'' အနာဂတ်မှာ လေ့လာဖို့အတွက် ပေါ်ပြူလာအဖြစ်ဆုံး Programming Languages များ ''

ယနေ့ခေတ်မှာ နည်းပညာတိုးတက်လာမှုနဲ့အတူ နည်းပညာတွေကို ဖန်တီးရာမှာ မရှိမဖြစ်လိုအပ်တဲ့ programming တွေဟာ အရေးပါတဲ့ကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ Programming များကို လေ့လာခြင်းဟာ software developer ဖြစ်ချင်တဲ့သူများအတွက်သာမက နည်ပညာများရဲ့ အလုပ်လုပ်ပုံနဲ့ နည်းပညာကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သိရှိလိုတဲ့ သူများအတွက်လည်း အသုံးဝင်ပါတယ်။

Program ဆိုတာ ဘာကိုပြောတာလဲ?

ကွန်ပျူတာတွေဟာ လူတွေရဲ့ဘာသာစကားတွေကို နားမလည်ပါဘူး။ ဒါကြောင့် ကွန်ပျူတာကို အလုပ်တစ်ခုခိုင်းမယ် ဆိုပါက တိကျတဲ့တစ်ဆင့်ပြီးတစ်ဆင့် စေခိုင်းချက်တွေ ပေးရပါတယ်။ Program ဆိုတာ computer တွေ အလုပ်လုပ် နိုင်ဖို့အတွက် စုစည်းထားတဲ့ စေခိုင်းချက်များကို ဆိုလိုပါတယ်။ Programs တွေကို programming languages များနဲ့ ရေးသားကြပါတယ်။

'' Programming Languages အမျိုးအစားများ ''

Low-level programming languages နဲ့ High-level programming languages ဆိုပြီးတော့ programming languages တွေ အမျိုးမျိုးရှိပါတယ်။ Low-level language တွေဟာ computer hardware များနဲ့ ပိုပြီးနီးစပ်ပြီးတော့ စက်ကနားလည်တဲ့ (0 and 1) တွေနဲ့ ရေးရတာဖြစ်ပါတယ်။ High-level language တွေကတော့ လူတွေသုံးစွဲတဲ့ စကားလုံးတွေနဲ့ ပိုနီးစပ်မှုရှိပြီး input, print တို့လိုမျိုး English စကားလုံးများနဲ့ ရေးရတာဖြစ်ပါတယ်။

Programmers တွေဟာ ဘယ်လို Programming Languages တွေကို အသုံးပြုကြလဲ?

Programmers များဟာ HTML, CSS, JavaScript, Python, Java, PHP, C, C++, R နဲ့ တခြား programming languages များစွာကို အသုံးပြုကြပါတယ်။ ပေါ်ပြူလာဖြစ်တဲ့ language တစ်ခုချင်းစီဟာ မတူညီတဲ့ ရည်ရွယ်ချက်တွေအတွက် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဥပမာ - game develop လုပ်ချင်တာလား၊ website develop လုပ်ချင်တာလား၊ data science ပိုင်းကို သွားချင်တာလားဆိုတဲ့ ရည်ရွယ်ချက် တစ်ခုချင်းစီအတွက် ရွေးချယ်ပြီးသုံးလို့ရတဲ့ languages များစွာရှိပါတယ်။

အနာဂတ်မှာ လေ့လာဖို့အတွက် အသင့်တော်ဆုံး Programming Languages များ။

Programming languages တွေကို လေ့လာဖို့ရွေးချယ်ရာမှာ စဉ်းစားဖို့လိုတဲ့အချက်တွေရှိပါတယ်။ လေ့လာဖို့ ရည်ရွယ်ထားတဲ့ language ဟာ အလုပ်အကိုင်အခွင့်အလမ်းများရဲ့လား၊ လေ့လာရတာရော လွယ်ကူရဲ့လား အစရှိတာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဥပမာ လက်ရှိကာလမှာရော နောင်လာမယ့် အနာဂတ်မှာပါ AI နည်းပညာဟာ မျှော်မှန်းလို့ မရနိုင်လောက်အောင် တိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် AI နည်းပညာတွေကို ဖန်တီးဖို့ အတွက် ဘယ် languages တွေက သင့်တော်သလဲဆိုတာကို ရွေးချယ်ပြီး လေ့လာတာမျိုး လုပ်သင့်ပါတယ်။ အနာဂတ်မှာ လေ့လာဖို့ အသင့်တော်ဆုံး languages တွေကတော့ PHP, JavaScript, Python, C/C++, R တို့ ဖြစ်ကြပါတယ်။

'' PHP ''

PHP ဟာ server-side applications တွေကို ဖန်တီးဖို့အတွက် အသုံးပြုတဲ့ ပေါ်ပြူလာအဖြစ်ဆုံး backend programming languages တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ PHP ကို websites များဖန်တီးရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ ပေါ်ပြူလာဖြစ်တဲ့ Facebook, WordPress နဲ့ Wikipedia အစရှိတဲ့ websites များနဲ့ တခြား websites တွေဟာလည်း PHP ကို အသုံးပြုကြပါတယ်။ Windows, Linux နဲ့ macOS စတဲ့ different platforms တွေမှာ အလုပ်လုပ်နိုင်ပြီး တခြား language တွေထက် လေ့လာရတာလွယ်ကူတာမို့ programming ကို စတင်လေ့လာသူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

'' JavaScript ''

JavaScript ဟာ HTML နဲ့ CSS တို့နဲ့အတူ Web development အတွက် အဓိကကျတဲ့ language တစ်ခုပဲ ဖြစ်ပါတယ်။ JavaScript ကို websites တွေရဲ့ design ပိုင်းအတွက်သာမက backend programming၊ mobile နဲ့ desktop application တွေကို develop လုပ်ဖို့လည်း သုံးကြပါတယ်။ လက်ရှိ internet ပေါ်မှာရှိနေတဲ့ websites တွေရဲ့ ၉၅% ကျော်ဟာ JavaScript ကို အသုံးပြုထားကြပါတယ်။ အလုပ်အကိုင်ဈေးကွက်မှာဆိုရင် JavaScript ဟာ လိုအပ်မှုအများဆုံး lanugauge တစ်ခု ဖြစ်ပါတယ်။

'' Python ''

Python ဟာ high-level language တစ်ခုဖြစ်ပြီး Python မှာပါတဲ့ များပြားလှတဲ့ features တွေကြောင့် developers များကြားမှာ ပေါ်ပြူလာဖြစ်တဲ့ language တစ်ခုလည်း ဖြစ်ပါတယ်။ Program ရေးတဲ့အခါ simple syntax ဖြစ်ပြီး လေ့လာရတာလွယ်ကူတဲ့အတွက် programming ကို စပြီးလေ့လာသူတွေအတွက် သင့်တော်တဲ့ language တစ်ခု ဖြစ်ပါတယ်။ Windows, Linux နဲ့ macOS စတဲ့ multiple platforms တွေမှာ အလုပ်လုပ်နိုင်ပြီး web development, data analysis, machine learning နဲ့ scientific computing အစရှိတဲ့ နယ်ပယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါတယ်။

'' C++ ''

C++ ဟာ general programming language တစ်ခုဖြစ်ပြီး object-oriented language လည်းဖြစ်ပါတယ်။ C++ ကို operating system, games နဲ့ embedded system တွေကို develop လုပ်ဖို့အတွက် အဓိကထားပြီး သုံးကြပါတယ်။ Developers အများစုဟာ object-oriented language များကို ကြိုက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ OO ရဲ့ features တွေမှာ ရှင်းလင်းတဲ့ structure ရှိတာရယ်၊ code တွေကို လိုရင်းတိုရှင်းရေးလို့ရတာရယ်နဲ့ လေ့လာရတာ လွယ်ကူတာကြောင့် ဖြစ်ပါတယ်။ C++ programmer တွေဟာ အလုပ်သမားဈေးကွက်ရဲ့ လိုအပ်မှုအများဆုံးထဲမှာ ပါဝင် ပါတယ်။

'' R ''

R ဟာ open source language တစ်ခုဖြစ်ပြီး statistical analysis နဲ့ data analysis တို့အတွက် အသုံးပြုပါတယ်။ R language ရဲ့ ကောင်းမွန်တဲ့အချက်တစ်ခုကတော့ များပြားလှတဲ့ built-in libraries တွေ ရှိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်က တခြားပေါ်ပြူလာဖြစ်တဲ့ programming languages များနဲ့ ပေါင်းစပ်နိုင်ခြင်းပဲဖြစ်ပါတယ်။ Windows, Linux နဲ့ macOS စတဲ့ multiple platforms တွေမှာ အလုပ်လုပ်နိုင်ပါတယ်။ Data scientists, data miners (သို့) machine learning engineers ပိုင်းတွေကို စိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ R language ဟာ အကောင်းဆုံး ရွေးချယ်စရာ တစ်ခုပဲဖြစ်ပါတယ်။

ဘယ် Programming Languages တွေကို အရင်ဆုံးလေ့လာသင့်လဲ?

Programming ကို စပြီးလေ့လာမယ်ဆိုရင် HTML ကို လေ့လာသင့်ပါတယ်။ HTML ဟာ application/website တစ်ခုရဲ့ frond-end ပိုင်းကိုရေးတဲ့အခါမှာ အသုံးပြုတဲ့ language ဖြစ်ပါတယ်။ HTML နဲ့ ရင်းနှီးသွားပြီဆိုပါက CSS ကို လေ့လာသင့်ပါတယ်။ CSS ဟာ application/website ရဲ့ အလှအပတွေကို ဖန်တီးဖို့အတွက် သုံးပါတယ်။ Front-end languages တွေဖြစ်တဲ့ HTML, CSS, JavaScript တို့ကို လေ့လာခြင်းအားဖြင့် back-end develop လုပ်ဖို့အတွက် programming language များကို လေ့လာရာမှာ အထောက်အကူ ရပါလိမ့်မယ်။ နောက်ထပ် လေ့လာဖို့ အကြံပေးချင် တာကတော့ C language ပဲ ဖြစ်ပါတယ်။ C ကိုလေ့လာပြီးပြီဆိုရင်တော့ C နဲ့ သဘောတရားတူတဲ့ Java, Python, C++, C# စတဲ့ languages များကို လေ့လာရာမှာ လွယ်ကူမှာဖြစ်ပါတယ်။

DAISY WAITHEREO WAMBUA ရဲ့ Best Programming Languages For The Future (careerkarma.com) ဆောင်ပါးနဲ့ W3Schools Online Web Tutorials မှ ဆီလျော်အောင် ဘာသာပြန် ကိုးကားရေးသားထားခြင်းဖြစ်ပါသည်။

Daw Sandi Su Hlaing

B.C.Sc, (U.C.S.Y)

B.C.Sc, (Hons) (U.C.S.Y)

M.C.Sc, (U.C.S.Y)