'' IT နည်းပညာရဲ့ အရေးပါမှု ''

ယနေ့ကမ္ဘာကြီးမှာ သတင်းနည်း ပညာဟာ ဘယ်လိုအ‌ရေးပါတယ်ဆိုတာကို လူများ သိရှိကြပြီး ဖြစ်ပါတယ်။ တစ်ချိန်က ကျွန်တော်တို့ စိတ်ကူးယဉ်ခဲ့တဲ့ အရာများစွာကို ယခုအခါမှာတော့ သတင်းအချက် အလက်နည်းပညာနဲ့ အကောင်အထည်ဖော်နိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် အရာများစွာကို IT ကနေတစ်ဆင့် ပိုကောင်းအောင်လုပ်ဆောင်လာနိုင်ပါတယ်။ IT နည်းပညာဟာ မျိုးဆက်များအားလုံးနဲ့ industry field (နယ်ပယ်)အားလုံးမှာ ပါ၀င်နေပြီဖြစ်ပါတယ်။ နည်းပညာနဲ့ ၎င်းရဲ့ပြောင်းလဲမှုများကို နားလည်ခြင်းက သင့်တိုးတက်မှုအတွက် အရေးကြီးတဲ့အပြင် ၎င်းဟာ ဘဝရှင်သန်မှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုဖြစ်လာပါတယ်။ ရှေးခေတ်လူသားတို့ တီထွင်ခဲ့တဲ့ ကိရိယာများမှလည်း ယနေ့ခေတ် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးခေတ်အထိ၊ နည်းပညာဟာ ကမ္ဘာကြီးကို အောင်မြင်မှုလမ်းကြောင်းဆီသို့ ပို့ဆောင်ပေးခဲ့ပါတယ်။

ခေတ်မီစီးပွားရေးလုပ်ငန်းများဟာလည်း သတင်းအချက်အလက်နည်းပညာ ဒါမှမဟုတ် IT ကို လေးနက်စွာ မှီခိုအားထားလျက်ရှိပါတယ်။ ၎င်းတို့ဟာ လုပ်ငန်းလည်ပတ်မှုများကို အဆက်မပြတ် အနှောင့်အယှက်မရှိဘဲ လည်ပတ်နေစေဖို့အတွက် IT ဝန်ဆောင်မှုစွာများကို လိုအပ်နေပါတယ်။ IT အဖွဲ့များက ဆန်းသစ်တီထွင်မှုနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကိုလည်း လုပ်ဆောင်ပေးတဲ့အပြင် ထိုအချက်အလက်တွေကိုလည်း လုံခြုံမှုရှိဖို့ အကာအကွယ်ပေးနေကြပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဘယ်အဖွဲ့အစည်းမှာမဆို အိုင်တီကျွမ်းကျင်သူများရှိခြင်းက သင့်လုပ်ငန်းရဲ့ အောင်မြင်မှုအတွက် မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာပါတယ်။

သတင်းအချက်အလက်နည်းပညာ (IT) ဆိုသည်မှာ ဘာလဲ ?

သတင်းအချက်အလက်နည်းပညာ (IT) ဆိုသည်မှာ data (သတင်းအချက်အလက်) များကို ကွန်ပျူတာထဲမှာ သိမ်းဆည်းခြင်း၊ တွက်ချက်ခြင်း၊ ထုတ်ယူခြင်း၊ လုပ်ငန်းများနဲ့ အချက်အလက်များ ပေးပို့ခြင်းတို့ ပြုလုပ်တဲ့ ဘယ်လိုဆက်သွယ်ရေး အမျိုးအစားကိုမဆို ဆိုလိုခြင်း ဖြစ်ပါတယ်။ သတင်းအချက်အလက်နည်းပညာမှာ လူများနေ့စဥ် အသုံးပြုဖို့ လိုအပ်တဲ့အလုပ်များကို လုပ်ဆောင်တဲ့ ဟာ့ဒ်ဝဲနဲ့ဆော့ဖ်ဝဲလ် ပေါင်းစပ်ပါဝင်နေပါတယ်။

ဘာကြောင့် သတင်းအချက်အလက် နည်းပညာက မရှိမဖြစ် လိုအပ်ပါသလဲ?

သတင်းအချက်အလက်နည်းပညာဟာ ကွန်ပျူတာစနစ်များ၊ ဆော့ဖ်ဝဲလ်များနဲ့ ဒေတာများ ဖြန့်ဝေဖို့အတွက် တီထွင်ခြင်း၊ ထိန်းသိမ်းခြင်း၊ အသုံးချခြင်းနဲ့ ဆက်စပ်နေပါတယ်။ ၎င်းဟာ ဟာ့ဒ်ဝဲ၊ အပလီကေးရှင်းများ၊ ကွန်ရက်ချိတ်ဆက်မှု၊ အင်တာနက်နဲ့ ၎င်းတို့နဲ့ လုပ်ဆောင်နေသူများ အပါအဝင် ကွန်ပြူတာနည်းပညာနဲ့ သက်ဆိုင်တဲ့ ကဏ္ဍများကို ရည်ညွှန်းပါတယ်။

လုပ်ငန်းများမှာ ၎င်းရဲ့အရေးပါမှုကိုနားလည်ဖို့၊ သတင်းအချက်အလက်နည်းပညာက ဘယ်လိုကူညီပေးတယ် ဆိုတာကို သိထားသင့်ပါတယ်။အတိုချုပ်ပြောရရင်

လုပ်ငန်းစဉ်များနဲ့ ထုတ်ကုန်များမှာ သိသာထင်ရှားတဲ့ တိုးတက်မှုများနဲ့ ဝင်ငွေတိုးတက်မှုကို ပံ့ပိုးကူညီခြင်း။

တိကျတဲ့သတင်းအချက်အလက်ရရှိမှုကြောင့် အချိန်တိုအတွင်း လုပ်ငန်းအသစ်များဖန်တီးရာမှာ ကူညီ ဆောင်ရွက်ပေးခြင်း။

ဖောက်သည်တွေကို သူတို့ရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ အချိန်နဲ့ တစ်ပြေးညီ ထိရောက်တဲ့ ဆက်သွယ်မှု ပေးဆောင်ခြင်း စတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

မိမိ လုပ်ငန်းမှာ ပရိုဂရမ်မာများ၊ ဝက်ဘ်ဆော့ဖ်ဝဲရေးဆွဲသူများ၊ network အင်ဂျင်နီယာများနဲ့ data scientists​ တွေလို ခိုင်မာတဲ့ IT နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတစ်ခုရှိပါက သင်ဟာ သင့် ပြိုင်ဖက်များထက် သာလွန်စေမှာ မုချဖြစ်ပါတယ်။ ယနေ့ခေတ်မှာ အရာအားလုံးနီးပါးဟာ သတင်းအချက်အလက်နည်းပညာ အကူအညီနဲ့ လည်ပတ်နေကြပါတယ်။ စက်မှုလုပ်ငန်းအားလုံးနီးပါးဟာ သတင်းအချက်အလက်နည်းပညာရဲ့ အရေးပါမှုကို အသိအမှတ် ပြုကြပါတယ်။

ဘယ်လိုစီးပွားရေးလုပ်ငန်းကိုမဆို IT ဝန်ဆောင်မှုတွေကို အသုံးပြုပြီး စီမံခန့်ခွဲထားတဲ့ လုပ်ဆောင်ချက်တွေကို သေချာပေါက် ရှာတွေ့ရပါမယ်။ လုပ်ငန်းများ ချောမွေ့စွာ လည်ပတ်နိုင်စေဖို့မှာ အိုင်တီစနစ်များပေါ်မှာ များစွာမူတည်နေပါတယ်။ ကုန်ထုတ်လုပ်မှုမှ လူ့စွမ်းအားအရင်းအမြစ်အထိ ဌာနများဟာ ၎င်းတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများမှာ သတင်းအချက်အလက်နည်းပညာကို အသုံးပြုကြပါတယ်။

စီးပွားရေးကဏ္ဍဟာ သတင်းအချက်အလက်နည်းပညာကို အလွှမ်းမိုးနိုင်ဆုံး ကဏ္ဍတစ်ခုဖြစ်ပါတယ်။

ဖောက်သည်များနဲ့ လုပ်ငန်းလည်ပတ်မှုတွေအတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုပေးခြင်း။

- အဆင့်မြင့် Hardware(ဟာ့ဒ်ဝဲ)နဲ့ နောက်ဆုံးပေါ် Software( ဆော့ဖ်ဝဲလ်) Application (အက်ပ်လီကေးရှင်း) များနဲ့ ရှုပ်ထွေးတဲ့ စီးပွားရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းခြင်း။

- နောက်ဆုံးပေါ်ကိရိယာများမှ ထုတ်နုတ်ထားတဲ့ data-driven data မှတစ်ဆင့် ဆုံးဖြတ်ချက်ချရာမှာ ပိုမိုလွယ်ကူစေခြင်း။

- Resource အားလုံးကို ဗဟိုချုပ်ကိုင်မှုရှိတဲ့ နေရာမှာ လုံခြုံမှုရှိအောင်ထားခြင်း။

- cloud ဒေတာအပြင် ဝက်ဘ်ဆိုက်တို့လို အွန်လိုင်းမှလုပ်ဆောင်မှုတွေအတွက် အမြင့်ဆုံးလုံခြုံရေးကို ပေးဆောင်ခြင်း။

- ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေးဗျူဟာများအသုံးပြုခြင်းဖြင့် စျေးကွက်ရှာဖွေရေး ကြိုးပမ်းမှုများကို ချဲ့ထွင်ခြင်း။

- ယေဘူယျအနေနဲ့ အထက်ဖော်ပြပါ အချက်တွေနဲ့ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း စတာတွေကို  IT နဲ့ လုပ်ဆောင်နိုင်လာပါတယ်။

ဒါ့အပြင် စီးပွားရေးမှာ သတင်းအချက်အလက်နည်းပညာရဲ့ အရေးပါမှုဟာ ဆန်းသစ်တီထွင်မှုကိုလည်း ပိုမို မြှင့်တင်ပေးနိုင် ပါတယ်။ ဆန်းသစ်တီထွင်မှုဟာ ပိုမိုအသုံးဝင်တဲ့ App (အက်ပ်)များထုတ်ခြင်း၊ ပိုမိုများပြားတဲ့ data storage ( ဒေတာ သိုလှောင်မှု)များ ချဲ့ထွင်ခြင်း , Processing ( လုပ်ဆောင်မှု) များ ပိုမိုမြန်ဆန်စေခြင်းနဲ့ သတင်းအချက်အလက် ဖြန့်ဝေခြင်း ကိုလည်း ပိုမိုကျယ်ပြန့် စေခြင်းတို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဆန်းသစ်တီထွင်မှုဟာ စီးပွားရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ လည်ပတ်စေပါတယ်။ ပြီးတော့ ဆန်းသစ်တီထွင်မှုဟာလည်း အရည်အသွေးကို မြှင့်တင်ပေးပြီး ကုန်ထုတ် စွမ်းအားကို မြှင့်တင်ပေးတယ်။

သတင်းအချက်အလက်နည်းပညာမှတစ်ဆင့် ဆန်းသစ်တီထွင်မှုဟာ စီးပွားရေးလုပ်ငန်းမှာ အောက်ပါပြောင်းလဲမှုတွေကို တွေ့ရှိလာပါတယ်။

  • အွန်လိုင်းစျေးဝယ်ခြင်းက စတိုးမှာ ဈေးဝယ်ခြင်းထက် ပိုမိုထိရောက်ပါတယ်။
  • ဒစ်ဂျစ်တယ်မားကတ်တင်းဟာ ကုန်ကျစရိတ်မြင့်တဲ့ သတင်းစာ၊ ရေဒီယိုကြော်ငြာနဲ့ ရုပ်မြင်သံကြားတို့ထက် ပိုမိုထိရောက်ပါတယ်။
  • VoIP ဆက်သွယ်ရေးဟာ တယ်လီဖုန်းနဲ့ နှိုင်းယှဉ်ပါက ပိုမိုထိရောက်ပါတယ်။
  • Cloud computing ဟာ ကိုယ်ပိုင်ကွန်ပျူတာကွန်ရက်ထက် များစွာပိုမိုထိရောက်ပါတယ်။

စီးပွားရေးလုပ်ငန်းမှာ သတင်းအချက်အလက်နည်းပညာရဲ့ အရေးပါမှုက မရှိမဖြစ် တည်ရှိနေပြီဖြစ်ပါတယ်။ ၎င်းဟာ ကူးသန်းရောင်းဝယ်ရေးနဲ့ စီးပွားရေးကဏ္ဍကို တည်ဆောက်ပြီး  ဖြစ်နိုင်သမျှ အမြင့်ဆုံးထွက်ကုန်ကို ထုတ်ပေးပါတယ်။ ဒါကြောင့် ကဏ္ဍအသီးသီးမှ သတင်းအချက်အလက်နည်းပညာများ တိုးတက်လာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းကို ဖန်တီးထုတ်လုပ်ဖို့ အလုပ်လုပ်ဆောင်လို့ ကြာတဲ့အချိန်တွေကို သိသိသာသာ လျှော့ချနိုင်ပါတယ် ဒါ့အပြင် ၎င်းက အီလက်ထရွန်းနစ်လုံခြုံရေး၊ data storage (သိုလှောင်မှု) နဲ့ ထိရောက်တဲ့ communication (ဆက်သွယ်ရေး)ကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။

ပညာရေးမှာလည်း IT နည်းပညာဟာ ဘယ်လောက်အရေးပါတယ်ဆိုတာကို သိရှိပြီး ဖြစ်ပါတယ်။ အထူးသဖြင့် 2020 ခုနှစ်မှစပြီး ကမ္ဘာတစ်ဝှမ်းမှာ online learning သင်ကြားမှု ပေါ်ပေါက်လာတာနဲ့အမျှ  သတင်းအချက်အလက်နည်းပညာဟာ ပညာရေးအောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ကိရိယာတစ်ခု ဖြစ်လာနိုင်တာကို သတိပြုမိလာကြပါတယ်။ Virtual learning platform (အွန်လိုင်း သင်ယူမှု ပလက်ဖောင်း) အများအပြားနဲ့ မိမိကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေးမြင့် သင်တန်းတွေကို တက်ရောက် သင်ကြားနိုင်ကြပါတယ်။ အခုထိ တက္ကသိုလ်တွေ၊ ကောလိပ်တွေမှာပင် ဆက်လက် သင်ကြားနေကြဆဲ ဖြစ်ပါတယ်။

Finance မှာလည်း IT ဟာ အွန်လိုင်းဝယ်ယူမှု၊  online banking (အွန်လိုင်းဘဏ်စနစ်) ကို အသုံးပြုခြင်းက IT အကူအညီနဲ့ အိမ်တွင်းငွေပေးငွေယူများကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘဏ္ဍာရေးအဖွဲ့အစည်းအားလုံးဟာလည်း သတင်းအချက်အလက်နည်းပညာ လိုအပ်နေပါတယ်။ ဒါ့အပြင် ၎င်းတို့က ဒေတာများစွာကို သေချာထိန်းသိမ်းနိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် များပြားလှတဲ့ ကိန်းဂဏန်းတွေကို လုံခြုံမှုရှိစေဖို့လည်း လိုအပ်ပါတယ်။  ဒါကြောင့် ၎င်းတို့ရဲ့ data များအတွက် security နဲ့ တိကျမှုကို သေချာစေနိုင်တဲ့ ‌accuracy နည်းပညာအမျိုးအစားများကို လိုအပ်ပါတယ်။

Healthcare မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုဟာ ဘောလ်ပင်နဲ့ စာရွက်စာတမ်းများမှ virtual filing ကို ပြောင်းလဲနေပါတယ်။ လူနာများရဲ့ဒေတာ၊ ကုသမှုပရိုတိုကောများ၊ ဆေးရုံငွေတောင်းခံမှု၊ တိုင်ပင် ဆွေးနွေးမှုများနဲ့ ဇယားကွက်များကို ကွန်ပျူတာရဲ့ ပံ့ပိုးကူညီမှုနဲ့ လုပ်ဆောင်လျက်ရှိပါတယ်။

ဒေတာအများအပြားကို စဉ်ဆက်မပြတ် သိမ်းဆည်းထားနိုင်တာကြောင့် IT ဟာ စာရွက်ဖိုင်များထက် ပိုမိုမြန်ဆန်ပြီး ယုံကြည်စိတ်ချရပါတယ်။ ဥပမာ- လူနာတစ်ဦးက မွေးကင်းစမှ သေဆုံးချိန်အထိ မှတ်တမ်းများ ကို သိမ်းဆည်းနိုင်တဲ့အပြင် ထိုအချက်အလက်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနဲ့ သက်ဆိုင်ရာ ဝန်ထမ်းများမှ လိုအပ်တဲ့အခါတိုင်း လွယ်ကူလျင်မြန်စွာ ရှာဖွေပြီး ရယူနိုင်ပါတယ်။ ဒါကြောင့် IT အသုံးပြုခြင်းက ပျက်စီးတဲ့ ဖိုင်တွဲတွေကိုရှာဖွေခြင်းနဲ့ သံချေးတက်နေတဲ့ ဖိုင်ပုံးများကို ရှာဖွေခြင်းထက် များစွာပိုမိုထိရောက်မှု ရှိစေပါတယ်။ အဲ့ဒီအချက်အလက်တွေကိုလည်း လုံခြုံမှုရှိဖို့အတွက် data security များ ထားရှိရမှာ ဖြစ်ပါတယ်။

Data Security ဟာလည်း မရှိမဖြစ်လိုအပ်တဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နည်းပညာနဲ့ အချက်အလက်တွေကို သိမ်းဆည်းထားနိုင်သလို အဲ့ဒီနည်းပညာနဲ့ သိမ်းဆည်းထားတဲ့ အချက်အလက်များစွာကိုပဲ တခြားသူက ခိုးယူနိုင်ပါတယ်။ ဒါကြောင့် တခြားတစ်ဖက်မှာ အဲ့ဒီ data တွေကို IT နည်းပညာ အသုံးပြုပြီး ကုဒ်ဝှက်ခြင်းနဲ့ စကားဝှက်များထားရှိခြင်းက လူတစ်ဦး ဒါမှမဟုတ် ကုမ္ပဏီတစ်ခုရဲ့ ဒေတာအားလုံးကို ပိုမို လုံခြုံစေဖို့ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။   သတင်းအချက်အလက်နည်းပညာ တိုးတက်မှုနဲ့အတူ ဂလိုဘယ်လိုက်ဇေးရှင်းက တိုးတက်လာပါတယ်။ ကမ္ဘာကြီးဟာ IT ကို အသုံးပြုခြင်းဖြင့် နိုင်ငံချင်းမိုနီးကပ်လာတာနဲ့အမျှ ကမ္ဘာ့စီးပွားရေးက ပိုမို တွင်ကျယ် လာပါတယ်။ သတင်းအချက်အလက်တွေကို ကမ္ဘာတစ်ဝှမ်းလုံးမှ လျင်မြန်လွယ်ကူစွာ မျှဝေနိုင်ပြီး ဘာသာစကားနဲ့ ပထဝီဝင်နယ်နိမိတ်မျဉ်းများရဲ့ အတားအဆီးတွေကို ထည့်စဉ်းစားဖို့ မလိုအပ်ဘဲ လူတွေအချင်းချင်း အကြံဥာဏ်များနဲ့ သတင်းအချက်အလက်များ မျှဝေနိုင်ကြပါတယ်။

သတင်းအချက်အလက်နည်းပညာနဲ့ အလုပ်အကိုင်သစ်များကို ရရှိလာနိုင်ပါတယ်။  ပရိုဂရမ်မာများ၊ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲရေးဆွဲသူများ၊ system analysis(စနစ်ခွဲခြမ်းစိတ်ဖြာသူများ)၊ ဝက်ဘ်ဒီဇိုင်းနာများနဲ့ တခြားများစွာအတွက် အလုပ်အကိုင်သစ်များ ဖန်တီးပေးပါတယ်။ သတင်းအချက်အလက်နည်းပညာဟာ နယ်ပယ်သစ်များနဲ့ အိုင်တီပညာရှင်တွေအတွက် အလုပ်အကိုင် ထောင်ပေါင်းများစွာကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ အကျဥ်းချုပ်ရမယ်ဆိုပါက ယနေ့ကမ္ဘာကြီးမှာ သတင်းအချက်အလက် နည်းပညာက အင်မတန် အရေးပါတယ်ဆိုတဲ့အချက်ကို ငြင်းလို့မရပါဘူး။ ကွန်ပျူတာနဲ့ အင်တာနက်မှ e-commerce နဲ့ ဆဲလ်ဖုန်းအထိ အရာအားလုံးဟာ သတင်းအချက်အလက်နည်းပညာရဲ့ ရလဒ်များဖြစ်ပါတယ်။ IT နည်းပညာနဲ့ ပိုမိုကောင်းမွန်တဲ့ သတင်းအချက်အလက်စနစ်များ တိုးတက်လာခြင်းက ဆက်သွယ်ရေးနဲ့ ချိတ်ဆက်မှုမှာ လိုအပ်ချက်များစွာကို ပေးစွမ်းနိုင်ပါတယ်။ ကွန်ပျူတာနဲ့ အင်တာနက်ကို တီထွင်ပြီးနောက် ကမ္ဘာကြီးဟာ များစွာပြောင်းလဲ သွားခဲ့ ပါတယ်။ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဒါမှမဟုတ် ပွတ်ဆွဲလိုက်ရုံနဲ့ သင်လိုချင်တဲ့အရာတွေကို ရရှိလာနိုင်ပါတယ်။ မိုင်ပေါင်းများစွာအဝေးမှာ နေထိုင်သူတွေနဲ့လည်း စကားပြောနိုင်တယ်။ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် နိုင်ငံအသီးသီးရှိလူတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။ အိမ်မှာထိုင်ရုံနဲ့ Website(၀က်ဘ်ဆိုဒ်)များမှတစ်ဆင့် အစားအသောက်နဲ့ အသုံးအဆောင်များကို ဝယ်ယူလို့ရပါတယ်။ အသိပညာမျှဝေခြင်းနဲ့ အချက်အလက် စုဆောင်းခြင်းတွေကို ပိုမိုလွယ်ကူ၊ မြန်ဆန်၊ စျေးသက်သာပြီး ပျော်ရွှင်ဖွယ်ဖြစ်လာပါတယ်။ ဒါတွေအားလုံးဟာ IT ရဲ့ အကြီးမားဆုံး အားသာချက်ဖြစ်ပြီး ကမ္ဘာကြီးကို နေထိုင်ဖို့ ပိုကောင်းတဲ့ နေရာတစ်ခု ဖြစ်လာစေခဲ့ပါတယ်။

Aerologic technologies journal မှ  Importance of Information Technology in Today’s World ဆောင်းပါးကို ဘာသာပြန်ကိုးကားရေးသားခြင်းဖြစ်ပါတယ်။

Dr. La Wynn Sandi

B.C.Sc, CU (KT) , B.C.Sc (Hons), CU (KT) 

M.C.Sc, CU (KT) , Ph.D (IT), (U.C.S.M)