Career Opportunities

Strategy First University အနေနဲ့ ကျောင်းသား၊ ကျောင်းသူ လူငယ်တွေ အနာဂတ်ကပညာရေး လမ်း ကြောင်း အတွက် မှန်ကန်စွာချမှတ်နိင်ဖို့ အ ပါအဝင် လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါမှာလည်း အောင်မြင်ဖို့ အတွက် စီးပွားရေး ၊ စီမံခန့်ခွဲမှုနဲ့ အိုင်တီ နည်းပညာရပ်တွေကို စနစ်တကျသင်ကြားပေးလျှက်ရှိပါတယ်။

Strategy First University မှာ ပညာသင်ယူ တတ်မြောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါ ကုမ္ပဏီတွေရဲ့ လုပ်ငန်းတာဝန်တွေကို အောင်မြင်စွာ ဆောင် ရွက်နေတဲ့ ကျောင်းသားဟောင်းတွေရဲ့ အတွေ့အကြုံတွေကို သိရှိနိုင်ဖို့ Career Opportunitiesကဏ္ဍကနေဖော်ပြလိုက်ပါတယ်။

‘’ Strategy First University မှာက စာပဲသင်ပေးတာတင် မဟုတ်ပါဘူး။ အ လုပ်ခွင် Experience တွေကိုပါ သိရှိအောင် ပြင်ပအလုပ်ခွင်ကသူတွေကလာရောက်မျှဝေပေးတာဖြစ်တဲ့အတွက် ကျောင်းပြီးလို့ အလုပ်ဝင်တဲ့ အခါ အဲ့ဒီကရတဲ့အတွေ့အကြုံတွေက အရမ်းအရေး ပါလာမှာဖြစ်ပါတယ် ‘’

ကိုမင်းသီဟကောင်း
BA(Hons) Business and Management

ကျွန်တော့်နာမည်က မင်းသီဟကောင်းပါ။ OBU batch 4 မှာ တက်ခဲ့တာပါ။ အရင်နှစ်က ပြီးခဲ့တာပေါ့။ လက်ရှိက VDB Loi မှာ Senior Consultant အ ဖြစ်လုပ်နေပါတယ်။ အဲမှာလုပ်နေတာက ခုနှစ်ကျော်လောက် ရှိပါပြီ။ ဒီအလုပ်ကို ဘယ်လိုရွေးချယ်ဖြစ်ခဲ့တာလည်း ဆိုတော့ ဒီအလုပ်ကိုရောက်နေတာက ၁၇ မပြည့် ခင်ကတည်းက IGCSE ဖြေပြီး ကတည်းကပေါ့နော်။ ကျွန်တော့် အစ်မက အဲမှာလုပ်နေတာဆိုတော့ ကျွန်တော် လည်း အဲတုန်းက PartTime တွေဘာတွေရှာတယ်။ ကျောင်းမတက်ခင်မှာ အလုပ်တွေလုပ်မယ်ပေါ့နော်။ အလုပ်တွေလိုက်ရှာရင်းနဲ့ ကျွန်တော် အစ်မက ကျွန်တော့်ကို ဒီအလုပ်ထဲကို ထည့်ပေးလိုက်တာပေါနော်။ အဲဒါနဲ့ အဲဒီမှာ Full Time ကိုတစ် နှစ်လောက်လုပ်ခဲ့တယ်။ အဲဒီမှာလုပ်ပြီးတော့ Strategy First ကို တက်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့တယ်။ ဆုံးဖြတ်ပြီးတော့ အဲဒီမှာ Part Time ပြောင်းလိုက်တယ်။ ကျောင်းချိန်က 9 to 12 ဆို အဲ့ဒီမှာ 1 to 6 လုပ်ခဲ့တယ်။ အလုပ် လုပ်ရင်းနဲ့ကျောင်းတက်တာ အရင်နှစ်မှ ကျွန်တော် Full Time ပြန်ဖြစ်သွားတာပါ။ ရှေ့ဆက်ပြီး ဘာလုပ်ဖို့ရှိ လဲဆိုရင် အခွင့်အရေးရရင်ပေါ့ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပါမယ်။ အဲဒါမှ မဟုတ်ဘူးဆိုရင် ကျွန်တော်အခု လုပ်တဲ့အလုပ်က သဘောလည်းကျတယ်။ အခုဆိုရင်လည်း အခွင့်အရေးအများကြီးရတယ်။ Project တွေဆို ရင်လည်း အကြီးကြီးတွေ ကိုင်ရတယ်။ နိုင်ငံခြားမသွားဖြစ်ရင်လည်း ဒီမှာပဲ ဆက်ရှိမယ်။ကျောင်းသားတွေ ကိုပြောချင်တာကတော့ ကျောင်းသားတွေ အများစုက မြန် မာကျောင်းကနေလာတယ်ပေါနော်။ ကိုးတန်း၊ ဆယ်တန်းတွေ ဖြေထားကြတယ်။အဲဒီမှာက စာကို အလွတ်ကျက်ရတာများတယ်။ တက္ကသိုလ်ရောက်တဲ့ အခါကြရင်တော့ အဲဒါတွေအကုန်လုံးကို မေ့ထားစေချင်တယ်။ အလုပ်မှာလည်း စာကျက်တာက ဘာမှ အသုံးမဝင်တော့ဘူး။ အဓိကက သီအိုရီတွေ၊ အသုံးဝင်တဲ့ဟာလေးတွေကို ခေါင်းထဲမှာ ထည့်ထားနိုင်တယ်ဆိုရင် အသုံးချနိုင်ဖို့လိုတယ်။ မှတ်ထားယုံနဲ့ မရသေးပါဘူး။ အသုံးချနိုင်တဲ့အထိကြိုးစားစေချင်ပါတယ်။ Strategy First University မှာက စာပဲသင်ပေးတာတင် မဟုတ်ပါဘူး။ အလုပ်ခွင် Experience တွေကိုပါ သိရှိအောင် ပြင်ပအလုပ်ခွင်ကသူတွေကလာရောက်မျှဝေပေးတာဖြစ်တဲ့အတွက် ကျောင်းပြီးလို့ အလုပ်ဝင်တဲ့ အခါ အဲ့ဒီကရတဲ့အတွေ့အကြုံတွေက အရမ်းအရေး ပါလာမှာဖြစ်ပါတယ် ။