အပိုဝင်ငွေရှာလိုသူများအတွက် လွယ်ကူပြီး ဆောင်ရွက်နိုင်မယ့် နည်းလမ်း (၇) ခု
အသုံးစရိတ်တွေ မြင့်တက်လာပြီး လူတွေဟာ ငွေကြေးပေးချေမှုတွေကို ဆက်လက်ထိန်းသိမ်းရန် ပိုမိုခက်ခဲလာတဲ့အတွက် ဝင်ငွေတိုးအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို လူအများက ရှာဖွေနေကြပါတယ်။ လုပ်ချင်စိတ်နဲ့ ဖန်တီးနိုင်စွမ်းရှိမယ်ဆိုရင် ဒီခေတ်မှာ ဝင်ငွေတိုးအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ သင့်ရဲ့ကျွမ်းကျင်မှုတွေကို အသုံးချတာ၊ အပိုဝင်ငွေရှာတာ၊ ဒါမှမဟုတ် ရှိပြီးသားအရင်းအမြစ်တွေကို ဖန်တီးမှုနဲ့အသုံးချတာတွေကနေ ဝင်ငွေတိုးအောင် လုပ်ဖို့ဆိုတာ သင်ထင်ထားတာထက် ပိုပြီးလွယ်ကူပါတယ်။
အကြွေးတွေပေးချေဖို့၊ အထူးကိစ္စတစ်ခုခုအတွက် ငွေစုဖို့၊ ဒါမှမဟုတ် အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံဖို့ ငွေပိုရှာဖို့ဆိုတာ စီးပွားရေးစိတ်ဓာတ်ရှိဖို့ လိုအပ်ပါတယ်။ ဒါက ဖန်တီးနိုင်စွမ်းနဲ့ တွေးခေါ်ပြီး အခွင့်အလမ်းတွေကို ရှာဖွေကာ ဝင်ငွေတိုးအောင် တက်တက်ကြွကြွ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုလိုတာပါ။ သင့်ရဲ့အမြင်ကို ပြောင်းလဲပြီး ငွေရှာတာကို ဗျူဟာကျတဲ့ကြိုးပမ်းမှုတစ်ခုအဖြစ် သဘောထားမယ်ဆိုရင် အခွင့်အလမ်းအသစ်တွေကို ရှာဖွေနိုင်မှာဖြစ်ပြီး ဘဏ္ဍာရေးပန်းတိုင်တွေကို ပိုမိုမြန်ဆန်စွာ အောင်မြင်နိုင်မှာပါ။
🍀 အသုံး မလိုတော့တဲ့ ပစ္စည်းများ ရောင်းချခြင်း။
သင်ရဲ့ နေအိမ်ကို သန့်ရှင်းပြီး မသုံးတော့တဲ့ ပရိဘောဂများ၊ အီလက်ထရောနစ်ပစ္စည်းများ (သို့) အဝတ်အထည်များကဲ့သို့သော ပစ္စည်းများကို ရောင်းချခြင်းဖြင့် အချိန်တိုအတွင်း ထပ်ဆောင်းငွေရှာနိုင်ပါတယ်။ Facebook Marketplace ကဲ့သို့သော ပလက်ဖောင်းများ (သို့) ဒေသခံ ပစ္စည်းအရောင်းဆိုင်တွေမှာ ရောင်းချခြင်းအားဖြင့် သင့် နေအိမ်အတွက် ပိုမိုကျယ်ဝန်းတဲ့ နေရာတစ်ခု ဖန်တီးပေးနိုင်တဲ့ အပြင် ငွေရ မြန်စေနိုင်ပါတယ်။
🍀 သင့်ရဲ့ ပစ္စည်းကိရိယာတွေကို ငှားရမ်းပါ။
သင့်ရဲ့ မသုံးတော့တဲ့ ကိရိယာတွေ၊ ကင်မရာတွေ ဒါမှမဟုတ် အထူးပြုပစ္စည်းတွေကို ShareGrid လိုမျိုး ပလပ်ဖောင်းတွေမှာ ကြော်ငြာပြီး အပိုဝင်ငွေရှာနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းက သင့်ကို အပိုဝင်ငွေရရှိစေရုံသာမက စျေးကြီးတဲ့ပစ္စည်းတွေကို မဝယ်ဘဲ ခဏတာသုံးစွဲလိုသူတွေကိုလည်း ကူညီပေးရာရောက်ပါတယ်။
🍀 သင့်ဝါသနာကိုအသုံးပြုပြီး ငွေရှာပါ။
သင့်ဝါသနာကို ငွေရှာဖို့ ထုတ်ကုန်တွေဖန်တီးခြင်း၊ ဝန်ဆောင်မှုတွေပေးခြင်း (သို့) သင့်ကျွမ်းကျင်မှုတွေကို သင်တန်းတွေ၊ အွန်လိုင်းပလပ်ဖောင်းတွေကနေ အခြားသူတွေကို သင်ပေးခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။ လက်မှုပညာ၊ ချက်ပြုတ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း (သို့) ကျန်းမာရေးလေ့ကျင့်ခန်းတွေဖြစ်ဖြစ်၊ သင့်ဝါသနာကိုအသုံးပြုပြီး ငွေရှာခြင်းက သင့်ကို ချစ်မြတ်နိုးရာကိစ္စကို လုပ်ရင်း အပိုဝင်ငွေရှာဖွေနိုင်စေပါတယ်။
🍀 အပိုဝင်ငွေရဖို့ ဘေးထွက်လုပ်ငန်းစပါ။
အပိုဝင်ငွေရဖို့ ဘေးထွက်လုပ်ငန်းစတင်ဖို့ဆိုရင် ကိုယ့်မှာရှိတဲ့ အရည်အချင်း (သို့) အခွင့်အလမ်းကို သတ်မှတ်ပြီး၊ အဓိကအလုပ်အပြင် အချိန်ပိုယူကာ ဖောက်သည်တွေရရှိအောင် ပလက်ဖောင်းတွေ (သို့) ကွန်ရက်တွေကို အသုံးပြုရပါမယ်။\
🍀 အမြတ်ရဖို့ ပစ္စည်းတွေကို လှန်လှောရောင်းချပါ။
စျေးပေါတဲ့ပစ္စည်းတွေကို ပစ္စည်းအဟောင်းဆိုင်တွေ၊ (သို့) အွန်လိုင်းစျေးကွက်တွေမှာ ဝယ်ယူပြီး စျေးကွက်မှာ အမြတ်ရဖို့ အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဒီပစ္စည်းတွေကို eBay၊ Facebook Marketplace သို့မဟုတ် Poshmark လိုမျိုး ပလပ်ဖောင်းတွေမှာ ပိုမိုမြင့်မားတဲ့စျေးနဲ့ ပြန်လည်ရောင်းချခြင်းဖြင့် အမြန်ဆုံး အပိုဝင်ငွေရှာနိုင်ပါတယ်။
🍀 လက်လုပ်ပစ္စည်းတွေကို ရောင်းချပါ။
သင့်ရဲ့ဖန်တီးနိုင်စွမ်းကို ဝင်ငွေအဖြစ်ပြောင်းလဲဖို့ ဖယောင်းတိုင်တွေ၊ လက်ဝတ်ရတနာတွေ (သို့) ဖုတ်ထားတဲ့အစားအစာတွေလို လက်လုပ်ပစ္စည်းတွေကို ဖန်တီးပြီး ရောင်းချနိုင်ပါတယ်။ ဒေသခံတောင်သူစျေးကွက်၊ (သို့) Etsy လိုမျိုး အွန်လိုင်းပလပ်ဖောင်းတွေကို အသုံးပြုပြီး ထူးခြားပြီး စိတ်ကြိုက်ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို တန်ဖိုးထားတဲ့ ဖောက်သည်တွေဆီ ရောက်ရှိအောင် လုပ်ဆောင်နိုင်ပါတယ်။
🍀 လျှို့ဝှက်အလုပ်သမား (Mystery Shopper) ဖြစ်လိုက်ပါ။
Market Force သို့မဟုတ် BestMark လိုမျိုး ကုမ္ပဏီတွေမှာ စာရင်းသွင်းပြီး စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေ (သို့) လုပ်ငန်းတွေမှာ ဈေးဝယ်ရင်း ဖောက်သည်ဝန်ဆောင်မှုနဲ့ အတွေ့အကြုံတွေကို အကဲဖြတ်ခြင်းဖြင့် ဝင်ငွေရှာနိုင်ပါတယ်။ Mystery shopping က ကွဲပြားတဲ့နေရာတွေကို လေ့လာရင်း အပိုဝင်ငွေရှာဖို့ လုပ်လို့ရတဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ပိုမိုဝင်ငွေရှာဖို့ဆိုတာ ရှုပ်ထွေးတဲ့ (သို့) အချိန်ကုန်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒီနေ့ပဲ သင့်ဘဏ္ဍာရေးကို တိုးတက်စေမယ့် နည်းလမ်းများစွာရှိပါတယ်။ အဓိကအချက်က သေးငယ်တဲ့အရာကနေ စတင်ပြီး သင့်ကျွမ်းကျင်မှုတွေကို အသုံးချကာ သင့်ရည်မှန်းချက်တွေဆီ တဖြည်းဖြည်းချင်း ချဉ်းကပ်ဖို့ပါပဲ။ ဒီအကြံဉာဏ်တွေကို လေ့လာခြင်းဖြင့် သင်ဟာ အပိုဝင်ငွေတွေ ရှာနိုင်ရုံသာမက ပိုမိုကြီးမားတဲ့ ဘဏ္ဍာရေးလွတ်လပ်မှုဆီကို တံခါးဖွင့်လိုက်နိုင်ပါတယ်။ ဒီအကြံဉာဏ်တွေကို ယူပြီး ဒီနေ့ပဲ စတင်လိုက်ပါ!
ဤဆောင်းပါးကို စာရေးဆရာ Melissa Houston ၏ Forbes Magazine တွင် ရေးသားထားသော “7 Simple Strategies To Make More Money Today” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
Daw Hninn Pwint Oo
M.Com, B.Com** (MEUE)
