စီးပွားရေးအကျပ်တည်းကာလမှာ A Good Boss ဖြစ်ဖို့ …..

ယခုလို စီးပွားရေးမငြိမ်မသက်ဖြစ်နေတဲ့ အချိန်ကာလမျိုးတွေဟာ လူတိုင်းအတွက် ခက်ခဲ့တဲ့ အချိန်ကာလတွေပါ။ အဲ့အထဲမှာ လုပ်ငန်းတွေကို ဦးဆောင်နေတဲ့ Boss များလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီအခြေနေမှာ လုပ်ငန်းအတွက် အကြောက်တရား၊ စိုးရိမ်မှုများဟာ ငွေကြေးကိစ္စရပ် များမှာသာမက လုပ်ငန်းခွင်ကိစ္စရပ်များမှာပါ ဆိုးရွားစွာ ရှိနေတတ်ပါတယ်။ ဒီတော့ အရာရာ အခြေနေ ကောင်းနေတဲ့ အချိန်မှာတောင် တကယ်ကောင်းမွန်တဲ့ သူဌေးတစ်ယောက်ဖြစ်ဖို့ရာဆိုတာ မလွယ်တဲ့ကိစ္စဖြစ်ပြီး မိမိရဲ့လုပ်ငန်းခွင်မှာ မညီမျှတဲ့လွှမ်းမိုးမှု၊ အာဏာပြမှု၊ အာဏာအသုံးချမှုတွေ ကြောင့်လည်း အခြေနေဆိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အခုလို ဝန်ထမ်းများအပေါ် အာဏာပါဝါ အသုံးချမှုဟာ မိမိအတွက်သာ ဦးတည်စေပြီး တခြားသူများရဲ့ လိုအပ်ချက်နဲ့ အခြေနေများကို နားလည် ပေးဖို့ သတိနည်းပါးလာခြင်း၊ ပျက်ကွက်ခြင်းများလည်း ဖြစ်စေနိုင်ပါတယ်။ ဒါဟာ Personality ပေါ်မှာ မှီခိုခြင်းမရှိဘဲ ပါဝါကို ကိုင်စွဲထားခြင်းဖြစ်နေပြီး အုပ်ချုပ်မှုပုံစံဟာ (၁) လက်အောက်ငယ်သား များထက် မိမိရဲ့လိုအပ်ချက်များနဲ့ လိုလားချက်တွေကိုပဲ ပိုမိုအာရုံစိုက်လာစေပါတယ်။ (၂) တခြား လူများရဲ့ လိုအပ်ချက်များ၊ လိုလားချက်များနဲ့ လုပ်ဆောင်ချက်များအပေါ် လျစ်လျူရှုလာစေပါတယ်။ (၃) စာနဲ့ဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ ချမှတ်ထားတဲ့ လိုက်နာရမယ့် စည်းကမ်းများအတိုင်း မလုပ်မိခြင်းများ ဖြစ်စေပါတယ်။ ပိုဆိုးတာက Boss တော်တော်များများဟာ အာဏာအဆိပ်သင့်မှု (Power play ခြင်း၊ political behavior ဖြစ်ခြင်း) ခံစားနေကြရပြီး အာဏာပါဝါပြခြင်းနဲ့ အသုံးချခြင်းဟာ လုပ်ငန်း တိုးတက်မှုအတွက် များစွာအရေးပါတယ်လို့ ယုံကြည်နေကြခြင်းပဲ ဖြစ်ပါတယ်။ ဒါကို “the fallacy of centrality” လိုခေါ်ပါတယ်။ တိုက်ရိုက်ဘာသာပြန်ရရင် “ဗဟိုပြုမှုရဲ့ မှားယွင်းမှု” ပေါ့ဗျာ။ အဓိပ္ပာယ် ကတော့ အာဏာပါဝါနဲ့အတူ ဗဟိုရာထူး (Boss) ကို ကိုင်ထားတာကြောင့် ထိရောက်တဲ့ Leadership style တွေကို အသုံးပြုဖို့ မလိုအပ်ဘူး၊ ငါအကုန်သိပြီးသား ဆိုတာမျိုးပုံစံဖြစ်ပါတယ်။

နောက်ပြီး အခြေနေတွေအားလုံးဟာ အကောင်းဆုံးဖြစ်နေခဲ့တယ်ဆိုရင်တောင်မှပဲ Boss တွေဟာ ဒီအဆိပ် သင့်မှုက ခံစားရတတ်ကြပါတယ်။ ဒါဟာ လက်တွေ့မှာဖြစ်ပွားနေပြီး အတွေးသက်သက် မဟုတ်ဘူးဆိုတာ သတိထားမိပါလိမ့်မယ်။ ဒါကြောင့် စီးပွားရေးအကြပ်တည်းကာလတွေမှာ တကယ့်ကို A Good Boss ဖြစ်ဖို့ဟာ တော်တော်ကြီးကို ခဲယဉ်းပါတယ်။ အကြောင်းမှာ မိမိစိတ်ခံစားချက်နဲ့ ဖိစီးမှုများကိုလည်း မြိုသိပ်ရ၊ လုပ်ငန်းအတွက် အာရုံစိုက်ရ၊ ဝန်ထမ်းအပေါ်လည်း ဖိအားပေးရနဲ့ ဖြစ်နေတတ်ပါတယ်။ ဝန်ထမ်းတွေကလည်း လုပ်ငန်းနဲ့ သူဌေးအပေါ် စောင့်ကြည့်နေမှာဖြစ်ပြီး

၄င်းတို့ဆီမှ Negative impact များလည်း ရလာနိုင်ပါတယ်။

A Good Boos အနေနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ အခြေနေဆိုးများမှ ရှောင်ရှားခြင်း။

ဝန်ထမ်းတွေ (သို့) လူတွေရဲ့ စိန်ခေါ်မှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့ မိမိကိုယ်မိမိ သတိထားအာရုံစိုက်ပါ။ အဲ့ဒီနောက် အဆင်မပြေ (သို့) စိတ်ဖိစီးမှုဖြစ်နေတဲ့ ဝန်ထမ်းတွေ အပေါ် ကုစားမှုနည်းလမ်းတွေ လိုအပ်တယ်ဆိုတာ မှတ်ယူပါ။ အကောင်းဆုံး နည်းလမ်း တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ကြိုတင်ခန့်မှန်းနိုင်မှု၊

၂။ နားလည်မှု၊

၃။ ထိန်းချုပ်မှု နဲ့

၄။ ဂရုဏာ

သင်ဟာ လုပ်ငန်းတစ်ခုကို ဦးဆောင်လုပ်ကိုင်နေသူ၊ CEO၊ ပိုင်ရှင် တစ်ခုခုဖြစ်ပါက အခုအချက်လေးချက်ကို ကောင်းစွာ နားလည်အသုံးချတတ်ဖို့ လိုပါတယ်။

 

၁။ ကြိုတင်ခန့်မှန်းနိုင်မှု

အခြေနေများအားလုံးကောင်းနေသည့်တိုင် လုပ်ငန်းနယ်ပယ်နဲ့ပတ်သက်ပြီး လာမယ့်နှစ်တွေ အချိန်တွေမှာ ဘာတွေဖြစ်လာနိုင်တယ်၊ ဘယ်အချိန်မှာ ဖြစ်လာနိုင်တယ်ဆိုတာကို မိမိဝန်ထမ်းနဲ့ ငယ်သားတွေကို တတ်နိုင်သလောက် သတင်းပေးပါ။ (individuals ဖြစ်စေ၊ Group လိုက်ဖြစ်စေ၊ အဖွဲ့စည်းတစ်ခုလုံးဖြစ်စေ)။ ဖြစ်နိုင်ခြေရှိတဲ့ သတင်းများဖြစ်ပါစေ။ ယခုလို သတင်းပေးခြင်းဟာ မှန်းဆထားတဲ့ အခြေနေဆိုးများ (သို့) စိုးရိမ်စရာများ ဖြစ်လာတဲ့အခါ ဝန်ထမ်းများအနေနဲ့ မိမိကိုယ်ကိုယ် ခံနိုင်ရည်စွမ်းအား ရှိစေနိုင်ခြင်း၊ ကြိုတင်ပြင်ဆင်နိုင်ခြင်း ရှိစေနိုင်ပြီး ရပ်တည်ဖို့ ပိုမိုအဆင်ပြေစေပါတယ်။

၂။ နားလည်မှု

ကြိုတင်မှန်းဆနိုင်မှုဟာ ဘာတွေ ဘယ်အချိန်မှာဖြစ်နိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစား ပြီးတဲ့အခါ နားလည်မှုမှာတော့ ဒါတွေ ဘာကြောင့်ဖြစ်လာနိုင်တယ်၊ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာ ကောင်းစွာနားလည်ခြင်းဖြစ်ပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ အကြောင်းမှာ လူတွေဟာ ရှင်လင်းချက်ဖြစ်နိုင်ခြေများကို မဖော်ပြနိုင်တဲ့ ခန့်မှန်းချက်များကို လက်ခံမှာမဟုတ်သလို အပျက် သဘောဆောင်တဲ့ တုံပြန်မှုပဲ ရလာမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ ဒါဟာ အဖွဲ့စည်းတစ်ခုအောင်မြင်ဖို့နဲ့ လုပ်ငန်းတွင်းဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့ Communication အပြင် နားလည်နိုင်စွမ်းဟာလည်း လိုအပ်တယ်ဆိုတာကို Boss တွေ နားလည်ထားရပါမယ်။ ဒါ့ကြောင့် မိမိလုပ်ဆောင်မယ့် ပြောင်းလဲမှုများ၊ အကောင်ထည်ဖော်မှုများဟာ ဘာကြောင့်လိုအပ်နေတယ်ဆိုတာကို သေချာစွာ ရှင်းပြပြီး အခုလိုပြုလုပ်ရတာဟာ တစ်ကြိမ်တစ်ခါသာ လုပ်ဖို့မဟုတ်ဘဲ အကြိမ်ကြိမ် ရှင်းပြရတာမျိုးလည်း ဖြစ်နိုင်ကြောင်း သိထားပါ။

၃။ ထိန်းချုပ်မှု

လူတွေဟာ Power မရှိဘူးလို့ ခံစာရတဲ့ လုပ်ငန်းခွင်မျိုးတွေမှာ မနေချင်ကြ၊ မရှိချင်ကြပါဘူး။ တစ်ဖက်က အလုပ်ရဲ့ ရည်ရွယ်ချက်ကလည်း ရလဒ်ကောင်းရဖို့နဲ့ အကျိုးကျေးဇူးရဖို့ဖြစ်ပြီး Power ကို မကြည့်ဘူးဆိုရင် ဝန်ထမ်းတွေဟာ စိတ်ပျက်စေနိုင်ပါတယ်။ စီးပွားရေးအခြေနေမကောင်းတဲ့ အချိန်မျိုးမှာ Boss ဟာ ဝန်ထမ်းများနဲ့ လုပ်ငန်းခွင်ဖြစ်ပျက်နေတာတွေကို များစွာ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအခြေနေမျိုးမှာ ဘယ်အချိန်မှာတော့ ဘယ်လိုဖြစ်လာမယ် ဘာတွေလုပ်ဆောင် ပေးနိုင်တယ်ဆိုတာကို သေချာစွာ ရှင်းပြပြောပြဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ပဲ ချီးမွှမ်းမှု၊ အသိမှတ်ပြုမှုများ လုပ်နေပါစေ အရာမထင်ဖြစ်နေတတ်ပါတယ်၊ ထိန်းချုပ်မရဖြစ်နေတတ်ပါတယ်။ ဒါကြောင့် စိန်ခေါ်မှုတွေနဲ့အတူ ပြီးမြောက်နိုင်တဲ့ အောင်မြင်မှုအသေးလေးများကို ဖန်တီးနိုင်မယ့် အခွင့်လမ်းများ ဖန်တီးပေးပါ။ ထိန်းချုပ်လို့မရတဲ့ ပြင်ပလွှမ်းမိုးမှု၊ ရိုက်ခတ်မှုတွေကို ဘယ်လို တုံ့ပြန်ကြမလဲဆိုတာကို အဖြေရှာခိုင်းပါ၊ လုပ်ဆောင်ခိုင်းပါ၊ တစ်နည်းအားဖြင့် empowerment လုပ်ပါ။

၄။ ဂရုဏာ

ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လက္ခဏာတွေထဲက တစ်ခုပါပဲ။ လုပ်ငန်းခွင်မှာဖြစ်စေ၊ ထူးခြားအခြေအနေများမှာဖြစ်စေ Boss ထံမှ ဂရုဏာကဲ့သို သနားကြင်နာမှု၊ ကူညီထောက်ပံ့မှုတွေဟာ အခြေနေဆိုးများနဲ့ အခြေနေကောင်းများကြား လုပ်ငန်းခွင် ပေါင်းစည်းလုပ်ဆောင်စွမ်းအားတွေကို ချိန်ညှိပေးနိုင်ပါတယ်။ တစ်နည်းပြောရရင် စီးပွားရေးအကြပ်တည်းကာလဖြစ်စေ၊ အဆင်ပြေတဲ့ ကာလဖြစ်စေ ဝန်ထမ်းများဟာ Boss ရဲ့ Follower များအဖြစ် ရှိနေစေပါတယ်။ ဒါကြောင့် Boss ဟာ လက်အောက်ငယ်သားများရဲ့ အမြင်သဘောထားများကို လက်ခံခြင်း၊ သူတို့ရဲ့ စိုးရိမ်ပူပန်မှုများကို နာလည်ကြောင်းပြသခြင်းနဲ့ စိတ်ရင်းအမှန်နဲ့ ကူညီစေခြင်းများကို ထိထိရောက်ရောက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နောက်ထပ်သိရမယ့်အချက်က လူတွေကို သူတို့ရဲ့ ဂုဏ်သိက္ခာ မညိုးနွမ်းစေဖို့နဲ့ ကောင်းမွန်စေဖို့ ကူညီပေးတဲ့အခါ ဂရုဏာနဲ့ ကိုယ်ချင်းစားတရားဟာ အရေးကြီးဆုံးဖြစ်ပါတယ်။

အထက်ဖော်ပြခဲ့တဲ့ အချက်လေးချက်ကို Boss နဲ့ ခေါင်းဆောင်များ သေချာစွာ အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကြိုတင်မှန်းဆနိုင်မှု၊ နားလည်မှု၊ ထိန်ချုပ်မှုနဲ့ ဂရုဏာ တို့ကို ကောင်းကောင်း အသုံးချတတ်တဲ့ Boss များဟာ ဝန်ထမ်းများရဲ့ စိုးရိမ်သောကနဲ့ စိတ်ဓာတ်ကျအချိန်များမှာ အကူညီများစွာပေးနိုင်ပြီး သူတို့ရဲ့ သစ္စာစောင့်သိမှုကို ခိုင်မာစွာ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Pen-based computing company ရဲ့ coach တစ်ဦးဖြစ်တဲ့ Campbell ရဲ့ ခက်ခဲတဲ့အခြေနေနဲ့ ကာလတွေမှာ Boss အပေါ် ဝန်ထမ်းများရဲ့ သစ္စာစောင့်သိမှုရရှိဖို့နဲ့ပတ်သက်ပြီး ၄င်းရဲ့ လုပ်ငန်းခွင်းမှာ လုပ်ဆောင်ခဲ့တဲ့ အချက်အချို့ကို ဖော်ပြပါလိုက်ပါတယ်။

(၁) နွေးထွေးတဲ့ နှုတ်ဆက်ပွေ့ဖက်မှုလုပ်ဆောင်ခြင်း။

(၂) ဝန်ထမ်းအပြစ်လုပ်ထားသည့်တိုင် နွေးထွေးတဲ့ဆက်ဆံရေးဖြင့် ဖြေရှင်းခြင်း၊

(၃) သစ္စာရှိမှုကို ပြတ်သားထင်းရှားစွာ ဆုချအသိအမှတ်ပြုပြီး အသင်းအဖွဲ့အလိုက် မိတ်ဆက်ပွဲများနဲ့ ပျော်ရွှင်စရာအစီစဉ်မှာ ဖန်တီးကာ စစ်မှန်တဲ့ Commitment ကို ထူထောင်ပေးခြင်း၊

(၄) မိမိနဲ့ လုပ်ငန်းအပေါ် သစ္စာမဲ့မှုနဲ့ ပေါင်းစည်းမှုမရှိခြင်းများပေါ် ဂရုစိုက်ပေးမှု မရှိခြင်းကဲ့သို့ အပြစ်ပေးခြင်း၊ (သစ္စရှိမှုအပေါ် အသိမှတ်ပြုခြင်းကို ပိုမိုအားကောင်းစေပါတယ်)

(၅) ထူးချွန်ထက်မြတ်ပြီး တာဝန်ယူမှုအပြည့်ရှိသူများကို မွေးမြူပါ။ ဝန်ထမ်းစွမ်းဆောင်ရည်များကို ငွေကြေးဖြင့်မဟုတ်ဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုပေါ်မူတည်ပြီး နေရာသတ်မှတ်ပေးပါ၊ ချီးမြှင့်ပါ၊ (ရာထူးတိုးခြင်း၊ Status ကောင်းဖန်တီးပေးခြင်း၊ Role ဖန်တီးပေးခြင်း)

(၆) Boss ဟာ တခြားသော ရင်နှီးမြှုပ်နှံသူ မိတ်ဖက်များ၊ ပြိုင်ဘက်များနဲ့အတူ မိမိဝန်ထမ်းများနဲ့ အဖွဲ့စည်းလုပ်ငန်းအတွက် မားမားမတ်မတ်ရပ်တည်နေကြောင်း သိစေခြင်းတို့ဖြစ်ပါတယ်။ တခြားအချက်များလည်း ရှိပါသေးတယ်။ ရှာဖွေလေ့လာနိုင်ပါတယ်။

ဒါကြောင့် အကျပ်တည်းကာလများမှာ လုပ်ငန်းတစ်ခုရဲ့ Boss ဖြစ်ရတာဟာ ထင်သလောက် မလွယ်ကူပါဘူး။ အားလုံးဟာ သင့်ရဲ့ တရာမျှတတဲ့ ဆုံးဖြတ်ချက်၊ အာရုံစိုက်မှု၊ ဖြေရှင်းနိုင်မှုနဲ့ စွမ်းအားတွေ လှုပ်ရှားမှုတွေတိုင်းကို စောင့်ကြည့်နေကြမှာဖြစ်တဲ့အတွက် ဖော်ပြပြီးခဲ့တဲ့ အချက် (၄) ချက်ကို ကောင်းစွာအသုံးချတတ်ကြပါစေ။

Harvard Business Review မှ Robert I. Sutton ရဲ့ How to be a good boss in bad economy ဆောင်းပါးကို ကိုးကားရေးသားထားပါတယ်။

U Zin Lwin Thant

B.Act , M.Act (MUE)