Managing Your Life by Project (ဘဝကို ပရောဂျက်များဖြင့် ဖြတ်သန်းခြင်း)

ကျွန်မတို့လူတွေဟာ အသက်ရှင်နေထိုင်ဖို့အတွက်ပဲံဖြစ်ဖြစ်၊ ဘဝမှာ အဓိပ္ပာယ်ရှိရှိ နေချင်လို့ပဲဖြစ်ဖြစ် အလုပ်လုပ်ကြပါတယ်။ ခြုံငုံပြောရရင်တော့ လူတိုင်းအလုပ်လုပ်ကြပါတယ်။ သို့ပေမဲ့ အဲဒီလို လုပ်ကြရာ မှာတော့ ခံယူချက်နဲ့လုပ်ဆောင်ပုံကတော့ ကွာခြားတတ်ပါတယ်။ အလုပ်တစ်ခုမဟုတ်တစ်ခု လုပ်နေကြတာက ပုံမှန် Routine operation တစ်ခုကိုလုပ်နေတဲ့ သဘောပါ။ ကျွန်မတို့ဘဝကို ပြောင်းလဲတိုးတက် သွားစေဖို့ဆိုရင်တော့ ဒီ Routine operation တွေကို Project ပုံစံနဲ့လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ ပထမဦးဆုံးတော့ ကျွန်မတို့ဘဝရဲ့ရေရှည်မှာ ဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းတိုင် Vision ရှိရပါတယ်။ အဲ့ဒီ Vision ကို ရောက်ဖို့အတွက် Mission တစ်ခုချင်းစီကို Project ပုံစံနဲ့ ဆောင်ရွက်သွားပြီး Project တစ်ခုပြီးတိုင်း Mission တစ်ခုပြီးသွားတာဖြစ်ပြီး နောက်ဆုံး Mission နဲ့ Project အပြီးမှာတော့ ဘဝရဲ့ Vision ကို ရသွားမှာဖြစ်ပါတယ်။ ဒီ Project တွေကတော့ Health? Education? Spiritual Development? Finance? Family? တစ်ခုခုဖြစ်နိုင်ပါတယ်။

 ခု Project တစ်ခုလုပ်တဲ့ပုံစံကို ဆွေးနွေးပါမယ်။ ဥပမာ Education Project တစ်ခုဆိုပါတော့ …

 ဒီ Project ကိုလုပ်တော့မယ်ဆိုရင် ပထမဦးဆုံး Project Deliverables (Output) လို့ခေါ်တဲ့ Project ရဲ့ ရလဒ်ကို သတ်မှတ်ဖော်ပြရပါတယ်။ Project ဆိုတာ Result-based လုပ်ရတဲ့အလုပ် ဖြစ်ပါတယ်။ ဒါဟာ Covey ပြောခဲ့တဲ့ Begin with the END in mind ဆိုတဲ့ Habit အတိုင်းပါပဲ။ ဒီ Project ရဲ့ ရလဒ်က ၆ လအတွင်း Diploma တစ်ခုရအောင်လုပ်မယ် ဆိုပါစို့။ ဒီ Project ရဲ့ Output ကိုရအောင် Plan သေချာဆွဲရပါတယ်။ Plan ဆွဲတဲ့နေရာမှာ အရေးကြီးတဲ့ အချက် (၂) ချက်က ကိုယ့် Project ရဲ့ Project Life Cycle (PLC) Curve အမျိုးအစားကို သိဖို့လိုပါတယ်။ PLC အမျိုးအစား (၂) မျိုးရှိပါတယ်။  S Curve နဲ့ J Curve လို့ခေါ်ပါတယ်။ S Curve က သမားရိုးကျ Project တွေမှာ အများအားဖြင့် သုံးပါတယ်။ ကိုယ့်ရဲ့ Resources တွေကို Project Execution လုပ်တဲ့အစပိုင်းမှာ ဖြည်းဖြည်းချင်းသုံးသွားပြီး Project အလယ်ပိုင်းမှာ အရှိန်မြှင့်ပြီး သုံးပါတယ်။ Project ပြီးခါနီးအဆုံးပိုင်းမှာတော့ Resources တွေ ဖြည်းဖြည်းချင်း ပြန်လျှော့ပြီးတော့မှ Project ကို အောင်မြင်စွာအဆုံးသတ်ပါတယ်။ ဥပမာ အချိန်သတ်မှတ်ပြီး ညစာစားပွဲတစ်ခု ပြင်ဆင်တဲ့အလုပ်မျိုးပေါ့။ ခုလို (၆) လအတွင်း Diploma တစ်ခု ရအောင်လုပ်မယ်ဆိုတဲ့ Project မျိုးကတော့ J Curve ပုံစံမျိုး ဖြစ်ပါလိမ့်မယ်။ စစချင်းလုပ်ဆောင်ရာမှာ Resources တွေ အပြည့်မသုံးသေးပါဘူး။ တဖြည်းဖြည်းနဲ့ ပိုပြီးအရှိန်မြှင့်ပြီး၊ အချိန်ပေးပြီး ကြိုးစား လုပ်ဆောင်ကြရပါတယ်။ အချိန်ပြည့်ခါနီးလေ ကြိုးစားရလေမို့ Resource အသုံးပြုမှုက ကြာလေများလေ ပြီးခါနီးလေ အရှိန်မြှင့်ပြီးသုံးရလေပါ။ Project Manager တွေက ကိုယ့် PLC ရဲ့သဘောသဘာဝတွေကို သိပြီး Resources တွေကို ပြင်ဆင်ထားဖို့ လိုပါတယ်။ နောက်တစ်ချက်က Monitor & Control နဲ့ ပတ်သက်ပြီး၊ သေချာလုပ်ဆောင်ထားဖို့ပါ။ ဘယ်အချက်တွေနဲ့ Monitor လုပ်မှာလဲ၊ Project ကာလအတွင်း ဘယ်နှစ်ကြိမ် လုပ်မှာလဲ၊ Monitoring Criteria, Procedures and tools တွေက ဘာတွေလဲဆိုတာကို သေချာစဉ်းစားချမှတ်ထားဖို့လိုပါတယ်။

 ဒုတိယအချက်က ပတ်သက်ရာပတ်သက်ကြောင်း  Stakeholders တွေကို သိရပါမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ကိုယ့် Project အပေါ်မှာ သက်ရောက်မှုတစ်ခုခု ဖြစ်သွားစေနိုင်သလို ကိုယ့် Project ကလည်း သူတို့အတွက် impact တစ်ခုခုဖြစ်သွားစေနိုင်တဲ့ အပြင်၊ လောလောဆယ်မှာတော့ သူတို့ရဲ့ အကူအညီ၊ အထောက်အပံ့နဲ့ နားလည်ပေးမှုတို့ လိုအပ်နိုင်လို့ပါပဲ။ သူတို့တွေကတော့ Family, Boss, Coworkers, Classmates တွေလည်း ဖြစ်နိုင်ပါတယ်။ တတိယအချက်က လုပ်ရမယ့် Deliverables တွေကို Breakdown (WBS) လုပ်ပြီးတော့ လုပ်ရမယ့် Task/ Activities တွေအဖြစ် တိတိကျကျ ခွဲထုတ်ရပါတယ်။ အဲ့လိုခွဲထုတ်ပြီးရင်တော့ ဘယ်အပိုင်းကို ဘယ်အချိန်မှာ ဘယ်လိုလုပ်မလဲဆိုတဲ့ အချိတ်အဆက်တွေရအောင် CPM/ PART Method တစ်ခုခုသုံးပြီးတော့ Network Diagram နဲ့ Schedule ကို ဆွဲရပါတယ်။ အရေးကြီးတာက ဒီအလုပ်တွေအားလုံးကို ရတဲ့အချိန် ၆လထဲ ဝင်အောင်လုပ်ရမှာပါ။ ဒါကြောင့် လုပ်ရမယ့်အလုပ်တွေကို Critical/ Non-critical Activities ခွဲပြီးတော့ Time Management Skill ကိုသုံးပြီး အချိန်မီပြီးအောင် လုပ်ရမှာပါ။ ထိုနည်းတူ ဒီ Activities တွေကို လုပ်ဖို့အတွက် လိုအပ်မယ့် လူအင်အား၊ ငွေအင်အားနဲ့ တခြားသော ပစ္စည်းပစ္စယတွေကို အသုံးပြုမယ့် Budget အဖြစ် တွက်ချက်ရပါတယ်။  အရေးကြီးတဲ့အချက်က Time and Budget တွေကို တွက်ရာမှာ  Project Risk Analysis ပေါ်အခြေခံပြီး Contingency အတွက်ကိုပါ ထည့်တွက်ဖို့ မမေ့ပါနဲ့။ ဘယ် Project မဆို Risk ဆိုတာ အနည်းနဲ့ အများရှိတတ်တာမို့ Contingency မဖြစ်မနေ ထည့်ရမှာပါ။ ပြီးရင်တော့ အသေးစိတ် Action Plan ကို ဆွဲရပါတယ်။ Action Plan  ကို  6W2H နဲ့ ဖော်ပြလို့ရပါတယ်။  Who, What, When, Where, with Whom, Why, How, and How Much တို့ပဲ ဖြစ်ပါတယ်။  အများပါဝင်လုပ်ဆောင်ရတဲ့ Project ဆိုရင်တော့ တချို့အလုပ်တွေကို Outsource/ Subcontract ပေးလို့ရတာတွေ ရှိတတ်ပါတယ်။ ခု Project ကတော့ ကိုယ့်ဘာသာကိုယ် Diploma ယူမယ့်အလုပ်ဆိုတော့ outsource လုပ်စရာတော့ မရှိလောက်ပါဘူး။

 နောက်ဆုံးအချက်ကတော့ Project Execution အချိန်မှာ Monitor & Control သေချာလုပ်ထားရင်တော့ Project ကို Final Evaluation လုပ်ရာမှာ Project ရဲ့ Deliverable (Result) ကိုရမှာပါ။ Project တစ်ခု ပြီးသွားရင်တော့ သေချာပေါက် Celebrate လုပ်ကြပါ။ Celebrate လုပ်တယ်ဆိုတာ မိမိရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုချီးကျူးခြင်းဖြစ်ပြီး နောင်လုပ်မယ့် အလုပ်တွေအတွက် Charging သွင်းတာဖြစ်ပါတယ်။ Celebrate လုပ်ပြီးရင်တော့ ဒီ Project ကနေပြီး ရလိုက်တဲ့  Good Practices နဲ့  Lessons Learned တွေကို ထုတ်နုတ်စုစည်းထားပါ။ အဲဒီတော့မှ နောင်လုပ်မယ့် Project တွေအတွက် References အဖြစ် ပြန်လည် အသုံးပြုနိုင်ပြီး ရှေ့လာမယ့် Mission တွေအတွက် Project တွေလုပ်ရာမှာ အထောက်အကူ ဖြစ်စေကာ ကိုယ့်ရဲ့ Missions တွေအားလုံး အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် နောက်ဆုံးမှာတော့ လိုချင်တဲ့ Vision ကို ရသွားကြပါလိမ့်မယ်။

ဘဝကို ပရောဂျက်များဖြင့် စနစ်တကျ အောင်မြင်စွာဖြတ်သန်းကျော်လွှားနိုင်ကြပါစေ။

Aye Aye Win

B. Com (Hons), M.Com (YUE), Diploma in English, M.A (International Business Studies), (Sophia University, Japan)