‘’ Plagiarism ရှောင်ဖို့  ရိုးရှင်းတဲ့နည်းလမ်း (၅) သွယ် ‘’

Plagiarism သည် တခြားတစ်ဦး တစ်ယောက်ရဲ့ အကြံဉာဏ်အရေးအသား စိတ်ကူးများအား မူရင်း ရေးသားသူကို ကိုးကားမှုမပြုဘဲ မိမိအကြံဉာဏ်၊ အရေးအသားသကဲ့သို့ တင်ပြခြင်း၊ ဉာဏ်အရေးအသားကဲ့သို့မပြုဘဲထုတ်ဝေခြင်း ဖြစ်ပါတယ်။ ပုံနှိပ်ထုတ်ဝေထားတဲ့ မူရင်းစာသားများကို တိုက်ရိုက်ကူးချခြင်းမပြုဘဲ မိမိစကားလုံး အသုံး အနှုန်းဖြင့် စကားပြေပြန်လည်ရေးသားပြီး မူရင်းရေးသူကို ကိုးကားခြင်းဖြင့် Plagiarism ကို အလွယ်တကူ ရှောင်နိုင်ပါတယ်။

 

ကံမကောင်းစွာဘဲ အောက်ပါရိုးရှင်းတဲ့ စည်းမျဉ်းများကို စာရေးဆရာများမှ မေ့လျော့ခြင်း ဒါမှမဟုတ် လျစ်လျူရှုခြင်းတို့ကြောင့် ခိုးယူမှုလို့ သတ်မှတ်ထားတဲ့ Plagiarism အဖြစ်များလာခဲ့ပါတယ်။

 

Plagiarism နှင့်ပတ်သက်ပြီး စစ်ဆေးရာမှာ လိုက်နာရမယ့် စံနှုန်းများမှာ ပထဝီဝင်၊ လူမှုရေးအစဉ်အလာ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ ထင်မြင်ချက်ပေါ်မူတည်ပြီး ပြောင်းလဲမသွားပါဘူး။ ဘာလို့လဲဆိုတော့ သိပ္ပံဆိုင်ရာ ကြိုးစားအားထုတ်မှုနဲ့ ချိုးဖောက်ဖောက်ဖျက်လို့ မရနိုင်အောင် အရေးပါတာကြောင့် ဖြစ်ပါတယ်။

ထိုကဲ့သို့အရေးပါမှုကြောင့် Plagiarism နဲ့ ပတ်သက်ပြီး လိုက်နာရမယ့် စံသတ်မှတ်ချက်များအပေါ် သဘောတူညီမှုမှာ အရေးကြီးလှပါတယ်။

ဇီဝဆေးပညာအင်ဂျင်နီယာရဲ့ Annals မှ တည်းဖြတ်သူများနဲ့  ထုတ်ဝေသူများဖြစ်တဲ့ ကျွန်တော်တို့မှ 'Gatekeeper' အဖြစ် ယုံကြည် စိတ်ချမှုရရှိဖို့ အလေးအနက်ထား ဆောင်ရွက်ထားပါတယ်။

 

ကျွန်တော်တို့ဟာ ခိုးကူးခြင်းနဲ့ အကျင့်ပျက်ပြားခြင်းတွေကို သည်းမခံနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ဝေဖန် သုံးသပ်သူများနဲ့ စာဖတ်သူများကို ကျွန်တော်တို့ရဲ့ စာမူများနဲ့ ထုတ်ဝေထားတဲ့ ဆောင်းပါးများမှာ ခိုးယူ ဖော်ပြမှုအပေါ် ကျင့်ဝတ်ဆိုင်ရာကိုကြည့်စေချင်ပါသည်။ ထိုကဲ့သို့အရေးပါမှုကြောင့် Plagiarism နှင့်ပတ်သက်၍ လိုက်နာရမာမေးခွန်းများ ဒါမှမဟုတ် ရိုးရှင်းတဲ့မေးခွန်းများဖြင့် အာရုံစူးစိုက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

 

၁. ကူးယူခြင်းမပြုပါနဲ့။

တခြားစာတမ်း ဒါမှမဟုတ် စာအုပ် (အရင်က  ရေးသားထုတ်ဝေခဲ့တဲ့) မှ စကားအသုံး အနှုန်းများကို အတိအကျ အတုခိုးခြင်းက ကောင်းမွန်တဲ့ ရေးသားချက်မဟုတ်ပါဘူး။ အလွန်တိုတောင်းတဲ့ ကောက်နုတ် ချက်တွေကို ကိုးကားမှု အမှတ်အသားများ (“ “) နဲ့ ကိုးကားချက်များပါ ပါက လက်ခံနိုင်ပါတယ်။

ကိုးကားမှုအမှတ်အသားများ (“ “) နဲ့ သင့်လျော်တဲ့ ကိုးကားချက်များ မပါတဲ့  ကူးယူထားကြောင်း မဖော်ပြ ထားတဲ့ အရေးအသားများက ပြောင်ပြောင်တင်းတင်းပဲ

ခိုးကူးခြင်းဖြစ်ပါတယ်။

 

၂. သင့်ကိုယ်ပိုင် စကားလုံးများဖြင့် ရေးပါ။

တစ်စုံတစ်ယောက်ရဲ့ စကားလုံးများ ဒါမှမဟုတ် အရေးအသားပုံစံ အကူညီမယူဘဲ သင့်ကိုယ်ပိုင် အကြံဉာဏ်များ အားလုံးကိုရေးပါ။  ဆိုလိုသည်မှာ ယေဘုယျအားဖြင့် ကားပြေပြန်လည်ရေးသားခြင်းကို ရှောင်သင့်ပါတယ်။

စကားပြေရေးသားခြင်း ဒါမှမဟုတ်တစ်စုံတစ်ယောက်ရဲ့စာသားကို ပြန်လည်ရေးသားခြင်းက အနည်း ငယ်ပဲဖြစ်ပြီး  ဥပမာ စာတစ်ပိုဒ်စာ ရှိနေပါက လက်ခံနိုင်ပါတယ်။

စာပိုဒ်ရဲ့ အဆုံးမှာ ကိုးကားချက်ပါရပါမယ်။

Plagiarism ရှောင်ဖို့ အလွယ်ဆုံးနည်းမှာ စာသားများကို မိမိစကားနဲ့ ပြန်လည်ရေးသားခြင်း မလုပ်ပါနဲ့။ သင့်ကိုယ်ပိုင်၊ မူရင်း 'အသံ' ကို အသုံးပြုပါ။ သင့်ရဲ့အကြံဉာဏ်များကို ဖော်ပြပါ။ သင့်ရဲ့မူရင်းနဲ့ တခြားသူရဲ့ စာသားများကို ကိုးကားချက်မထည့်ဘဲ မရောစပ်ပါနဲ့။

 

၃. သံသယရှိရင် ကိုးကားပါ။

တကယ်လို့ သင်ကိုယ်တိုင် ကိုးကားချက်များ အလွန်အကျွံ ထည့်ထားခြင်းက သင့်ရဲ့ ကိုယ်ပိုင် စကားလုံးများ လုံလောက်စွာ မသုံးထားကြောင်း ညွှန်ပြနေပါတယ်။ သင့်ရဲ့စာတမ်းကို ပြန်ရေးဖို့ စဉ်းစားထားပါ။ အသုံးများတဲ့ ဘုံစကားများနဲ့ စကားစုများကို ကိုးကားဖို့ ဒါမှမဟုတ် ကိုးကားမှု အမှတ်အသားထည့်သွင်းဖို့ မလိုအပ်ပါဘူး။ သို့ပေမဲ့ နားလည်သဘောပေါက်လာတဲ့ သဘောတရား တွေးခေါ်မှုများရဲ့ ဘယ်လိုဆွေးနွေးမှုကိုမဆို ကိုးကားချက် ထည့်ပေးရပါမယ်။

 

၄.    သင့်ကိုယ်ပိုင် ယခင်ထုတ်ဝေခဲ့တဲ့ စာတမ်းများထဲမှ ပုံများ၊ ရုပ်ပုံများ၊ ဇယားများ ဒါမှမဟုတ် စာသားများမှ ပြန်လည်အသုံးပြုခြင်း မပြုပါနဲ့။

ယေဘူယျအားဖြင့် ထုတ်ဝေခဲ့ဖူးတဲ့ပုံကို ပြန်လည် အသုံးမပြုတာက ပိုကောင်းပါတယ်။ တကယ်လို့ ထုတ်ဝေခဲ့ဖူးတဲ့ ပုံ ဒါမှမဟုတ် ဇယားကို မဖြစ်မနေ အသုံးပြုရမယ်ဆိုပါက ၎င်းတို့ပါတဲ့ မူရင်းစတမ်းကို ကိုးကားချက် ထည့်ပေးပါ။ မိမိကိုယ်တိုင်ရဲ့ စာတမ်းဖြစ်နေပါက မိမိတွင် စာမူ မူပိုင်ခွင့်မရှိပါက ခွင့်တောင်းရမှာ ဖြစ်ပါတယ်။ စာတမ်းတစ်ခုမှာ ရေးသားထားတဲ့ စာသားကို နောက်စာတမ်းမှာ ပြန်လည် အသုံးပြုခြင်းမပြုပါနဲ့။ စာတမ်းတိုင်းအတွက် စာသားအသစ်ရေးပါ။ အဲ့ဒီလို မလုပ်ဆောင်ခဲ့ရင် မိမိ ကိုယ်တိုင် ခိုးကူးခြင်းကို မရည်ရွယ်ဘဲ ကျူးလွန်ခြင်းဖြစ်ပြီး တမင်တကာ ခိုးကူးခြင်းနဲ့ အတူတူပဲ ဖြစ်ပါလိမ့်မယ်။

 

၅. ခွင့်ပြုချက်တောင်းပါ။

ပုံ၊ ဇယား ဒါမှမဟုတ် ဒေတာအချက်အလက် တစ်ခုခုက ထုတ်ဝေခြင်း မပြုရသေးပေမယ့် ဖန်တီး ကောက်ယူထားသူဟာ ပူးတွဲစာရေးသားသူ မဟုတ်ပါက ထိုသူများထံ ခွင့်ပြုချက်တောင်းခံခြင်းနဲ့ အသိ အမှတ်ပြုခြင်း ရှိရပါမယ်။ တခြားသူ တစ်ဦးတစ်ယောက်ရဲ့ ဒေတာအချက်အလက်ကို အသုံးပြုပြီး သင့်ရဲ့ကိုယ်ပိုင်ပုံ ဒါမှမဟုတ် ဇယားကိုပြုလုပ်ပါကလည်း ထိုနည်းတူပဲ ပြုမူရပါမယ်။

သင်ထုတ်ဝေထားတဲ့ ပုံ၊ ဇယား ဒါမှမဟုတ် ပုံဥပမာတိုင်း ပြန်လည်ထုတ်ဝေဖို့ ရည်ရွယ်ထားပါက မူပိုင်ခွင့်အတွက် ခွင့်ပြုချက်ရယူပါ။

သိပ္ပံဆိုင်ရာ စာစောင်အများအပြားကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားကြသူ လူအများဟာ အင်္ဂလိပ် ဘာသာကို ဒုတိယဘာသာစကားအဖြစ် ရေးသားနေသူများနဲ့ အင်္ဂလိပ်စကားပြော နိုင်ငံ၌ မနေထိုင်သူများ ဖြစ်တယ်ဆိုတာကို သိရှိရပါတယ်။ မိခင်ဘာသာစကား မဟုတ်တာကြောင့် အင်္ဂလိပ်ဘာသာနဲ့ ဂျာနယ်များ (ဥပမာ- Annals) ရေးသားရာမှာ အချိန်နဲ့ အားစိုက်ထုတ်မှု ပိုပြီးပေးရတာကို ကျွန်တော်တို့ နားလည်ပါတယ်။

'Patch writing' လို့ ခေါ်တဲ့ မူရင်းနဲ့ ကူးယူထားတဲ့ စာသားကို ကိုးကားခြင်းမရှိဘဲ ရောစပ်ရေးသားခြင်းက မိခင်ဘာသာစကား မဟုတ်သူတို့နဲ့ အင်္ဂလိပ်ဘာသာ စတင်သုံးသူတို့အတွက် စကားပြေ ပြန်လည် ရေးသားခြင်းထက် အချိန်ကုန် သက်သာစေတဲ့ အသုံးများတဲ့ နည်းလမ်းဖြစ်ပါတယ်။

ထိုကဲ့သို့ ရေးသားခြင်းကို နယ်ပယ်များစွာမှာ ခွင့်ပြုခဲ့ပေမယ့်လည်း မည်သို့ပင်ဆိုစေကာမူ ခိုးကူးမှု ဖြစ်ပါတယ်။

တက္ကသိုလ်အဖွဲ့စည်းများနဲ့ ကြီးကြပ်ရေးမှူးများမှ အင်္ဂလိပ်ဘာသာက မိခင်ဘာသာစကားမဟုတ်သူတို့နဲ့ အင်္ဂလိပ်ဘာသာ စတင်သုံးသူတို့ကို သင်တန်းပေးခြင်း၊ လမ်းညွှန်ပြသခြင်းတို့ဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှုနဲ့ အရေးအသားစွမ်းရည် တိုးတက်လာစေဖို့ ကူညီပေးရာရောက်တယ်ဆိုတာကို  တိုက်တွန်း လိုက်ပါတယ်။

ဒါပေမဲ့လည်း မကြာသေးမီက ဂျာမနီ၊ ဟန်ဂေရီနဲ့ ရိုမေးနီးယား အစိုးရ အရာရှိများရဲ့ ခိုးကူးထားတဲ့ Ph.D. စာတမ်းများ အရှုပ်တော်ပုံရှိနေပါတယ်။ ဘယ်ဘာသာစကားကို ပြောဆိုအသုံးပြုနေပါစေ သိပ္ပံပညာရှင် တချို့က ၎င်းတို့ရဲ့ မိခင်ဘာသာစကားနဲ့ အများအပြား ခိုးကူးမှု ရှိပါတယ်။ ခိုးကူးမှု စစ်ဆေးတဲ့ဆော့ဖ်ဝဲက ပိုမိုခေတ်မီလာပေမယ့်လည်း စာရေးဆရာများ၊ ဝေဖန်သုံးသပ်သူများနဲ့ စာဖတ်သူများက သတိထား လုပ်ဆောင်ခြင်းကသာ အကောင်းဆုံးကာကွယ်ခြင်းဖြစ်ပါတယ်။

 

HOLLY OBER, SCOTT I. SIMON, and DANIEL ELSON တို့မှ  ၂၀၁၃ ခုနှစ်တွင် ရေးသားခဲ့သော “Five Simple Rules to Avoid Plagiarism”  ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

 

 

Dr. Thel Seint Aye 

B.C.Sc, CU (MDY),  B.C.Sc (Hons), CU (MDY), M.C.Sc, CU (MDY), Ph.D (IT), (U.C.S.M)