‘’ Introvert ခေါင်းဆောင်ကောင်းများမှာ ရှိတဲ့အရည်အသွေးများ ‘’

ယနေ့ခေတ်လုပ်ငန်းခွင်မှာ လူအများနဲ့နေရတာကြိုက်တဲ့ extrovert ခေါင်းဆောင်တွေကသာ ဦးဆောင်လေ့ ရှိကြပါတယ်။ သို့ပေမဲ့ introvert စရိုက်လက္ခဏာရှိတဲ့သူများကိုလည်း ခေါင်းဆောင်ကောင်းများ မဖြစ်နိုင်ဘူးလို့ မထင်စေချင်ပါဘူး။ ဘယ်လိုပဲဖြစ်စေ နှစ်ခုစလုံးဟာ အဖွဲ့အစည်းကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် အပြည့်အဝ စွမ်းဆောင်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒီဆောင်းပါးမှာ introvert leader တစ်ယောက်အဖြစ် ပိုမိုအောင်မြင်ဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းလေးခုကို ပြသထားပါတယ်။

'' Introvert များဟာလည်းခေါင်းဆောင်ကောင်းများဖြစ်နိုင်ပါတယ်။ ''

Introvert များဟာ အားနည်းတဲ့ ခေါင်းဆောင်များ ဖြစ်တယ်လို့ အများစုက ထင်မြင်လွဲမှားနေကြပါ တယ်။ Introvert များဟာ မကြာခဏဆိုသလို ထူးခြားတဲ့ ဆက်သွယ်ပြောဆိုသူများ ဖြစ်နိုင်ပါတယ်။ Introvert ခေါင်းဆောင်မှုမှာ ၎င်းရဲ့ ပြိုင်ဘက်များနဲ့ ခြားနားစေတဲ့ ထူးခြားတဲ့အမြင်ကို ယူဆောင်လာပါတယ်။ Introvert ခေါင်းဆောင်များနဲ့ မန်နေဂျာများဟာ မန်နေဂျာများအဖြစ် သူတို့ရဲ့ တိုးတက်မှုကို နှေးကွေးစေတဲ့ အရာတွေ မလုပ်ဆောင်မီ စဉ်းစားဖို့ အချိန်ပိုလိုအပ်ပါတယ်။ သို့ပေမဲ့ သိသိသာသာ စေ့စေ့စပ်စပ် ဆွေးနွေးပြီးနောက် ရရှိလာတဲ့ ရလဒ်များက များသောအားဖြင့် ပိုကောင်းပါတယ်။ Introvert များရဲ့ အလုပ်လုပ်ပုံကို နားလည်ပေးခြင်းက သူတို့ကို ထိရောက်တဲ့ မန်နေဂျာများ ဖြစ်လာစေဖို့ ကူညီပေးနိုင်ပါတယ်။ သင်က စီမံခန့်ခွဲရေး အခန်းကဏ္ဍမှာ introvert တစ်ယောက်ဖြစ်ပါက သင့်ရဲ့ ပင်ကိုယ် သဘောသဘာဝကို ပိုမိုကောင်းမွန်စွာ သိရှိနားလည်လာနိုင်တယ်။ Introvert ခေါင်းဆောင်များနဲ့ မန်နေဂျာများဟာ အဖွဲ့အစည်းကို အကျိုးပြုနိုင်တဲ့ အားသာချက် များစွာရှိပါတယ်။ ဒီနည်းလမ်းနဲ့ သင့်ရဲ့ အတွေးအမြင်တွေကို တခြားသူများထံ ဆက်သွယ်နိုင်ပါတယ်။

'' Introvert တွေကို ခေါင်းဆောင်ကောင်းဖြစ်စေမယ့် အရည်အချင်းလေးခု ''

Introvert ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းမှ သင်ရရှိတဲ့ အကျိုးကျေးဇူးတချို့ ရှိပါတယ်။ Introvert ခေါင်းဆောင်များဟာ တခြားသူများကို တစ်ပြိုင်နက် စီမံခန့်ခွဲရာမှာ သူတို့ရဲ့ ကိုယ်ပိုင်လိုအပ်ချက်များကို ဘယ်လို ဂရုစိုက်ရမယ်ဆိုတာကို သိရှိတာကြောင့် အောင်မြင်ကြပါတယ်။ သူတို့က ပြဿနာကိုကောင်းကောင်း ဖြေရှင်းနိုင်သူများဖြစ်ပြီး စိန်ခေါ်မှုများနဲ့ ရင်ဆိုင်ရတဲ့အခါမှာ တီထွင်ဖန်တီးမှုရှိတဲ့ ဖြေရှင်းချက်များကို လျင်မြန်စွာ ရရှိနိုင်ပါတယ်။ Introvert ခေါင်းဆောင် များဟာ အလုပ်တစ်ခုကို သေချာအာရုံစိုက်နိုင်တာကြောင့် ထိရောက်တဲ့ မန်နေဂျာများဖြစ်တတ်ပါတယ်။ ဒါမှ သူတို့အလုပ်မှာ ပိုပြီး ထိရောက်မှုရှိစေတယ်။ ဒါကြောင့် သင်ဟာ introvert ခေါင်းဆောင်တစ်ယောက်ဆိုရင် စိတ်မပူပါနဲ့ - ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီအကျိုး ကျေးဇူးတွေက သင့်ရဲ့ပန်းတိုင်ကိုရောက်အောင် ကူညီပေးမှာ အသေအချာပါပဲ။

၁။ Creative efficiency က introvert ခေါင်းဆောင်မှုရဲ့ အမှတ်အသားဖြစ်ပါတယ်။

Introvert ခေါင်းဆောင်ဖြစ်ခြင်းက ခေါင်းဆောင်ကောင်းတစ်ယောက် မဖြစ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ တကယ်တော့ Introvert တစ်ယောက်ဖြစ်ခြင်းက တခြားသူတွေကို ဦးဆောင်ဖို အခွင့်ကောင်းတစ်ခုပါပဲ။ Introvert မန်နေဂျာများဟာ အချိန်မှန်မရောက်မချင်း သူတို့ရဲ့စိတ်ကူးများကို လျှို့ဝှက်ထားလေ့ရှိပါတယ်။ ဒါဟာ အကျပ်အတည်းကာလ ဒါမှမဟုတ် စေ့စပ်ညှိနှိင်းမှုများအတွင်း အကူအညီဖြစ်စေပါတယ်။ ဒါ့အပြင် သူတို့ဟာ စိတ်ရှည်သည်းခံပြီး စိတ်ဖိစီးမှုများကို ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ကာ လူများနဲ့ စီမံခန့်ခွဲမှုစွမ်းရည်တို့မှာ ခေါင်းဆောင်ကောင်းများဖြစ်လာစေပါတယ်။ Introvert မန်နေဂျာတစ်ယောက်အနေနဲ့ သင်ဟာ တခြားသူများထက် ပိုမိုဖန်တီးနိုင်စွမ်းရှိပါတယ်။ ဘာလို့လဲဆိုတော့ သင်က တုံပြန်မှုမပြုမီ အကြောင်းအရာတွေကို စဉ်းစားဖို့ အချိန်ယူလေ့ရှိတာကြောင့် ဖြစ်ပါတယ်။ ဒါဟာ သင့်ကို တခြားသူများမထင်မှတ်ထားတဲ့ ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေကို တီထွင်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။

၂။ Introvert leader/manager များဟာ အာရုံစူးစိုက်မှု အားကောင်းကြပါတယ်။

Introvert များဟာ ပုံမှန်အားဖြင့် သူတို့ရဲ့ အလုပ်အတွက် အာရုံစူးစိုက်မှုရှိတဲ့ ဆုံးဖြတ်ချက်များကို ယူဆောင် လာကြပါတယ်။ သူတို့ရဲ့ လက်ထဲမှာရှိတဲ့ အလုပ်အပေါ် အာရုံစိုက်နိုင်ကြတယ်။ Introvert များဟာ ကောင်းစွာ စဉ်းစားတွေးခေါပြီး ဂရုတစိုက် ဆုံးဖြတ်ချက်များ ချကြပါတယ်။ ဒီအရာဟာ အသေးစိတ်ကို အာရုံစိုက်မှုနဲ့အတူ၊ introvert များကို အလွန်ထိရောက်တဲ့ မန်နေဂျာများအဖြစ်သို့ ပြောင်းလဲပေးတဲ့ အရေးကြီးတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ Introvert မန်နေဂျာများဟာ အလုပ်များကို ပိုမိုကောင်းမွန်စွာ အာရုံစိုက်ထားတာကြောင့် သူတို့ရဲ့ extrovert လုပ်ဖော်ကိုင်ဖက်များထက် ပုံမှန်အားဖြင့် ပိုထိရောက်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ကုမ္ပဏီရဲ့ အချိန်နဲ့ ကြိုးစားအားထုတ်မှုကို သက်သာစေပြီး လျင်မြန်ထိရောက်စွာ လုပ်ဆောင်နိုင်တဲ့ အရည်အချင်းလည်း ရှိပါတယ်။ ဒါဟာ သင့်အဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို အလွယ်တကူ ခြေရာခံနိုင်ပြီး ယုံကြည်စိတ်ချရတဲ့ အချက်အလက်များအပေါ် အခြေခံပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်များ ချနိုင်စေမှာ ဖြစ်ပါတယ်။

၃။ လူတွေအကြောင်းသေချာသိပြီးစီမံခန့်ခွဲနိုင်ကြပါတယ်။

ဒါက အံ့သြစရာဖြစ်နိုင်ပေမယ့် Introvert တွေက လူတွေကို စီမံခန့်ခွဲရာမှာ အရမ်းကောင်းပါတယ်။ သူတိုရဲ့ စိတ်ခံစားမှုတွေကို စိတ်အားထက်သန်စွာ နားလည်မှု၊ မိမိကိုယ်ကို သိရှိနားလည်မှုနဲ့ အာရုံစိုက်နားထောင်နိုင်မှု စွမ်းရည်တွေဟာ ကွဲပြားပြီး လူများစွာကို ကိုင်တွယ်ဖြေရှင်းရာမှာ ကူညီပေးတဲ့ စွမ်းရည်တွေပါ။ Introvert များဟာ အများအားဖြင့် ကြီးကြီးမားမား စည်းဝေးပွဲများကို နှစ်သက်ကြပါတယ်။  Introvert များဟာ သူတို့ရဲ့ ရွယ်တူချင်းများအပေါ်မှာ စာနာမှုကို ပြသပါတယ်။ Introvert ခေါင်းဆောင်များဟာ ပုံမှန်အားဖြင့် လူတွေနဲ့ သူတို့ရဲ့လိုအပ်ချက်များကို ပင်ကိုယ်နားလည်သဘောပေါက်ထားပြီး သူတို့ဟာ ဝန်ထမ်းများနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအဆင့်မှာ ချိတ်ဆက်နိုင်ပြီး သူတို့အကြားမှာ ယုံကြည်မှုတည်ဆောက်နိုင်စေပါတယ်။ အထူးသဖြင့် ပန်းတိုင်များနဲ့ပတ်သက်ပြီး အများဆန္ဒရှိတဲ့အခါမှာ စေ့ဆော်မှုပေးစွမ်းနိုင်စေဖို့ လှုံ့ဆော်မှုပေးပါတယ်။

၄။ Introvert ခေါင်းဆောင်များနဲ့ မန်နေဂျာမျာ;ဟာ တခြားသူများကို အားပေးကြပါတယ်။

Extrovert များရဲ့ ခံယူချက်က မကြာခဏဆိုသလို introvert ခေါင်းဆောင်များရဲ့ စွမ်းဆောင်ရည်ကို သံသယဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များရဲ့ ကိုယ့်ကိုယ်ကိုယ် သံသယစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှု နည်းပါးတဲ့ ခံစားချက်များကို introvert ခေါင်းဆောင်များက သတိပြုမိကြပါတယ်။ ဒီအတွက်ကြောင့် သူတို့ဟာ စာနာစိတ်ရှိတဲ့ မန်နေဂျာများ ဖြစ်လာနိုင်ပါတယ်။ မန်နေဂျာများအနေနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များရဲ့ စိုးရိမ်ပူပန်မှုများကို သူတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံများကနေတစ်ဆင့် နားလည် နိုင်ပါတယ်။ သက်ဆိုင်ရာ အကြံဉာဏ်တွေကိုလည်း ပေးနိုင်ပါတယ်။ ဒါ့အပြင် introvert ခေါင်းဆောင်များက လူအများအပေါ် ခိုင်မာတဲ့ ယုံကြည်ချက် ရှိတတ်ပါတယ်။ သူတို့ဟာ ဝန်ထမ်းတွေကို သူတို့ကိုယ်သူတို့ ကြီးပွားတိုးတက်ဖို့အတွက် လိုအပ်တဲ့အရင်းအမြစ်တွေကို ပေးဆောင်ဖို့ အာရုံစိုက်ကြတယ်။ လူမှုဆက်ဆံရေးအချက်များပေါ်မှာ အားကိုးခြင်းထက် ပြဿနာများကို လွတ်လပ်စွာ ဖြေရှင်းနိုင်မှုစွမ်းရည်က သူတို့ရဲ့သော့ချက်ပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ introversion ကို ယေဘုယျအားဖြင့် လုပ်ငန်းခွင်အတွင်း အပျက်သဘောဆောင်တဲ့ လက္ခဏာအဖြစ် သတ်မှတ်ထားခြင်းက မဖြစ်သင့်ပါဘူး။ Introvert မန်နေဂျာများဟာ ကျွန်ုပ်တို့ တွေ့မြင်ခဲ့တဲ့အတိုင်း နည်းလမ်းများစွာနဲ့ သူတို့ရဲ့ ပင်ကိုယ်သဘောသဘာဝမှ အမှန်တကယ် အကျိုးဖြစ်ထွန်း နိုင်ပါတယ်။ မန်နေဂျာကောင်းတစ်ယောက်ဖြစ်ဖို့ အရည်အသွေးများစွာလိုအပ်ပြီး ထိရောက်တဲ့ မန်နေဂျာ တစ်ဦးရဲ့အခန်းကဏ္ဍဟာ ကိုယ်ရည်ကိုယ်သွေးများကို ကောင်းမွန်စွာ ချိန်ညှိခြင်းပဲ ဖြစ်ပါတယ်။ သင်ဟာ မန်နေဂျာတစ်ဦးအနေနဲ့ သင့်ရဲ့ introvert သဘောထားများကို အပြုသဘောနဲ့ အသုံးချတတ်ဖို့ သင်ယူသင့်ကြောင်း ဆန္ဒပြုအပ်ပါတယ်။

*Deeksha Sharma ရဲ့ The Qualities That Make Introverted Leaders Great ဆိုတဲ့ ဆောင်းပါးမှ ဘာသာပြန်ရေးဖွဲ့ထားပါတယ်။

Daw Hlaing May Win
B.Com , MBA, (Meikhtila University of Economics)