‘’ အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည် တိုးတက်လာစေဖို့ လေ့လာရမယ့်အချက်များ ‘’

အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ဆိုတာ အဖွဲ့အစည်းရဲ့ ရည်ရွယ်ထားတဲ့ ရလဒ်များ (ဒါမှမဟုတ်) ရည်မှန်းချက်များ၊  ရည်မှန်းချက်များနဲ့ တိုင်းတာတဲ့ ရလဒ်များကို ဆိုလိုပါတယ်။

Richard ရဲ့ အဆိုအရ အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်မှာ ခိုင်မာတဲ့ရလဒ်များရဲ့ သီးခြားနယ်ပယ် သုံးခု ပါဝင်ပါတယ်။

  1. ဘဏ္ဍာရေးစွမ်းဆောင်ရည် (အမြတ်အစွန်း၊ ပိုင်ဆိုင်မှုအပေါ် ပြန်ရခြင်း၊ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ရခြင်း)
  2. ထုတ်ကုန်စျေးကွက် စွမ်းဆောင်ရည် (ရောင်းအား၊ စျေးကွက်ဝေစု) နဲ့
  3. အစုရှယ်ယာရှင် ပြန်လာခြင်း (shareholder return)

နယ်ပယ်များစွာရှိ ကျွမ်းကျင်သူများက မဟာဗျူဟာ ရေးဆွဲသူများ၊ လုပ်ငန်းဆောင်ရွက်မှု မန်နေဂျာများ၊ ဘဏ္ဍာရေးဒါရိုက်တာများ၊ ဥပဒေအကြံပေးများနဲ့ စွန့်ဦးတီထွင်သူများ (အဖွဲ့အစည်းပိုင်ရှင်များ) အပါအဝင် ၎င်းတို့ဟာ အဖွဲအစည်းရဲ့ စွမ်းဆောင်ရည်နဲ့ သက်ဆိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတောအတွင်းမှာ အဖွဲ့အစည်း များစွာဟာ စွမ်းဆောင်ရည်ကို ခြေရာခံပြီး တိုင်းတာတဲ့ နည်းစနစ်များကို အသုံးပြုပြီး အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်ကို စီမံခန့်ခွဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲ့ဒါတွေကတော့

  1. ငွေကြေးစွမ်းဆောင်ရည် (ဥပမာ၊ အစုရှယ်ယာရှင်)
  2. ဧည့်ဝန်ဆောင်မှု။
  3. လူမှုရေးဆိုင်ရာ တာဝန်ယူမှု
  4. ဝန်ထမ်းကြီးကြပ်မှု။

အဖွဲ့အစည်းကိုယ်တိုင်က ဘယ်အလုပ်ကိုမှ လုပ်ဆောင်ခြင်းမရှိပေမယ့် သူတို့ရဲ့ မန်နေဂျာများဟာ ပေးအပ် ထားတဲ့ အလုပ်တာဝန်တွေကို လုပ်ဆောင်နေကြပြီး သူတို့လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေကို ပေါင်းစပ်ကာ အဖွဲ့အစည်း စွမ်းဆောင်ရည် ကောင်းမွန်အောင် ကြိုးစားကြရပါတယ်။ အဖွဲ့အစည်းဟာ အဲ့ဒီအရင်းအမြစ်များနဲ့ ထိရောက်မှု၊  ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပါဝင်သူများရဲ့ ကျေနပ်မှုရလဒ်များကို ရရှိပါတယ်။

‘’ အဖွဲအစည်းရဲ့ စွမ်းဆောင်ရည်ဆိုင်ရာ အချက်များ ‘’

အဖွဲ့အစည်းများမှာ သူတို့ရဲ့ ရည်မှန်းချက်၊ သူတို့အောင်မြင်ဖို့ ရွေးချယ်ထားတဲ့ မဟာဗျူဟာများနဲ့ သက်ဆိုင်တဲ့ အချက်များစွာ ကွဲပြားပါတယ်။

အဖွဲအစည်းရဲ့ ဖွဲ့စည်းပုံ၊ ရည်မှန်းချက်များနဲ့ လုပ်ဆောင်ချက်များကို ဆုံးဖြတ်ပေးတဲ့ အချက်များမှာ-

 

1. ပြင်ပအချက်များ (External factors)- အဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိပေမယ့်လည်း အဖွဲ့အစည်းရဲ့ ဖွဲစည်းပုံနဲ့ ဖွံဖြိုးတိုးတက်မှုကို သက်ရောက်စေတဲ့ ပြင်ပမှ ပံ့ပိုးပေးတဲ့ အရာတွေကတော့-

စီးပွားရေးအချက်များ (Economic factors)

လူမှုစီးပွားအချက်များ (Social-economic factors)

နိုင်ငံရေး- အုပ်ချုပ်ရေး ဆိုင်ရာအချက်များ (Political- administrative factors)

2. အတွင်းပိုင်းအချက်များ (Internal factors)- အတွင်းပိုင်း အဖွဲ့အစည်းဆိုင်ရာ လက္ခဏာရပ်များမှာ

အဖွဲ့အစည်းရဲ့ရည်ရွယ်ချက် (Purpose of the organization)

အဖွဲ့အစည်းဆိုင်ရာ ကိရိယာများ (Organizational instruments)

3. တစ်ဦးချင်း ရွေးချယ်မှုဆိုင်ရာ အချက်များ (Individual choice factors) - မျှော်မှန်းကုန်ကျစရိတ် အကျိုးခံစားခွင့်များနဲ့ပတ်သက်ပြီး အဖွဲ့ဝင်များရဲ့ ပူးပေါင်းပါဝင်မှု ဒါမှမဟုတ် တစ်ဦးချင်း ဆုံးဖြတ် ချက်များ ဖြစ်ပါတယ်။

 

အဖွဲ့အစည်းတိုင်းမှာ ပြင်ပနဲ့ အတွင်း ပတ်ဝန်းကျင် နှစ်မျိုးလုံး ရှိပါတယ်။

(External and internal environment)

ပတ်ဝန်းကျင်ဆိုင်ရာအချက်တွေဟာ အဖွဲ့အစည်းတစ်ခုရဲ့ အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုကို ဆုံးဖြတ်ရာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ်။ မန်နေဂျာတွေဟာ သူတို့ရဲ့ အဖွဲ့အစည်းများနဲ့ ပတ်ဝန်းကျင်ကြား လိုက်လျော ညီထွေဖြစ်အောင် ထိန်းသိမ်းဖို့ ကြိုးပမ်းသင့်ပါတယ်။

1. ပြင်ပပတ်ဝန်းကျင် (External environment)

ပြင်ပပတ်ဝန်းကျင်မှာ ယေဘူယျပတ်ဝန်းကျင် (general environment) နဲ့ အလုပ်ပတ်ဝန်းကျင် (task environment) ဆိုပြီး အလွှာနှစ်ပိုင်းနဲ့ ဖွဲ့စည်းထားပါတယ်။

ယေဘူယျပတ်ဝန်းကျင်မှာ ထိုလုပ်ဆောင်ချက်များအပေါ် သက်ရောက်မှုရှိနိုင်တဲ့ အဖွဲ့အစည်းရဲ့ ပတ်ဝန်းကျင်ရှိ အစိတ်အပိုင်းများ ပါဝင်ပါတယ်။ ၎င်းတို့မှာ စီးပွားရေး၊ နည်းပညာ၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး-တရားဥပဒေနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုပြီး ကဏ္ဍငါးခု ရှိပါတယ်။

လုပ်ငန်းဆောင်တာ ပတ်ဝန်းကျင်မှာ အဖွဲ့အစည်းကို လွှမ်းမိုးနိုင်ခြေရှိတဲ့ အဖွဲ့အစည်းရဲ့ ပတ်၀န်းကျင်ရှိ သီးခြားအတိုင်းအတာများ ပါဝင်ပါတယ်။ ၎င်းတို့မှာ ပြိုင်ဖက်များ၊ ဖောက်သည်များ၊ ပေးသွင်းသူများ၊ စည်းကမ်းထိန်းသိမ်းရေးနဲ့ ဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက်များ စတဲ့ အချက်ငါးချက်ပါ၀င်ပါတယ်။

 

2. အတွင်းပတ်ဝန်းကျင် (Internal environment)

အဖွဲ့အစည်းတစ်ခုရဲ့ အတွင်းပတ်ဝန်းကျင်ဟာ လက်ရှိဝန်ထမ်းများ၊ စီမံခန့်ခွဲမှုနဲ့ ဝန်ထမ်းများရဲ့ အပြုအမူကို သတ်မှတ်ပေးတဲ့ ကုမ္ပဏီယဉ်ကျေးမှုများအပါအဝင် အဖွဲ့အစည်းအတွင်းရှိ အစိတ်အပိုင်းများနဲ့ ဖွဲ့စည်းထား ပါတယ်။ တချို့အချက်များဟာ အဖွဲ့အစည်းကို သက်ရောက်စေပေမယ့်လည်း တချို့အရာများကတော့ မန်နေဂျာကိုပဲ သက်ရောက်မှုရှိပါတယ်။

မန်နေဂျာတစ်ဦးရဲ့ အတွေးအခေါ် ဒါမှမဟုတ် ခေါင်းဆောင်မှုပုံစံဟာ ဝန်ထမ်းတွေကို တိုက်ရိုက် အကျိုးသက်ရောက်ပါတယ်။ သမားရိုးကျ မန်နေဂျာများဟာ ဝန်ထမ်းတွေကို တိကျပြတ်သားတဲ့ ညွှန်ကြား ချက်တွေကို ပေးဆောင်ကြပြီး တိုးတက်တဲ့ မန်နေဂျာများကတော့ ဝန်ထမ်းတွေကို သူတို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်များစွာ ချနိုင်ဖို့ အခွင့်အာဏာပေးပါတယ်။

အောက်ဖော်ပြပါ ကဏ္ဍများကတော့ အတွင်းပတ်ဝန်းကျင်မှာ ပါဝင်တဲ့ အစိတ်အပိုင်းတချို့ကို ဖော်ပြ ထားပါတယ်။ အတွင်းပတ်ဝန်းကျင်မှာ အဖွဲ့အစည်းပိုင်ရှင်များ၊ ဒါရိုက်တာဘုတ်အဖွဲ့၊ ဝန်ထမ်းများ၊ ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင် (physical environment) နဲ့ ယဉ်ကျေးမှုတို့ ပါဝင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပတ်၀န်းကျင်ဟာ အတွင်းပိုင်းပတ်၀န်းကျင်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့်လည်း အဖွဲ့အစည်းများမှာ များစွာ ကွဲပြားပါတယ်။

အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ကို သက်ရောက်စေတဲ့ အတွင်းပိုင်းအချက်မှာ- အဓိကအနေနဲ့ စီမံခန့်ခွဲမှုမှာ  အဖွဲ့အစည်းရဲ့ လူ့စွမ်းအားအရင်းအမြစ်မူဝါဒများနဲ့ အလေ့အကျင့်များ၊ ဘဏ္ဍာရေး၊ နည်းပညာနဲ့ ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ်များ၊ ဖွဲ့စည်းပုံ၊ စီမံခန့်ခွဲမှုအတွေးအခေါ်နဲ့ ခေါင်းဆောင်မှုပုံစံတို့အပေါ် ကျယ်ပြန့်စွာ ထိန်းချုပ်ထားပါတယ်။

ထိရောက်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဟာ အဖွဲအစည်းရဲ့ ရှင်သန်မှုနဲ့ ရေရှည်အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်တာမို့ “လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှု” ဟာ အတွင်းအချက်များရဲ့ ဗဟိုမှာ ပေါ်နေပါတယ်။ အတွင်းအချက်များဟာ ဆက်စပ်နေပြီး ၎င်းတို့အားလုံးဟာ တစ်ခုနဲ့တစ်ခု သက်ရောက်မှု ဒါမှမဟုတ် အပြန်အလှန် သက်ရောက်မှု ရှိကြပါတယ်။

 

အဖွဲ့အစည်းတစ်ခုရဲ့ မြင့်မားတဲ့ အောင်မြင်မှုရရှိဖို့၊ ဒီအတွင်းပိုင်းအချက်များနဲ့ ပြင်ပဆိုင်ရာ အချက် အလက်များ အားလုံးကို သဟဇာတဖြစ်အောင် စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။

Iedunote.com မှရေးသားထားတဲ့ organizational performance တိုးတက်လာစေရန်အချက်များကို ဘာသာပြန်ရေးဖွဲ့ထားပါတယ်။

Daw Hlaing May Win

B.Com , MBA, (Meikhtila University of Economics)