'' စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်း ''

အသိပညာနဲ့ အတတ်ပညာများ အဆက်မပြတ် စီးဆင်းနေတဲ့ သတင်းအချက်အလက်များနဲ့ ခေတ်မှာ ကျွန်ုပ်တို့ နေထိုင်နေပါတယ်။ အသိပညာတွေ တဖြည်းဖြည်း အရှိန်အဟုန်နဲ့ တိုးတက်လာပြီး ကျောင်းတွေနဲ့ အဆင့်မြင့်ပညာရေး အဖွဲ့အစည်းတွေက တူညီတဲ့ သင်တန်းတွေနဲ့ သင်ရိုးညွှန်းတမ်းတွေကို တစ်နှစ်ပြီးတစ်နှစ် သင်ကြားပေးနိုင်ခဲ့ကြပါတယ်။ ယခုမူ စာသင်ခန်းတွေသင်ယူမှုကို ကန့်သတ်ထားနိုင်တော့မှာ မဟုတ်တော့ဘဲ ပညာရေးအဖွဲ့အစည်းများက ကျောင်းသားတွေကို တစ်မသက်တာသင်ယူမှုကို သင်ကြားပြသပေးတဲ့ အခန်းကဏ္ဍကိုပါ လုပ်ဆောင်ပေးရတော့မှာ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် တစ်သက်တာသင်ယူမှုက သင်ရိုးညွှန်းတမ်းပြင်ပတွင်ရှိပြီး တစ်ခါတစ်ရံမှာ ပညာရေး အဖွဲ့အစည်းရဲ့ ပြင်ပမှာပင် ဖြစ်နေတတ်ပါတယ်။ သို့ပေမယ့်လည်း အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ကျောင်းသားတွေ အတွက် တစ်သက်တာသင်ယူမှုအလေ့အထများ မွေးမြူဖို့၊ ကျောင်းသားတွေရဲ့ ကိုယ်ပိုင်သင်ယူမှုလမ်းကြောင်းတွေကို ဖော်ဆောင်နိုင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်များအားလုံးကို လှုံ့ဆော်ပေးပြီး ပံ့ပိုးပေးရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။

တစ်သက်တာသင်ယူမှုကိုအထောက်အကူပြုတဲ့အချက်များ

အွန်လိုင်းအရင်းအမြစ်များ။ ။ နည်းပညာတိုးတက်လာမှုကြောင့် မောက်စ်ကို အနည်းငယ်နှိပ်ရုံနဲ့ သတင်းအချက် အလက်များစွာကို ရယူနိုင်ပြီဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ နယ်ပယ်ဟာ ဘယ်လိုပဲရှိစေကာမူ Google ရှာဖွေမှုဘားမှာ key words စာလုံးများကို ရိုက်ထည့်ရုံနဲ့ သန်းပေါင်းများစွာသော ဆောင်းပါးများ၊ ဘလော့ဂ်များ၊ တင်ဆက်မှုများ၊ ပုံများနဲ့ ရှင်းပြတဲ့ infographics၊ အခမဲ့ ကျူတိုရီရယ်များ၊ အချက်အလက်များနဲ့ တခြားသောအရင်းအမြစ်များစွာကို ချက်ချင်း ပေးဆောင်မှာဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာများ မြင့်တက်လာခြင်း။ ။ Facebook၊ LinkedIn နဲ့ Twitter တို့လို လူမှုမီဒီယာဆိုက်တွေဟာ ပိုမိုချိတ်ဆက်ထားတဲ့ ကမ္ဘာတစ်ခုလို ဖြစ်လာနေပါပြီ။ အကြံဥာဏ်များ မျှဝေဖို့၊ အချေအတင် ဆွေးနွေးဖို့၊ အဖြေများ ရှာဖွေဖို့၊ မေးခွန်းများထုတ်ဖို့၊ အဖွဲ့များနဲ့ အသိုင်းအဝိုင်းများကို ဖွဲ့စည်းနိုင်ပါတယ်၊ ဒါမှမဟုတ် ပူးပေါင်းနိုင်ပါတယ်။ ကျောင်းသားတစ်ဦးအနေနဲ့ မေးခွန်းတစ်ခုအတွက် အဖြေကိုရှာဖွေနေပါက ဆရာ၊ သူငယ်ချင်း ဒါမှမဟုတ် စာကြည့်တိုက် တို့ကို အားမကိုးတော့ပါ။ Quora ကဲ့သို့ လူမှုရေးဝက်ဘ်ဆိုက်များမှာ မေးမြန်းချက်တွေကို ပို့စ်တင်နိုင်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ကျွမ်းကျင်သူတွေထံမှ အဖြေများကို ချက်ချင်းရယူနိုင်ပါပြီ။

စမတ်ဖုန်းများ ထွန်းကားလာခြင်း။ ။ အင်တာနက်နဲ့ စမတ်ဖုန်းများ အလွယ်တကူ ရရှိနိုင်မှုဟာ ပညာရေးကို တော်လှန် ပြောင်းလဲစေခဲ့ပါတယ်။ လူတွေဟာ သူတို့ရဲ့ မိုဘိုင်းလ်ဖုန်းများပေါ်မှာ အကြောင်းအရာများကို သွားရင်းလာရင်း အသုံးပြုနေကြပြီဖြစ်ပါတယ်။ သတင်းအချက်လက်ရယူဖို့အတွက် ကျောင်းသားတွေကို သူတို့ရဲ့ ကျောင်းများ၊ ကောလိပ်များနဲ့ အိမ်များမှာ ကန့်သတ်ထားခြင်း မရှိတော့ပါ။ အတန်းချိန်များကြား အားလပ်ချိန်တွေမှာ အကြောင်းအရာတွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။ ဒီ ၂၄ နာရီ၊ ၇ ရက် အချက်အလက်ရယူခွင့်ဟာ ကျောင်းသားတွေ အတွက် တစ်သက်တာသင်ယူမှုကို မြှင့်တင်ပေးပါတယ်။

ကျောင်းသားတွေအတွက် ဘဝတစ်သက်တာသင်ယူခြင်းရဲ့ အကျိုးကျေးဇူးများ

နောက်ဆုံးပေါ်အချက်အလက်များနဲ့ အဆက်မပြတ် Update လုပ်ခြင်း။ ။ အထက်မှာ ပြောခဲ့တဲ့အတိုင်း၊ သတင်း အချက်အလက်နဲ့ နည်းပညာဟာ အဆက်မပြတ်ပြောင်းလဲနေပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ် ဒါမှမဟုတ် လအနည်းငယ်က သက်ဆိုင်ရာအရာတွေဟာ အချိန်တိုအတွင်း ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ကျောင်းသားတွေကို ပရော်ဖက်ရှင်နယ်လောကကို ဝင်ရောက်ဖို့ ပြင်ဆင်နေချိန်မှာ သူတို့ကိုယ်တိုင် မွမ်းမံပြင်ဆင်ထားဖို့နဲ့ စျေးကွက်မှာ အသင့်ရှိနေဖို့ လိုအပ်ပါတယ်။

ကျောင်းသားတွေရဲ့ သင်ယူမှုအပေါ် ပိုမိုထိန်းချုပ်မှုရရှိရန်။ ။ တစ်သက်တာသင်ယူခြင်းက ကျောင်းသားတွေအတွက် သင်ယူမှုအပေါ် ပိုမိုထိန်းချုပ်နိုင်စေဖို့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ပညာရေးအဖွဲ့အစည်းတွေဟာ သတင်းအချက် အလက်များစွာနဲ့ ကျောင်းသားကို အသစ်အသစ်များ ဆက်လက်ပေးဖို့ မဖြစ်နိုင်လောက်ပါဘူး။ ဒါကြောင့် ကျောင်းသားတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်သင်ယူမှုများ လုပ်ဆောင်ခြင်းကို ပခုံးပြောင်းတာဝန်အဖြစ် ခံယူဖို့ လိုအပ် လာပါတယ်။ အွန်လိုင်းအရင်းအမြစ်များကိုအသုံးချကာ ကျောင်းသားတွေအတွက် သူတို့ရဲ့ အသိပညာကို လွယ်ကူစွာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ ဒီနည်းနဲ့ သင်ကြားပို့ချသူတွေနဲ့ ပညာပေးသူများရဲ့ အခန်းကဏ္ဍကို လျော့ပါးသွားစေမှာမဟုတ်ဘဲ သင်ယူမှုအပေါ် လမ်းညွှန်ပြသမှုနဲ့ ပံ့ပိုးကူညီမှုများဖြင့် သင်ယူမှုလမ်းကြောင်းကို ထိန်းကြောင်းပေးနိုင်ရမှာ ဖြစ်ပါတယ်။

အလုပ်အကိုင်စျေးကွက်အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ပြင်ဆင်ပါ။ ။ ယနေ့စျေးကွက်မှာ ကျွမ်းကျင်မှုရဲ့ သက်တမ်းဟာ အလွန်နည်းတာကြောင့် ဝန်ထမ်းတွေဟာ စျေးကွက်နဲ့ ဆက်စပ်မှုရှိဖို့ ကျွမ်းကျင်မှုအတွက် အဆက်မပြတ် လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ အပြုသဘောဆောင်တဲ့ အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ဝန်ထမ်းတွေကို သူတို့ရဲ့ အသိပညာကိုမြှင့်တင်ဖို့ ခွင့်ပြုပေမယ့်လည်း ဒါဟာ ကျောင်းများနဲ့ ကောလိပ်တွေမှာ ရရှိတဲ့ တစ်သက်တာ သင်ယူမှု စွမ်းရည်များဖြစ်ပြီး အဲ့ဒီလိုပြင်ဆင်ပေးခြင်းက သူတို့ကို ကောင်းမွန်တဲ့နေရာမှာ ထိန်းထားပေးခြင်းလည်း ဖြစ်ပါတယ်။ တစ်သက်တာ သင်ယူမှု အလေ့အထရှိတဲ့ ကျောင်းသားတွေဟာ အဆက်မပြတ် ပြောင်းလဲနေတဲ့ အသိပညာအသစ်တွေကို လက်ခံနိုင်ခြေ ပိုများမှာဖြစ်ပါတယ်။

နိဂုန်းချုပ်အနေနဲ့ အဆက်မပြတ်ပြောင်းလဲနေတဲ့ အသိပညာများမှာ ကျောင်းသားတွေဟာ စာသင်ခန်းများရဲ့ ပြင်ပမှာ ကမ္ဘာအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ မိမိတို့ကိုယ်တိုင် အမြဲမွမ်းမံပြင်ဆင်နေရမှာ ဖြစ်ပါတယ်။ ပြောင်းလဲနေတဲ့ အခြေအနေတွေကို ရင်ဆိုင်ရာမှာ ကျောင်းသားတွေကို နောက်ဆုံးပေါ်အချက်အလက်များနဲ့ အဆက်မပြတ် update လုပ်ထားကြောင်း သေချာစေဖို့ ပညာရေးအဖွဲ့အစည်းများအတွက် အရေးကြီးလှပါတယ်။ ရှေ့လျှောက်လမ်းဟာ မိမိကိုယ်တိုင် သင်ယူမှုဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်မီဒီယာနည်းပညာများ၊ ခေတ်မီသင်ကြားရေး အလေ့အကျင့်များနဲ့ သင်ခန်းစာအစီအစဉ်တွေကို စိတ်ကြိုက်အသုံးပြုခြင်းဖြင့် ကျောင်းများနဲ့ အဆင့်မြင့်ပညာရေး အဖွဲ့အစည်းများက ကျောင်းသားတွေကို တစ်သက်တာသင်ယူမှုလမ်းကြောင်းပေါ် ပို့ဆောင်ပေးနိုင်ပါတယ်။

Hurix ရဲ့ ၂၀၂၃ မတ်လမှာ ရေးသားခဲ့တဲ့ How to Promote a Culture of Lifelong Learning in the Classroom ဆောင်းပါးကို ဘာသာပြန်ဆိုထားပါတယ်။

 

Dr. Thel Seint Aye

B.C.Sc, CU (MDY),B.C.Sc (Hons), CU (MDY),

M.C.Sc, CU (MDY),Ph.D (IT), (U.C.S.M)