" လုပ်ငန်းအောင်မြင်မှုအတွက် ရေရှည်မျှော်မှန်း အလုပ်ခန့်ထားခြင်းဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်း "

ယနေ့ခေတ်လုပ်ငန်းများဟာ နိုင်ငံရေးပဋိပက္ခများ၊ ကပ်ရောဂါရဲ့ နောက်ဆက်တွဲ စီးပွားရေး ကျဆင်းမှုများကဲ့သို့ ပြသနာပေါင်းများစွာ စိန်ခေါ်မှုပေါင်းများစွားနဲ့ ရင်ဆိုင်နေရပါတယ်။ ထိုအထဲမှာမှ ဝန်ထမ်းငှါးရမ်းခန့်ထားမှုကလည်းတစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ယနေ့ ခေတ် အလုပ်ကိုင်စျေးကွက်ဟာ ယခင်က ကြုံဖူးမြင်ဖူးနေသမျှနဲ့ မတူတော့ပါဘူး။ Covid 19 ကပ်ရောဂါရဲ့ နောက်ဆက်တွဲအဖြစ် ၂၀၂၁-၂၀၂၂ အစောပိုင်းများမှာ များပြားတဲ့အလုပ် သမားတွေဟာ အလုပ်မှ နှုတ်ထွက်ကုန်ကြပါတယ်။ ဒါကြောင့် အမျိုးမျိုးသော အလုပ်ခွင်နဲ့ အခြေနေများမှ မတူညီတဲ့ ဝန်ထမ်းလိုအပ်ချက်များ ရှိနေကြပြီး ဝန်ထမ်းမြဲရေးနဲ့ အလုပ်ရဲ့ ခံနိုင်ရည် စွမ်းရည် မြင့်မာ:စေဖို့ကိုလည်း ရှေးရှုပြီး Long-term hiring strategy (ရေရှည် မျှော်မှန်းအလုပ်ခန့်ထားခြင်းဗျူဟာ) ကို ဦးစားပေး စဉ်းစားသင့်ပါတယ်။

၁။ မှန်ကန်တဲ့ အရည်အချင်းရှိသူကို ရှာဖွေပါ။ ဘွဲ့လက်မှတ်၊ ဒီပလိုမာတွေကိုပဲ အာရုံစိုက် မနေပါနဲ့။ လုပ်ငန်းများဟာ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို သေချာစေဖို့ ဝန်ထမ်းငှါးရမ်း ခန့်ထားမှုဟာ အရေးပါတဲ့အတွက် သေချာတိကျတဲ့ ရွေးချယ်မှုပြုဖို့ လိုအပ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ နည်းပညာလုပ်ငန်းများကဲ့သို့ တချို့လုပ်ငန်းကဏ္ဍ များမှာ ပညာရေး (ဘွဲ့၊ ဒီပလိုမာများ) ဟာအရေးကြီး လိုအပ်တယ်လို့ ဆိုကြပေမယ့် လက်တွေ့မှာ ပညာရေးနဲ့အတူ ခန့်ထားရေးအတွက် ဆွေးနွေးပြောဆိုနေကြဆဲ‌ဖြစ်ပါတယ်။ ယခုအခါ နည်းပညာလုပ်ငန်းအများစုဟာ ဘွဲ့၊ ဒီပလိုမာများကိုကြည့်ခြင်းထက် ကျွမ်းကျင်မှု ကို ဦးစားပေးပြီး အလုပ်ခန့်ထားခြင်းများကို လုပ်လာကြပါတယ်။ သက်သေအဖြစ် နည်းပညာလုပ်ငန်း ၈၁ ခုကို စစ်တမ်းကောက်ယူခဲ့သော “Hiring Trends Report 2022” မှာ နည်းပညာသမားများကို အလုပ်ခန့်အပ်သောသူများရဲ့ ၆၇ ရာခိုင်နှုန်းဟာ အလုပ်လျှောက်သူ ရဲ့ ပညာရေးနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ ကျွမ်းကျင်မှုအစုံနဲ့ အတွေ့အကြုံရှိသူများကို ငှါးရမ်း ခန့်အပ်ခြင်းအပေါ်  ပိုမိုအလေးပေးကြောင်း ပြောကြားခဲ့ကြပါတယ်။ ဒီသတင်းဟာ ကမ္ဘာ အနှံ့ အတော်နေရာများများမှ ပြန့်ခဲ့ပြီး လုပ်ငန်းများနဲ့ အစိုးရဌာနများရဲ့ တချို့သော ရာထူးများမှာပါ ဒီဂရီလိုအပ်ချက်များကို လျှော့ချလာကြစေပါတယ်။ သို့ပေမဲ့ လုပ်ငန်းများ ဟာ အလုပ်သမားရှားပါးမှု ပြသနာကိုလည်း တစ်နည်းတဖုံကြုံနေရတာမို့ မှန်ကန်တဲ့ အရည်အချင်းရှိသူများနဲ့ အတွေ့ကြုံရှိသူများကို အချိန်ရှည်ကြာစွာပေးပြီး မစောင့်နိုင် ကြပေ။ နောက်ဆက်တွဲအားဖြင့် ပြန်လည်သင်ကြားပေးခြင်း၊ လေ့ကျင့်ပေးခြင်းအတွက် အချိန်နဲ့ ငွေများထပ် ဆောင်းကုန်နေကြရပါတယ်။ ထို့ကြောင့် သမရိုးကျ ဒီဂရီ (ဘွဲ့၊ ဒီပလိုမာ)တစ်ခုတည်းကိုသာ ဦးစားပေးခြင်းထက် အလုပ်လျောက်သူ၏ ပညာရေးသည် မည်သို့ပင်ဖြစ်စေ အရည်အချင်းသတ်မှတ်မှု ရှိမရှိဆုံးဖြတ်ရန်မှာလည်း အခြေခံအကျဆုံး လုပ်သင့်သည့်အခြေခံဖြစ်ပါတယ်။

၂။ စွမ်းရည်မြှင့်တင်ခြင်းများကို အားပေးပါ။ မြှုပ်နှံပါ။ အလုပ်သမားဝန်ထမ်းတွေဟာ မှန်ကန်တဲ့ အရည်အချင်းများနဲ့ အတွေ့အကြုံရှိပေမယ့် ကျွမ်းကျင်မှု အသစ်တွေကိုအမြဲ မပြတ်လေ့လာနေဖို့ လိုအပ်ပြီး ယနေ့ခေတ် လျင်မြန်စွာ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ မှန်ကန်တဲ့ အရည်အချင်းတွေကို အလုပ်လုပ်ရင်း သင်ယူနေကြပါတယ်။ ဒီအချက်ဟာ စွမ်းရည်မြှင့်တင်ခြင်းနဲ့ ပြန်လည်အားဖြည့်နိုင်ခြင်းကို လုပ်ဆောင်နိုင်စေပြီး လုပ်ငန်း တိုးတက်ဖို့အတွက် များစွာအကျိုးဖြစ်ထွန်းစေပါတယ်။ တခြားတစ်ဖက်မှာလည်းခေတ် ရေစီးကြောင်း အသစ်များနဲ့ လိုက်လျောညီထွေရှိဖို့အတွက် စဉ်ဆက်မပြတ် လေ့လာတဲ့ ပညာရေးဟာလည်း လိုအပ်ပြန်ပါတယ်။ ဒါ့အပြင် ကျွမ်းကျင်မှုနဲ့ စွမ်းရည်မြှင့်တင်ခြင်းဟာ လုပ်ငန်းရဲ့တိုးတက်အောင်မြင်မှုရဖို့အတွက် ကူညီပေးနိုင်ပြီး ဝန်ထမ်းများရဲ့ လုပ်ကိုင် စွမ်းအားတိုးတက်မှုနဲ့ Competitive advantage များကိုပါ ရရှိစေပါတယ်။ကိုယ်ပိုင်စွမ်းရည် မြှင့်တင်ရေးအစီစဉ်များကို ဖော်ဆောင်ချင်တဲ့လုပ်ငန်းများအတွက် လက်ရှိလုပ်ငန်းခွင်ရှိ အရည်အချင်းများကို ကောင်းစွာ နားလည်အောင်ကြိုးစားပြီး ၄င်းထဲမှ လာမယ့် အနီးဆုံး အနာဂတ်နဲ့ ရေရှည်အတွက် မြှင့်တင်ရမယ့် စွမ်းရည်၊ အရည်အချင်းများကို အားပေးရပါ မယ်၊ မြှုပ်နှံရမှာ ဖြစ်ပါတယ်။

၃။ ဝန်ထမ်းများ၏ ပင်ပန်းမှုကို ကိုယ်ချင်းစာပါ၊ ဖြေရှင်းပါ။ ယခုလိုကာလမျိုးတွေမှာ ဝန်ထမ်းများဟာ Covid 19 ကြောင့်၊ နိုင်ငံရေးပဋိပက္ခ များကြောင့် ဖိအားများ၊ ပင်ပန်းမှုများ ပိုမိုများပြားလာကြပါတယ်။ 2020 FlexJobs စစ်တမ်းတစ်ခုမှာလည်း ၇၅ ရာခိုင်နှုန်း ခန့်သော ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်မှာ စိတ်ပင်ပန်းမှုများ ကြုံတွေ့နေရပြီး ၄၀ ရာခိုင်နှုန်းခန့်သော ဝန်ထမ်းများက ကပ်ရောဂါနဲ့ တခြားများကြောင့်လို့ ဖော်ပြထားပါတယ်။ ယခုအခါ စီးပွားရေး ကျဆင်းမှု အလားအလာ ရှိလာစေနိုင်တဲ့အတွက် ဝန်ထမ်းတွေရဲ့ ပင်ပန်းမှု၊ ပူပန် မှုဟာ ပိုမိုဆိုးရွားလာနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ လုပ်ငန်းတွေဟာ ဒီကိစ္စကိုလျှော့ချ ဖို့ ကြိုးစားခြင်းဟာ ကုန်ကျစရိတ် ပိုများစေနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ဟာ ရေရှည် အလုပ်ခန့်ထားမှု ဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လုပ်ငန်းအောင်မြင်မှုနဲ့ ကောင်းမွန်မှုကို ဖြစ်စေပါတယ်။ လုပ်ငန်း အားလုံးအတွက် ဝန်ထမ်းပင်ပန်းနွမ်းနယ်မှုများကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်း၊ အစီစဉ် ရယ်လို့ တိကျစွာမရှိပေမယ့် ဒါကိုလျှော့ချဖို့ လုပ်ငန်းများဟာ ဝန်ထမ်းများအတွက် ကျန်းမာရေး၊ ငွေကြေး ဒါမှမဟုတ် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများနဲ့ ဝန်ထမ်းကူညီရေးအစီစဉ်များ ဖော်ဆောင်ခြင်းများ စဉ်းစား လုပ်ဆောင်နိုင် ပါတယ်။

ဥပမာ - ဝန်ထမ်းများအား အားလပ်ချိန်ပိုပေးခြင်း ဒါမှမဟုတ် လျှော့ချခြင်း၊ သင့်တင့်တဲ့ လိုက်လျောညီထွေရှိတဲ့ အလုပ်အချိန်ဇယားများ ခွင့်ပြုပေးခြင်းတို့ ဖြစ်ပါတယ်။ အနာဂတ် ကို မျှော်ကြည့်မယ်ဆိုရင် လုပ်ငန်းများဟာ ပတ်ဝန်းကျင်နဲ့ အမျိုးမျိုးသော အခြေနေများ၊ စိန်ခေါ်မှုများကို တမူထူးခြားဆန်းသစ်တဲ့ နည်းလမ်းများနဲ့ တွန်းလှန်ဖြေရှင်းနိုင်ဖို့ ကောင်းမွန် တဲ့ လုပ်သားအင်အား လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ရေရှည်မျှော်မှန်း အလုပ်ခန့်ထား မှုဗျူဟာမှာ အထက်ဖော်ပြပါ အချက်လက်များကောင်းမွန်စေခြင်းက လုပ်ငန်းများရဲ့ အခက်အခဲများနဲ့ စိန်ခေါ်မှုများဒဏ်ကိုခံနိုင်ရည်ရှိစေပြီး ရေရှည်ရပ်တည် အောင်မြင်နိုင်မှာဖြစ်ပါတယ်။

U Zin Lwin Thant 

B.Act, M.Act (MUE)