Covid-19 နောက်ပိုင်း အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ပြောင်းလဲလာမှုများ

Covid-19 နောက်ပိုင်း အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ပြောင်းလဲလာမှုများ

ဒေါ်လှိုင်မေဝင်း, B. Com, MBA(MEUE)

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းတွေက ကမ္ဘာ့စီးပွားရေးရဲ့ မရှိမဖြစ်တဲ့ အစိတ်အပိုင်း တစ် ခု ဖြစ်ပါတယ်။ သို့သော် အကျပ်အတည်းမှာ ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်နိုင်မူ မရှိတဲ့အတွက် ဒီကူးစက်ရောဂါက စီးပွားရေးလုပ်ငန်းငယ်တွေအတွက် တကယ်ကို ခက်ခဲပါတယ်။ စီးပွားရေးလုပ်ငန်းငယ်အများစုက ကူးစက် ရော ဂါကို ကိုင်တွယ်ဖြေရှင်းဖို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို မပြုပြင်နိုင်တဲ့အတွက် ပိတ်ပစ်ခဲ့ရပါတယ်။ စီးပွား ရေး အသေးစားပိုင်ရှင် အချို့ ကလည်း စီးပွားရေး ကျဆင်းမှုကို ကျော်လွှား နိုင်ဖို့သူတို့ရဲ့ " ပုံမှန် အလုပ်အ ကိုင် များ " သို့ ပြန်လည်ရောက်ရှိဖို့ အတွက်စွန့်စားမှုတွေစတင်ခဲ့ရပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုရဲ့ အမှောင် ဆုံးနေ့ရက်တွေ တစ်လျှောက် ခေါင်းဆောင်တွေ အနေနဲ့လည်း နေ့စဉ်လုပ်ငန်း ဆောင်တာတွေ အဆင်ပြေချော မွေ့စေဖို့ အလိုက်သင့်ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲရပါတယ်။

ဒီနေ့မှာတော့ သေးငယ်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပြောင်းလဲမူတွေနဲ့ လျင်မြန်စွာ လိုက်လျော ညီထွေ ဖြစ်စေနိုင်တဲ့ စီးပွားရေး ပုံစံတစ်ခုရှိရမယ်လို့ ယုံကြည်ကြပါတယ်။ စီးပွားရေး လုပ်ငန်းငယ် အများ အပြားက ပုံမှန်အသစ်ကို လက်ခံခဲ့ပြီး အခွင့်အလမ်း အသစ်တွေရှာဖွေဖို့အတွက် ပြောင်းလဲနေတဲ့ ဈေးကွက် အခြေအနေတွေကို အမြတ်ထုတ်ခဲ့တယ်။ စီးပွားရေးလုပ်ငန်းတွေ အကြောင်းလေ့လာနေတဲ့ ကုမ္ပဏီတစ်ခုရဲ့ စီးအီအိုတစ်ယောက်အနေနဲ့ အဆိုပါပြောင်းလဲမူတွေကို လုပ်ငန်းငယ်တွေက လက်ခံပြောင်း လဲလာနိုင်မယ်လို့ ခန့်မှန်းမိပါတယ်။ လာမဲ့နှစ်တွေမှာ စီးပွားရေးလုပ်ငန်းငယ်တွေ အနေနဲ့ ဆက်လက်တည်ရှိနိုင်ဖို့ ပြောင်း လဲမှုလေးခုကို အောက်မှာ ဖော်ပြပေးထားပါတယ်။

၁။ ပေါင်းစပ် စီးပွားရေး ပုံစံ (Hybird Business Models)

ပေါင်းစပ်စီးပွားရေး ပုံစံက လုပ်ငန်းတစ်ခုကို အောင်မြင်စွာ စီမံခန့်ခွဲဖို့ Hardware ၊ Software ၊ Cloud Offering တွေနဲ့ အခြား ဝန်ဆောင်မှုတွေကို အသုံးပြုကြတာမျိုးပါ ။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်း အများ အပြားက ပေါင်းစပ်ထားတဲ့စီးပွားရေး ပုံစံတွေကို အကောင်အထည်ဖော်ခဲ့ပေမဲ့လည်း ကူးစက်ရောဂါက ယနေ့ မှာ သေးငယ်တဲ့ စီးပွားရေး လုပ်ငန်းတွေကို တွန်းအားပေးခဲ့ပါတယ်။ ဒီစီးပွားရေး မော်ဒယ်တွေဟာ လက်ရှိ ဖောက်သည်တွေရဲ့ တောင်းဆိုချက်တွေကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ပြီး အဲ့ဒါက ကူးစက်ရောဂါတွေ ဖြစ်ပွားပြီး နောက်ပိုင်းမှာ ကြာရှည်နိုင်ဖွယ်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။

၂။ ဒစ်ဂျစ်တယ် အသုံးပြုမှု

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းအများစုဟာ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို အွန်လိုင်း ပေါ်မှာ ရောင်းချပြီး ဒစ်ဂျစ်တယ် နည်းလမ်းအတိုင်း အကူးအပြောင်းမူတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ အွန် လိုင်းမှာ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို မြှင့်တင်ခဲ့ကာ E-commerce ဝက်ဘ်ဆိုက်တွေပေါ်မှာ ထုတ်ကုန် တွေ ရောင်းချတယ်။ Customer တွေဖို့ ဝန်ဆောင်မှုတွေအတွက် AI - အခြေပြု Applications တွေကို အသုံး ပြု ပါတယ်။ ဒစ်ဂျစ်တယ် နည်းလမ်းနဲ့ ဖောက်သည်တွေရဲ့ အချက်အလက်တွေ ၊ ဒစ်ဂျစ်တယ် ငွေပေးချေ မှုတွေ လက်ခံခဲ့ပြီး များစွာသော စီးပွားရေးလုပ်ငန်းတွေကို ဒစ်ဂျစ်တယ် နည်းလမ်း အတိုင်း ဆောင်ရွက်ခဲ့ ပါတယ်။

အကျပ်အတည်းကာလအတွင်းမှာ နည်းပညာဟာ စီးပွားရေးလုပ်ငန်းငယ်လေးတွေကို သူတို့ရဲ့ အုတ် မြစ်တွေမှာ အမြစ်စွဲနေအောင် ကူညီပေးနိုင်တဲ့ အခိုင်အမာဆုံး ထောက်တိုင်တစ်ခုဖြစ်လာခဲ့ပါတယ်။ နည်းပ ညာအရ ကောင်းစွာပြင်ဆင်ထားတဲ့ ကုမ္ပဏီတစ်ခုဟာ ခေတ်သစ်ချဉ်းကပ်နည်းတွေနဲ့ အလျင်အမြန် ချဉ်း ကပ်နိုင်တယ်။ အဆိုပါ ကူးစက်ရောဂါဟာ သေးငယ်တဲ့ စီးပွားရေးလုပ်ငန်းလေးတွေကို ဒစ်ဂျစ်တယ် နည်းလမ်း အတိုင်း ကြီးထွားဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေ ထက်ကျော်လွန်ပြီး သူတို့ရဲ့ ရောက်ရှိမှုကို တိုးချဲ့ ဖို့ ခွင့်ပြုခဲ့ပါတယ်။ ပေါင်းစပ်စီးပွားရေးမော်ဒယ်တွေ ကဲ့သို့ပင် E-commerce ဝက်ဘ်ဆိုက် သို့မဟုတ် AI အခြေပြု ဆော့ဖ်ဝဲလ်အတုတွေက ယခင်က မရှိခဲ့ပါဘူး။ သို့သော် ဒီအရာတွေက စီးပွားရေးလုပ်ငန်းတစ်ခုမှာ မည်မျှအ ထောက်အကူပြုနိုင်ကြောင်း စီးပွားရေးခေါင်းဆောင်များစွာက သဘောပေါက်ထားပြီးသားပါ။ ကျွန်တော့် အမြင် အရ ဒစ်ဂျစ်တယ်-လှုံ့ဆော်ပေးတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အပြောင်းအလဲဟာ တည်တံ့မယ်ဆိုတာ သေချာ ပါတယ်။

၃။ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ (Collaborations and partnerships programs)

စီးပွားရေးလုပ်ငန်းငယ် ပိုင်ရှင်များစွာဟာ အကျပ်အတည်း ကာလအတွင်းမှာ တည်ငြိမ်မှုကို ဖန်တီးဖို့ ကူညီပေးနိုင်တဲ့ အခြား စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

အခြားအောင်မြင်တဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက သူတို့ရဲ့စီးပွားရေးကို အကြီးအကျယ် တန်ဖိုးထားနိုင်ပြီး သင့်လုပ်ငန်းကို နည်းအမျိုးမျိုးနဲ့ ထောက်ပံ့ပေးနိုင်ပါတယ်။ စီးပွားရေး အသေးစားတစ်ခု ဟာ ကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ ဆက်စပ်နေတဲ့အခါ သူတို့ဟာ စီးပွားရေးလုပ်ငန်းငယ် တွေကို အလျင်အမြန် ကြီးထွားဖို့ ကူညီပေးနိုင်တဲ့အတွက် အခွင့်အလမ်းတွေပိုမိုရရှိစေနိုင်ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွေရဲ့ အရေးပါမှုကို စီးပွားရေးလုပ်ငန်းငယ်တွေကို နားလည်စေခဲ့ပါတယ်။

၄။ စီးပွားရေးအခွင့်အလမ်းသစ်များ ပေါ်ထွက်လာခြင်း (The Emergence of New Business Opportunities)

စိန်ခေါ်မှုတိုင်းဟာ အခွင့်အလမ်းသစ်တွေကိုရရှိစမြဲပါ။ အမေရိကန် သန်းခေါင်စာရင်း အချက်အလက် တွေအရ စီးပွားရေး လုပ်ငန်းရှင်တွေက ၂၀၁၉ ခုနှစ်ထက် ၂၄ ရာခိုင်နှုန်း ပိုသော ၊ ၂၀၂၀ ခုနှစ် အတွက်လုပ်ငန်း အသစ် ၄ဒသမ၃ သန်း လျှောက်ထားခဲ့ပါတယ်။ ဒီရောဂါကြောင့် အလုပ်လက်မဲ့နှုန်း တိုးများလာတဲ့အတွက် လူ တစ်ချို့ကို ကိုယ်ပိုင်စွန့်စားမှုတွေ စတင်ဖို့ တွန်းအားပေးခဲ့တယ်။ သူတို့ ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ရန် စဉ်းစား ဖို့ အချိန်ပေးခဲ့ပါတယ်။

ကူးစက်ရောဂါ ပြီးနောက်နောက်ဆုံးဖြစ်နိုင်ဖွယ်ရှိတဲ့ အလိုက်သင့်ပြုပြင်မှုတွေဟာ စီးပွားရေး ခေါင်း ဆောင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ပိုမို ကျယ်ပြန့်တဲ့ ပရိသတ်တစ်ခုကိုပစ်မှတ်ထားပြီး သူတို့ရဲ့ ကုန်အမှတ်တံဆိပ်မြင်သာမှုကိုတိုးမြှင့်ပေးဖို့ ဖြစ်ပါတယ်။တကယ်လို့ ခင်ဗျားတို့ရဲ့ စီးပွားရေးလုပ်ငန်းက ဒီ ပြောင်းလဲမှုတွေကို လက်မခံသေးဘူးဆိုရင် ချက်ချင်းစတင်ဖို့ ကျွန်တော် အကြံပြုပါတယ်။ ပေါင်းစပ် စီးပွားရေး ပုံစံတစ်ခုနဲ့ စတင်တဲ့အတွက် ၊ ပထမခြေလှမ်းမှာ မတူညီတဲ့ မော်ဒယ်တွေ ကနေတစ်ဆင့် ရှာဖွေဖို့နဲ့ သင့် အဖွဲ့အ စည်းရဲ့ လုပ်ငန်းစဉ်တွေကို အံဝင်ခွင်ကျ အကောင်းဆုံး ကိုင်တွယ်ဖို့ ဖြစ်ပါတယ်။ အလားတူပဲ ဒီဂျစ်တယ် စျေး ကွက်ကျွမ်းကျင်သူ ၊ ဝက်ဘ်ဆိုက်ထုတ်လုပ်သူတွေနဲ့ ဆက်သွယ်နိုင်ပါတယ်။ အထက်ပါအချက်တွေကို အောင် မြင်စွာ အကောင်အထည်ဖော်ဖို့က စီးပွားရေးလုပ်ငန်းတွေအတွက် အရေးကြီးပါတယ်။ ဒီအပြောင်း အလဲတစ်ခု စီက သင့်အဖွဲ့အစည်းအပေါ် မည်သို့အကျိုးသက်ရောက်မှာကို နားလည်သဘောပေါက်ပြီး ယင်းနဲ့ အညီ ဆက် လက်လုပ်ဆောင်ပါ။

ကိုဗစ်-၁၉ ကူးစက်ရောဂါသည် စိန်ခေါ်ချက်များစွာ ဖြစ်ပေါ်စေခဲ့သော်လည်း စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ စီးပွားရေးပိုင်ရှင်ငယ်တွေအတွက် အရေးကြီးတဲ့ သင်ခန်းစာများစွာကိုလည်း သင်ပေးခဲ့တယ်။ သို့သော် ကူးစက်ရောဂါမှတစ်ဆင့် စီးပွားရေးလုပ်ငန်းအားလုံး သင်ယူခဲ့တဲ့ အရာတစ်ခုမှာ ပြောင်းသာ လွှဲသာ ဖြစ်ခဲ့ ပါ တယ်။ သာမန်အသစ်ကို လိုက်နာဖို့ အပြောင်းအလဲများစွာနဲ့ အလိုက်သင့်ပြုလုပ်ခဲ့ကြပါတယ်။ ဒီအ လိုက် သင့်ပြုပြင်ထားမှုအချို့က သူတို့ရဲ့ ကြီးထွားမှုအတွက် ပိုအကျိုးရှိခဲ့ပြီး အဲဒါကြောင့် ကူးစက်ရောဂါပြီးနောက် ဆက်လက်တည်ရှိသွားနိုင်ဖွယ်ရှိတယ်။ ကျွန်တော့်အမြင်အရ ဒီအပြောင်းအလဲတွေက စီးပွားရေးလုပ်ငန်း ငယ်လေးတွေကို ပိုပြီးခံနိုင်ရည်ရှိစေပြီး သူတို့ရဲ့ အခြေခံအုတ်မြစ်တွေကို ခိုင်ခံ့စေပါလိမ့်မယ်။

SBT research incorporation မှ CEO Sagar Tarawade ၏ဆောင်းပါးကိုဘာသာပြန်ဆိုကိုးကားရေးသားထားပါသည်။