'' ကျောင်းသားများရဲ့ Academic Performance ကို သက်ရောက်စေတဲ့ အချက်များ ''

ပညာရေးဟာ လူ့ဘ၀ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်သလို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးလည်း ဖြစ်ပါတယ်။ “ပညာရေး” ဆိုတဲ့ အဓိပ္ပာယ်မှာ 'အသိပညာ၊ အတတ်ပညာ၊ ဖွံ့ဖြိုးတိုးတက်မှု၊ ကိုယ်ကျင့်တရားနဲ့ ယုံကြည်ချက်များကို သင်ယူခြင်းနဲ့ ဆည်းပူးခြင်းတို့ကို လွယ်ကူချောမွေ့စေတဲ့ လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။ ဒါ့အပြင် ပညာရပ်ဆိုင်ရာ၊ ပရော်ဖက်ရှင်နယ်၊ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် တီထွင် ဖန်တီးမှုဖြစ်စေ အမျိုးမျိုးသော ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ ပါဝင်တဲ့ အလုံးစုံသော ဝေါဟာရ ဖြစ်ပါတယ်။

ကျောင်းသားများရဲ့ ပညာသင်ဆုရရှိမှုနဲ့ သင်ယူမှုစွမ်းဆောင်ရည်ဟာ ကျား၊ မ၊ အသက်၊ သင်ကြားရေး ဌာန၊ ကျောင်းသားများ ကျောင်းတက်ခြင်း၊ ဖခင်/အုပ်ထိန်းသူရဲ့ လူမှုစီးပွားရေး အခြေအနေ၊ ကျောင်း သားများရဲ့နေထိုင်မှုဧရိယာ၊ ကျောင်းများမှာ ညွှန်ကြားချက်ကြားခံ၊ ကျူရှင်လမ်းကြောင်း၊ နေ့စဥ် စာသင်ကြားချိန်နဲ့ အဆောင်များအဖြစ် တည်းခိုခန်းများ အပါအဝင် များပြားလှတဲ့ အချက်တွေက သက်ရောက်မှုရှိနေပါတယ်။ သုတေသီများဟာ မတူညီတဲ့ လေ့လာမှုအဆင့်များမှာ ကျောင်းသားများရဲ့ စွမ်းဆောင်ရည်ကို အထောက်အကူပြုတဲ့ အချက်များအကြောင်း အသေးစိတ်လေ့လာမှုများကို ပြုလုပ် ခဲ့ကြပါတယ်။ လေ့လာချက်များအရ "ကျောင်းသားများရဲ့ ပညာရေးအောင်မြင်မှုဟာ လူ့အဖွဲ့အစည်း အတွင်းရှိ ကျောင်းသားရဲ့ မိဘ/အုပ်ထိန်းသူများရဲ့ လူမှုရေးအဆင့်အတန်းအပေါ် များစွာ ဆက်စပ် နေတာကို တွေ့ရှိရပါတယ်။ မိဘရဲ့၀င်ငွေ ဒါမှမဟုတ် လူမှုအဆင့်အတန်းဟာ စာမေးပွဲမှာ ကျောင်းသား စာမေးပွဲရမှတ်အပေါ် အပြုသဘောသက်ရောက်ကြောင်း သိရှိရပါတယ်။

ကျောင်းတွင်းနဲ့ ပြင်ပမှာ ကျောင်းသားများရဲ့ ပညာရေးအရည်အသွေးကို အထောက်အကူဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဒီဆောင်ပါးဟာ ကျောင်းသားရဲ့ အောင်မြင်မှုရမှတ်များအပေါ် သက်ရောက်မှုရှိတဲ့ ကျောင်းပြင်ပအချက်တချို့ကိုပဲ ဖော်ပြထားပါတယ်။ ပညာဖြန့်ဝေပေးနေတဲ့ သင်ကြားရေးဆရာများဟာ ကျောင်းသားများရဲ့ ပညာရေးအောင်မြင်မှုမှာ ပါဝင်ကူညီပေးနိုင်တဲ့ အကြောင်းရင်းများနဲ့ ပတ်သက်ပြီး ပိုမိုနားလည်ဖို့ လိုအပ်ပါတယ်။

မိသားစုနောက်ခံ (Family background) ဟာ ကျောင်းသားများရဲ့ ပညာရေးအရည်အသွေးကို အထောက်အကူ ဖြစ်စေတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါ့အပြင် (socio-economic background) လူမှုစီးပွားရေး နောက်ခံသည်လည်း ကလေးများရဲ့ ပညာရေးအောင်မြင်မှုများအပေါ် သက်ရောက်မှုရှိပါတယ်။ ဥပမာ - ဖခင်ပညာတတ်မယ်ဆိုရင် ကျောင်းသားရဲ့ စွမ်းဆောင်ရည်က ပိုကောင်းပါတယ်။ အကြောင်းကတော့ ပညာတတ်ဖခင်များဟာ ပညာရေးရဲ့အရေးပါမှုကို ကောင်းစွာ သိရှိနားလည်ပြီး သူတို့ရဲ့သားသမီးများအား အကျင့်စာရိတ္တ ကောင်းမွန်စေဖို့အတွက် ခွန်အားပေးစွမ်း နိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင်၊ ဖခင်များဟာ သူတို့ရဲ့သားသမီးတွေကို စာမေးပွဲရလဒ်များ မကောင်းတဲ့အချိန်မှာ အိမ်မှုကိစ္စများ လုပ်ဆောင်ခြင်းမှ ကင်းလွတ်ခွင့် ပေးနိုင်ကြပါတယ်။ တခြား တစ်ဖက်မှာမူ ကျောင်းသားများရဲ့ စွမ်းဆောင်ရည်ဟာ ဖခင်ရဲ့ စီးပွားရေးအခြေအနေနဲ့ ပြောင်းပြန် ဆက်စပ်နေပါတယ်။ ဆိုလိုတာက ဆင်းရဲတဲ့ ဖခင်ရှိတဲ့ ကျောင်းသားတွေဟာ ပိုမိုကောင်းမွန်တဲ့ မိသားစုမှ ဆင်းသက်လာသူများထက် သာလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်များ ရှိနေကြခြင်း ဖြစ်ပါတယ်။

ဒီရလဒ်အတွက် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းမှာ ပညာရေးဟာ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံများမှာ ဆင်းရဲမွဲတေမှုကို ဖယ်ရှားဖို့ အဓိကအရင်းအမြစ်များထဲမှ တစ်ခုဖြစ်ပြီး ဆင်းရဲနွမ်းပါးတဲ့ မိသားစု နောက်ခံမှလာတဲ့ ကျောင်းသားများဟာ ရမှတ်များ တိုးမြင့်ဖို့အတွက် အလွန်ပဲ ကြိုးစားအားထုတ် ရပါတယ်။ ကျောင်းစာအပြင် တခြားလုပ်ဆောင်မှုတွေမှာ ပါဝင်ဖို့လည်း သူတို့မှာ ငွေအလုံအလောက် မရှိကြတဲ့အတွက် စာကျက်ချိန်ပိုရကြပြီး ထိုကျောင်းသားများဟာ Grade ကောင်းကောင်း ရရှိကြခြင်းဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ တချို့ကျောင်းသားများက ပိုမိုထက်မြက်ပြီး စာကျက်ဖို့ အချိန် မလုံလောက်ဘဲ Grade ကောင်းကောင်းရကြပါတယ်။ တက္ကသိုလ်အားလုံးနီးပါးမှာ Grade များ မြင့်မားတဲ့ ကျောင်းသားများသာ သူတို့ရဲ့ ပညာရေးကာလအတွင်း ပုံမှန် ပညာသင်ကြားကြတာကိုလည်း တွေ့ရှိရပါတယ်။ အတန်းစတင်ချိန်မှ စောစောပိုင်းကတည်းက စာမေးပွဲအတွက် စာလေ့လာတဲ့ ကျောင်းသားများဟာ စာမေးပွဲရက်နီးမှ စာစတင်လေ့လာသူများထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်များ ရရှိနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ကျောင်းသားများရဲ့ အသက်အရွယ်ကလည်း ကျောင်းသားများရဲ့ ပညာရေးစွမ်းဆောင်ရည်ကို သက်ရောက်စေတဲ့ တခြားအရေးကြီးတဲ့အချက်များဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ကျောင်းသားများရဲ့ အသက်အရွယ်နဲ့ စွမ်းဆောင်ရည်အကြား အနုတ်လက္ခဏာဆောင်တဲ့ ဆက်ဆံရေးဟာ ကျွန်ုပ်တို့ရဲ့ ကလေးတွေကို တတ်နိုင်သမျှ စောစီးစွာ ပညာပေးခြင်းက အလွန်အရေးကြီးကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် အတန်းပျက်ခြင်းက ကျောင်းသားများရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်။ ပထမနှစ်မှာ ကျောင်းသားရဲ့ ပထမ semester ရလဒ်က နောင်လာမယ့် စာမေးပွဲရလဒ်များကို အကျိုးသက် ရောက်နိုင်ပါတယ်။ ကျောင်းသားများက ပထမ semester မှာ Grade ကောင်းကောင်းရပါက လာမယ့် semester မှာ ဆက်တိုက် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး ရလဒ်ကောင်းများ အမြဲရရှိမှာ ဖြစ်ပါတယ်။

အင်တာနက်အသုံးပြုခြင်းက ကျောင်းသားရဲ့ စွမ်းဆောင်ရည်ကို သက်ရောက်စေတဲ့ အချက်တချို့ ရှိပါတယ်။ ကျောင်းသားက ပညာရေးရည်ရွယ်ချက်အတွက် အင်တာနက်ကို အသုံးပြုပါက အင်တာနက်မှ နောက်ဆုံးပေါ်အချက်အလက်များ ပိုမိုရရှိပြီး သူတို့ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတာ ကြောင့် သူတို့၏စွမ်းဆောင်ရည်မှာ ကျိန်းသေတိုးတက်လာမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ကျောင်းသားဟာ ပညာရေးအတွက်မဟုတ်ဘဲ တခြားရည်ရွယ်ချက်အတွက် အင်တာနက်ကို အသုံးပြု ပါက Garde ကောင်းကောင်းရမှာမဟုတ်ပါဘူး။

အတန်းမှာပါဝင်မှုက ကျောင်းသားရလဒ်ကောင်းများ ရရှိနိုင်မှုကိုလည်း အကျိုးသက်ရောက် စေပါတယ်။ အတန်းဆွေးနွေးမှုမှာ ပါဝင်တဲ့ ကျောင်းသားဟာ အမှတ်ကောင်းများ ရရှိပါတယ်။ ဆရာများဟာ အတန်းထဲမှာ ကျောင်းသားများရဲ့ အတန်းပါဝင်မှုအပေါ် အမှတ်ပေးလေ့ရှိပါတယ်။ ကျောင်းသားအချို့ဟာ အတန်းထဲမှာ စကားပြောဖို့ တွန့်ဆုတ်နေခြင်းကြောင့် အတန်းဆွေးနွေးမှု အမှတ်များ ဆုံးရှုံးတဲ့အတွက် အမှတ်ကောင်းကောင်း မရကြပါဘူး။ ဒီအချက်က ကျောင်းသားများရဲ့ စွမ်းဆောင်ရည်အပေါ် လွှမ်းမိုးနိုင်တဲ့ အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ တခြားကိုယ်ရေးကိုယ်တာ ပြဿနာများမှာ မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်း၊ အထီးကျန်ဆန်ခြင်းနဲ့ တက္ကသိုလ်ရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေမရှိခြင်း တို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ စာသင်ခန်းအတွင်း ကျောင်းသားများရဲ့ အင်္ဂလိပ်စာအရည်အချင်း၊ အတန်းအချိန် ဇယား၊ အတန်းအရွယ်အစား၊ ဖတ်စာအုပ်များ၊ အတန်းစာမေးပွဲရလဒ်များ၊ သင်ကြားရေး အထောက် အကူပြုပစ္စည်းများ၊ အိမ်စာ၊ အတန်းပတ်ဝန်းကျင်၊ အတန်းရှိ ဆရာများရဲ့ အခန်းကဏ္ဍ၊ နည်းပညာ၊ အတန်းနဲ့စာမေးပွဲစနစ်များကလည်း ကျောင်းသားများရဲ့ စွမ်းဆောင်ရည်ကို အဓိက သက်ရောက်မှု ရှိတာကို သတိပြုစေလိုကြောင်း တင်ပြအပ်ပါတယ်။

Sudaria, W.G. (2018) Factors affecting academic performance, Academia.edu. Available at: https://www.academia.edu/.../Factors_Affecting_Academic... (Accessed: January 28, 2023).

Magcalas, R.M. (2017) Factors affecting the academic performance, Home. Available at: http://www.udyong.gov.ph/index.php?/ Factors_Affecting_The_Academic_Performance (Accessed: January 26, 2023).

 

Daw Thwe Thwe Aye

B.ComM.Com (MEUE)

Meiktila University of Economics