‘’ အိမ်မှနေထိုင်ပြီး အလုပ်လုပ်ဆောင်သော ယဉ်ကျေးမှု ပုံဖော်ခြင်း (၆) ခု ”

သင့်မှာ အိမ်မှနေထိုင်ပြီး အလုပ်လုပ်ဆောင်တဲ့ ယဉ်ကျေးမှုရှိပါသလား?

အိမ်မှနေထိုင်ပြီး အလုပ်လုပ်ဆောင်တဲ့ ယဉ်ကျေးမှုဟာ ကိုရိုနာဗိုင်းရပ်ကို တုံ့ပြန်ဖို့ လုပ် ဆောင်နေတဲ့ ယနေ့ခေတ် ခေါင်းဆောင်များစွာအတွက် စဉ်းစားစရာခေါင်းစဉ်တစ်ခုဖြစ်ပါ တယ်။ ဒါပေမဲ့ ကမ္ဘာကြီးပုံမှန်ပြန်လည်ပတ်တဲ့အခါ ဖြတ်သန်းရမယ့်လမ်းကြောင်းတစ်ခု လား ဆိုတာကိုတော့ကျွန်တော့်အနေဖြင့် မယုံကြည်ပါဘူး။ ဝန်ထမ်းမြောက်မြားစွာ ခန့်အပ် ထားတဲ့ ကုမ္ပဏီတည်ထောင်သူတစ်ယောက်အနေနဲ့တချို့သောလုပ်ငန်းများက အနာဂတ်မှာ အိမ်ကနေထိုင်ပြီး အလုပ်လုပ်ဆောင်တဲ့ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ ထင်မြင်မိပါတယ်။ သင့်ဝန်ထမ်းများက အိမ်မှာ ခေတ္တ အလုပ်လုပ်သည်ဖြစ်စေ၊ ရေရှည် အတွက်ဖြစ်စေ ဝန်ထမ်းများကိုပျော်ရွှင်စေမယ့် အပြုသဘောဆောင်တဲ့အိမ်မှ နေထိုင်ပြီး အလုပ်လုပ်ဆောင်တဲ့ယဉ်ကျေးမှုကို ဖန်တီးပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့လည်း အိမ်မှ နေထိုင်ပြီး အလုပ်လုပ်ဆောင်တဲ့ယဉ်ကျေးမှုက လူတွေကို ပျော်ရွှင်အောင်တွန်းအား ပေးလို့ ရမရ ဆိုတာကတော့ အာမခံချက်မရှိပါဘူး။ ခေါင်းဆောင်များသည် အလုပ်နှင့် ပတ်သက်ဆက်နွှယ်မှု၊ အပြန်အလှန်ဆက်ဆံမှုတွေကို ထိန်းချုပ်နိုင်သော်လည်းဝန်ထမ်းများ အား လိုက်လျောညီထွေတုံ့ပြန်မှု ရရှိစေဖို့ အတင်းအကြပ်လုပ်ဆောင်လို့ မရနိုင်ပါဘူး။ အိမ်မှနေထိုင်ပြီး အလုပ်လုပ်ဆောင်တဲ့ ယဉ်ကျေးမှုကို ဖန်တီးခြင်းက မလွယ်ကူပါဘူး။ ကိုယ်ပိုင်လုပ်ငန်းမှ ဝန်ထမ်းများအား အိမ်မှနေထိုင်ပြီးအလုပ်လုပ်ဆောင်တဲ့ ယဉ်ကျေးမှုကို စတင်ကျင့်သုံးတဲ့အခါ ဝန်ထမ်းများအား လုံခြုံမှုနဲ့ ပျော်ရွှင်မှုကို ပံ့ပိုးပေးနိုင်ကြောင်း သေချာ စေဖို့အတွက် အမှန်တကယ် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အိမ်မှနေထိုင်ပြီး အလုပ်လုပ် ဆောင်တဲ့ ယဉ်ကျေးမှုကို ပထမ စတင်ကျင့်သုံးတဲ့အခါ ပိုပြီးခက်ခဲကောင်း ခက်ခဲလိမ့်မယ် လို့ ထင်မြင်ယူဆရပါတယ်။ ဘာလို့လဲဆိုတော့ အိမ်မှနေထိုင်ပြီး အလုပ်လုပ်ဆောင်တဲ့ ယဉ်ကျေးမှု အခြေခံအုတ်မြစ်မရှိတဲ့အခါ၊ အဲ့ဒီ ယဉ်ကျေးမှုအသစ်က သဲထဲရေသွန် နစ်မြုပ် သလို ခံစားရစေပါတယ်။ သို့သော် အိမ်မှနေထိုင်ပြီး အလုပ်လုပ်ဆောင်တဲ့ ယဉ်ကျေးမှုကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခြင်းမှ ကျွန်ုပ်တို့ သင်ယူရရှိခဲ့တဲ့ အ‌ကြောင်းအရာများကို မျှဝေ လိုက်ရပါတယ်။

၁။ ရည်ရွယ်ချက်ရှိရှိလုပ်ပါ။

ခေါင်းဆောင်တစ်ဦးအနေနဲ့ အိမ်မှနေထိုင်ကာ အလုပ်လုပ်ဆောင်တဲ့ ယဉ်ကျေးမှုကို လုပ် ဆောင်ခြင်းက အဘယ်သို့သော အကြောင်းအရာတွေကြောင့် လုပ်ဆောင်ရသည်ဆိုတာကို သင့်အဖွဲ့အစည်းမှ ဝန်ထမ်းများ သိပါစေ။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆို ဆက်ဆံမှုအပေါ် သင်မျှော်လင့်ထားတဲ့ပုံစံကိုပြောပြပါ။ သင်ပုံဖော်ထားတဲ့ အလုပ်သဘော သဘာဝကို လိုက်နာကျင့်သုံးနိုင်သူတွေကို စုဆောင်းထားပါ။ ထိုအခြေခံစည်းမျဉ်းများကို သတ်မှတ်ပြီးပါက သင့်အဖွဲ့အား အလုပ်လုပ်ဆောင်တဲ့အခါ ပိုမိုလွယ်ကူစွာ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

၂။ နမူနာသတ်မှတ်ပါ။ သင့်အဖွဲ့ဟာ သင် ဦးဆောင်တဲ့အတိုင်း လိုက်နာမှာဖြစ်ပါတယ်။ မိမိတို့အဖွဲ့ တောင်းဆိုထားတဲ့ အရာများ ဒါမှမဟုတ် မျှော်လင့်ချက်များကို မလိုက်နာတဲ့ ခေါင်းဆောင်များက စိတ်ဓာတ်တက်ကြွမှုရှိစေဖို့ လှုံ့ဆော်မှုအပြင် အပြုသဘောဆောင်တဲ့ သဘောထားများကို လျစ်လျူရှုထားတယ်လို့ ကျွမ်းကျင်သူများက ပြောပါတယ်။ ဥပမာ အနေနဲ့ သင့်ရဲ့အဖွဲ့က ရုံးတွင်းမှာဖြစ်စေ၊ အိမ်မှာအလုပ်လုပ်သည်ဖြစ်စေ၊ ခေါင်းဆောင် တစ်ဦးရဲ့ တန်ဖိုးများက ကုမ္ပဏီရဲ့ ယဉ်ကျေးမှုအပေါ် လွှမ်းမိုးနိုင်ကြောင်း Help Scout ရဲ့ ဒါရိုက်တာ Leah Knobler ထံမှ သင်ယူခဲ့ပါတယ်။ ဒါကြောင့် သင့်အဖွဲ့အတွက် စံနမူနာက အရေးကြီးပါတယ်။ ကျွန်ုပ်တို့ကုမ္ပဏီမှာ အလုပ်-ဘ၀ ဟန်ချက်ညီမှုနဲ့ ယုံကြည်မှုကို အလွန် အလေးအနက်ထားကာ ကျွန်ုပ်တို့အဖွဲ့အား ၎င်းတို့ရဲ့ အချိန်ဇယားများကို ပြောင်းလဲခွင့် ပြုထားပါတယ်။ ၎င်းတို့ရဲ့အချိန်ကို အွန်လိုင်းမှာ စောင့်ကြည့်နေခြင်းမဟုတ်ကြောင်း ရှင်းလင်းစွာထုတ်ပြန်ထားပါတယ်။ ဥပမာအနေနဲ့ ဝန်ထမ်းများ off line ဖြစ်နေပါက ဒါမှ မဟုတ် တခြားအရာတစ်ခုခုကို လုပ်ဆောင်နေပါက ချက်ချင်းစာများကို အချိန်မီ မပြန်နိုင် ပေမယ့်လည်း ပြသနာမရှိပါဘူး။ ဘာလို့လဲဆိုတော့ အိမ်ကနေပြီး အလုပ်လုပ်ဆောင်နေစဉ် တစ်လျှောက်မှာ ကြင်နာမှုက အကြီးမားဆုံး တန်ဖိုးတစ်ခုဖြစ်တယ်လို့ ယူဆထားတာ ကြောင့်ဖြစ်ပါတယ်။

၃။ ပျော်ရွှင်မှုအတွက် အချိန်ပေးပါ။ ပျော်ရွှင်မှုက ခိုင်မာတဲ့ လုပ်ငန်းခွင်ဆက်ဆံရေးရဲ့ ထင်ရှားတဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ သမားရိုးကျ အလုပ်အများစုမှာ  လူတွေဟာ အလုပ် အား ကိုယ်ရေးကိုယ်တာနဲ့ ခွဲခြားနိုင်သော်လည်း အိမ်မှ အလုပ်လုပ်တဲ့ ဝန်ထမ်းများမှာ ထိုစည်းမျဉ်းများ အမြဲမရှိပါဘူး။ အိမ်မှာနေရင်းနဲ့လည်း အလုပ်လုပ်နေကြရပါတယ်။ ဒါကြောင့် ပျော်ရွှင်မှုတွေကိုလည်း ဖန်တီးပေးနိုင်ဖို့အတွက် လိုအပ်ပါတယ်။ ထို့ကြောင့် အထိမ်းအမှတ်ပွဲများ၊ အသင်းအဖွဲ့ရဲ့ ဓလေ့ထုံးတမ်းများ၊ အရေးကြီးတဲ့ အချိန်များကို ဖန်တီးခြင်းအားဖြင့် ပျော်ရွှင်မှုများကို ရှာဖွေဖို့ လိုအပ်ပါတယ်။

၄။ သင့်အဖွဲ့ကို ကြိုးစားခွင့် ပြောင်းလဲခွင့်ပေးလိုက်ပါ။ လူတွေက လုပ်ငန်းခွင်ထဲမှာ ပါဝင် ကူညီပြီး ခြားနားမှုတစ်ခုကို ဖန်တီးချင်ပါတယ်။ သင့်အဖွဲ့ကို တရားသော နည်းလမ်းနဲ့ ၎င်းတို့ရဲ့အလုပ်ကို လုပ်ဆောင်ဖို့ တောင်းဆိုနေချိန်မှာ သင့်အဖွဲ့ကို ဘောင်အပြင်ဖက်မှ တွေးပေးပါ။ ကျွန်ုပ်တို့ရဲ့ အတွေ့အကြုံအရ တရားသောနည်းလမ်းနဲ့ လုပ်ဆောင်တဲ့အရာက ဝန်ထမ်းများကို ၎င်းတို့ လုပ်ဆောင်တဲ့အရာက အရေးမကြီးဟု ခံစားစေနိုင်ပါတယ်။ သူတို့ရဲ့ နေ့စဉ်လုပ်ဆောင်ခြင်းထက် ပြင်ပအရာများကို သူတို့လုပ်နိုင်သလို ခံစားရပါစေ။ လူတွေကို ဘောင်အတွင်းမှ ရုန်းထွက်ခိုင်းလိုက်ပါ။ ပွင့်လင်းမြင်သာတဲ့ ပတ်ဝန်းကျင်က  လူတစ်ဦးနှင့် တစ်ဦးကို ယုံကြည်မှု ပိုတိုးတက်စေပြီး ၎င်းတို့ တွေးမြင်ထားတဲ့၊ ပြောဆိုတဲ့ အရာများကို တန်ဖိုးထား ထည့်သွင်း စဉ်းစားပေးဖို့လည်း လိုအပ်ပါတယ်။

၅။ ကောင်းမွန်တဲ့ ယဉ်ကျေးမှုဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို သိပါစေ။ အလုပ်တစ်ခုကို လုပ်ဆောင်နိုင်သော်လည်း မကျန်းမမာတဲ့ ယဉ်ကျေးမှုနဲ့ ကျန်းမာသန်စွမ်းတဲ့ ယဉ်ကျေးမှု ကြား ခြားနားချက်ကို သင်ပြုပြင်နိုင်မလား။ Buffer မှ ခေါင်းဆောင် Hailley Griffis  ကကျန်းမာတဲ့ ယဉ်ကျေးမှုဟာ ခေါင်းဆောင်မှ သတ်မှတ်ထားတဲ့ အရာတစ်ခုဖြစ်ပြီး ဝန်ထမ်းများ ပါဝင်လိုက်နာသင့်ကြောင်း ပြောထားပါတယ်။ သင့်ကုမ္ပဏီရဲ့ အိမ်မှနေထိုင်ပြီး အလုပ်လုပ်တဲ့ ယဉ်ကျေးမှုကို အကဲဖြတ်ဖို့ သင့်အဖွဲ့ရဲ့ တုံ့ပြန်မှုကို သတိပြုဖို့ လိုအပ် ပါတယ်။ ဝန်ထမ်းများဟာ တစ်ယောက်နှင့်တစ်ယောက် ကျေးဇူးတင်ကြောင်း ပြောကြပါသ လား။ ပျော်ရွှင်မှုနဲ့ အပြုသဘောဆောင်မှုက အလုပ်နဲ့ မသက်ဆိုင်တဲ့ အရာတွေကို တွန်းပို့စေတာလား။ သူတို့ရဲ့ ပင်ကိုယ်စရိုက်ကို ခင်ဗျားအနေနဲ့ စောင့်ကြည့်နေရဲ့လား။ ခင်ဗျားနဲ့ သူတို့က တစ်ယောက်ကိုတစ်ယောက် မျှဝေခံစား အားပေးမှုရှိရဲ့လား။ ဒါတွေ ကတော့ အသင်းအဖွဲ့ စည်းလုံးမှု လက္ခဏတွေမို့ လိုက်နာကျင့်သုံးသင့်ပါတယ်။

၆။ အိမ်မှနေထိုင်ပြီး အလုပ်လုပ်တဲ့ ယဉ်ကျေးမှုကို ပုံဖော်ပါ။ အိမ်မှနေထိုင်ပြီး အလုပ်လုပ် တဲ့ ယဉ်ကျေးမှုက ဝန်ထမ်းများအား စည်းလုံးညီညွတ်မှုကိုလည်း တစ်နည်းတဖုံ တွန်းအား ဖြစ်စေပါတယ်။ အဲ့ဒီစည်းလုံး ညီညွတ်မှုကလည်း ဝန်ထမ်းတွေရဲ့ ပြုမူဆောင်ရွက်မှုကနေ လာပြီး လူတစ်ဦးချင်းစီရဲ့ တန်ဖိုးထားမှုတွေကနေလည်း လာတယ်လို့ယူဆရပါတယ်။ အိမ်မှ နေထိုင်ပြီး အလုပ်လုပ်တဲ့ ယဉ်ကျေးမှုက ပွင့်ပွင့်လင်းလင်း လုပ်ဆောင်နိုင်ပြီး အဆင်ပြေ ချောမွေ့နေပါက အဖွဲ့အစည်းအတွင်း သူ့အလိုလို ပျံ့နှံ့သွားမှာ ဖြစ်ပါတယ်။ အိမ်မှနေထိုင်ပြီး အလုပ်လုပ်တဲ့ ယဉ်ကျေးမှုကို ရေရှည်မှာ သေချာကျင့်သုံးနိုင်ပါက ကောင်းမွန်တဲ့ အလုပ် ယဉ်ကျေးမှုက ကုမ္ပဏီများနဲ့ စားသုံးသူများအတွက် ပိုပြီးအဆင်ပြေ ချောမွေ့လာစေမှာ ဖြစ်ပါတယ်။

Sandra Lewis ရဲ့ The six cornerstones of building a great remote work culture ကို Ah Zer Zar Sar မှ ဆီလျော်အောင် ပြန်ဆိုထားပါသည်။