နောင်တမရတဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမလဲ ?

ရွေးချယ်မှုဆိုတာ ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုပါ။ တစ်ခါတစ်ရံမှာ ကြီးကြီးမားမား ဘဝအတွက် ပြောင်းလဲတဲ့ ဆုံးဖြတ်ချက်များ ချဖို့ရှိပြီးတော့ တစ်ခါတလေမှာတော့ အသေးအဖွဲများကို ဆုံးဖြတ်ချက်ချဖို့ လူတိုင်းမှာ ရှိပါတယ်။ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမဆို နောက်တစ်ချိန်မှာ နောင်တမရစေနိုင်တဲ့ ဆုံးဖြတ်ချက်မျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။ ဆိုတော့၊ နောင်တမရှိဘဲ ဆုံးဖြတ်ချက်ချဖို့ အကြံပြုချက်တချို့ကို မျှဝေပေးပါမယ်။ ဒီအရာက သင့်ကို ပိုမိုပျော်ရွှင်ပြီး ပိုမိုအကျိုးရှိတဲ့ဘဝနဲ့ နေထိုင်နိုင်ဖို့ ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်မျိုး ချမိတဲ့အခါ ကျွန်မတို့နောင်တရလေ့ရှိပါတယ်။ နောင်တဟာ  ပြင်းထန်စွာ နာကျင်စေနိုင်ပြီး ကျော်ဖြတ်ဖို့ ခက်ခဲနိုင်ပါတယ်။

၁။ နောင်မှာ နောင်တမရအောင် ဆုံးဖြတ်ချက်တွေ ဘယ်လိုချရမလဲ။

ဆုံးဖြတ်ချက်ချခြင်းဟာ ဘဝမှာ မလွဲမသွေ‌ဆောင်ရွက်ရတဲ့အရာ ဖြစ်ပါတယ်။ မှားယွင်းတဲ့ ဆုံးဖြတ်များချမိရင် ကျွန်မတို့ နောင်တရစေပါတယ်။ ဒါကြောင့် ပထမအနေနဲ့ ဆုံးဖြတ်ချက်မချခင် သေချာစဉ်းစားပါ၊ ဒုတိယအနေနဲ့ မိမိဆုံးဖြတ်ချက် အပေါ် အပြုသဘောဆောင်ပြီး အကောင်းမြင်စိတ်ရှိနေဖို့ ကြိုးစားပါ၊ တတိယအနေနဲ့ ကိုယ့်ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက် တွေကို လက်ခံဖို့ ပြင်ဆင်ထားပါ၊ ဒီအချက်တွေကို မှတ်သားထားရင် နောင်တမရဘဲ ဆုံးဖြတ်ချက် ချနိုင်ပါလိမ့်မယ်။
၂။ ကိုယ့်အတွက် အရေးကြီးဆုံးအရာကို စဉ်းစားသတ်မှတ်ပါ။
အထူးသဖြင့် သင့်အတွက် အရေးကြီးတဲ့အရာကို သင်သေချာမသိပါက ဆုံးဖြတ်ချက်များချရာမှာ စိန်ခေါ်မှုဖြစ်နိုင်ပါတယ်။ သင့်တန်ဖိုးထားတဲ့အရာကို သေချာသိပါက ဆုံးဖြတ်ချက်ချရာမှာ ပိုမိုလွယ်ကူစေနိုင်ပါတယ်။ 

 
၃။ ဆုံးဖြတ်ချက်မှ ရလာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးများကို သုံးသပ်ပါ။
သင့်ဆုံးဖြတ်ချက်မှ ရလာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးများကို ကြိုတင်တွက်ဆပါ။ ဒါက သင့်ရွေးချယ်မှုများကို ချိန်ဆပြီး သင့်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ 
၄။ ရေရှည်အတွက် ထည့်သွင်းစဉ်းစားပါ။
ရေရှည်မှာ ကိုယ်ဘာလိုချင်လဲလို့ ကိုယ့်ကိုယ်ကိုမေးတာက နောင်တမရဘဲ ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ဥပမာ သင်က အလုပ်ကမ်းလှမ်းချက်နှစ်ခုကြားမှာ ဆုံးဖြတ်ဖို့ ကြိုးစားနေပါက ဘယ်အရာက သင့်ရေရှည် အသက်မွေးဝမ်းကြောင်း ရည်မှန်းချက်များအောင်မြင်ဖို့ ကူညီပေးမယ်ဆိုတာကို စဉ်းစားပါ။
၅။ သင့်ကိုယ်သင် ယုံကြည်မှုအပြည့်ရှိပါ။
ဆုံးဖြတ်ချက်ချတဲ့အခါ အရးကြီးဆုံးက သင့်ကိုယ်သင် ယုံကြည်မှုရှိဖို့ပါ။ ဆုံးဖြတ်ချက်ချရာမှာ  ပြတ်သားစွာချပါ။ မိမိ ဆုံးဖြတ်မှရလာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးများကို လက်ခံနိုင်ရပါမယ်။ ဒါက သင့်ဆုံးဖြတ်ချက်အပေါ် နောင်တရမှုကို လျော့နည်းစေနိုင်ပါတယ်။
၆။ တခြားသူတွေရဲ့ အကြံပြုချက်ကို နားထောင်ပါ။
သင်ဆုံးဖြတ်ချက်မချနိုင်တဲ့အခါမှာ တခြားသူများထံမှ အကြံဉာဏ်ရယူခြင်းက အကျိုးရှိနိုင်ပါတယ်။ သင့်ရွေးချယ်ခွင့်များကို သင့်သူငယ်ချင်းများ၊ မိသားစုများနဲ့ ဆွေးနွေးပါ။ တခြားသူများထံမှ အကြံပြုချက်ရယူခြင်းက တစ်ခါတစ်ရံမှာ သင့်ကို ဆုံးဖြတ်ရခက်ခဲတဲ့အရာတွေကို ကွဲပြားစွာမြင်နိုင်ပြီး သင့်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ချဖို့ ကူညီပေးနိုင်ပါတယ်။
၇။ လူတိုင်းကျေနပ်ဖို့ မကြိုးစားပါနဲ့။
 မိမိဆုံးဖြတ်ချက်က လူတချို့ကို ပျော်ရွှင်စေပြီး တချို့လူတွေကို စိတ်မချမ်းသာစေပါဘူး။ လူ့အလိုနတ်မလိုက်နိုင်တဲ့  မြန်မာစကားပုံတစ်ခုဟာ ဆုံးဖြတ်ချက်တွေချတဲ့အခါ ဒါဟာအမှန်ပါပဲ။ ဒါကြောင့် လူတိုင်းကို စိတ်ကျေနပ်အောင် မကြိုးစားပါနဲ့။ အဲ့ဒီအစား၊ သင့်ဆုံးဖြတ်ချက်က သင့်ကိုယ်သင်နှစ်သက်စေဖို့ အာရုံစိုက်ပါ။ အရေးကြီးတာက မင်း သဘောကျတဲ့ ဆုံးဖြတ်ချက်ကို ချဖို့ပါပဲ။ မင်းဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်တွေနဲ့ မင်းအသက်ရှင်ရပါလိမ့်မယ်၊ ဒါမှ မင်းလည်း ပျော်နိုင်မှာ ဖြစ်ပါတယ်။
၈။ အချိန်ယူပါ။
တစ်ခုခုကို မသေချာရင် အဲ့ဒါကို စဉ်းစားပါ။ နောင်တစ်ချိန်မှာ နောင်တရနိုင်တဲ့ အလျင်စလို ဆုံးဖြတ်ချက်ထက် အချိန်ယူ စဉ်းစားပြီး ဆုံးဖြတ်ချက်ချတာက ပိုကောင်းပါတယ်။ ဒါကြောင့် မသေချာရင် ဒါမှမဟုတ် စိတ်ရှုပ်နေတယ်ဆိုရင် နောက်ပြန်ခြေတစ်လှမ်းဆုတ်ပြီး သင့်ကိုယ်သင် အချိန်တစ်ခုပေးပါ။
၉။ ဆုံးဖြတ်ချက်ချပြီး လိုက်နာပါ။
ဆုံးဖြတ်ချက်တစ်ခုချတဲ့အခါမှာ သင်က အဓိက သွားရမယ့်လမ်းကို ရွေးချယ်ခြင်းဖြစ်ပြီး လမ်းတစ်ဝက်မှာ သင့်ရဲ့ စိတ်ပြောင်းခြင်းက သင့်ကို စိတ်ရှုပ်ထွေးစေပြီး စိတ်ပျက်စေမှာ ဖြစ်ပါတယ်။ သင့်ရဲ့ မူလဆုံးဖြတ်ချက်အတိုင်း လိုက်နာတာက ပိုကောင်းပါတယ်။
၁၀။ မင်းရဲ့အမှားတွေကို သတိပြုပြီး သင်ခန်းစာယူပါ။
ဆုံးဖြတ်ချက်တစ်ခုကို နောင်တရလာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ လူတိုင်းဟာ အမှားလုပ်မိပြီး နောင်တရတတ်ကြပါတယ်။ အရေးကြီးတာက မင်းအမှားတွေကို ထပ်ခါထပ်ခါမလုပ်မိအောင် သင်ခန်းစာယူဖို့ပါပဲ။ သင့်အတွေ့အကြုံမှ သင်ရနိုင်သမျှ သင်ခန်းစာများကို ယူပြီး ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်များချနိုင်ဖို့ အနာဂတ်မှာ ဒါတွေကို အသုံးချပါ။
၁၁။ အတိတ်ကို စွဲလမ်းမနေပါနဲ့။
အထူးသဖြင့် ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေကို နောင်တရတဲ့အခါ အတိတ်ကိုဖမ်းဆုပ်ဖို့ လွယ်ပါတယ်။ သို့ပေမဲ့ အဲ့လိုပြုမူခြင်းက ကျွန်ုပ်တို့ကို တုန်လှုပ်စေပြီး ရှေ့ကိုမတိုးနိုင်စေဖို့ တားဆီးထားပါတယ်။ အတိတ်ဟာ နောက်ပြန်လှည့်လို့ မရတာမို့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို အာရုံစိုက်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ရိုးသားပါ။ အခွင့်အရေးသစ်ဟာ သင့်အတွက် အမှန်တကယ် ပေါ်လာနိုင်ပါတယ်။
ဒီဆောင်းပါးကို Gary Percival, 2022 ရေးသားထားတဲ့ How to make decisions without regrets ခေါင်းစဉ်မှ အချက် (၁၁) ချက်ကို ဒေါ်နှင်းနုအောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။
Photo – internet

Hnin Nu Aung

B.Com (Q), M.Com (MEUE)