“ Know Your Time Management Style ”

Time management ဆိုတာ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို effective ဖြစ်အောင်၊ efficient ဖြစ်အောင်နဲ့ productivity တိုးအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကို သေချာစဉ်းစားပြီး plan ဆွဲပြီးတော့ အဲဒီ plan အတိုင်း လုပ်ပြီး၊ အချိန်ကိုလည်း သေချာ ဂရုစိုက်ပြီး control လုပ်ပါတယ်။ Time ဆိုတာ means ဆိုတဲ့ တစ်ခုပါ။ End ဆိုတဲ့ ပန်းတိုင် မဟုတ်ပါဘူး။ Time management မလုပ်ခင်မှာ vision ဆိုတဲ့မိမိသွားမယ့်ပန်းတိုင်နဲ့ strategy ဆိုတဲ့ လျှောက်ရမယ့်လမ်းကြောင်းရှိပါတယ်။ မိမိရဲ့ပန်းတိုင်ကိုရောက်ဖို့ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း လျှောက်ရာမှာ timing ကိုက်ဖြစ်ဖို့အတွက် time management ကိုလုပ်ရတာဖြစ်ပါတယ်။ Benjamin Franklin ပြောခဲ့တာက "ဒီနေ့လုပ်လို့ပြီးနိုင်တဲ့အလုပ် ကို ဘယ်တော့မှ မနက်ဖန်ကိုမရွှေ့လိုက်ပါနဲ့" တဲ့။ မနက်ဖန်ဆိုတာ uncertainty ပါ။ သို့ပေမဲ့ "ကိုယ့်မှာ အချိန်တွေရှိသေးတယ်လို့ ထင်နေကြတယ်" လို့ Jack Kornfield က ပြောကြားခဲ့ ပါတယ်။ Jonathan Estrin ကတော့ "ကိုယ့်အချိန်ကိုဘယ်လိုအသုံးချလဲဆိုတာဟာ ကိုယ်က ဘယ်လိုလူစားမျိုးလဲဆိုတာကို ဖော်ပြနေတယ်" လို့ ပြောခဲ့ပါတယ်။ လူတွေမှာ တယောက်နဲ့ တယောက်မတူတဲ့ time management style တွေရှိကြပါတယ်။

Time management style ၆ မျိုးရှိပါတယ်။

1. Hopper

2. Hyperfocus

3. Big picture

4. Perfectionist plus

5. Impulsive

6. Cliffhanger တို့ ဖြစ်ကြပါတယ်။

1. Hopper

အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်နိုင်တဲ့ multitasker တွေဖြစ်ကြပါတယ်။ Personal နဲ့ professional အလုပ်နှစ်မျိုးစလုံးကို အဆင်ပြေအောင် လုပ်နိုင်ကြပါတယ်။ သူတို့တွေဟာ တွန်းတွန်းတိုက်တိုက်နဲ့ အမြဲ busy ဖြစ်နေရတာကို ကြိုက်နှစ်သက်ကြပြီး အလုပ်တစ်ခုကနေ နောက်အလုပ်တစ်ခုကို အလွယ်တကူပြောင်းလုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ အလုပ်အများကြီးကို တစ်ပြိုင်တည်းလုပ်တော့ ဟိုလွတ်ဒီလွတ်ဖြစ်တတ်ပြီး အချို့ အလုပ်တွေ အချိန်မီမပြီးတာမျိုးဖြစ်တတ်ပါတယ်။

2. Hyperfocus

လုပ်နေတဲ့အလုပ်ထဲကို စိတ်ရော ကိုယ်ရောနှစ်ပြီး သေချာလုပ်တတ်ကြတဲ့သူတွေဖြစ်ကြပါ တယ်။ ပထမအလုပ်တစ်ခုမပြီးမချင်း နောက်တစ်ခုကို ခံစားလို့မရ၊ စဉ်းစားလို့မရဖြစ်တတ် ပါတယ်။ ဒါကြောင့် သူတို့လုပ်နေတဲ့အလုပ်တွေမှာ အသေးစိတ်ကစ သေချာဂရုစိုက်ပြီး လုပ်တတ်ကြလို့ quality ကောင်းတဲ့ ရလဒ်တွေ ရကြပါတယ်။ သို့သော်လည်း အလုပ် တစ်ခုထက်မက လုပ်ရတဲ့အခြေအနေမျိုးတွေ ကြုံလာရင် အာရုံစိုက်ရတာ ခက်ခဲလာပြီး အချို့အလုပ်တွေက deadline ကို ကျော်သွားတတ်ပါတယ်။

3. Big picture

Bird's eye view ရှိတဲ့သူတွေဖြစ်ကြပြီး အလုပ်တစ်ခုကိုမလုပ်ခင်မှာ plan သေချာဆွဲပြီးမှ လုပ်ကြပါတယ်။ သူတို့ရဲ့အချိန်အများစုကို အသေးစိတ်အကြောင်းအရာတွေကို အလေးပေး တာထက်၊ strategy ဆွဲဖို့၊ plan ဆွဲဖို့အတွက် ပိုပြီးအသုံးပြုပါတယ်။ ဒီလိုလူတွေဟာ စဉ်းစား တွေးခေါ် နိုင်စွမ်းတွေကောင်းကြပြီး ပြဿနာတွေကိုလည်း ကောင်းစွာ ဖြေရှင်းနိုင်ကြပါ တယ်။ သူတို့မှာ creative ideas တွေ novel strategies တွေ ရှိတတ်ကြပါတယ်။ သို့သော် အသေးစိတ်လုပ်ရမယ့် လုပ်ဆောင်ချက်တွေမှာ အားနည်းတတ်ကြလို့ တစ်ခါတလေမှာ operations quality ပိုင်းမှာ ပြဿနာဖြစ်တတ်ပါတယ်။

4. Perfectionist plus

Details ပိုင်းအတွက် အလွန်အချိန်ပေးကြပါတယ်။ အရာရာတိုင်းကို အကောင်းဆုံးဖြစ် အောင် လုပ်ပေးချင်ကြတဲ့အတွက် လုပ်ထားပြီးတဲ့ အလုပ်တွေကို အပြန်ပြန်အလှန်လှန် ပြန်စစ်လို့ကိုမပြီးနိုင်တော့ဘူးဖြစ်နေပါတယ်။ ဒီလိုလူတွေဂာ သူတို့လုပ်ရမယ့်အလုပ်ကို သေချာနားလည်အောင်ကြိုးစားပြီး အနုစိတ်လုပ်တတ်ကြလို့ quality ကောင်းတဲ့ ရလဒ်တွေ ပစ္စည်းတွေကို ရအောင် လုပ်ဆောင်နိုင်ကြပါတယ်။ ဒါပေမဲ့ အလုပ်မှာ အနုစိတ်သေချာ အချိန်ပေးပြီး စိတ်တိုင်းမကျမချင်း လက်မလွှတ်တတ်ကြလို့ မကြာခဏ အလုပ်က deadline ကို ကျော်သွားတတ်ပါတယ်။

5. Impulsive

သူတို့ကအလုပ်လုပ်ရာမှာ plan မဆွဲဘဲ လက်တန်းထလုပ်ရတာကို ကြိုက်နှစ်သက်ကြပါ တယ်။ ဒါကြောင့် ဒီလိုလူတွေဟာ မထင်မှတ်ထားတဲ့ စိန်ခေါ်မှုတွေနဲ့ကြုံတွေလာရတဲ့ အခါမျိုးမှာ အခြားသူတွေထက် ပိုပြီးကောင်းကောင်းလုပ်နိုင်ကြပါတယ်။ စနစ်တကျနဲ့ အချိန်ကြာကြာကြိုးစားပြီး တသမတ်ထဲလုပ်ရတဲ့ အလုပ်တွေကိုတော့ ခက်ခဲတယ်လို့ ထင်မြင်တတ်ကြပါတယ်။

6. Ciiffhanger

သူတို့တွေဟာ pressure ရှိတဲ့အလုပ်မျိုးကို ကောင်းကောင်းလုပ်နိုင်ကြပါတယ်။ အလုပ် တစ်ခုကို စပြီးလုပ်ဖြစ်ဖို့တော့ တော်တော်အရှိန်ယူရတဲ့ last minute သမားတွေ ဖြစ်တတ်ကြပါတယ်။ pressure ရှိနေတာကိုက အလုပ်ပြီးဖို့အတွက် motivation ပဲလို့ ခံယူထားကြတဲ့သူတွေပေါ့။ အချို့ကအကျင့်ပါပြီးတော့ မပြောမချင်း ထမလုပ်ကြပါဘူး။ သူတို့တွေဟာ stress များတဲ့အခြေအနေမှာလည်း နေနိုင်ကြပြီး pressure ကိုခံနိုင်ကြတဲ့ thick skin သမားတွေလည်း ဖြစ်ကြပါတယ်။ အားနည်းချက်ကတော့ သူတို့စိတ်မပါတဲ့အချိန်မှာ pressure ကြောင့်လုပ်ရတဲ့အခါမှာဆိုရင် low quality ရလဒ်တွေဖြစ်သွားနိုင်ပြီး၊ အလုပ်ကို အချိန်ဆွဲပြီး လုပ်တတ်ကြတဲ့ procrastinators တွေဖြစ်သွားတတ်ကြပါတယ်။ Style တမျိုးချင်းစီမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြတဲ့အတွက် ဘယ်style ကပို ကောင်းလဲဆိုတာထက် မိမိရဲ့ time management styleကို သေချာသိနားလည်ပြီး လက်ရှိ အခြေအနေနဲ့ ကိုက်ညီအောင် adaptable လုပ်နိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်ရှင်။

Daw Aye Aye Win

B. Com (Hons, YIE), M.Com, Diploma in English,

M.A (International Business Studies),

(Sophia University, Japan)