်ယူ တတ်မြောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါ ကုမ္ပဏီတွေရဲ့ လုပ်ငန်းတာဝန်တွေကို အောင်မြင်စွာ ဆောင်ရွက်နေတဲ့ ကျောင်းသားဟောင်းတွေရဲ့ အတွေ့အကြုံတွေကို သိရှိနိုင်ဖို့ Career Opportunitiesကဏ္ဍကနေဖော်ပြလိုက်ပါတယ်။

​'' ကျောင်းကလုပ်ပေးတဲ့ Activity တွေဖြစ်ဖြစ်၊ ပြိုင်ပွဲတွေပဲဖြစ်ဖြစ် အမြဲတမ်းဝင် Join ပေးမယ်ဆိုရင် မတူညီတဲ့ Knowledge တွေရလာတဲ့အတွက် အလုပ်ဝင်တဲ့အခါ အဆင်ပြေပါတယ် "

မဝင့်နန္ဒာအောင်
(Program Coordinator at Edvice Hub)
BA (Hons) Business and Management

ညီမက ဝင့်နန္ဒာအောင် ပါ။ လက်ရှိမှာတော့ Edvice Hub လို့ခေါ်တဲ့ Not for Profit Organization လို့ခေါ်တဲ့ NGO တစ်ခုကို ဦးဆောင်ပြီးတော့ Run နေပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံကတော့ တစ်နှစ်ပြည့် တော့ပါမယ်။ ဒီအလုပ်ကိုရွေးချယ်ရတဲ့အကြောင်းက ဘာကြောင့်လဲဆိုတော့ ညီမက နဂိုက တည်းက Development Field တွေကို ပိုပြီးတော့ အားသန်တယ်။ Internship ဆင်းကတည်းက Development Field ကိုရောက်သွားခဲ့တယ်။ အဲဒီမှာ ပိုပြီးတော့ မြင်လာခဲ့တယ်။လူငယ်တွေနဲ့ ပတ်သက်ပြီး တော့ ဘယ်လိုလိုအပ်ချက်တွေရှိနေလဲဆိုတာရယ်၊ လူငယ်တွေက ကျောင်းကညာရေးတင်မဟုတ်ဘူးပေါ့နော်။ ပြင်ပကနေပြီးတော့မှ စီနီယာ လူငယ်အချင်းချင်း ပြန်ပြီးတော့ ကူညီပေးလို့ရတယ်ဆိုရင် Knowledge တွေပိုပြီးတော့ ကြွယ်၀ လာမယ်လို့ထင်တယ်။ အဲဒါကြောင့်မို့ ညီမက မတူညီတဲ့ ကဏ္ဍအနေနဲ့ Peer Learning ကို Support လုပ်ပေးတဲ့အနေနဲ့ ဒီ Organization လေးကို စဖြစ်ခဲ့တာပေါ့နော်။ ရှေ့ဆက်ပြီးတော့လည်း Organization ကိုပိုပြီးတော့ တိုးချဲ့သွားဖို့ရှိပါတယ်။ ဒီမြန် မာနိုင်ငံမှာတင် မဟုတ်ဘူး။ တခြားက ကိုယ်နဲ့အတူတူသိတဲ့ Organization တွေပူးပေါင်းပြီးတော့ တိုးချဲ့သွားဖို့ရှိသလိုနောက်ထပ် ညီမလုပ်ချင်တဲ့ ရည်ရွယ်ချက်က အခုက Not For Profit ဖြစ်နေတဲ့အတွက် Profit ဖြစ်တဲ့ လုပ်ငန်းတစ်ခုကိုလည်း လုပ်ဖို့ရည်ရွယ်ထားတာတော့ ရှိပါတယ် ရှင့်။ နောက်တက်လာမဲ့ မောင်လေးတွေ၊ညီမလေးတွေကို ပြောချင် တာက တော့ ကျောင်းစာတွေလည်း သူ့ကဏ္ဍအလျောက်အရေးကြီးပါတယ်။ ဒါပေမဲ့လည်း ကျောင်းစာတစ်ခုတည်း မဟုတ်ပဲနဲ့ပေါ့ နော် ကျောင်းမှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ကျောင်းသားဘ၀ကို ကုန်ဆုံးဖို့ရယ်။ ကျောင်းကလုပ်ပေးထားတဲ့ Activity တွေ ဖြစ်ဖြစ်၊ ပြိုင်ပွဲတွေပဲဖြစ်ဖြစ် အမြဲတမ်း ဝင် Join ပေးမယ်ဆိုရင် မတူညီတဲ့ Knowledge တွေရလာမယ်။ အဲကနေမှ Communication တွေလည်းရလာမယ်။ တစ်ယောက်တည်း သီးသန့်နေတာမျိုးမဟုတ်ပဲနဲ့ အသင်းအဖွဲ့နဲ့အတူ ကြိုးစားပါလို့ ပြောချင်ပါတယ်။ ကျောင်းစာနဲ့ ဘယ်လို ချိတ်ရမလဲဆိုရင် ညီမက အစောကြီးကတည်းက Entrepreneurship တို့ ၊ Strategic planning ၊ Strategic Management တို့ကို စိတ်ဝင်စားတယ်။ ကိုယ်ကိုတိုင်လည်း Idea Generation တွေ၊ Business Development ပိုင်းတွေ အရမ်းအားသန်တယ်လို့ထင်တယ်။ အဲဒါကြောင့်မို့ လည်း ဒီ Field ကိုရောက်လာတာပေါ့နော်။ Edvice မှာဆိုရင်လည်း Organization က Run နေတယ်ဆိုပေမဲ့ Program တွေကို Project by Project သွားတယ်။ Workshop တွေဆိုရင်လည်း ဘယ်လိုစီစဉ်မလဲ။ Training တွေဆိုရင် ဘယ်လိုသွားမလဲ။ အဲလိုမျိုးတွေ Project အလိုက် Run ပေးတာမျိုးတွေရှိတယ်။ အဓိကက Management Skill လည်းရတယ်။ Entrepreneurship တို့ဆိုရင်လည်း အိုင်ဒီယာတွေ အရမ်းထုတ်ရတယ်။ အဲဒီမှာလည်း Skillတွေကိုပြန်အသုံးချလို့ရတယ်။ နောက် တစ်ခုအနေနဲ့က Strategic Planning အနေနဲ့လည်း ကိုယ့်လုပ်ငန်းကို ဘယ်လိုတိုးတက်အောင်လုပ်မလဲ။ Marketing အပါအဝင်ရှိသမျှ အကြောင်းအရာတွေကိုလက်တွေ့ လုပ်တဲ့အခါမှာ ပြန်လည်အသုံးချလို့ရပါတယ်။