Creative Thinking တိုးတက်စေမယ့် နည်းလမ်းငါးခု
Creative Thinking ဆိုသည်မှာ တစ်နေ့တာရဲ့ လုပ်ဆောင်ချက်တွေကို ဖြတ်သန်းတဲ့အခါမှာ အသစ် အသစ်များကို တီထွင်နိုင်ခြင်း၊ ပြဿနာများကို မတူညီတဲ့ ရှုထောင့်ကနေပြီး နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းနိုင်ခြင်း စသည်ဖြင့် ယေဘူယျအားဖြင့် ဆိုလိုလို့ ရပါတယ်။ အခုဆောင်းပါးမှာ creative thinking တိုးတက်စေဖို့ ဘယ်လို လုပ်ဆောင်လို့ရမလဲဆိုတာ ဖော်ပြသွားပါမယ်။
၁။ What if? မေးခွန်းသုံးခုဖန်တီးပြီး မေးပါ။
တီထွင်ဖန်တီးမှုကောင်းတဲ့သူတွေဟာ လက်ရှိ ရှိနေတဲ့ အရာကိုကြည့်ပြီး သူ့ရဲ့ပုံစံတွေကို မေးခွန်းလှည့်ပတ်ထုတ်ကြပြီး ပစ္စည်းအသစ်တစ်ခုအတွက် အိုင်ဒီယာရရှိသွားတတ်ကြတယ်။ Steve Job က အစကတည်းက smartphone ထုတ်မယ်ဆိုတဲ့ အိုင်ဒီယာကိုတန်းပေါ်လာတာမဟုတ်ပါဘူး။ cell phone ကိုကြည့်ရင်း ဒီဟာကို ဘယ်လိုပိုကောင်းအောင် ဘယ်လိုလုပ်လို့ရမလဲဆိုတဲ့ ရိုးရိုးရှင်းရှင်းမေးခွန်းနဲ့စတင်ခဲ့တာပါ။
three ifs မေးခွန်းသုံးခုမေးခြင်းက creative thinking တည်ဆောက်ရာမှာ ကောင်းမွန်စေတယ်လို့ ကျောင်းသားတွေကို အကြံပြုပေးထားပါတယ်။
1. ဒီအရာကိုပြောင်းလဲလိုက်လို့ ဘာဖြစ်သွားမလဲ (What would happen if I change the object?)
2. နောင် ၁၀ နှစ်မှာ ဒီပစ္စည်းကိုသုံးမယ်ဆိုရင် အဲ့ဒါကို ဘယ်လိုပြောင်းလဲမှာလဲ၊ ဘယ်လိုတိုးတက်အောင် လုပ်လို့ရမလဲ၊ (What would I change or improve about this object if I wanted to use it in 10 years?)
3. အဲ့ဒီပစ္စည်းပိုကောင်းအောင်လုပ်ဖို့ ဒေါ်လာ ၁ သန်းရှိရင် ငါဘာလုပ်မလဲ (What would I do if I had a one-million-dollar investment to improve it?)
ဒီမေးခွန်းတွေက ကိုယ့်ကို မတူတဲ့ အတွေးတွေ တွေးလာနိုင်ဖို့ ကူညီပေးတဲ့ စွမ်းအားရှိတယ်။ ဘယ်အရာတွေမှာ မဆို three ifs မေးခွန်းသုံးခုမေးတဲ့ အလေ့အကျင့်ကို မကြာခဏလေ့ကျင့်ပျိုးထောင်ပေးရင် အိုင်ဒီယာ အသစ်တွေ ပေါ်ထွက်လာစေနိုင်တယ်။
၂။ စိတ်ကူးစိတ်သန်း ကွန့်မြူးနိုင်အောင်လေ့ကျင့်ပါ။
Creative thinking ဆိုတာက IQ မြင့်မှရှိနိုင်တာမျိုး မဟုတ်ဘူးလို့ ဆိုထားပါတယ်။ ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းတွေနဲ့ စူးစမ်းလေ့လာမှုစွမ်းရည်တက်လာအောင် ပုံမှန်လေ့ကျင့်ပေးလို့ရပါတယ်။ ကျွန်မတို့ဟာ နေ့တဒူဝလုပ်ငန်းဆောင်တာတွေမှာ ကိုယ့်ရဲ့ဥာဏ်စွမ်းအားကို တော်တော်အားစိုက် အသုံးချတတ်ကြပါတယ်။ အဲ့တော့ ကျွန်မတို့ဟာ နေ့တစ်နေ့တာရဲ့အဆုံးမှာ ထွက်လာတဲ့ creative အဖြစ်ဆုံး အိုင်ဒီယာက တီဗီရှေ့မှာ ထိုင်အနားယူမယ်ဆိုတာမျိုး ဖြစ်လာတယ်။
အဲ့တော့ ကိုယ်က အလုပ်လုပ်ရာမှာ၊ အနားယူရာမှာဖြစ်ဖြစ် ဘာလဲလုပ်လုပ် ကိုယ်မြင်နေ၊ တွေ့နေ၊ စိတ်ကူးထဲကအရာတွေကို three ifs သုံးဖို့ အတွေးတွေကောင်းလာဖို့ လေ့ကျင်ပေးနိုင်တယ်။ အဲ့လိုလုပ်ခြင်းက ကိုယ့်ရဲ့စိတ်ထဲမှာ creative thinking အတွက် နေရာပေးလိုက်ခြင်း ဖြစ်ပါတယ်။
၃။ Creative thinking အတွက် သီးသန့်အချိန်ပေးပါ။
တီထွင်ဖန်တီးမှုပြုလုပ်နိုင်ဖို့ သတ်သတ်မှတ်မှတ်အချိန်လေး ထားရှိတာက အရေးကြီးတယ်။ Google မှာဆိုရင် အဖွဲ့သားတွေကို project အသစ်အတွက် အနည်းဆုံး သူတို့ရဲ့အချိန် ၂၀% ပေးဖို့ လုပ်ဆောင်စေတာမျိုးတွေ ဖြစ်တယ်။ အဲ့ဒါကြောင့် တစ်နေ့ကို ၁နာရီ၊ ဒါမှမဟုတ် တစ်ပတ်ကို ၁နာရီ အချိန်သီးသန့်ပေးပြီး အဲ့အချိန်တွင်းမှာ တစ်ခုခုအတွက် သတ်သတ်မှတ်မှတ်နဲ့ creative thinking ကို လေ့ကျင့် ပေးရာ ရောက်ပါတယ်။
၄။ ကိုယ့်ရဲ့ အိုင်ဒီယာကို အများမြင်အောင် ဆက်သွယ်တတ်ခြင်း
Steve Job က လက်ရှိကုန်ပစ္စည်းတွေဖြစ်တဲ့ laptop၊ cell phones၊ music players တွေပေါ်အခြေခံပြီး ဘယ်လိုတီထွင်နိုင်မလဲ၊ အဲ့အကြောင်းကို အခြားသူများမြင်အောင် ပြောဆိုတဲ့နေရာမှာ ထူးချွန်တယ်။ သူကအဲ့ပစ္စည်းတွေကို ထွင်တာထက် ပိုကောင်းတဲ့ပုံစံပြောင်းလဲတာနဲ့ အခြားသောပစ္စည်းတွေထက် ဘယ်လိုသာလွန်ကြောင်း ပြောတာမှာ တော်တဲ့သူတစ်ယောက်ပါ။
ကျောင်းသားတွေဆီကနေ “ဟာ ဒါ ငါတွေးထားတဲ့အိုင်ဒီယာပဲ”၊ “ငါဒီလိုအိုင်ဒီယာမျိုး တခြားသူကို ပြောပြဖူးတယ် ဒါပေမယ့် ဘယ်သူမှနားမထောင်ကြဘူး” ဒီလိုတွေကြားဖူးပါတယ်။ အဲ့ဒီအခါ စာရေးသူက ‘မင်းတို့မှာ ကောင်းမွန်တဲ့အိုင်ဒီယာတွေရှိလိမ့်မယ်၊ ဒါပေမယ့် အဲ့ဒီအိုင်ဒီယာကို မင်းတို့ကိုယ်တိုင်လည်း သေချာ ရှင်းရှင်းလင်းလင်း နားမလည်တာမျိုးဖြစ်တာရှိသလို၊ သူများကို ကိုယ်မြင်သလို မြင်အောင် စိတ်ဝင်တစားရှိလာအောင် ပြောတဲ့နေရာမှာ အားနည်းနေသေးလို့’ ရှင်းပြပေးပါတယ်။ ဆိုရိုးတစ်ခုရှိပါတယ်။ “If you cannot express your ideas in three sentences, you don’t have an idea!” ဆိုတဲ့ ကိုယ့်ရဲ့ အိုင်ဒီယာကို စာကြောင်း၃ကြောင်းနဲ့ မဖော်ပြနိုင်ရင် မင်းဆီမှာ အိုင်ဒီယာမရှိသေးပါဘူးတဲ့။
အိုင်ဒီယာအသစ်တစ်ခုကို တိုတိုတုတ်တုတ်နဲ့ ရှင်းရှင်းလင်းလင်းဖော်ပြနိုင်တာကလည်း အရေးပါတဲ့ အရည်အချင်းဖြစ်တယ်။ အဲ့ဒါကို elevator pitch လို့သုံးနှုန်းတဲ့ ကိုယ့်အိုင်ဒီယာကို အခြားသူများမြင်အောင် ပြောပြတဲ့နည်းကိုဆိုလိုပါတယ်။ ဒီအရည်အချင်းဟာ အခြား သော့စွမ်းရည်တွေလိုလည်း လေ့ကျင့်ယူလို့ရပါတယ်။
၅။ အိုင်ဒီယာတွေကို အခြားသူများနဲ့ဆွေးနွေးပါ။
တီထွင်ကြံဆမှုကောင်းတဲ့သူအနားမှာ သူ့ရဲ့အိုင်ဒီယာတွေကို ဆွေးနွေးဖို့ အခြားသူများ လိုကို လိုအပ်ပါတယ်။ တီထွင်မှုအားပေးတဲ့ Microsoft နဲ့ Google မှာ တူညီတာက အဖွဲ့လိုက် အိုင်ဒီယာတွေ brainstrom လုပ်တာ၊ project တွေကိုင်တွယ်တာ၊ ဒီ project ကို ရင်းနှီးမြှုပ်နှံသူတွေဆီဆွေးနွေးတာ၊ နောက်ဆုံး product ထုတ်တဲ့အထိ team အနေနဲ့ လုပ်ကိုင်သွားတာဖြစ်တယ်။ တီထွင်မှု skillset ထဲမှာ တန်ဖိုးရှိတဲ့ team player တစ်ယောက်ဖြစ်ခြင်းလည်း ပါဝင်လို့နေပါတယ်။
Topuniversities.com မှ 5 ways to improve your creative thinking ဆောင်းပါးကို သင့်လျော်သလို ဘာသာပြန်ဆိုထားပါတယ်။
Reference
Abazov, R, 2024, 5 ways to improve your creative thinking. [Online]
Available at: https://www.topuniversities.com/blog/5-ways-improve-your-creative-thinking
[Accessed 29 January 2025]
Daw Myint Zu Phyo
BBM, (NMDC)
MBA, (YUE)
