'' Assignment များ အချိန်မီ ပြီးစီးနိုင်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် အချက်များ ''

'' Assignment များ အချိန်မီ ပြီးစီးနိုင်ဖို့အတွက်အထောက်အကူဖြစ်စေမယ့် အချက်များ '' ယနေ့ခေတ်မှာ နည်းပညာဟာ နယ်ပယ်အသီးသီးအတွက် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနေပါတယ်။ နယ်ပယ် များစွာမှာ Social Media နဲ့ Entertainment တို့လည်း အပါအဝင်ဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းနဲ့အညီ ကျောင်းသားအများစုဟာ သူတို့ရဲ့ အချိန်တော်တော်များများကို Social Media နဲ့ Entertainment တွေကို အသုံးပြုတဲ့နေရာမှာ ကုန်ဆုံးစေတာကိုလည်း တွေ့လာရပါတယ်။ ယနေ့ခေတ်ရဲ့ အခြေအနေအရ သင်ကြား ရေးဟာ Online Learning ပုံစံနဲ့သွားနေတာဖြစ်တဲ့အတွက် ကျောင်းသားများရဲ့ အချိန်တော်တော်များများဟာ သင်ခန်းစာများကို လေ့လာဖို့အတွက် Online ပေါ်မှာ ရှိနေတတ်ကြပါတယ်။ ကျောင်းသားများဟာ သင်ခန်းစာ များကိုလေ့လာမယ်ဆိုပြီး Computer စဖွင့်လိုက်တယ်။ ဒါပေမဲ့ သင်ခန်းစာတွေဆီကို မရောက်ဘဲ Facebook, YouTube, Netflix နဲ့ Online Game တွေဆီကို ရောက်သွားတတ်ကြပါတယ်။ Social Media နဲ့ Entertainment တွေဟာ လူတွေရဲ့စိတ်အာရုံကို ဖမ်းစားနိုင်တာြဖစ်တဲ့အတွက် ရုန်းထွက်ဖို့ ခက်ကြပါတယ်။ အကျိုးဆက်ကတော့ ကျောင်းသားတွေဟာ သင်ခန်းစာတွေကို မလေ့လာဖြစ်တော့ဘဲ ထိုအရာတွေနဲ့ သူတို့ရဲ့တစ်နေ့တာကို ကုန်းဆုံးလာခြင်းဖြစ်ပါတယ်။ သင်ခန်းစာတွေကို ပုံမှန် မလေ့လာဖြစ်တော့တဲ့အခါ သင်ခန်းစာတွေပေါ်မှာ စိတ်ဝင်စားမှုတွေအားနည်းလာမယ်၊ သင်ခန်းစာတွေရဲ့ Concepts တွေကို နားမလည်တာတွေဖြစ်လာမယ်၊ Assignment တွေရေးတဲ့အခါ အခက်အခဲတွေရှိလာမယ် စတဲ့ အကျိုးဆက်တွေကို ခံစားလာရမှာ ဖြစ်ပါတယ်။ အကြီးမားဆုံး အကျိုးဆက်ကတော့ သင်ခန်းစာတွေပြီးလို့ Final Assignment တွေရေးရတဲ့အချိန်မှာ အခက်အခဲတွေ ရှိလာကြခြင်းပဲ ဖြစ်ပါတယ်။ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေကတော့ ၁။ Assignment များအချိန်မီ မပြီးခြင်း ၂။ အချိန်မီပြီးသော်လည်း အရည်အသွေးကောင်းမွန်တဲ့ Assignment များ ဖြစ်မလာခြင်း ၃။ Assignment နှင့် မသက်ဆိုင်သော အကြောင်းအရာများအား အင်တာနက်ပေါ်မှ ကူးယူလာကြခြင်း ၄။ သူတစ်ပါး Assignment များကို ကူးယူဖို့တွေးတောလာခြင်း ၅။ တချို့ကျောင်းသားများသည် Out sources များထံတွင် Assignment များကို အပ်နှံဖို့တွေးတောလာခြင်း စတာတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်ခန်းစာတွေကို ဂရုတစိုက်မလေ့လာဖြစ်ခဲ့ဘူးဆိုရင်တော့ ကိုယ့်ရဲ့ Learning Life မှာ ထိုအခက် အခဲတွေထဲက တစ်ခုမဟုတ်တစ်ခု ကြုံတွေ့လာနိုင်ပါတယ်။ ဒီလိုမျိုးတွေ ကြုံတွေ့လာမယ်ဆိုရင် ကိုယ့်ရဲ့ ပညာရေးလမ်းကြောင်းမှာ တိုးတက်ကောင်းမွန်လာဖို့ဆိုတဲ့ ရာခိုင်နှုန်းကတော့နည်းပါးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ခန်းစာများကို ပုံမှန်လေ့လာဖို့နဲ့ Assignment များကို အချိန်မီပြီးစီးအောင် ရေးနိုင်ဖို့က အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ Assignment များ အချိန်မီပြီးမြောက်နိုင်ဖို့အတွက် အထောက်အကူ ပြုပေးနိုင်တဲ့အချက်များကတော့ ၁။ အချိန်ဇယားတစ်ခု ပြုလုပ်ထားပါ။ ဘယ်အချိန်မှာ Video Recording ကြည့်မယ်၊ ဘယ်အချိန်မှာတော့ Video နဲ့ပတ်သက်တဲ့ အကြောင်း အရာတွေကို ထပ်လေ့လာမယ်၊ IT ကျောင်းသားတွေဆိုရင် Coding လေ့ကျင့်ရမယ့် အချိန်တွေရှိမယ်။ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာတွေကို တစ်ပတ်စာ အချိန်ဇယားဆွဲထားပါ။ ပြီးရင်တော့ Timer ကို အသုံးပြုပါ။ ကိုယ်ဆွဲထားတဲ့ ဇယားအတိုင်း ဖုန်းမှာ Timer ပေးထားပါ။ ၂။ Video Recording ကြည့်ချိန်မှာ Note Taking လုပ်ပါ။ Recording Video တွေကို ကြည့်တဲ့အခါမှာ video ထဲမှာပါတဲ့ သင်ခန်းစာတွေကို Note Taking လုပ်သင့် ပါတယ်။ သင်ခန်းစာရဲ့ ခေါင်းစဉ်ကနေစပြီး ဘာတွေသိခဲ့ရလဲ၊ ဘယ်အချက်တွေကတော့ နားမလည်ဘူးလဲ အစရှိတဲ့အချက်တွေကို Note ရေးမှတ်ထားဖို့ လိုပါတယ်။ Note ရေးမှတ်ထားခြင်းဟာ သင်ခန်းစာများကို အကုန်လုံးမဟုတ်တာတောင် အကြမ်းဖျင်းလောက်တော့ မှတ်မိစေနိုင်ပါတယ်။ ၃။ Discussion Time မှာ ဝင်ရောက်ဆွေးနွေးပါ/မေးမြန်းပါ။ ဆရာ၊ ဆရာမတွေနဲ့ Discuss လုပ်တဲ့အခါ ကိုယ်မှတ်ထားတဲ့ Notes များနဲ့ ဝင်ရောက်ဆွေးနွေးပါ။ မသိတာတွေ၊ နားမလည်တာတွေကို မေးမြန်းပါ။ Notes မရေးထားပါက ဘာမှမေးမြန်းနိုင်မှာမဟုတ်သလို အများနည်းတူ ဝင်ရောက်ဆွေးနွေးနိုင်မှာလည်း မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် ဝင်ရောက်ဆွေးနွေးမှုများ ပြုလုပ်ခြင်းကလည်း သင်ခန်းစာတွေကို ပိုပြီးမှတ်မိစေနိုင်ပါတယ်။ ၄။ Assignment မှာပါတဲ့ Tasks တွေကို တစ်နေ့ရေးရင် ပြီးနိုင်မယ့် အပိုင်းတွေအဖြစ် ခွဲထုတ်ပါ။ Assignment ရဲ့သဘောတရားအရ ဘာသာရပ်တစ်ခုလုံးပေါ်မှာ ခြုံငုံသုံးသပ်ပြီး ရေးရတာဖြစ်ပါတယ်။ ကိုယ်ရေးထားတဲ့ Assignment တစ်ခုဟာ အရည်အသွေးကောင်းမွန်ဖို့ဆိုရင်တော့ လုံလောက်တဲ့ အချိန်တစ်ခု လိုအပ်ပါတယ်။ တစ်ရက်၊ နှစ်ရက်အတွင်းမှာရေးဖို့က မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် နီးကပ်မှရေးမယ်ဆိုတာမျိုး မလုပ်ပါနဲ့။ Assignment တစ်ခုလုံးကို တစ်နေ့ရေးလို့ပြီးနိုင်မယ့် Task တွေအဖြစ် ခွဲထုတ်လိုက်ပါ။ ခွဲထုတ်လိုက်တဲ့ Task တစ်ခုချင်းစီအတွက် ဘယ်နေ့မှာ ဘယ် Task ကို အပြီးရေးမယ်ဆိုတဲ့ အချိန်ဇယားတစ်ခု သတ်မှတ်ထားပါ။ ၅။ ဘယ် Assignment ကို ဦးစားပေးရေးရမလဲဆိုတာ သတ်မှတ်ထားပါ။ ဘာသာရပ်တွေရဲ့ Assignment တိုင်းမှာ သတ်မှတ်ထားတဲ့ Due Date ဆိုတာ ရှိပါတယ်။ ပေးထားတဲ့ Due Date တွေအတိုင်း ပြီးအောင်ရေးနိုင်ဖို့အတွက် ဘာသာရပ်တစ်ခုချင်းစီကို အချိန်ဇယားသတ်မှတ်ထားပါ။ ဥပမာ ဘာသာရပ်တစ်ခုရဲ့ အပ်ရမယ့်ရက်က (12) ရက်နေ့ဆိုပါစို့။ ဒါဆို အဲ့ဒီဘာသာရပ်ကို (10) ရက်နေ့ အပြီးရေးရ မယ်ဆိုတဲ့ အချိန်ဇယားကို ဆွဲထားပါ။ ကျန်တဲ့ (2) ရက်က သတ်မှတ်ထားတာတွေပါရဲ့လား၊ ရေးထားတဲ့ Format တွေ မှန်ရဲ့လား စတဲ့အချက်တွေကိုစစ်ဖို့ ချန်ထားပါ။ ၆။ အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို လျှော့ချထားပါ။ Assignment ရေးနေချိန်မှာ တိတ်ဆိတ်ပြီး တခြားသူတွေ အနှောင့်အယှက်မပေးနိုင်မယ့် နေရာကိုရွေးပါ။ ဖုန်းကို Silence လုပ်ထားပါ၊ ကိုယ်နဲ့ဝေးရာမှာထားပါ။ ဖုန်းမှမလိုလားအပ်သော Noti များဟာ စိတ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ Social Media သုံးတာတွေကို ရှောင်ပါ၊ အတတ်နိုင်ဆုံးမသုံးတာ ကောင်း ပါတယ်။ သုံးပြီးရင် ပြန်ထွက်ဖို့ ခက်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုအနှောင့်အယှက်ဖြစ်စေမယ့် အရာအားလုံးရဲ့ အဝေးမှာနေပါ။ ၇။ ဘာသာရပ်တစ်ခုကိုရေးရတာ ငြီးငွေ့လာရင် တခြားဘာသာရပ်တစ်ခုကိုပြောင်းပါ။ ဘာသာရပ်တစ်ခုကို ရေးရတာ ငြီးငွေ့လာပြီဆိုရင် လက်ရှိရေးနေတဲ့ဘာသာရပ်အတွက် ရေးနေတာကို ရပ်တန့်ပြီး တခြားဘာသာရပ်ကို ပြောင်းရေးပါ။ ဘာလိုလဲဆိုတော့ လူတွေဟာ အကြောင်းအရာတစ်ခုကိုတွေးရတာ များနေပြီဆိုရင် အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဘာ Idea မှ ကောင်းကောင်းထွက်မလာတတ်ပါဘူး။ ဒါကို ဆက်တွေးနေလို့လည်း အကျိုးမရှိပါဘူး။ ဒါ့ကြောင့် နောက်ထပ် အကြောင်းအရာတစ်ခုကို ပြောင်းလိုက်တာက အကောင်းဆုံးနည်းလမ်းပါပဲ။ ၈။ ဦးနှောက်ကို အနားပေးပါ။ လူတွေရဲ့ ဦးနှောက်ဟာ အချိန်အတိုင်းအတာတစ်ခုအထိပဲ အလုပ်လုပ်နိုင်ပါတယ်။ ဦးနှောက်က စဉ်းစားရတာ တွေများလာရင် စွမ်းရည်တွေကျဆင်းပြီး ကောင်းတဲ့ Idea တွေ ထွက်လာမှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ဦးနှောက်ကို အနားပေးဖို့ လိုအပ်ပါတယ်။ မိနစ် (၂၅) သို့ (၃၀) လောက် ဦးနှောက်ကို အနားပေးပြီး လမ်းလျှောက်တာ၊ အကြောဆန့်တာ၊ အစာစားတာနဲ့ တခြားစိတ်ကိုပျော်ရွှင်စေမယ့် အရာများကို ပြုလုပ်ပေးပါ။ ၉။ မိမိကိုအကူအညီပေးနိုင်မဲ့သူကို ရှာဖွေပါ။ Assignment ရေးရတဲ့အခါ အနည်းနဲ့အများကတော့ ရုန်းကန်ကြရပါတယ်။ နားမလည်ဘူး ဘာရေးရမှန်း မသိဘူးဆိုပြီး ရှေ့ဆက်မရေးတာမျိုး မလုပ်ပါနဲ့။ ကိုယ်နားမလည်တာတွေ၊ ရေးဖို့ Idea မထွက်လာတာမျိုးတွေ ကြုံတွေ့လာတဲ့အခါ ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများကို မေးမြန်းပါ၊ ဆွေးနွေးပါ။ အတန်းဖော် သူငယ်ချင်းများနဲ့လည်း တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။ ၁၀။ Motivate ဖြစ်အောင်နေပါ။ Motivate ဖြစ်အောင်နေခြင်းဟာ Assignment ရေးတဲ့အချိန်မှာ အရေးပါတဲ့အရာတစ်ခု ဖြစ်ပါတယ်။ စိတ်က တက်ကြွလန်းဆန်းနေမှသာ အကြံဉာဏ်ကောင်းတွေ ထွက်လာမှာဖြစ်ပါတယ်။ Motivate ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ‘Reward’ ပေးတဲ့စနစ်ကို ကျင့်သုံးပါ။ ဥပမာ Assignment တစ်ခုပြီးသွားပါက ‘ငါလုပ်နိုင်တယ်’ ‘တော်လိုက်တဲ့ငါ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ချီးကျူးပေးပါ။ ကိုယ်လိုချင်တာကို ဝယ်လိုက်တာမျိုး၊ ကိုယ် စားချင်တာလေးတွေကို စားလိုက်တာမျိုးကိုလုပ်ပါ။ သင့်တော်တဲ့ အချိန်အတိုင်းအတာတစ်ခုအထိ အနားယူပါ။ အထက်ဖော်ပြပါ အချက်များက Assignment များကို အချိန်မှီပြီးနိုင်ဖို့အတွက် အထောက်အကူဖြစ်စေမဲ့ အချက်များဖြစ်ပါတယ်။ ဒါပေမဲ့ Time Management လုပ်နိုင်ဖို့က အဓိကအချက်ဖြစ်ပါတယ်။ တကယ်လို့ Time Management ကောင်းကောင်းမလုပ်နိုင်သေးဘူးဆိုရင်တော့ Assignment များ အချိန်မီပြီးဖို့အတွက် ရုန်းကန်နေကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Time Management ကို ကြိုးစားလုပ်ခြင်းက ပညာရေး လမ်းကြောင်းမှာ ပြောင်းလဲမှုတွေ ရရှိလာနိုင်ပါတယ်။ References: How To Finish Your Assignments On-Time – 8 Amazing Tricks | TechRecur Lecture time experiences များဖြင့် ကိုးကားရေးသားထားပါသည်။

Daw Sandi Su Hlaing

B.C.Sc, (U.C.S.Y) B.C.Sc, (Hons) (U.C.S.Y)

M.C.Sc, (U.C.S.Y)