အောင်မြင်လိုတဲ့လူငယ်တွေ ပေါင်းသင်းအပ်တဲ့ လူ ၄ မျိုးကို သူဌေးကြီး Warren Buffett အကြံပြု

လွန်ခဲ့တဲ့ ၁၅ နှစ်တာက Berkshire Hathaway လုပ်ငန်းရဲ့  နှစ်ပတ်လည်အစည်းအဝေးတစ်ခုမှာ ရှယ်ယာရှင်လူ ငယ်တစ်ဦးက သူဌေးကြီး Warren Buffett ကို လူငယ်တွေအောင်မြင်ဖို့ရာ ဘာတွေကိုများအကြံပြုချက်ပေးလို ပါသလဲလို့ မေးခဲ့ဘူးပါတယ်။ သူဌေးကြီးကလူငယ်လေးကို အသေချာကြည့်ပြီး ကိုယ်ထက်သာတဲ့လူတော်တွေနဲ့ များများဆက်ဆံနိုင်မယ် အပေါင်းအသင်းဖွဲ့မယ်ဆိုရင် သူတို့ဆီက ကောင်းမွန်တဲ့ အမူအကျင့်တွေ တဖြည်းဖြည်း ကိုယ်ဆီကူးစက်လာပြီး ကိုယ်လည်းလူကောင်းတစ်ယောက် အောင်မြင်တဲ့သူ တစ်ဦးဖြစ်လာမယ်လို့ ဖြေကြားခဲ့ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ တော်တဲ့ထက်တဲ့သူတွေများလာခြင်းက သင့်ကိုအောင်မြင်မှုလမ်းကြောင်းဆီကို တရွေ့တရွေ့ တွန်းတင်နိုင်တာကြောင့် ဘယ်လိုလူတွေသင့်ဘေးနားမှာ ဝန်းရံစေချင်ပါလဲ။

၁။ ခိုင်မာတဲ့ခံယူချက်နဲ့ရှင်သန်နေသူတွေ
အောင်မြင်တဲ့လူတွေဆိုတာ သူတို့ရဲ့ကိုယ်ပိုင်ခံယူချက်သဘောထားတွေ စံတန်ဖိုးတွေအတိုင်းတာ ရှင်သန်လေ့ ရှိကြပြီး ဘယ်လိုအခြေအနေမျိုးပဲ ကြုံလာပါစေ သူတို့ဘဝရဲ့စံသတ်မှတ်ချက်တွေအတွက် ခေါင်းမာလွန်းကြတဲ့ လူတွေလည်း ဖြစ်ပါတယ်။
ကိုယ်ယုံကြည်ချက်ကိုလည်း သေချာစွာသိရှိပြီး အရေးကြုံလာချိန်မှာလည်း အလွယ်တကူ မစွန့်လွှတ်တတ်သူတွေဖြစ်ပါတယ်။ ဒီလိုလူတွေ ကိုယ်အနားမှာရှိနေခြင်းက သင့်လုပ်ငန်းအတွက်ပဲဖြစ်ဖြစ် သင့်ဘဝအတွက်ပဲဖြစ်ဖြစ် အဆိုးဆုံးအ‌ခြေအနေတွေရင်ဆိုင်လာချိန်မှာ သင့်အနားကနေ အလွယ်တကူစွန့်ခွာသွားမဲ့ လူစားမျိုးတွေမဟုတ်တာကြောင့် လူတစ်ယောက် လုပ်ငန်းတစ်ခု အောင်မြင်ရေးမှာ တကယ်အရေးကြီးတဲ့ အင်အားစုတွေ အဖြစ်နဲ့ ရှိနေတတ်လို့ပါ။

၂။ ကိုယ့်အလုပ်ကို တန်ဖိုးထားချစ်မြတ်နိုးသူတွေ
Apple CEO Tim Cook က “ မိမိချစ်မြတ်နိုးတဲ့အလုပ်ကို လုပ်ကိုင်ပါ၊ စိတ်နှစ်ပြီးလုပ်ကိုင်ခြင်းဖြင့်လည်း ပျော် ရွှင်မှုကိုရရှိစေပါမယ်” လို့ဆိုပါတယ်။ ကိုယ်နှစ်သက်တဲ့အလုပ်သာလျှင် မိမိဘဝအတွက် တိကျတဲ့ရည်မှန်းချက်  ဖြစ်သင့်ပြီး ဘယ်လိုအကြောင်းမျိုးတွေရှိနေပါစေ ဒီလမ်းကြောင်းကိုဆက်ပြီး လျှောက်လှမ်းနေရမှာ လည်းဖြစ်ပါတယ်။ အခုလိုကိုယ့်ဘဝအတွက် တိကျတဲ့ရည်မှန်းချက်တွေ လမ်းကြောင်းမှန်ပေါ်လျှောက်လှမ်းနေသူတွေဟာ  သူတို့ရွေးချယ်ထားတဲ့ အလုပ်မှာပိုမိုတိုးတက်မြင့်မားအောင် ဆောင်ရွက်ရင်းနဲ့ သင့်ရဲ့ရည်ရွယ်ချက်တွေ စိတ်ဆန္ဒတွေကိုပါ တစ်ပြိုက်နက်တည်း အကောင်အထည်ဖော် အောင်မြင်အောင်ဆောင်ရွက်တတ်ကြတာမို့ သင် ကိုယ်တိုင်ပါ တိုးတက်လာမှုအသီးအပွင့်ကို ခံစားနိုင်မှာပါဖြစ်လို့ပါ။

၃။ နားထောင်တတ်သူတွေနဲ့ ပေါင်းသင်းပါ
မှန်ကန်ပြည့်စုံတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဟုဆိုကာ မိမိဘာသာတစ်ဦးတည်း စိတ်ကူးထားတဲ့ Business လုပ်ငန်းတစ်ခုပေါ်မှာ ပုံအောဆုံးဖြတ်ချက်ချပြီးမှ လက်လွန်ခြေလွန် မှားယွင်းမှုတွေကို လူတွေကြုံဖူးတတ်ကြပါ တယ်။ ကိုယ်ကအားလုံးသော အဖြေတွေ၊အခြေအနေတွေကို နားလည်ပြီးသားလို့ မှတ်ယူထားတဲ့လူတွေ အများဆုံးကြုံရတတ်တဲ့ အခြေအနေမျိုးဖြစ်ပြီး တစ်ဖက်လူတွေဆီက ကောင်းမွန်တဲ့ အကြံဉာဏ်တွေကို မျက်ကွယ်  ပြုမိကြတာဖြစ်ပါတယ်။ အောင်မြင်သူအများစုကတော့ တစ်ဦးချင်းတစ်ယောက်ချင်းစီက ထွက်ကြလာမဲ့အကြံ ဉာဏ်စိတ်ကူးတွေကို ဂရုတစိုက်နားထောင်တတ်ကြပြီး အခြားသောသူတွေဆီကလည်း ကိုယ်တွေးတာထက် ပိုမိုကောင်းမွန်တဲ့အတွေးအခေါ်နဲ့ အကြံသစ်ဉာဏ်သစ်တွေကို လက်ခံနိုင်တဲ့အရည်အချင်းတွေ ပြည့်ဝကြတာ ဖြစ်ပါတယ်။ ငါတကောမကောဘဲ တစ်ဖက်သူတွေရဲ့ ထင်မြင်ယူဆချက်တွေ အကြံပြုချက်တွေကို နားထောင်နိုင်စွမ်းမြင့်မားသူတွေ သင့်ကိုဝန်းရံနေခြင်းက အောင်မြင်မှုလမ်းကြောင်းကို ရှာဖွေနေတဲ့လူငယ်တွေအတွက် အရေးကြီးတယ်လို့ သူဌေးကြီး Warren Buffett ကအကြံပြုပါတယ်။

၄။ ရိုးဂုဏ်ရှိတဲ့သူတွေ
သူဌေးကြီး Warren Buffett က “ ဘယ်လောက်ပဲ စမတ်ကြပြီးကျော့မော့နေသူဖြစ်ပါစေ မရိုးသားတွေသူတွေ ကို ဘယ်တော့မှအလုပ်မခန့်မိပါစေနဲ့” လို့ဆိုပါတယ်။  ယေဘုယျအားဖြင့် စဉ်းစားတွေးခေါ်နိုင်စွမ်းပြည့်ဝသူ၊ တက်ကြွဖြတ်လတ်နေတတ်သူ၊ တည်ကြည်ရိုးသားသူ ဒီအချက်တွေနဲ့ ကိုက်ညီသူတွေထဲမှာ နောက်ဆုံးနေရာ မှာရှိနေတဲ့ ရိုးသားတည်ကြည်သူတွေကိုပဲ ဦးစားပေးရွေးချယ်ဖို့ သူကဆက်ပြီး အကြံပြုပါတယ်။
လူတစ်ယောက်က ရှေ့ကအချက်နှစ်ချက်နဲ့ လုံးဝပြီးပြည့်စုံနေပါစေ အရေးကြီးဆုံးအချက်ဖြစ်တဲ့ ရိုးသားမှုမရှိ သူနဲ့ ဘယ်လိုမှယုံကြည်မှု တည်ဆောက်ယူနိုင်မှာ မဟုတ်ဘူးလို့ Warren Buffett ကဆိုပါတယ်။ အခုလိုယုံကြည်ရသူတွေကသူတို့ပေးထားတဲ့ ကတိစကားတွေကို တန်ဖိုးထားတတ်ကြပြီး ယင်းအမူအကျင့် ကောင်းတွေက အခြားသောသူတွေကို ကူးစက်စေတာကြောင့် အခုလိုတန်ဖိုးရှိသူတစ် ယောက်နေ ၁၀ ယောက်လောက်အထိ အလွယ်တကူပွားသွားနိုင်တာမို့ ယင်းအချက်ကို သူဌေးကြီးက အလေးအနက်ထား တိုက်တွန်းသွားခဲ့ပါတယ်။

https://www.inc.com/.../warren-buffett-told-a-teenager...